မကြာခင် လေမုန်တိုင်းတစ်ခု ထပ်မံကျရောက်မည်ဟု
အစိုးရပိုင် သတင်းဌာနများမှ ထုတ်ပြန်
ယနေ့နံနက်ပိုင်းမှစတင်ကာ ဘင်္ဂလာပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်လျှက်ရှိပြီး အလွန်အားကောင်းလျှက်ရှိကာ ယနေ့နံနက်မှစတင်ကာ နောက် (၇၄) နာရီးအတွင်း ကုန်းတွင်းပိုင်းကို ဖြတ်ကျော်ဝင်ရောက်နိုင်ဟု ဖော်ပြပါရှိထားသည်။ ထိုသို့တိုက်ခက်ရာတွင် ရေပြင် မြေပြင်လေဟာ တစ်နာရီလျှင် (၄၅) မိုင်မှ မိုင် (၅၀) အထိ တိုက်ခက်နိုင်ကြောင်း ဖော်ပြထားပြီး။ MRTV4 ရုပ်သံလိုင်းမှ စဉ်ဆက်မပြတ်ထုတ်လွှင့်ပေးလျှက်ရှိနေသည်။
ဇွန်လ (15) ရက်နေ့ ဘင်္ဂလာပင်လယ်အော်အခြေအနေအား Yahoo မှ ရိုက်ကူးထားသည့် မိုးလေ၀သသတင်းဓာတ်ပုံ
http://weather.yahoo.com/images/asia_sat_440_mdy_y.jpg
မုန်တိုင်းသတင်းနှင့်ပတ်သက်ပြီး မကြာခင်အချိန်ကမှ နာဂစ်ဆိုက်ကလုံးမုန်တိုင်းဒဏ်ကို ပြင်းထန်စွာခံစားခဲ့ရသော ဧရာဝတီတိုင်းအတွင်းရှိ နယ်ခံအချို့အား ဆက်သွယ်မေးမြန်းကြည့်ရာမှာတော့ အစိုးရအာဏာပိုင်အဖွဲ့အစည်းများမှ ယခုထပ်မံဖြစ်ပေါ်လာသော မုန်တိုင်းသတင်းနှင့်ပတ်သက်ပြီး မည့်သည့် သတင်းကြေညာချက်ထုတ်ပြန်သည်ကို မသိရှိရသေးကြောင်း ပြောကြားကြသည်။ ထိုအပြင် ပင်လယ်ဝနှင့် ကျေးရွာများနေ ပြည်သူအချို့ကမူ ပြောင်းလဲလာသော ရာသီဥတုကိုထောက်ရှုပြီး မုန်တိုင်းကြီး ထပ်မံကျရောက်လာမည့် အရိပ်အယောင်များကို အတွေ့အကြုံများအရ သိရှိနေကြရသဖြင့် နီးစပ်ရာမြို့များသို့ အဆက်မပျက်သွားရောက်နေကြကြောင်းသတင်းရရှိထားသည်။
အစိုးရအာဏာပိုင်အဖွဲ့အစည်းများအနေနဲ့ မုန်တိုင်းသတင်းနှင့်ပတ်သက်ပြီး မုန်တိုင်းဒဏ်ခံစားခဲ့ရသည့် ဧရာဝတီတိုင်းအတွင်းသို့ တိကျသေခြာသောသတင်းများထုတ်လွှင့်ပေးသင့်သလို အချိန်နှင့်တပြေညီ မုန်တိုင်းလွတ်ကင်းရာနေရာများသို့ ပြောင်းရွှေ့ပေးသင့်ကြောင်း ရန်ကုန်မြို့ရှိ ၀ါရင်စာနယ်ဇင်းတစ်ဦးမှ ပြောကြားသည်။
အစိုးရမီဒယာများ၏ သတင်းထုတ်ပြန်ချက်များနှင့်ပတ်သက်ပြီး ထိုပုဂိုလ်မှဆိုရာတွင် “သူတို့ကလျှော့ပေါ့ပြီးတော့ ကြေညာတာလည်းဖြစ်နိုင်တယ်။ နာဂစ်တုန်းကလည်း ဒီလိုပဲ ကြေညာခဲ့တာပဲ။ ဒါပေမယ့် တကယ့်လက်တွေ့မှာတော့ သူတို့ ကြေညာခဲ့တာ ပြောင်းပြန်ပဲဗျ။ အခုဝင်မယ်ဆိုတဲ့မုန်တိုင်းဟာလည်း သတို့ကြေညာထားတာဆက် အဆမတန်ကြီးများနိုင်တယ်။ ပျက်ဆီးဆုံးရှုံးနိုင်တယ်။´´ ဟုဆိုသည်။
မုန်တိုင်းသတင်းနှင့်ပတ်သကပြီး ယနေကြားသိရသောသတင်းများမှာ လက်ပွတ်တာမြို့တွင်းရှိ ပင်လယ်ဝတွင်တည်ရှိသော လှိုင်းဖုံးကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာအချို့ ယခုဖြစ်ပေါ်လာသော မုန်တိုင်းကြောင့် ပျက်ဆီးသွားပြီဖြစ်ကြောင်း သိရသည်။ ထိုကျေးရွာများမှ မကြာခင်ကာလများကမှ လူနေတဲများ အသစ်ပြန်လည်တည်ဆောက်ထားခဲ့ကြခြင်းဖြစ်ပြီး ယခုတစ်ကြိမ်တွင်လည်း ထပ်မံပျက်ဆီးသွားခဲ့ကြပြီဖြစ်သလို။ ထိုလေဘေးသင့်ပြည်သူများအနေဖြင့် မိမိတို့၏ ရပ်ရွာများတွင် မနေထိုင်ထိုင်ရဲကြတော့ပဲ လက်ပွတ်တာမြို့သို့ ထွက်ပြေးတိမ်းရှောင်လာနေကြပြီဖြစ်ကြောင်း သတင်းရရှိသည်။
ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင်
ရေကြီးလျှက်ရှိကြောင်း သတင်းများထွက်ပေါ်နေ
ရန်ကုန် (မေလ ၁၅ ရက် ၂၀၀၈ ခုနှစ်)
ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မြစ်ရေကြီးလျှက်ရှိကြောင်း ရန်ကုန်သတင်းရပ်ကွက်မှ ကြားသိရသည်။ အကြောင်းမှာ ယခုတရုတ်နိုင်ငံတွင်ဖြစ်ပွားလျှက်ရှိသော မိုးသည်းထန်စွာရွာသွန်းမှုနှင့် ရေကြီးလာမှုများကြောင့် ယခင်ပြုလုပ်ထားသည့် ဆည်နှင့်ရေကာတာများ ကျိုးသဖြင့် လည်းကောင်းရေများမှာ အောက်သို့ ဆီဆင်းလာမှုကြောင့် ယခုကဲ့သို့ ကရင်ပြည်နယ်အချို့ ဒေသများနှင့် မွန်ပြည်နယ်တို့တွင် မြစ်ရေကြီးများ ဖြစ်ပွားလျှက်ရှိကြောင်း သိရသည်။ သတင်းများနှင့်ပတ်သက်ပြီး အတည်ပြုနိုင်ရန် ကြိုးစားလျှက်ရှိသည်။