Save Burma

အာဏာရှင်စနစ် ကျဆုံးမှ တတိုင်းပြည်လုံး စစ်မှန်တဲ့ ဒီမိုကရေစီကို ခံစားရမယ်

Posts Tagged ‘သန်းရွှေ

သိုဟန်ဘွားလိုမင်းနှင့် မင်းကြီးရန်နောင်လိုလူ

leave a comment »

ဟစ်တိုင် ဆောင်းပါး

သိုဟန်ဘွားလိုမင်းနှင့် မင်းကြီးရန်နောင်လိုလူ

ရဟန်းပျို ရဲရင့်ဇာနည်

လူမိုက် လူရမ်းကား သိုဟန်ဘွား

မြန်မာသက္ကရာဇ် ၈၈၈ ခုနှစ်တွင် မြန်မာမင်းစစ်ရှုံး၍ ရှမ်းမင်း သိုဟန်ဘွားလက်သို့ အင်းဝ နေပြည်တော် ကျရောက်ခဲ့သည်။ ရှမ်းမင်း သိုဟန်ဘွားသည် ဗုဒ္ဓဘာသာဝင်မဟုတ်ချေ၊ သို့ဖြစ်၍ သိုဟန်ဘွားသည် ရဟန်းသံဃာတော်တို့အား ရန်သူသဖွယ် ထင်မှတ်ထားခဲ့သည်။ သူ့ထီးနန်း စည်းစိမ်ကို လုယူမည့်သူများ ဖြစ်သည်ဟုလည်း အမြဲတမ်းနှလုံးသွင်းထားခဲ့သည်။ သူသည် မင်းဆိုးမင်းညစ်တစ်ပါး ဖြစ်သည့်အတွက် နိုင်ငံတ၀ှမ်းရှိ ကျောင်းကန်ဘုရားများမှ ကြေးးဆင်းတုတော်၊ ကြေးခေါင်းလောင်း၊ ကြေးစည်မှန်သမျှတို့ကို အတင်းသိမ်းပိုက်ကာ အမြောက်ကျည်ဆံကျိုရာတွင် အသုံးပြုခဲ့သည်။ သိုဟန်ဘွားလက်ထက်တွင် ဗုဒ္ဓသာသနာတော်သည် တိမ်ဖုံးသည့်လပမာ ညှိုးငယ်စွာ ရှိခဲ့တော့သည်။ သာသနာတွင်သာ မဟုတ်သေး။ မြန်မာပြည်သူတို့လည်း ယနေ့စစ်အစိုးရ လက်အောက်တွင် နေရသကဲ့သို့ ကြိမ်မီးအုံးပမာ တအုံနွေးနွေး ရှိနေခဲ့ကြရသည်။

အထက်တွင်ဖေါ်ပြခဲ့သည့်အတိုင်း ရဟန်းသံဃာများကို ရန်သူအဖြစ် အမြဲတမ်းမြင်နသော သိုဟန်ဘွားသည် ရဟန်းတော်တို့အား အမြစ်ပြတ် ရှင်းလင်းပစ်ရန် ကြံစည်ခဲ့လေသည်၊ ကြံစည်ပုံမှာ အင်းဝနေပြည်တော် တောင်ဖက်အရပ်ရှိ တောင်ဖလူလယ်ပြင်တွင် တဲပြင်ကန္နား ကြီးမားစွာထိုးပြီးလျှင် ‘အင်းဝနေပြည်တော် တစ်ဝှန်းရှိ ရဟန်းသံဃာတော်အားလုံးတို့အား ဖူးမြှော်ကန်တော့ပြီး ဆွမ်းဆက်ကပ်လှူဒါန်းလိုပါသဖြင့် ကြွရောက်ကြပါရန်’ဟု လျှောက်ထားစေပြီး တောင်ဖလူ လယ်ပြင်ရှိ မဏ္ဏပ်၊ ကန္နား ထိုးထားရာသို့ ပင့်ခေါ်စေခဲ့ပါသည်၊

သံဃာတော်များ မကြွလာမီ ကြီးမားသော ဆင်တပ်၊ မြင်းတပ်၊ ခြေလျှင်တပ်တို့ကိုလည်း မဏ္ဏပ်ကိုဝိုင်းရံထားစေသည်၊ သံဃာတော်များ ကြွချီလာကြသောအခါ အချို့သံဃာတော်များက ဆွမ်းကျွေးပင့်တယ်ဆိုပြီး ဘာပြုလို့ စစ်တပ်ကြီးနဲ့ ၀ိုင်းထားရတာလဲ ဟု အမေးတော်ရှိခဲ့ကြသည်၊ အဖြေက “စစ်အင်္ဂါလေးပါးဖြင့် ခင်းကျင်းပြီး ဂုဏ်ပြု ကြည်ညိုချင်လို့ပါ ဘုရား”ဟု အမတ်များက လျှောက်ထားကြသဖြင့် သံဃာတော်များမှာ သံသယကင်းစွာဖြင့် ဆက်ကပ်သောဆွမ်းကို ဘုဉ်းပေးတော်မှုကြလေသည်။

သံဃာတော်များကို သတ်ဖြတ်ကြပြီ

သံဃာတော်များ ဆွမ်းဘုဉ်းပေးနေစဉ် သိုဟန်ဘွားသည် မူလကြိုတင်စီစဉ်ထားခဲ့သည့်အတိုင်း သူ့စစ်တပ်ကို သံဃာတော်များအား ၀ိုင်းဝန်းသတ်ဖြတ်ရန် အမိန့်ပေးလိုက်လေသည်၊ အချက်ပေး အမိန့်သံရသည်နှင့်တပြိုင်နက် ဆင်တပ် မြင်းတပ် ခြေလျှင်တပ်တို့ဖြင့် သံဃာတော်များအား အတင်းဝင်ရောက် ထိုးခုတ်သတ်ဖြစ်ကြလေတော့သည်၊ ဆွမ်းကျွေးပွဲမှသည် လူသတ်ပွဲ မြေပြင်မှသည် သွေးပင်လယ်သို့ တမုဟုတ်ခြင်း ပြောင်းလဲသွားလေတော့သည်၊ ဆရာတော် သံဃာတော်တို့ ညည်းညူအော်ဟစ်သံများ၊ ဒါးခုတ်သံ၊ လှံဖြင့်ထိုးသံ၊ သိုဟန်ဘွားနှင့် စစ်သားများ၏ အော်ဟစ်ကြိမ်းမောင်း ညာသံပေးသံတို့က ကွင်းပြင်တခုလုံးကို ဖုံးလွှမ်းသွားလေတော့သည်၊ စုစုပေါင်း ပင့်သံဃာ (၇၀၀) ကျော်အနက် အနည်းငယ်မျှသာ လွတ်မြောက်ခဲ့ကြ လေတော့၏။

စာတတ်အကျော် ဆရာတော်များ ပါသွားခဲ့ရ

အသတ်ခံလိုက်ရသော ဆရာတော် သံဃာတော်များထဲတွင် နာမည်ကျော် “မဏိသာရမဉ္ဇူသာ” ခေါ်သည့် ဋီကာကျော်အဖွင့် ကျမ်းကြီးကို ပြုစုရေးသား တော်မူခဲ့သော ‘အရှင်အရိယ၀ံသ’ နှင့် အခြားသော မြန်မာ့ခေတ်ဆန်းစာပေကို မိတ်ဆက်ပေးခဲ့ကြသော စာတတ်အကျော် ရဟန်းဆရာတော်များ ပါဝင်သွားခဲ့ကြပါသည်၊ အော် … ရဟန်းကို အဟိတ် တိရိစ္ဆာန်တွေက သတ်လိုက်ကြလေပြီတကား၊ သံဃာတော်များ အသတ်အဖြတ်ခံရသော သတင်းကြားကြရသော အင်းဝနေပြည်တော် တခုလုံးမှ ပြည်သူများသည် မျက်ရည်စိုရွှဲ ငိုပွဲဆင်ကြရုံမှအပ ဘာမှမတတ်နိုင်ခဲ့ပေ၊ သိုဟန်ဘွား၏ အုပ်ချုပ်မှုအောက်တွင် ရှမ်းနှင့်မြန်မာ အမှုထမ်းများမှာ တဖက်သတ် အဖိအနှိပ် ခံနေခဲ့ကြရပြီး ယခုခေတ် န.အ.ဖက ကြံ့ဖွတ်နှင့် စွမ်းအားရှင်တို့ကို အသုံးချကာ စစ်တပ်အား မထောက်ခံသောသူများအား နှိပ်စက်ညှင်းပမ်းနေပုံနှင့် အတူတူပင် ဖြစ်ခဲ့လေလျော့သလား၊ ထိုဘာသာရေး ခေါင်းပါးရာအရပ်မှာ မြန်မာအများစုတို့မှာ အင်းဝနေပြည်တော်မှထွက်ခွာကြကာ အောက်မြန်မာပြည် မြန်မာမင်းရှိရာသို့ ၀င်ရောက် ခိုလှုံခဲ့ကြရလေသည်။

ထိုကဲ့သို့ ပြည်သူ၊ပြည်သားတို့အဖို့ ခိုကိုးရာမဲ့ကာ ဘ၀တခုလုံး ကြိမ်မီးအုံးသကဲ့သို့ ဖြစ်နေရသည်ကို မကြည့်ရက် မရှုရက်နိုင်သူကား သိုဟန်ဘွား၏ လက်အောက်တွင် အမှုတော်ထမ်းနေသည့် ရိုးသားဖြောင့်မတ် တည်ကြည်ပြီး စိတ်နှလုံးသား ကောင်းမွန်မြင့်မြတ်သော မင်းကြီးရန်နောင် ဆိုသူပင် ဖြစ်ပါ၏၊ မင်းကြီးရန်နောင်သည် မြန်မာတို့ဘက်မှ အကြီးအကဲတစ်ဦး ဖြစ်သည့်အတွက် မြန်မာမှူးမတ်များ၏ မကျေနပ်ချက်တို့ကိုလည်း သိထားသူဖြစ်ပါ၍ ထိုအခါအခွင့်ကိုသာ ငံ့လင့်နေသူပင် ဖြစ်တန်ရာတည်း။

တောင်ဖလူလယ်ပြင်နှင့် ယိမ်းနွဲ့ပါး ‘ဓား’

အင်းဝနန်းတော် မကျဆုံးမီက မြန်မာဘုရင်အဆက်ဆက်တို့ အသုံးပြုခဲ့သော ‘ယိမ်းနွဲ့ပါး’ အမည်ရှိ ဒါးတစ်ချောင်းရှိခဲ့သည်၊ ထိုဒါးကို မင်းကြီးရန်နောင်က သိမ်းဆည်းထားသည်၊ နန်းစဉ်သုံးဒါး ဖြစ်သဖြင့် အထူးဝိသေသ ဂုဏ်ပုဒ်များနှင့်ပြည့်စုံသော ဒါးလည်းဖြစ်သည်၊ ဘယ်လိုပြည့်စုံသလဲဆိုလျှင် မြင်းစီးနေသောသူကို ထိုဒါးဖြင့် စလွယ်သိုင်း ခုတ်ပိုင်းလိုက်က မြင်းပေါ်က လူရော၊ မြင်းပါ ပြတ်ကျသည့်ဒါးဖြစ်သည် ဆိုသည့် ကောင်းခြင်းအင်္ဂါ ပြည့်စုံသောဒါး ဖြစ်သည်၊ တနေ့တွင် သိုဟန်ဘွားမင်းသည် ယာယီ ဓာတ်ကိန်းခန်းကျသည်ဟုဆိုပြီး တောင်ဖလူလယ်ပြင်တွင် ယာယီတဲနန်းဆောက် စံနေသည်။

ထိုအချိန်တွင် ရှမ်းရောမြန်မာမှူးမတ်များပါ လိုက်ပါခစားကြမည်ဖြစ်ရာ မင်းကြီးရန်နောင်၏ လျှောက်ထားတင်ပြချက်အရ မည်သူမျှလက်နက် ကိုင်ဆောင်ခွင့် ပြုထားခြင်း မရှိချေ၊ လက်ချည်းသာ ၀င်ရောက် ခစားကြရခြင်းဖြစ်သည်၊ ထိုသို့ခစားကြရာတွင် မြန်မာမူးမတ်တို့၏ အကြီးအကဲ မင်းကြီးရန်နောင်က တောင်ဖလူလယ်ပြင် ယာယီတဲနန်း သဲပြင်များအောက်တွင် နေရာများကို မှတ်သားထားပြီး ငှက်ကြီးတောင် ဒါးရှည်များ၊ လှံများ မြှုပ်ထားကြရန် လျှို့ဝှက် ညွှန်ကြားထားပြီး နောက်တနေ့ ညီလာခံဝင်ချိန်တွင် အချက်ပေးလိုက်သည်နှင့် တပြိုင်နက် အနီးဆုံးရန်သူကို အမြစ်ပြတ် သုတ်သင်ဖို့ အမိန့်ပေးထားလိုက်ပြီ ဖြစ်လေသည်။

သိုဟန်ဘွားကို သုတ်သင်ပြီ

နောက်တနေ့ ညီလာခံဝင်ချိန်တွင် ရှမ်းနှင့်မြန်မာမှူးမတ်များ ကိုယ့်နေရာကိုယ် အသီးသီး နေရာယူ ထိုင်လိုက်ကြပြီးနောက် မင်းကြီးရန်နောင်၏ အချက်ပေးသံကို ရင်ခုန်သံ တဒိန်းဒိန်းဖြင့် စောင့်စားနေခဲ့ကြသည်၊ ထိုအချိန်သည် အိပ်မပျော်သောသူတို့ ညတာလို ရှည်လွန်းလှပေစွ၊ မိမိတို့အကြံအစည် တချက်လွဲမှားသွားပါလျှင် သိုဟန်ဘွားလို မင်းဆိုးမင်းညစ်၏လက်တွင် အားလုံး မရှုမလှ အသက်ပျောက်ကြရမှာ မဟုတ်ပါလား။

ညီလာခံ စပြီးနောက် မင်းကြီးရန်နောင်က သိုဟန်ဘွား စံနေသည့် ယာယီပလ္လင်နားသို့ သွားမတ်တပ်ရပ်ကာ ပလ္လင်ရှေ့တွင်ရှိသော ရှေးနန်းစဉ်သုံး ဓားများ၏ရာဇ၀င်ကို ပြောပြလျက်ရှိပြီး အာရုံဝင်စားအောင် ဖန်တီးကာ သိုဟန်ဘွားမင်း စိတ်ဝင်စားမှန်း သိလာသောအခါ၊ ထိုနန်းစဉ်သုံးဓားများထဲမှ “ယိမ်းနွဲ့ပါးဓား”ကို ကောက်ကိုင်ကာ “ကိုယ်တော်ဘုရား ဒီဓားဟာ ရှေးမြန်မာဘုရင်များ အစဉ်အဆက် အသုံးပြုခဲ့တဲ့ဒါး ဖြစ်ပါတယ်၊ သူ့အမည်က ယိမ်းနွဲ့ပါး လို့ခေါ်ပါတယ်၊ ဒီဓားဟာ ဘယ်လောက်များ ထက်သလဲဆိုရင် မြင်းပေါ်ကလူကို ခုတ်ချရင် လူကော မြင်းကော ပြတ်ကျအောင် ပိုင်းဖြတ်နိုင်တဲ့ ထက်မြက်တဲ့ဓား ဖြစ်ပါတယ်ဘုရား” ဟု ပြောပြောဆိုဆို ဓားကို လက်နှစ်ဘက်နှင့် မိမိရရ ကိုင်ကာ ညာသန်ဖြစ်သည့် မင်းကြီးရန်နောင်က သိုဟန်ဘွား၏ ဘယ်ဘက်လည်တိုင်မှ ပိုင်းဖြတ်ချလိုက်ရာ လူကော သလွန်ပါ တိကနဲ ပြတ်ကျသွားလေတော့သည်။

မင်းကြီးရန်နောင်က စခုတ်လိုက်သည်နှင့်တပြိုင်နက် ကျန်သော မူးမတ်များကလည်း ယမန်နေ့ကတည်းက မိမိတို့ထိုင်နေရာအောက်တွင် အသီးသီးဝှက် မြုပ်ထားခဲ့ကြသော ဓားများကို ထုတ်ကာ အနီးဆုံးရန်သူ သိုဟန်ဘွားဘက်တော်သားများအား အမြစ်ပြတ် ချေမှုန်းလိုက်ကြရာ မင်းဆိုးမင်းညစ် သာသနာတော်ကို စော်ကားသူ၊ ရဟန်းသံဃာ ရာပေါင်းများစွာကို သတ်ဖြတ်သူ သိုဟန်ဘွား၏ ရက်စက်ကြမ်းကြုတ်သော အုပ်ချုပ်ရေးသည် နိဂုံးချုပ်ခဲ့ရလေသည်။

ပြည်မြို့စား မင်းကြီးရန်နောင်

မင်းကြီးရန်နောင်သည် မင်းဆိုးမင်းညစ်တစ်ပါးက ပြည်သူပြည်သားများအား မတရားနှိပ်စက် နေသည်ကို ဒါဏ်မခံနိုင်သဖြင့်သာ မြန်မာမူးမတ်များ၏ တောင်းဆိုချက်အရ ထ၍ တော်လှန်ရခြင်း ဖြစ်သော်လည်း အာဏာကို လုံးဝမက်မောသူမဟုတ်ပါချေ၊ ထို့ကြောင့် မူးမတ်တို့လက်သို့ အာဏာကို အပ်ကာ သင့်တော်သောသူအား ထီးနန်းလွှဲအပ်ဖို့ မှာကြားပြီး တောထွက်၍ အသက်ထက်ဆုံး ရဟန်းပြုသွားလေတော့သည်၊ သြော်…………ရှာမှရှားတဲ့ မြင့်မြတ်သော မင်းကြီးရန်နောင် ပါတကား။

သိုဟန်ဘွား အသစ်များ မွေးဖွားမည် မထင်ခဲ့

မိမိတို့ ငယ်စဉ်တောင်ကျေး ဘ၀တည်းက သင်ယူခဲ့ရသော သိုဟန်ဘွား၏ အကြောင်းသည် နောင်မြန်မာ့သမိုင်းတွင် ဘယ်သောအခါမှ ပေါ်ပေါက်တော့မည်မဟုတ်ဟု အစွဲအမြဲ ယုံကြည် မှတ်ယူခဲ့မှာ ယခုအခါ မှားလေစွ။

အဘယ့်ကြောင့်ဆိုသော် မြန်မာပြည်သည် လွတ်လပ်သော တိုင်းပြည်ဖြစ်လာပြီး ကိုယ့်အမျိုးသားများ ကိုယ်တိုင်အုပ်ချုပ်နေသောကြောင့်ပင် စိုးစဉ်းမျှပင် မထင်ထား မမှတ်ယူခဲ့သည့် အတွေးအမြင် တက်တက်စဉ်အောင်ပင် လွဲခဲ့ရသည်။ မြန်မာပြည်သည် အင်္ဂလိပ် လက်အောက်မှ လွတ်လပ်ခဲ့သည်မှာ မှန်သော်လည်း ၁၉၆၂ နှစ် မတ်လ (၂) ရက်နေ့မှစ၍ စစ်တပ်၏ ကျေးကျွန်ဘ၀သို့ လုံးလုံးလျားလျား ရောက်ရှိသွားခဲ့ရပြီး ပြည်သူလူထုတစ်ရပ်လုံး ဆင်းရဲမွဲတေကာ ပါးစပ်ပိတ်၊ မျက်စိပိတ်၊ နားပိတ်ခံထားခဲ့ရသည်မှာလည်း ယနေ့ထိအောင်ပင် ဖြစ်ပါတော့သည်၊ မြန်မာနိုင်ငံတွင် စစ်တပ်လူတန်းစားပေါ်ပေါက်လာပြီး ပြည်သူလူထုမှာ စစ်တပ်၏ အဖိနှိပ်ခံ၊ အနင်းခံ နင်းပြားဘ၀သို့ ရောက်ရှိသွားရသည်။

ယခုလောလောဆယ်ဖြစ်ပေါ်နေသော သံဃာတော်များ၏ ပရိတ်ရွတ် မေတ္တာပို့ လမ်းလျှောက်နေခြင်းများအပေါ် မောင်းပြန်စက်သေနတ်များဖြင့် ရက်ရက်စက်စက် ပစ်ခတ် သတ်ဖြတ်ခြင်း၊ ဘုန်းတော်ကြီးကျောင်းတိုက်များသို့ ညအချိန်မတော် လုံးဝ ကြိုတင်အသိပေးခြင်း မရှိဘဲ ရှေ့တန်းရန်သူ့စစ်စခန်းကို ၀င်စီးနင်းသည့်နှယ် လေးဘက်လေးတန်မှ ၀ိုင်း၍ညာသံပေးကာ ၀င်လာကြပြီး တွေ့သမျှဆရာတော် သံဃာတော်တို့အား သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခြင်း၊ တိုင်းပြည်တွင် တစ်ခါမှ မကြားဘူးသော နအဖ၏ လက်ကိုင်ဒုတ် ကြံ့ဖွတ်နှင့် စွမ်းအားရှင်တို့က ရဲတင်းများနှင့် သံဃာတော်များအား ၀င်ရောက်၍ ထိုးခုတ်သတ်ဖြတ်ခြင်းများကို တောင်ဥက္ကလာပ ငွေကြာယံ ပရိယတ္တိစာသင်တိုက်ကို ၀င်စီးခဲ့ရာတွင် ထင်ထင်ရှားရှား ပြုလုပ်သွားခဲ့ကြသည်။

အင်တာနက်ပေါ်တွင်တွေ့ရသော သတင်းမှတ်တမ်းဓါတ်ပုံများအရ မိမိတို့ သိရခြင်း ဖြစ်သည်၊ ဆန္ဒပြနေသူများကိုလည်း သွေးအေးအေးဖြင့် နောက်ကျောဘက်မှနေ၍ အနီးကပ်ကာ ပစ်သတ်သွားပုံများမှာလည်း ကြောက်ခမန်းလိလိပင် ဖြစ်တော့သည်၊ မိမိတို့ကိုးကွယ်နေသော မြတ်စွာဘုရား တရားတော်များကို မပျောက်မပျက်ရအောင် ထိမ်းသိမ်းနေကြသော သံဃာတော်များအား ထိုကဲ့သို့ မယုံကြည်နိုင်လောက်စရာကောင်းအောင် ရက်ရက်စက်စက် သတ်ဖြတ်သွားကြပုံကို မြင်ရကြားရသောအခါ ခေတ်ဟောင်းက သိုဟန်ဘွားထက် ဆိုးသော ခေတ်သစ် သိုဟန်ဘွား ယခုတော့ ငွားငွားငွင့်ငွင့်ကြီးကို ဘီလူးသရဲသဘက်ကြီးပမာ ပေါ်ပေါက်နေပါရော့လားဟု အောက်မေ့မိပါတော့သည်။

ဗုဒ္ဓဘာသာနိုင်ငံတဲ့လား

ယခုလိုသံဃာတော်များအား ရက်ရက်စက်စက် လက်ရဲဇက်ရဲ သတ်ဖြစ်ရဲသော ဗိုလ်သန်းရွှေ အမှူးပြုသော စစ်ဗိုလ်များက မြန်မာပြည်ကို ထေရ၀ါဒ ဗုဒ္ဓဘာသာ ထွန်းကားတဲ့နိုင်ငံဟု ကြွေးကြော်ကြပြီး နိုင်ငံတကာကို ဂုဏ်ယူဝင့်ကြွားစွာ ကြေညာခဲ့ကြသည်၊ သာသနာပြု တက္ကသိုလ်ကြီးများလည်း ထူထောင်ခဲ့ကြသေးသည်၊ ပြီးတော့ သာသနာပြု သံဃာတော်များကိုလည်း လွှတ်နေသည်၊ ထိုကဲ့သို့ လူနှင့်မတူ ဘီလူးနှင့်တူသောသူများက လွှတ်သော သာသနာသည်လည်း ဘယ်နိုင်ငံကမျှ အထင်ကြီးလိမ့်မည်၊ လက်ခံကြလိမ့်မည် မဟုတ်ချေ၊ အထူးသဖြင့် ယခုဆယ်စုနှစ် အတွင်းတွင်မှ အနောက်နိုင်ငံများတွင် ခေတ်စားစပြုလာပြီး ဗုဒ္ဓဘာသာကို ထဲထဲဝင်ဝင်လေ့လာကာ မြန်မာလူမျိုးနှင့် နိုင်ငံကိုလည်း အထင်ကြီး လေးစားလာကြသော အနောက်တိုင်းသားများသည် မယုံကြည်နိုင်လောက်အောင်ပင် အံ့သြသွားကြလေတော့သည်။

ကမ္ဘာက မေးခွန်းများ ထုတ်လာကြပြီ

အရှင်ဘုရားတို့ရဲ့မြန်မာနိုင်ငံဟာ ဗုဒ္ဓဘာသာထွန်းကားတဲ့နိုင်ငံ၊ ပြီးတော့ ပိဋကတ်သုံးပုံကို အာဂုံဆောင်နိုင်တဲ့ ရဟန်းပုဂ္ဂိုလ်တွေ ထွန်းကားတဲ့နိုင်ငံ၊ ထေရ၀ါဒ ဗုဒ္ဓဘာသာမူရင်းကို ယခုထက်ထိ ထိမ်းသိမ်းစောင့်ရှောက်ထားတဲ့နိုင်ငံ ဖြစ်ပါလျက်နဲ့ စစ်တပ်က ဘာဖြစ်လို့ သံဃာတော်တွေကို ယခုလို ရက်ရက်စက်စက် ပစ်ခတ် သတ်ဖြတ်ရတာပါလဲ ဟု မေးမြန်းလာကြသည်။

လူလိမ်ဆိုသည်မှာ မိမိဇာတိရုပ်ကို ဘယ်သောအခါမျှ တာရှည်လိမ်၍မရချေ၊ ကြာတော့ အလိမ်ပေါ်လာသည်သာ ဖြစ်စမြဲမို့ ဗိုလ်သန်းရွှေတို့၏ မင်းသားခေါင်း ဆောင်းထားသော မျက်နှာများသည် အထင်းသား အရှင်းသား ဘွားကနဲ ပေါ်လာခဲ့ပြီ ဖြစ်ပေသည်၊ ဘာကြောင့် ဒီလို မိမိတို့ ကိုးကွယ်ဆည်းကပ်နေတဲ့ သံဃာတော်များ မေတ္တာသုတ်နှင့် မောရသုတ်များ ရွတ်ကာ မြန်မာပြည် ငြိမ်းချမ်းသာယာရေးနှင့် ပြည်သူတို့ အခွင့်အရေးများ ရရှိရန်အတွက် တောင်းဆိုလာသည်ကို စားပွဲဝိုင်းတွင်ထိုင်၍ ဆွေးနွေးရမည့်အစား မောင်းပြန်စက်သေနတ်များဖြင့် တုန့်ပြန်ခဲ့ရပါသလဲလို့ ယဉ်ကျေးသည့် ကမ္ဘာသူ၊ ကမ္ဘာသားများက မိမိတို့ အားမေးမြန်းလာကြပြီ်။

အာဏာရူးတွေမို့

ယနေ့တိုင်းပြည်ကို အုပ်ချုပ်နေသော ဗိုလ်သန်းရွှေခေါင်းဆောင်သည့် သူခိုး ဒါးပြ အုပ်စုသည် မိမိတို့ တသက်တာတွင် ဘယ်တုန်းကမျှ မခံစားခဲ့ရသော စည်းစိမ်ချမ်းသာများကို ခံစားနေရသဖြင့် ရရှိထားသော အာဏာကို မလွတ်တမ်း ဆုပ်ကိုင်ထားခြင်းဖြစ်ပြီး တိုင်းပြည်အတွက် နှမ်းတစေ့မျှ လုပ်ပေးလိုသော ဆန္ဒလုံးဝမရှိသည်မှာ အထင်အရှား ဖြစ်တော့သည်၊ အများပြည်သူတို့က ငတ်ပြတ်မွဲတေနေပြီး နိုင်ငံတကာသို့သွား၍ ကျွန်ခံနေရချိန်၊ အမျိုးသမီးများ အများစုက ပြည့်တန်ဆာအဖြစ် အိမ်နီးချင်းနိုင်ငံများတွင် ရောင်းစားခံနေရချိန်မှာ ဗိုလ်သန်းရွှေအမှူးပြုသော စစ်ဗိုလ်အုပ်စုက စိတ်ကူးယဉ် နေပြည်တော် ဆိုသည်ကို တောကြီးမျက်မဲထဲတွင် သွား၍တည်ဆောက်ခြင်း၊ မိမိတို့ကိုယ်ပိုင် ဇိမ်ခံအိမ်ကြီးများကို ဆောက်လုပ်နေထိုင်ခြင်း၊ ကိုယ်ပိုင်ဂေါက်ကွင်းကြီးများကို တည်ဆောက်ထားကြခြင်းတို့ဖြင့် ကမ္ဘာပေါ်မှာ မည်သည့် အစိုးရကမှ မလုပ်ခဲ့ကြသော၊ မလုပ်ရဲခဲ့ကြသော ကိုယ်ပိုင်မြို့တည်နေထိုင်သော အလုပ်မျိုးများကို လုပ်နေကြပြီး ပြည်သူလူထုကိုတော့ ဆင်းရဲတွင်း နက်သထက်နက်စေကာ စစ်တပ်၏ကျေးကျွန်အဖြစ် သွတ်သွင်း၍ ဘယ်သူသေသေ ငတေမာရင်ပြီးရော ဇာတ်ခင်းနေကြသည်မှာ အာဏာကို မက်မောပြီး အာဏာရူးတွေ ဖြစ်နေလို့ပင်မဟုတ်ပါလား ဟုဖြေကြားနေရပါတော့သည်။

ပြည်သူများအား အငတ်ထားကာ သူတို့ကိုယ်တိုင်က မြန်မာရှင်ဘုရင်များပင် မခံစားခဲ့ဘူးသော အခိုက်တန့် စည်းစိမ်ချမ်းသာများကို ခံစားနေကြသဖြင့် အာဏာ လက်လွှတ်ဖို့ ဆိုတာကို အိပ်မက်မျှတောင် မက်ကြမည် မဟုတ်ချေ၊ ဘယ်သူသေသေ ငတေမာရင်ပြီးရော ဆိုသော အတွေးအခေါ်ဖြင့် စစ်တပ်လူတန်းစားတစ်ရပ် ပေါ်ထွန်းလာလျက် ရှိနေရာ မြန်မာပြည်သူ ပြည်သားတို့အဖို့ နီးရာဓားဆွဲ၍ ထတော်လှန်ဖို့မှအပ အခြား ရွေးစရာလမ်းမရှိတော့ပေ။

ယခုဖြစ်ပွားပြီး ဖြစ်ပွားဆဲဖြစ်သော သံဃာများကို ရက်ရက်စက်စက် သတ်ဖြတ် နှိမ်နင်းခြင်းမျိုးသည် သမိုင်းတွင် မကြုံဘူးသောဖြစ်ရပ် ဖြစ်ရာ၊  မြန်မာပြည်သူများ အနေနှင့်သော်၎င်း၊ ကမ္ဘာ့ပြည်သူများ အနေဖြင့်သော်၎င်း ဘယ်သောအခါမှ မေ့ပျောက်၍ ရနိုင်မည်မဟုတ်ပဲ ‘ကမ္ဘာကျေသော်လည်း ဥဒါန်းကား ဘယ်သောအခါမှ ကျေလိမ့်မည် မဟုတ်ပါပေ’။

ယနေ့တိုင်းပြည်ကို အုပ်ချုပ်နေသည့် ဗိုလ်သန်းရွှေသည် သိုဟန်ဘွားနှင့် ရက်စက်ပုံ ရက်စက်ချင်း သတ်ဖြတ်ပုံ သတ်ဖြစ်ချင်း တထေရာတည်း ဖြစ်ပါတော့သည်၊ သံဃာကို စော်ကားရဲသည် ဆိုသည်မှာ တော်တော်တန်တန် မိစ္ဆာဒိဌိ အယူရှိယုံနှင့် မပြုလုပ်ရဲချေ၊ ဗိုလ်သန်းရွှေ အနေနှင့် အလွန်တရာ နက်ရှိင်းသော မိစ္ဆာဒိဌိ အယူရှိနေ၍သာ သံဃာတော်များကို ရက်ရက်စက်စက် သတ်ဖြတ်ရဲခြင်းဖြစ်သည်၊ အကုသိုလ်ဆိုတာ အကျိုးမပေးသေးခင်တော့ လူမိုက်များအဖို့ ပျားရည်လို ချိုမြ နေပေလိမ့်မည်၊ အကျိုးပေးချိန် တန်ပြီ ဆိုရင်တော့ ပျားရည်ဘ၀မှ သံပူရည်ဘ၀သို့ ရုတ်ချည်း ပြောင်းသွားမည် ဖြစ်ပေသည်၊

အာဏာတည်း ဟူသော အကြောင်းတစ်ခုတည်းကြောင့် လူပေါင်းများစွာကို ထောင်သွင်း အကျဉ်းချထားခြင်း၊ ပြည်သူတို့ရဲ့ နား၊ မျက်စိ၊ ပါးစပ်များကိုပိတ်ထားကာ မိမိတို့ စိတ်ကြိုက်ထင်သလို မြန်မာပြည်သူလူထုအပေါ် နှိပ်စက်ကလူပြုနေခြင်းမှာလည်း ရာစုနှစ် တစ်ဝက်မျှ ရှိလာပြီဖြစ်၏။

ပြည်သူ့အားနဲ့ သပိတ်မှောက်ကြ

မြန်မာပြည်သူတို့အနေဖြင့် လုပ်ကိုင်နိုင်သော အခွင့်အရေး တခုရှိနေပါသည်၊ ထိုအခွင့်အရေးမှာ စစ်အစိုးရနှင့် ၄င်းတို့၏ လက်ဝေခံ ကြံ့ဖွတ်၊ စွမ်းအားရှင်များ ပိုင်ဆိုင်သော ကုန်ပစ္စည်းများ၊ လေယာဉ်ပျံ၊ ကား၊ ရထားစသည်များကို မ၀ယ်ယူ မသုံးစွဲခြင်းဖြင့် သပိတ်မှောက်နိုင်ပါသည်၊ မနှစ်မြို့ကြောင်းကို ပြနိုင်ပါသည်။

မြန်မာပြည်သူလူထုအနေဖြင့် ယနေ့ ပြတ်ပြတ်သားသား ရွေးချယ်ရမည့် လမ်းနှစ်သွယ်သို့ ရောက်ရှိနေပေသည်ီ၊ အဲဒါကတော့ “စစ်အစိုးရရဲ့ အဖိနှိပ်ခံ အဆင်းရဲခံ ကျွန်ဘ၀နှင့် နေကြမလား၊ ကျွန်ဘ၀က လွတ်မြောက်ရေးအတွက် အသေခံ တိုက်ပွဲဝင်ကြမလား” ဆိုတဲ့ လမ်းနှစ်သွယ်ကို ရွေးကြရတော့မှာ ဖြစ်ပါသည်၊ တစ်ဘ၀မှာ တစ်ခါပဲသေကြရတာမို့ သေမှာကို မကြောက်ကြပဲ ဆက်လက်တိုက် ပွဲဝင်သွားကြဖို့ နှိုးဆော်ရသည်။

ဒုတိယမ္ပိ ရဟန်းသံဃာများ သွေးမြေကျခြင်း

မြန်မာသက္ကရာဇ် ၁၃၀၀ (၁၉၃၆) ပြည့်နှစ်တွင် အင်္ဂလိပ်နယ်ချဲ့ လက်အောက်မှ လွတ်မြောက်ရေးအတွက် ရဟန်းပျိုများ ခေါင်းဆောင်ကာ တော်လှန်ရေးကြီးတခု ဆင်နွဲခဲ့ကြပါသည်၊ နောင်တွင် ထိုသံဃာတော်များသည် မန္တလေးတွင် စုရုံကြပြီး မန္တလေးမြို့ တောင်ပြင် ထီးလင်းတိုက် မဟာအုဌ်ကျောင်း လေးပြင်လေးရပ်လုံးဆိုင်ရာ သံဃာတော်များ ဦးစီး၍ “( All Burma Yahanpyo League ) မြန်မာနိုင်ငံလုံး ဆိုင်ရာ ရဟန်းပျိုအဖွဲ့ချုပ်ကြီး” ကို အမျိုး၊ ဘာသာ၊ သာသနာ ဟူသော ကြွေးကြော်သံဖြင့် တိုင်းပြည်အကျိုး ပြည်သူလူထု အကျိုးအတွက် ဖွဲ့စည်းခဲ့ကြလေသည်၊ ထိုစဉ်က ခေါင်းဆောင်ခဲ့ကြသော သံဃာတော်များမှာ အသက်အရွယ်အားဖြင့် ၂၀ ကျော်သာသာ သုံးဆယ်တွင်းမှာသာ ဖြစ်ခဲ့ကြလေသည်။

၁၉၃၆ (၁၃၀၀) ပြည့်အရေးတော်ပုံကြီး ပေါ်ပေါက်လာသောအခါ မန္တလေးမြိှု့ မြန်မာနိုင်ငံလုံးဆိုင်ရာ ရဟန်းပျိုအဖွဲ့ချုပ်မှ ကြီးမှူးကာ ကျောင်းသားခေါင်းဆောင် ဗိုလ်အောင်ကျော် အင်္ဂလိပ်လက်ချက်ဖြင့် ကျဆုံးခဲ့ရခြင်းအတွက် မန္တလေးမြို့တွင် အကြီးအကျယ် ဆန္ဒပြခဲ့ကြရာ ရဟန်းပျိုအဖွဲ့ချုပ်မှ သံဃာတော် (၇) ပါးနှင့် ကျောင်းသား၊ မိဘပြည်သူ (၁၀) ဦး စုစုပေါင်း အာဇာနည် (၁၇) ဦးတို့ကျဆုံးခဲ့ရပေသည်၊ သွေးမြေကျသော နေရာမှာ မန္တလေးမြို့ အနောက်တောင် ကျူံးဒေါင့် လမ်း(၈၀)နှင့် (၂၆) ဘီလမ်းတို့ဆုံရာ ထောင့်နေရာတွင် ဖြစ်သည်၊ ဆန္ဒပြသူများမှာ သံဃာတော်များက ဦးဆောင်၍ ဈေးချိုတော် အနောက်ဘက်ရှိ မဟာဝေယံ ဘုံသာတိုက်ကျောင်းမှ ချီတက်လာကြခြင်း ဖြစ်သည်၊ ထိုသို့သံဃာတော်များ သွေးမြေကျခဲ့ရခြင်းသည် မြန်မာနိုင်ငံသမိုင်းတွင် ဒုတိယအကြိမ် ဖြစ်သည်။

ထိုစဉ်က တိုင်းတစ်ပါးသားတို့ အုပ်ချုပ်နေချိန် ဖြစ်သဖြင့် ကိုယ့်လူမျိုး မဟုတ်သည့် အတိုင်း ရက်စက်စွာ ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းကို ဘယ်လိုမှ ပြောဆိုဘွယ်ရာ မရှိသော်လည်း ယခု ဖြစ်ပေါ်နေသော၂၀၀၇ ခုနှစ် စက်တင်ဘာ အရေးအခင်းမှာ ကိုယ့်လူမျိုး စင်စစ်များက တိုင်းတပါးသား နယ်ချဲ့များထက် ရက်စက်စွာ သတ်ဖြတ်ရဲကြသည်မှာ မယုံကြည်နိုင်လောက်စရာပင် ဖြစ်ပါတော့သည်။

စစ်ဘီလူးများကြောင့် တတိယမ္ပိ သွေးမြေခရခြင်း

စက်တင်ဘာလ (၂၆) ရက်နေ့က ရန်ကုန်မြို့ ရွှေတိဂုံစေတီတော် အရှေ့ဘက်မုခ်တွင် ဖြစ်ပွားခဲ့သော သံဃာတော်များနှင့် ပြည်သူများ၏ ငြိမ်းချမ်းစွာ ဆန္ဒဖေါ်ထုတ်မှုများအား နအဖ လက်ကိုင်ဒုတ် စစ်တပ်များမှ မောင်းပြန်သေနတ်များဖြင့် ရက်စက်စွာ ဖြိုခွင်းသတ်ဖြတ်ခဲ့သည့် မြင်ကွင်းကို ကမ္ဘာ့မီဒီယာများတွင် မြင်ရသောအခါ မိမိ၏ မျက်စိနှင့်နားကိုပင် မယုံနိုင်အောင် ဖြစ်ခဲ့ရပြီး ထိုနေ့က အစာပင်စားလို့ မရတော့ချေ၊ တစ်ကိုယ်လုံး အသားများတဆတ်ဆတ် တုန်လာသည်အထိ ဖြစ်ခဲ့ရသည်၊ ဗုဒ္ဒဘာသာကို ယုံကြည်ကိုးကွယ်သောနိုင်ငံမှာ ဒီလောက်တောင်မှ ရိုင်းစိုင်းရက်စက်လေကြသလားဟုလဲ ရင်ထုမနာ ဖြစ်ခဲ့ရသည်။

ယခုကဲ့သို့ ပစ်ခတ်သတ်ဖြတ်ရန် အမိန့်ပေးစေခိုင်းခဲ့ကြသော သူများသည် သူရဲဘော အလွန်ကြောင်သောသူများ ဖြစ်ကြသည်ကို သတင်းများတွင် အထင်းသားမြင်ကြရသည်၊ သူများကို ပစ်ခတ်ရဲကြပေမယ့် မိမိတို့ကိုယ်ကိုတော့ ဒိုင်းများဖြင့်၎င်း၊ သစ်ပင်များတွင် အကာအကွယ်ယူ၎င်း နေနေကြသည်ကိုတွေ့ရသည်။

စက်တင်ဘာလ (၂၆) ရက်နေ့သည် ခေတ်သစ်မြန်မာနိုင်ငံသမိုင်းတွင် သံဃာတော်များ ကိုယ့်လူမျိုးများ၏ လက်ချက်ဖြင့် သွေးစွန်းခဲ့ရသော တတိယအကြိမ်လည်း ဖြစ်ပေသည်။ ဇာတ်တူသားကို စားခဲ့ကြသော မြန်မာ့အာဏာရူးတပ်မတော်၏ သွေးစွန်းသော နေ့လည်းဖြစ်သည်၊ မိမိတို့ကိုးကွယ်ဆည်းကပ် အလေးအမြတ်ပြုနေသော သံဃာတော်များအား ရက်ရက်စက်စက် ပစ်ခတ်သတ်ဖြတ်ရဲသော မြန်မာ့တပ်မတော်၏ အလွန်အောက်တန်းကျသော လုပ်ရပ်ကိုလည်း စက်ဆုပ်ရွံရှာမိသည်။

စက်တင်ဘာ (၂၆) ရက်နေ့ကို သံဃာတော်များနေ့အဖြစ် ကမ္ဘာတ၀ှမ်းလုံးက သတ်မှတ်ကြ၊ စက်တင်ဘာလ (၂၆) ရက်နေ့သည် မြန်မာပြည်သူလူထုကြီးခံစားနေရသော အထွေထွေ ဆင်းရဲဒုက္ခများမှ ကင်းလွတ်စေရန် သံဃာတော်များက ဦးဆောင်၍ ငြိမ်းချမ်းစွာ မိမိတို့၏ဆန္ဒများကို ဖေါ်ထုတ်ခဲ့ကြသည်၊ ထိုသို့ဖေါ်ထုတ်ခဲ့သည်ကို အာဏာရူး ဗိုလ်သန်းရွှေတို့ သူခိုးဒါးမြ စစ်အုပ်စုက လက်နက်မပါ ဗလာချည်းသက်သက်ဖြစ်သော သံဃာတော်များအား မောင်းပြန်သေနတ်များဖြင့် ပစ်ခတ်ခြင်း၊ ဘင်းနက် (လှံစွပ်တပ်ဒါး)ဖြင့် ထိုးသတ်ခြင်း၊ သံပြားကွပ်ထားသော ဒုတ်များဖြင့် ရိုက်သတ်ခြင်း၊ မကြားဝံ့ မနာသာ ဆဲရေး တိုင်းထွာခြင်းတို့ လက်တုံ့ပြန်ခဲ့ကြသည်။ ထို့ကြောင့် စက်တင်ဘာလ (၂၆) ရက်နေ့ကို ပြည်သူများအတွက် အသက်ပေးလှူသွားခဲ့ကြသော သံဃာတော်များကို ဂုဏ်ပြု သတိရသော အထိမ်းအမှတ်အဖြစ် သံဃာတော်များနေ့အဖြစ် သတ်မှတ်ပေးကြပါရန် တစ်ကမ္ဘာလုံးရှိ ဗုဒ္ဓဘာသာ အဖွဲ့အစည်းများနှင့် နိုင်ငံတကာအား တောင်းဆိုလိုက်ချင်သည်။

ခေတ်သစ် မင်းကြီးရန်နောင် ပေါ်ရန် အချိန်တန်ပြီ

သိုဟန်ဘွားက အများပြည်သူတို့ ကိုးကွယ်နေကြသော သံဃာတော်များကို မြန်မာသက္ကရာဇ် (၈၈၈) ခုနှစ်တွင် ယခု ဗိုလ်သန်းရွှေတို့အုပ်စုကဲ့သို့ ရက်စက်စွာ အစုလိုက်အပြုံလိုက် သတ်ဖြတ်လိုက်သောအခါ ဗမာဘက်မှ မင်းခစား အကြီးအကဲ မင်းကြီးရန်နောင်က သိုဟန်ဘွားအား သုတ်သင်ရှင်းလင်း၍ ဗုဒ္ဓသာသနာကို ကယ်တင်ခဲ့သလို ယခုအချိန်အခါမှာလည်း သာသနာတော်ကို၎င်း၊ နိုင်ငံနှင့်လူမျိုးကို၎င်း သုညအဆင့်သို့ ရောက်သွားအောင် ဖျက်ဆီးနေပြီး ခံစားမှုမျက်နှာမရှိ ရိုင်းစိုင်းယုတ်မာပြီး စည်းစိမ်ယစ်မူးနေကြသော တစ်ကိုယ်ကောင်းသမား ဗိုလ်သန်းရွှေအမှူးပြုသော ဒါးပြသူခိုး စစ်အုပ်စုတို့အား သုတ်သင်ရှင်းလင်းရန် ခေတ်သစ် မင်းကြီးရန်နောင် ပေါ်ပေါက်ရန် အချိန်တန်ပြီဟု ထင်ပါသည်။

အို…….သာသနာကို ကိုးကွယ်မြတ်နိုးသော ပြည်သူကိုချစ်သော တပ်ဗိုလ်တပ်သား အပေါင်းတို့ မိမိတို့ ကိုးကွယ်အထွတ်အမြတ်ထားသော ဘာသာ၊ သာသနာကို စော်ကားရဲသော ခေတ်သစ်သိုဟန်ဘွား စစ်အုပ်စုအား မိမိတို့ တတ်နိုင်သောနည်းဖြင့် တွန်းလှန်ကာ ခေတ်သစ် မင်းကြီးရန်နောင်ဘွဲ့ကို ယူကြပါဟု တိုက်တွန်းနှိုးဆော်လိုက်ချင်ပါရဲ့။

ရဟန်းပျို ရဲရင့်ဇာနည်

…………….


Download file: thohanbwa-and-mingyi-yan-naung1

Advertisements

The General Than Shwe Poetry Competition – ဗိုလ်ချုပ်သန်းရွှေ ကဗျာပြိုင်ပွဲ

leave a comment »

To raise awareness, why not enter the General Than Shwe Poetry Competition and spread the word over here:

Monday, November 17, 2008

The General Than Shwe Poetry Competition

The ShadowLands is delighted to announce the Senior General Than Shwe Poetry Competition in support of Saw Wai and Nay Phone Latt. To get the ball rolling, The ShadowLands offers two modest examples of what we are looking for – Ahem:

The person of Senior General Than Shwe
Looks like an obese chimpanzee
Has had sex with an elf
Or maybe himself
And created some monstrosity.

and this:

There once was a persistent murmur
that General Than Shwe, that old life affirmer
was planning a wedding
to give his daughter a bedding
to experience what he’s done to
Burma

Any further entries are more than welcome in comments.

Margo’s Maid

3 comments:

Boy on a bike said…

Breakfast for Senior General Than Shwe
Is not accompanied by coffee
He does have a cup
And he does fill it up
But it’s a pint of his own wee

November 17, 2008 11:11 PM

Margo’s Maid said…

Outstanding, thanks BOAB!

November 17, 2008 11:34 PM

Antares said…

Hard to resist when offered the opportunity to compose political limericks. Let’s see…

Hello and ahoy there, General Tan Shwe…
Stop playing with your pistol now and look at me.
So do you know who I am,
You putrid hunk of ham?
Too late to panic, I am Death,
and you shall die at the count of three!

November 23, 2008 6:31 AM

Blog link: http://margosmaid.blogspot.com/2008/11/general-than-shwe-poetry-competition.html

………………………..

ဗိုလ်ချုပ်သန်းရွှေအကြောင်း စပ်ဆိုတဲ့ ကဗျာပြိုင်ပွဲတခု လုပ်ကြဖို့ တိုက်တွန်းထားတဲ့ Margo’s Maid’s ShadowLands ရဲ့စိတ်ကူးပါ။ အင်္ဂလိပ်ဘာသာနဲ့ ကဗျာကို စပ်နိုင်သလို မြန်မာဘာသာနဲ့လည်း ပြိုင်ပွဲသပ်သပ် လုပ်လို့ ဖြစ်နိုင်စရာ ရှိပါတယ်။

ဗိုလ်ချုပ်သန်းရွှေရဲ့ ဂုဏ်သိက္ခာကို ထိခိုက်ကျဆင်းစေတယ်လို့ စွပ်စွဲခံရပြီး ထောင်ကျသွားတဲ့ကဗျာဆရာ စောဝေနဲ့ ဘလော့ဂါ နေဘုန်းလတ်တို့ကို ထောက်ခံတာဖြစ်တယ်လို့ ဆိုပါတယ်။

သူတို့နှစ်ဦးရဲ့ ပြောင်မြောက်တဲ့ စာပေအနုပညာ၊ မတရားမှုကို တိုက်ပွဲဝင်ရဲတဲ့ သတ္တိ၊ လွတ်လပ်မှုကို မြတ်နိုးတဲ့ ဆန္ဒ၊ အမှန်တရားဘက်က ရပ်တည်လိုတဲ့ ခံယူချက်၊ အများအကျိုးအတွက် အနစ်နာခံတတ်တဲ့ ပါရမီ၊ လူထုအကြား ထိထိရောက်ရောက် လုပ်တတ်တဲ့ နည်းလမ်းတွေကြောင့် သူတို့ကို နိုင်ငံတကာက သိရှိလာကြပါတယ်။ သူတို့ ထောင်ကျခံရတဲ့အကြောင်းလည်း နိုင်ငံတကာမှာ ဟိုးလေးတကျော် ဖြစ်နေပါတော့တယ်။ သူတို့ကို ဂုဏ်ပြုထိုက်စရာ နည်းလမ်းကောင်းတွေကိုလည်း ရှာဖွေနေကြပါပြီ။

မြန်မာဘလော့ဂါတွေအနေနဲ့ မိမိတို့ ဘလော့ဂ်တွေမှာ ဖိတ်ခေါ် ကဗျာပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲတွေကို အခါအားလျော်စွာ ကျင်းပပေးနိုင်ကြမယ်ဆိုရင် “အာဏာရှင်စနစ် ဆန့်ကျင်ရေး” လူထုနိုးကြားမှုကို ထိထိရောက်ရောက် နိုးဆော်ပေးနိုင်စရာ ရှိပါတယ်။

……………….

လွင်အောင်စိုး

ဗိုလ်သန်းရွှေ ကျန်းမာရေး ဆိုးဝါးလာ၊ ရန်ကုန်မှာ တခေါက်နားပြီးမှ စင်္ကာပူသို့ အရေးပေါ် ဆေးသွားကုမည်

leave a comment »

Source: Email – people_power_8888@yahoo.com

စစ်အာဏာသိမ်းခေါင်းဆောင်ကြီး၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အရေးပေါ် ဆေးကုသမှု ခံယူရန် စင်္ကာပူနိုင်ငံသို့ သွားရောက်မည်။

မြန်မာစစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ရုတ်တရက် ကျန်းမာရေးအခြေအနေ ဆိုးဝါးလာသဖြင့် အရေးပေါ် ဆေးကုသမှုခံယူရန် မနက်ဖြန် (၃-၁ဝ-၂ဝဝ၈၊ သောကြာနေ့)တွင် နေပြည်တော်မှ ရန်ကုန်မြို့သို့ ရောက်ရှိ ညအိပ်ရပ်နားပြီး (၄-၁ဝ-၂ဝဝ၈၊ စနေနေ့) နံနက်ပိုင်းတွင် အထူးလေယာဉ်ဖြင့် စကာင်္ပူနိုင်ငံသို့ ဆက်လက်ထွက်ခွာမည် ဖြစ်ကြောင်း၊ နေပြည်တော် စစ်ရုံးနှင့် နီးစပ်သော အသိုင်းအ၀ိုင်းမှ သတင်းရရှိပါသည်။

(သတင်းအတည်ပြုချက် ရရှိရန်  ဆက်လက် စုံစမ်းလျှက် ရှိပါသည်။)

သူရဲကောင်း။

…………

Burmese Junta Sr.Gen.Than Shwe needs immediate medical treatment in Singapore.
It was learnt from Nay-Pyi-Taw inner sources that Sr.Gen.Than Shwe was serious ill and arranging for further medical treatment in Singapore. He will arrive from Nay-Pyi-Taw to Yangon tomorrow (3/10/2008) and then to Singapore Saturday (4/10/2008) as tentatively planned. Probably his condition is quite serious that he can’t go straight to Singapore but stopover in Yangon for a while.
Reported by Thu Ye Kaung

Written by Lwin Aung Soe

October 3, 2008 at 3:47 am

မျိုးဆက်သစ် လူငယ်များမှ အထူး အလိုရှိနေသော တရားခံ

leave a comment »

http://niknayman-niknayman.blogspot.com/2008/09/blog-post_21.html မှရယူသည်။

မျိုးဆက်သစ်လူငယ်များမှ အလိုရှိသည်။

တရားခံအား အထူးအလိုရှိသည် – (WANTED) ။

အာဏာရှင်ဗိုလ်ချူပ်မှူးကြီးသန်းရွှေသည် မြန်မာတစ်မျိုးသားလုံးအား စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးများကို ဆင်းရဲ နိမ့်ကျအောင် ပြုလုပ်ခဲ့သည့် အဓိက တရားခံဖြစ်သည်။

(မျိုးဆက်သစ်လူငယ်များ အစည်းအရုံး Generation Wave အဖွဲ့ မှ ယခု “Wanted” ကြေညာချက်စာများအား လှည်းတန်းရှိ MacBugger ၊ လှည်းတန်း ဈေးအိမ်သာ၊ ဆင်မလိုက်ဈေး အိမ်သာ၊ ကမ်းနားဈေး အိမ်သာ၊ ညဈေး အိမ်သာ၊ ထီးတန်းအိမ်ယာ၊ သီရီမင်္ဂလာဈေး၊ ၃၂ သာကေတ လိုင်းကားပေါ်များ၊ ၂၁၆ သံလျင် လိုင်းကားပေါ်များ၊ ဘူတာရုံလမ်း မြကန်သာအိမ်ယာများနှင့် အခြားသော နေရာများတွင် ကပ်ကာ အများပြည်သူလူထု သိရှိစေရန်အတွက် ဆောင်ရွက်ခဲ့သော လှုပ်ရှားမှု ဖြစ်ပါသည်။)








ခွေးဘီလူး သန်းရွှေ စီစဉ်၍ ဂမ်ဘာရီ ကိုယ်တိုင် ကမ္ဘာလှည့် သီဆိုမည့် ရက်(ပ်)သီချင်း အသစ်စက်စက်ကြီး

leave a comment »

Source: Dr Aung Chun’s email

Written by Lwin Aung Soe

August 31, 2008 at 6:00 am

နအဖ ခေါင်းဆောင်များကို စစ်ရာဇဝတ်မှုဖြင့် နိုင်ငံတကာခုံရုံးတင်နိုင် (DVB အင်တာဗျူး)

leave a comment »