Save Burma

အာဏာရှင်စနစ် ကျဆုံးမှ တတိုင်းပြည်လုံး စစ်မှန်တဲ့ ဒီမိုကရေစီကို ခံစားရမယ်

Posts Tagged ‘၈၈ မျိုးဆက်ကျောင်းသ

၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်များအား အမှုပေါင်း ၂ဝ ဖြင့် တရားစွဲ

leave a comment »

Democratic Voice of Burma

http://burmese.dvb.no/news.php?id=5646

http://burmese.dvb.no/news.php?id=5643

.

၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေကို အထူးတရားရုံးမှာ စစ်ဆေး

RFA (Burmese)    2008-09-13

၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေရဲ့ အမှုတွေကို မနေ့က စက်တင်ဘာ ၁၂ ရက် အင်းစိန်ထောင်အတွင်း အထူးတရားရုံးမှာ စစ်ဆေးခဲ့ပါတယ်။ ရန်ကုန်တိုင်းအတွင်း မြောက်ပိုင်းခရိုင်၊ အရှေ့ပိုင်းခရိုင်၊ အင်းစိန်၊ လှိုင်သာယာ၊ ဒေါပုံ၊ သင်္ကန်းကျွန်းစတဲ့ မြို့နယ်တွေက တရားရုံးပေါင်း ၉ ခု က ကျောင်းသား ခေါင်းဆောင်တွေ အပေါ် စွဲဆိုထားတဲ့ အမှုတွေကို စစ်ဆေးခဲ့တာပါ။

ကိုမင်းကိုနိုင် (လက်ပြနှုတ်ဆက်နေသူ) နှင့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ အဖမ်းမခံရမီ ၂၀ဝ၇ခုနှစ် ဇူလိုင်လတွင် ရိုက်ကူးထားသော မှတ်တမ်းဓာတ်ပုံ ဖြစ်ပါသည်။ (Photo: AFP)

ကျောင်းသားခေါင်းဆောင် အားလုံး ၃၅ ဦး စွဲချက် တင်ခံထားရပြီး၊ အဲဒီထဲမှာ ကိုမင်းကိုနိုင် ကိုကိုကြီး၊ ကိုမြအေးနဲ့ ကိုပြုံးချိုတို့ကို နောက်ထပ် ပုဒ်မ ၅၀၅ (ခ) နဲ့ ထပ်မံစွဲချက်တင် ခံထားရတာလို့ အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ဦးခင်မောင်ရှိန်က ပြောပါတယ်။

လာမဲ့ သတင်းပတ်အတွင်း ဒီအမှုတွေကို ဆက်တိုက် စစ်ဆေးသွားမယ်လို့ သိရပါတယ်။ မနေ့က စစ်ဆေးရာမှာတော့ electronic ဥပဒေကို ချိုးဖောက်မှုနဲ့ ပတ်သက်ပြီး စစ်ဆေးကြားနာခဲ့တာ ဖြစ်ပါတယ်။

ဒီအကြောင်း အသေးစိတ်ကို ဒေါ်မေပြုံးအောင်က ရှေ့နေ ဦးခင်မောင်ရှိန်ကို ဆက်သွယ် မေးမြန်းထားတာကို နားဆင်နိုင်ပါတယ်။

ဒေါ်မေပြုံးအောင်ရဲ့ ဆက်သွယ်မေးမြန်းချက်။

http://www.rfa.org/burmese/news/88_leaders_in_special_court-09132008110009.html

.

၈၈ မျိုးဆက် ကျောင်းသားများ ရုံးထုတ် မိသားစု ကြားနာခွင့်ရ

ဧရာဝတီ | စက်တင်ဘာ ၁၂၊ ၂၀၀၈

ထင်ရှားသည့် ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်အပါအ၀င် ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့မှ ၃၀ ကျော်ကို  စက်တင်ဘာ ၉ ရက် အင်္ဂါနေ့က ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးအနေနှင့် အင်းစိန် အကျဉ်းထောင် အတွင်း၌ ရုံးထုတ်ကြောင်း ရှေ့နေ ဦးညီညီလှိုင် ကပြောပြသည်။

ဦးညီညီလှိုင်က “ကျနော်တို့ကို ထောင် အနှစ် တထောင် ပဲချချ ဖုန်းကွယ်ထားလို့မရပါဘူး၊ ကျနော်တို့ အနေနဲ့ ဥပဒေဘောင် အတွင်းကနေ ဆက်လက်ရင်ဆိုင်သွားမှာဖြစ်ပါတယ်”ဟု ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်က တရားသူကြီး ကို ပြောကြားခဲ့သည်ဟု ဧရာဝတီသို့ ပြောသည်။

ဦးညီညီလှိုင်သည် ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့အား စွဲဆိုသည့်အမှုများကို လိုက်ပါဆောင်ရွက်နေသော ရှေ့နေ တဦးဖြစ်သည်။

အင်္ဂါနေ့က မင်းကိုနိုင်နှင့် ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့မှ ၃၄ ဦးကို ပုဒ်မ ၃၃(က)၊ ၁၇(၁) တို့ဖြင့် စွဲဆို၍ ရုံးထုတ်ခြင်း ဖြစ်ပြီး နအဖ ကြေညာချက် ၅/၉၆ အရ အမျိုးသားညီလာခံကို နှောင့်ယှက်ဖျက်ဆီးမှု၊ ပြစ်မှုပုဒ်မ ၁၃၀ (ခ) အရ နိုင်ငံခြား တိုင်းပြည်များအား အကြည်ညိုပျက်စေမှုများဖြင့်လည်း ၎င်းတို့အား စွဲဆိုထားကြောင်း ဦးညီညီလှိုင်က ပြောသည်။

ယင်းပုဒ်မ ၁၃၀(ခ)မှာ ၂၀၀၇ ခုနှစ် ဇန်န၀ါရီလ အတွင်းက မြန်မာနိုင်ငံနှင့်ပတ်သက်ပြီး ကုလသမဂ္ဂလုံခြုံရေး ကောင်စီ၏ ဆုံးဖြတ်ချက်ကို တရုတ်နှင့် ရုရှ နိုင်ငံတို့က ဗီတိုအာဏာသုံး၍ ပယ်ချခဲ့သည့်အပေါ် ဝေဖန်သော ကြောင့် စွဲဆိုသည့် ပုဒ်မ ဖြစ်ကြောင်း သိရသည်။

အင်္ဂါနေ့က ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ရုံးထုတ်သည်ကို မိသားစုဝင်များ အပါအ၀င် တခြားသော မည်သူ တဦး တယေက်ကိုမျှ အသိပေးခြင်းမရှိဟုလည်း ၎င်းက ဆိုသည်။

ယခု ဖမ်းဆီး တရားစွဲဆိုခံထားရသည့် ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့မှ အများစုသည် စစ်အစိုးရ၏ ထောင် ၁၅ နှစ်ကျော် ပြစ်ဒဏ်ချမှတ်ခံရပြီးသူများဖြစ်ပြီး ယမန်နှစ် သြဂုတ်လအတွင်းက လောင်စာဆီဈေးကို အစိုးရက အဆမတန်မြှင့်တင်သည့် အတွက် လမ်းလျှောက် ဆန္ဒပြသောကြောင့် ဖမ်းဆီးခံထားရသူများ ဖြစ်သည်။

ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမြအေး၊ ကိုကျော်မင်းယု(ခ) ကိုဂျင်မီ၊ ကိုမင်းဇေယျ အပါအ၀င် အဆိုပါ ၈၈ မျိုးဆက် ကျောင်းသားများအား ယမန်နှစ်ကဖမ်းဆီးထားပြီး ပုဒ်မအမျိုးမျိုးဖြင့် ပြောင်းလဲစွဲဆို၍ ထောင်သွင်းထားခဲ့သည်မှာ တနှစ် ကျော်ကြာခဲ့ပြီဖြစ်သည်။

၈၈ မျိုးဆက်ကျောင်းသားခေါင်း ကိုမင်းကိုနိုင်အား ပြည်ပ သတင်းမီဒီယာ အင်တာနက် စာမျက်နှာများတွင်ပါရှိသည့် အင်တာဗျူးများ၊ ပြောဆိုမှုများကို အထောက်အထားအဖြစ် တင်ပြစွဲဆိုမှုများလည်းရှိသည်ဟု ဦးညီညီလှိုင် က ပြောသည်။

ပြီးခဲ့သည့် သြဂုတ်လ ၂၇ ရက်က ပထမဆုံးအကြိမ် ရုံးထုတ်ရာတွင် လက်မထိပ်မခတ်ဘဲ ရုံးထုတ်ရန်နှင့် မိသားစု ၀င်များ အပါအ၀င် အများပြည်သူ ကြားနာနိုင်သော တရားစီရင်သည့် တရားရုံးတွင် အမှုစစ်ဆေးရန်တို့ကို ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်များက တောင်းဆိုထားသည်။

“မိသားစုတွေ နားထောင်ခွင့်တော့ ရပါပြီ၊ အခုထိတော့ လက်ထိပ်နဲ့ ရုံးထုတ်နေတုန်းပါပဲ”ဟု ရှေ့နေကြီးဦးအောင် သိန်းက ပြောသည်။

ယခု တရားစွဲဆို ထားသူများအား အပြစ်ရှိသူများဟု သတ်မှတ်ထားသောကြောင့် အာဏာပိုင်များအနေနှင့် လွတ်လပ်မျှတ သည့် တရားရုံးအဖြစ်လက်ခံဆောင်ရွက်ရန် သံသယရှိကြောင်းလည်း ၎င်းက ပြောဆိုသည်။

“တရားရုံးရဲ့ ဆုံးဖြတ်ချက်မချမီ ကျနော်တို့က ကိုယ့် ယူဆချက် ထင်မြင်ချက်ပေးလို့တော့ မရဘူး၊ အမှုတခုကို တရားရုံးက စစ်ဆေးလို့မပြီးခင် ဘာမှပြောခွင့်မရှိဘူး၊ အခု ရဲချုပ်က သတင်းစာရှင်းလင်းပွဲတွေမှာ အပြစ်ရှိတယ် လို့ ပြောနေတာတွေရှိ တယ်၊ အဲဒါတောင် လုပ်ခွင့်မရှိဘူး၊ သူတို့က အာဏာပိုင်ဆိုတော့ လုပ်ခွင့်ရရင် ရမှာပေါ့ဗျာ၊ ကျနော်တို့ ရှေ့နေတွေ က အဲဒီလိုကိစ္စမျိုးတွေမှာ ကြိုတင်ပြီးတော့ ကိုယ့်ရဲ့ ယူဆချက် ထင်မြင်ချက်ကို ပေးလို့ မရဘူး၊ သူတို့ဟာ သူတို့ ထုတ်ပြန် ကြေညာတာပေါ့၊ ကျနော်တို့ကတော့ တရားရုံးပေါ်မှာ တင်ထားတော့ တရားရုံး ပုံစံနဲ့ အဓိက သွားရမှာပဲ”ဟု ဦးအောင်သိန်းက ဆက်ပြောသည်။

၈၈ မျိုးဆက်ကျောင်းသားအဖွဲ့မှ ကိုထွန်းမြင့်အောင်၊ ကိုစိုးထွန်းနှင့် ဗုဒ္ဓဟူးနေ့က ဖမ်းဆီးခံရသော မနီလာသိန်း အပါအ၀င် ၉ ဦးအား တရားခံပြေးအဖြစ် အာဏာပိုင်များက သတ်မှတ်ထားပြီး တရားလိုများကို အင်္ဂါနေ့က စစ်ဆေးကြောင်းလည်း သိရသည်။

http://www.irrawaddy.org/bur/news2008/September/Sep_12c_08.html

.

ဆက်တိုက်ဖမ်းဆီးမှုများကို ၈၈ ကျောင်းသားများရှုံ့ချ

ကိုသက် | စက်တင်ဘာ ၁၅၊ ၂၀၀၈

ဧရာဝတီ

၈၈ မျိုးဆက်ကျောင်းသူ မနီလာသိန်းအပါအ၀င် ယုံကြည်ချက်ကြောင့် နိုင်ငံရေးလှုပ်ရှားသူများအား  မတရားဖမ်းဆီးမှုများ သည် အမျိုးသားပြန်လည်သင့်မြတ်ရေး မရနိုင်သည့်အပြင် ပိုမိုရှုပ်ထွေးသည့် ပြဿနာများ ပေါ်ပေါက်စေနိုင်သည်ဟု ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့က ယနေ့ပြောဆိုလိုက်သည်။


မနီလာသိန်း (ဓာတ်ပုံ – ဧရာဝတီ)

၈၈ မျိုးဆက်ကျောင်းသားအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ကိုထွန်းမြင့်အောင်က “ဒီမိုကရေစီစနစ်တခုကိုသွားတဲ့ နေရာမှာ ကိုယ်နဲ့သဘောထားကွဲလွဲသူတွေကို ထောင်ထဲမှာ အတင်းသော့ခတ်ထားလို့ မရပါဘူး။ ဒီမိုကရေစီ ခရီးလမ်းဆိုတာ တွေ့ဆုံဆွေးနွေးရေးစားပွဲဝိုင်းကတဆင့် ငြိမ်းချမ်းစွာလျှောက်လှမ်းရမယ့် လမ်းဖြစ်ပါတယ်” ဟု ဧရာဝတီကို ပြောသည်။

မနီလာသိန်းအပါအ၀င် ယုံကြည်ချက်ကြောင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ ကို အာဏာပိုင်များက မတရားဖမ်းဆီးမှုများ ဆက်လက်လုပ်ဆောင်နေသော် လည်း မိမိတို့၏ယုံကြည်ချက်ဖြစ်သော ဒီမိုကရေစီနှင့် လူ့အခွင့်အရေး လှုပ်ရှား ကြိုးပမ်းမှုများမှာ နောက်ဆုတ်သွားမည်မဟုတ်ကြောင်း ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့က ယနေ့ထုတ်ပြန်လိုက်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။

မနီလာသိန်းအပါအ၀င် နိုင်ငံရေးအကျဉ်းသားများအား ညှဉ်းပန်းနှိပ်စက်မှုများ မပြုလုပ်ရန် ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့က တောင်းဆိုထားပြီး အဖမ်းခံထားရသူများ၏ အသက်နှင့်ခန္ဓာ တစုံတရာ ထိခိုက်ခဲ့ပါက စစ်အစိုးရတွင် လုံးဝတာဝန်ရှိသည်ဟု ကြေညာချက်တွင် ထည့်သွင်းဖော်ပြထားသည်။

မနီလာသိန်းသည် လွန်ခဲ့သည့်နှစ် သြဂုတ်လက ရန်ကုန်မြို့တွင်ပေါ်ပေါက်ခဲ့သည့် လောင်စာဆီဈေးနှင့် ကုန်ဈေးနှုန်း ကျဆင်းရေး လမ်းလျှောက်ဆန္ဒဖော်ထုတ်ပွဲများကို ဦးဆောင်ခဲ့သဖြင့် စစ်အစိုးရ၏ လိုက်လံ ဖမ်းဆီးမှုမှ ရှောင်တိမ်းနေခဲ့သူ ဖြစ်သည်။

မနီလာသိန်း၏ ခင်ပွန်းဖြစ်သူ ကိုဂျင်မီ (ခ) ကိုကျော်မင်းယုသည်လည်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တဦး ဖြစ်ပြီး လွန်ခဲ့သည့်နှစ် သြဂုတ်လကတည်းက တခြားကျောင်းသားခေါင်းဆောင်များနှင့်အတူ အဖမ်းခံခဲ့ရသည်။ အသက် တနှစ် လေးလသာရှိသေးသည့် မနီလာသိန်းနှင့် ကိုဂျင်မီတို့၏သမီးငယ် ဖြူနေကြည်မင်းယုသည် လေးလသမီးအရွယ် ကတည်းက မိဘများနှင့် နေထိုင်ခွင့်မရခဲ့ပေ။

“မနီလာသိန်းဟာ အတော့်ကို ခံနိုင်ရည်ရှိတဲ့ အမျိုးသမီးတယောက် … ဒါပေမယ့် ကျနော်တို့ မြင်ရတဲ့ အခြေအနေကတော့ စိတ်မချမ်းမြေ့စရာပါ။ ကျနော်တို့လို လူလွတ်တွေတောင် အခုလိုအခြေအနေမှာ လုပ်ကိုင်ရတာ လွယ်တာမဟုတ်ဘူးလေ … သူ့လိုမိခင်တယောက်၊ လင်ယောက်ျားကလည်း ထောင်ထဲမှာ၊ သမီးလေးနဲ့ကလည်း တကွဲတပြားဆိုတော့ သူ့ဒုက္ခက တော်တော်ကြီးပါတယ်” ဟု ကိုထွန်းမြင့်အောင်က ပြောသည်။

ကိုထွန်းမြင့်အောင်သည်လည်း လွန်ခဲ့သည့် စက်တင်ဘာလ သံဃာ့လှုပ်ရှားမှုများ စတင်သည့်ကာလကတည်းက စစ်အစိုးရ ၏ မတရားလိုက်လံဖမ်းဆီးမှုကြောင့် ပုန်းရှောင်နေရင်း လှုပ်ရှားမှုများကို ဆက်လက်လုပ်ကိုင်နေသူ ဖြစ်သည်။

“တခါတလေ သူနဲ့အဆက်အသွယ်ရတုန်း ကျနော်တို့ပြောဖြစ်ကြတာတွေရှိတယ်။ …  လူသားတယောက် အနေနဲ့ မေးဖူးတာ ရှိတယ်။ သူပြောတာက မိသားစုတကွဲတပြားဖြစ်နေတာ ဘယ်လိုဖြစ်ချင်မှာလဲပေါ့၊ မိခင်ဘ၀နဲ့ ဒီလိုဒုက္ခတွေခံစားနေရတာ သူတယောက်တည်းမဟုတ်ဘူးပေါ့။ မိဘပေါင်းများစွာက ဒုက္ခတွေကိုခံစားခဲ့ကြတာ အနှစ် ၂၀ ရှိပြီ .. ဒီလိုအဖြစ်ဆိုးတွေနိဂုံး ချုပ်နိုင်ဖို့ ကျမတို့ဆက်ပြီး ဒုက္ခခံရမှာလို့ သူကျနော့်ကို ပြောဖူးတယ်” ဟု ကိုထွန်းမြင့်အောင်က မနီလာသိန်းပြောသည်ကို ပြန်ပြောသည်။

၈၈ မျိုးဆက် ကျောင်းသားအဖွဲ့မှ ကိုအံ့ဘွယ်ကျော်၏ အမေဖြစ်သူ ဒေါ်တင်တင်ဝင်းကိုလည်း မနီလာသိန်းနှင့် ဆက်စပ်၍ လွန်ခဲ့သည့် ၁၁ ရက်နေ့တွင် အာဏာပိုင်တို့က ခေါ်ယူစစ်ဆေးခဲ့သည်ဟု နိုင်ငံရေးအကျဉ်းသား မိသားစုဝင်များက ဧရာဝတီ ကို ပြောသည်။

ရန်ကုန်မြို့ ရန်ကင်းမြို့နယ်တွင်နေထိုင်သူ ဒေါ်တင်တင်ဝင်းသည် အသက် ၇၅ နှစ်ကျော်ရှိပြီဖြစ်ပြီး လွန်ခဲ့သည့်နှစ် သြဂုတ် လအတွင်းက သားဖြစ်သူ ကိုအံ့ဘွယ်ကျော်သည် ကိုဂျင်မီအပါအ၀င် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များနှင့်အတူ အဖမ်းခံခဲ့ရသည်။

http://www.irrawaddy.org/bur/news2008/September/Sep_15a_08.html

.

နီလာသိန်း ဖမ်းဆီးမှု လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ စိုးရိမ်

VOA (Burmese) 13 September 2008

မသင်းသီရိ – အစီအစဉ်ကိုရယူရန် (MP3) audio clip
မသင်းသီရိ – နားဆင်ရန် (MP3) audio clip

Ma Nilar Thein
၈၈ မျိုးဆက်ကျောင်းသူ မနီလာသိန်း

မကြာသေးခင် ရက်ပိုင်းအတွင်းကပဲ အာဏာပိုင်တွေရဲ့ ဖမ်းဆီးမှုကို ခံလိုက်ရတဲ့ ၈၈ မျိုးဆက်ကျောင်းသူ မနီလာသိန်း ဟာ ကြမ်းကြမ်းတမ်းတမ်း စစ်ကြော မေးမြန်းမှုတွေ ခံနေရတယ် ဆိုတဲ့သတင်းတွေ ထွက်နေပါတယ်။ ဒီသတင်းနဲ့ ပတ်သက်လို့ Amnesty International အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးက စိုးရိမ်မိတယ် လို့ ဗြိတိန်အခြေစိုက် Amnesty International အဖွဲ့ရဲ့ အရှေ့တောင်အာရှ ဆိုင်ရာ အတွင်းရေးမှူး ဟိုက်ဒါ ကီကာဖို က အခုလို ပြောပြပါတယ်။

“မနီလာသိန်းဟာ ရိုက်နှက်စစ်ဆေး မေးမြန်းမှုတွေ ခံနေရတယ် ဆိုတဲ့သတင်းတွေ အတွက် အင်မတန် စိုးရိမ်ပူပန် ပါတယ်။ နှစ်ပေါင်းများစွာ မိသားစုနဲ့ဝေး ထွက်ပြေးနေရတဲ့ မနီလာသိန်း ဟာ စိတ်ပိုင်းဆိုင်ရာ ဘယ်လောက် ထိခိုက်နေမလဲ ဆိုတာ ကျနော်တို့ ကိုယ်ချင်းစာမိပါတယ်။ အခုလို ရုတ်တရက် အဖမ်းခံရပြီးတော့ သူ့ကို ကြမ်းကြမ်းတမ်းတမ်း စစ်ဆေးမှုတွေ ထပ်မံ ပြုလုပ်မယ် ဆိုရင်တော့ ကျနော်တို့ မတွေးဝံ့လောက်အောင် ပါပဲ။ သူ့ကို အာဏာပိုင်တွေက သည်းသည်းမဲမဲ လိုက်ရှာနေတာလည်း ကြာပြီဆိုတော့ အငြိုးထားပြီး နှိပ်စက်မှာကို ကျနော်တို့ အင်မတန် စိုးရိမ်ပါတယ်။” – လို့ ဟိုက်ဒါ က ပြောပြခဲ့ပါတယ်။

ဒါကြောင့်မို့ မနီလာသိန်း နဲ့ပတ်သက်တဲ့ လှုပ်ရှားမှုတခုအကြောင်းကိုလည်း ဟိုက်ဒါ က အခုလို ဆက်ပြောပြပါတယ်။

“ကျနော်တို့ Amnesty International အဖွဲ့သားတွေ လူတွေ၊ လူ့အခွင့်အရေး လေးစားလိုက်နာသူတွေ က မနီလာသိန်း နဲ့အတူ နိုင်ငံရေးအကျဉ်းသားတွေ အပေါ်မှာ ရိုက်နှက်ဆက်ဆံမှု၊ ကြမ်းကြမ်းတမ်းတမ်း ကိုင်တွယ်စစ်ဆေးမှုတွေ မလုပ်ဖို့ မြန်မာစစ်အစိုးရကို ကျနော်တို့ အရေးပေါ် တောင်းဆိုချက်တခု လုပ်ထားပါတယ်။ ထောင်တွင်းကျန်းမာရေး စောင့်ရှောက်မှု ပေးရမှာဖြစ်သလို မနီလာသိန်းကိုလည်း လွှတ်ပေးဖို့ အာဏာပိုင်တွေကို တောင်းဆိုထားပါတယ်။” – လို့ ဟိုက်ဒါ က ပြောပါတယ်။

တကယ်တော့ Amnesty International အဖွဲ့ကြီးဟာ ၈၈ အရေးတော်ပုံကြီး နောက်ပိုင်း မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားတွေ အများအပြား ဖမ်းဆီးပြီးတဲ့နောက် မြန်မာ့အရေးအတွက် ပိုပြီး ထင်ထင်ရှားရှား လှုပ်ရှားလာတဲ့အဖွဲ့ တခု ဖြစ်ပါတယ်။ Amnesty International အဖွဲ့အနေနဲ့ မနီလာသိန်းအတွက် တောင်းဆိုမှုတွေအပေါ်မှာ လိုက်လျောမယ်လို့ မျှော်လင့်ပါသလား လို့ ဟိုက်ဒါ ကို မေးကြည့်ပါတယ်။

“မကြာသေးခင် လပိုင်းအတွင်းကပဲ နိုင်ငံရေးအကျဉ်းသားတွေ ရဲ့ အခြေအနေ နဲ့ပတ်သက်ပြီး ကျနော်တို့ တင်ပြခဲ့ပါတယ်။ နောက်တော့ နိုင်ငံရေး အကျဉ်းသားတချို့ ဆေးကုသခွင့် လိုက်လျောတဲ့အဆင့်ကို ကျနော်တို့ ရခဲ့ပါတယ်။ အပြည့်အစုံ ထိရောက်မှု ရှိတယ် မရှိဘူး ဆိုတာထက် မြန်မာအကျဉ်းထောင် တွေထဲမှာ ဘာတွေ ဖြစ်နေသလဲ၊ ဘာတွေ ကြုံတွေ့နေရသလဲ ဆိုတာကို နိုင်ငံတကာကို တင်ပြပေးနိုင်ခြင်းဟာ အဓိက ဖြစ်ပါတယ်။ ဒါကြောင့် မနီလာသိန်း နဲ့ပတ်သက်တဲ့ လှုပ်ရှားမှုကို ကျနော်တို့ ချက်ချင်းလုပ်ခဲ့တာပါ” – လို့ အရှေ့တောင်အာရှ အတွင်းရေးမှူး ဟိုက်ဒါ ကီကာဖို က ပြောပြခဲ့ပါတယ်။

မနီလာသိန်း ရဲ့ခင်ပွန်း ကိုဂျင်မီ လို့ခေါ်တဲ့ ကိုကျော်မင်းယု ဟာလည်း မနှစ်က လောင်စာဆီဈေး မြင့်တက်မှုကြောင့် ကုန်ဈေးနှုန်း ကျဆင်းရေး လှုပ်ရှားမှုတွေမှာ အဖမ်းခံထားရသူ ဖြစ်ပါတယ်။ အဲဒီအချိန်တွေကတည်းက မနီလာသိန်း ဟာ လသားအရွယ် သမီးငယ်လေးကို ပစ်ပြီး ထွက်ပြေးတိန်းရှောင်နေရင်း ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကပဲ ဖမ်းဆီးခံလိုက်ရတာ ဖြစ်ပါတယ်။

http://www.voanews.com/burmese/2008-09-13-voa1.cfm?rss=topic1

Advertisements