Save Burma

အာဏာရှင်စနစ် ကျဆုံးမှ တတိုင်းပြည်လုံး စစ်မှန်တဲ့ ဒီမိုကရေစီကို ခံစားရမယ်

Archive for the ‘တပ်လှန့် နိုးဆော်သံ’ Category

ဒီမိုကရေစီ ကျင့်ဝတ်တွေကို လိုက်နာကျင့်သုံးဖို့ လိုပြီ

leave a comment »

မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ဖြစ်ထွန်းအောင် နည်းမျိုးစုံနဲ့ လုပ်နေကြတာ အားလုံးအသိပါ။ တဦးနဲ့တဦး တဖွဲ့နဲ့တဖွဲ့ မတူကွဲပြားတဲ့ အမြင်တွေကို ဒီမိုကရေစီ ရှုထောင့်က လက်မခံတတ်ပဲ လုပ်ဆောင်နေကြလို့ မဖြစ်သင့်တဲ့ ကိစ္စတွေ ဖြစ်နေရတာပါ။ ဘာပဲဖြစ်ဖြစ် မြန်မာနိုင်ငံဟာ အနှေးနဲ့အမြန် ဆိုသလို စစ်မှန်တဲ့ ဒီမိုကရေစီ (ဒါမှမဟုတ်) ဒီမိုကရေစီအတုကို ခံစားရလာတော့မှာ ဖြစ်ပါတယ်။

ဒီမိုကရေစီကို အစစ်အမှန်ကျင့်သုံးတဲ့ နိုင်ငံဆိုရင် အစိုးရကရော ပြည်သူတွေကပါ ဒီမိုကရေစီကျင့်ဝတ်ကို မဖြစ်မနေ လိုက်နာရပါတယ်။ ဒီမိုကရေစီ ကျင့်ဝတ်ကို မလိုက်နာဘူးဆိုရင် ဒီမိုကရေစီကို ဖျက်ဆီးသူ၊ ကိုယ်ကျိုးစီးပွားကိုသာ ရှေ့တန်းတင်ပြီး အများပြည်သူ အကျိုးစီးပွားကို ထိခိုက်အောင်လုပ်သူ ဖြစ်သွားပါတယ်။ ထပ်ပြောရရင် အဲဒီလို လူစားမျိုးဟာ ဒီမိုကရေစီကို နားမလည်သူ ပါဘဲ။

ကျနော်ရေးလက်စထဲက စာတပိုဒ်ကို ဒီနေရာမှာ ကြုံလို့ ဖော်ပြလိုက်ပါတယ်။
“ပြည်သူလူထုမှာ သတင်းအချက်အလက်များကို သိရှိနေသင့်သည်။ သို့သော် သတင်းအချက်အလက်များကို ဖော်ထုတ်သူတို့၌ လူထုထံ မပေါက်ကြားအောင် လျှို့ဝှက်ရမည့် ကျင့်ဝတ်လည်း ရှိသည်။ ဥပမာ- လိင်ဆက်ဆံဖျော်ဖြေရာ  စီးပွားရေးလုပ်ငန်း တခု၌ အသုံးချခံနေရသည့်  အသက်(၁၈)နှစ်အောက် ကလေးငယ်တဦးအား ရဲက ကယ်ဆယ်လိုက်သော သတင်းကို လူထုသိအောင် ဖော်ပြရမည် ဖြစ်သည်။ သို့သော် ထိုသတင်းတွင် ထိုကလေး၏ ရုပ်ပုံ၊ နာမည်၊ လိပ်စာနှင့်တကွ ကိုယ်ရေးကိုယ်တာများကို မီဒီယာကျင့်ဝတ်အရ လျှို့ဝှက်ထားရမည် ဖြစ်သည်။ တချိန်တည်းမှာပင် သတင်း အချက်အလက်များကို အမှန်တရားဘက်မှ ရပ်တည်ကာ  အမြဲတမ်း ပွင့်လင်းစွာဖြင့် ရေးသားပြောဆို ဖော်ထုတ်ရဲမှုများလည်း ရှိနေရပါမည်။”
မိမိရဲ့ကိုယ်ကျိုးဆန္ဒတခုကြောင့် အခြားသူတွေ ထိခိုက်နစ်နာသွားမလား ဆိုတာ ကြိုတင်စဉ်းစားတတ်တဲ့ အလေ့အကျင့်တွေ ရှိထားဖို့ လိုနေပါပြီ။ အခြားသူတွေ ထိခိုက်နစ်နာဖို့ ရှိမယ်ဆိုရင် ဆင်ခြင်တတ်တဲ့ အလေ့အကျင့်လည်း ရှိနေဖို့ လိုအပ်နေပါပြီ။ မိမိလုပ်လိုက်တဲ့ ကိစ္စအတွက် မိမိမှာသာ တာဝန်ရှိပြီး တာဝန်ခံယူရဲတဲ့ အကျင့်စရိုက်ကောင်းတွေလည်း မွေးတတ်ဖို့ လိုနေပါပြီ။

မြန်မာပြည်သူတွေမှာ (အစိုးရလုပ်မယ့်သူတွေမှာပါ) ဒီမိုကရေစီ ကျင့်ဝတ်တွေ လိုက်နာတတ်အောင် ပညာပေးဖို့ အစီအစဉ်တွေ တိုးချဲ့လုပ်ဆောင်ရပါတော့မယ်။
ပို့စ်တင်တဲ့ <hein.heinhein@gmail.com> ကို ကျေးဇူးအထူးတင်ရှိပါတယ်။ hein နဲ့တကွ ကျန်သူတွေကလည်း ဒီလိုအဖြစ်မျိုးတွေ နောက်ထပ်ရှိလာရင် ဖော်ထုတ်ပေးကြပါ။
လွင်အောင်စိုး

……………………………

အခုလို ရေးဖြစ်သွားတဲ့အကြောင်းရင်းက ဒီလိုပါ။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

from hein <hein.heinhein@gmail.com>
reply-to myanmargtalkers@googlegroups.com
to MyanmarGTalker <myanmargtalkers@googlegroups.com>,
mmfunclub@googlegroups.com
date Sun, Dec 21, 2008 at 2:55 PM
subject [MMgtalkers:3139] အသိဥာဏ်မရှိသောကလေးများအား တိုက်ခိုက်နေသူများ
mailing list <myanmargtalkers.googlegroups.com> Filter messages from this mailing list
mailed-by googlegroups.com
signed-by googlegroups.com

ဒီနေ့  forware mail တခ်ခုရောက်လာလို့ ဝင်ကြည့်လိုက်တယ်။ပို့ တဲ့လူကတော့ hlamyint06821352@gmail.com ပါ။ ခါတိုင်းဆိုမကြည့်မိပါပြီး။ ဒီနေ့ မှ စိတ်ကူးပေါက်လို့   ဖွင့်ကြည့်လိုက်တာ သူတစ်ပါးရဲ့  personal photo နဲ့  ရှုတ်ချထားတာတွေ့ ရတယ်။ ဒါလဲကျနော်စိတ်မ၀င်စားပါဘူး။

ရုတ်တရက်တွေ့ လိုက်ရတာတစ်ခုက အသက် ၈ နှစ်အရွယ်သာရှိသေးတဲ့ ကလေးတစ်ယောက်ပုံပါလာတယ်။

ကလေးကမျက်မှန်လေးနဲ့ ။သူ့ ပုံအောက်မှာဘယ်လိုရေးထားလဲဆိုတော့ ကန်းပြီ တဲ့။ ကလေးကို ပြောရက်လိုက်တာ။
အောက်မှာပုံကို  attach နဲ့ ထည့်ပေးလိုက်ပါတယ်။
လူကြီးချင်းရန်ဖြစ်တာ မပြောလိုပါဘူး။ သူတို့ ဘာသူ သတ်ချင်သတ်။ဘာလို့ အပြစ်မရှိတဲ့ကလေးတွေကို လိုက်ပြီး အခုလို စော်ကားနေရတာလဲ။
ကျနော်လဲ ဘာရည်ရွယ်ချက်နဲ့ ပို့ တာလဲဆိုပြီး လူတိုင်းသတိထားမိအောင် reply all လုပ်လိုက်တယ်။
အဲဒီမှာ Leon <kaung.99@gmail.com> ဆိုတဲ့တစ်ယောက်က ဘာပြန်ပြောလဲဆိုတော့

i dont care anything. not even about their children.
if u care so much, open an orphan house and raise the kids there.
ရှေ့ကနွားကဖြောင့်ဖြောင့်မသွား

ရင် နောက်ကနွားကလဲဒီလိုပဲဖြစ်မှာပဲ
i hope u heard about this proverb. i believe things will be the same to their generations. his daddy’s job is bitchy, the offspring will become the same.
so i dont care whoever says. i’m even happy to hear that.
သူက ဒါတွေကြည့်ပြီးပျော်နေတာတဲ့
ကလေးလုပ်တဲ့သူက အပြစ်ရှိနေရင်တော့ ကျနော်မပြောလိုပါဘူး
သို့ သော်ဘာမှမသိနားမလည်သေးတဲ့ ၈ နှစ်ပဲရှိသေးတဲ့ ကလေး ကို ခုလို ပြောဆိုချင်းကိုတော့ မြန်မာလူမျိုးတစ်ယောက်အနေနဲ့ မလုပ်သင့်ဘူးထင်ပါတယ်။
နိုင်ငံတကာမှာလဲ ဘယ်လူကောင်းကမှ ဒါမျိုးတွေလုပ်မယ်မထင်ပါဘူး။

ဒါလေးကို နမူနာယူပြီး အသိဥာဏ်မပြည့်ဝသေးတဲ့ ၁၀ နှစ်တောင်မရှိသေးတဲ့ ကလေးတွေကို စာနာသနားကြပါ လို့ ပဲ ကျနော်ပြောချင်ပါတယ်။
မကျေနပ်ရင်လဲ လူကြီးချင်းပဲ ကိုက်ကြပါ။ကလေးတွေကို ဆွဲမထည့်စေချင်ပါဘူး။
မိခင်တစ်ယောက်ထဲကနေ အရက်သမားမွေးနိုင်သလို၊ပညာတတ်တွေလဲ မွေးနိုင်ပါတယ်။
၁၀ နှစ်တောင် မပြည့်သေးတဲ့ကလေးကိုတော့ မတိုက်ခိုက်ကြပါနဲ့ ။

–~–~———~–~—-~————~——-~–~—-~
You received this message because you are subscribed to the Google Groups “MyanmarGTalkers (Gtalkအသုံးပြုသူမြန်မာများအဖွဲ့ )” group.
To post to this group, send email to myanmargtalkers@googlegroups.com
To unsubscribe from this group, send email to myanmargtalkers+unsubscribe@googlegroups.com
For more options, visit this group at http://groups.google.com/group/myanmargtalkers?hl=my
-~———-~—-~—-~—-~——~—-~——~–~—

childn

မှတ်ချက်၊  မူရင်းပုံတွင် မျက်မှန်တပ်ထားသော ကလေးအား ရုပ်ဖျက်ခြင်း မရှိပဲ ဖော်ပြထားသည်ကို မီဒီယာကျင့်ဝတ်အရ ပြန်လည်ပြင်ဆင် ဖော်ပြလိုက်ပါသည်။

Written by Lwin Aung Soe

December 22, 2008 at 1:44 am

The General Than Shwe Poetry Competition – ဗိုလ်ချုပ်သန်းရွှေ ကဗျာပြိုင်ပွဲ

leave a comment »

To raise awareness, why not enter the General Than Shwe Poetry Competition and spread the word over here:

Monday, November 17, 2008

The General Than Shwe Poetry Competition

The ShadowLands is delighted to announce the Senior General Than Shwe Poetry Competition in support of Saw Wai and Nay Phone Latt. To get the ball rolling, The ShadowLands offers two modest examples of what we are looking for – Ahem:

The person of Senior General Than Shwe
Looks like an obese chimpanzee
Has had sex with an elf
Or maybe himself
And created some monstrosity.

and this:

There once was a persistent murmur
that General Than Shwe, that old life affirmer
was planning a wedding
to give his daughter a bedding
to experience what he’s done to
Burma

Any further entries are more than welcome in comments.

Margo’s Maid

3 comments:

Boy on a bike said…

Breakfast for Senior General Than Shwe
Is not accompanied by coffee
He does have a cup
And he does fill it up
But it’s a pint of his own wee

November 17, 2008 11:11 PM

Margo’s Maid said…

Outstanding, thanks BOAB!

November 17, 2008 11:34 PM

Antares said…

Hard to resist when offered the opportunity to compose political limericks. Let’s see…

Hello and ahoy there, General Tan Shwe…
Stop playing with your pistol now and look at me.
So do you know who I am,
You putrid hunk of ham?
Too late to panic, I am Death,
and you shall die at the count of three!

November 23, 2008 6:31 AM

Blog link: http://margosmaid.blogspot.com/2008/11/general-than-shwe-poetry-competition.html

………………………..

ဗိုလ်ချုပ်သန်းရွှေအကြောင်း စပ်ဆိုတဲ့ ကဗျာပြိုင်ပွဲတခု လုပ်ကြဖို့ တိုက်တွန်းထားတဲ့ Margo’s Maid’s ShadowLands ရဲ့စိတ်ကူးပါ။ အင်္ဂလိပ်ဘာသာနဲ့ ကဗျာကို စပ်နိုင်သလို မြန်မာဘာသာနဲ့လည်း ပြိုင်ပွဲသပ်သပ် လုပ်လို့ ဖြစ်နိုင်စရာ ရှိပါတယ်။

ဗိုလ်ချုပ်သန်းရွှေရဲ့ ဂုဏ်သိက္ခာကို ထိခိုက်ကျဆင်းစေတယ်လို့ စွပ်စွဲခံရပြီး ထောင်ကျသွားတဲ့ကဗျာဆရာ စောဝေနဲ့ ဘလော့ဂါ နေဘုန်းလတ်တို့ကို ထောက်ခံတာဖြစ်တယ်လို့ ဆိုပါတယ်။

သူတို့နှစ်ဦးရဲ့ ပြောင်မြောက်တဲ့ စာပေအနုပညာ၊ မတရားမှုကို တိုက်ပွဲဝင်ရဲတဲ့ သတ္တိ၊ လွတ်လပ်မှုကို မြတ်နိုးတဲ့ ဆန္ဒ၊ အမှန်တရားဘက်က ရပ်တည်လိုတဲ့ ခံယူချက်၊ အများအကျိုးအတွက် အနစ်နာခံတတ်တဲ့ ပါရမီ၊ လူထုအကြား ထိထိရောက်ရောက် လုပ်တတ်တဲ့ နည်းလမ်းတွေကြောင့် သူတို့ကို နိုင်ငံတကာက သိရှိလာကြပါတယ်။ သူတို့ ထောင်ကျခံရတဲ့အကြောင်းလည်း နိုင်ငံတကာမှာ ဟိုးလေးတကျော် ဖြစ်နေပါတော့တယ်။ သူတို့ကို ဂုဏ်ပြုထိုက်စရာ နည်းလမ်းကောင်းတွေကိုလည်း ရှာဖွေနေကြပါပြီ။

မြန်မာဘလော့ဂါတွေအနေနဲ့ မိမိတို့ ဘလော့ဂ်တွေမှာ ဖိတ်ခေါ် ကဗျာပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲတွေကို အခါအားလျော်စွာ ကျင်းပပေးနိုင်ကြမယ်ဆိုရင် “အာဏာရှင်စနစ် ဆန့်ကျင်ရေး” လူထုနိုးကြားမှုကို ထိထိရောက်ရောက် နိုးဆော်ပေးနိုင်စရာ ရှိပါတယ်။

……………….

လွင်အောင်စိုး

ဗိုလ်သန်းရွှေ ကျန်းမာရေး ဆိုးဝါးလာ၊ ရန်ကုန်မှာ တခေါက်နားပြီးမှ စင်္ကာပူသို့ အရေးပေါ် ဆေးသွားကုမည်

leave a comment »

Source: Email – people_power_8888@yahoo.com

စစ်အာဏာသိမ်းခေါင်းဆောင်ကြီး၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အရေးပေါ် ဆေးကုသမှု ခံယူရန် စင်္ကာပူနိုင်ငံသို့ သွားရောက်မည်။

မြန်မာစစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ရုတ်တရက် ကျန်းမာရေးအခြေအနေ ဆိုးဝါးလာသဖြင့် အရေးပေါ် ဆေးကုသမှုခံယူရန် မနက်ဖြန် (၃-၁ဝ-၂ဝဝ၈၊ သောကြာနေ့)တွင် နေပြည်တော်မှ ရန်ကုန်မြို့သို့ ရောက်ရှိ ညအိပ်ရပ်နားပြီး (၄-၁ဝ-၂ဝဝ၈၊ စနေနေ့) နံနက်ပိုင်းတွင် အထူးလေယာဉ်ဖြင့် စကာင်္ပူနိုင်ငံသို့ ဆက်လက်ထွက်ခွာမည် ဖြစ်ကြောင်း၊ နေပြည်တော် စစ်ရုံးနှင့် နီးစပ်သော အသိုင်းအ၀ိုင်းမှ သတင်းရရှိပါသည်။

(သတင်းအတည်ပြုချက် ရရှိရန်  ဆက်လက် စုံစမ်းလျှက် ရှိပါသည်။)

သူရဲကောင်း။

…………

Burmese Junta Sr.Gen.Than Shwe needs immediate medical treatment in Singapore.
It was learnt from Nay-Pyi-Taw inner sources that Sr.Gen.Than Shwe was serious ill and arranging for further medical treatment in Singapore. He will arrive from Nay-Pyi-Taw to Yangon tomorrow (3/10/2008) and then to Singapore Saturday (4/10/2008) as tentatively planned. Probably his condition is quite serious that he can’t go straight to Singapore but stopover in Yangon for a while.
Reported by Thu Ye Kaung

Written by Lwin Aung Soe

October 3, 2008 at 3:47 am

မျိုးဆက်သစ် လူငယ်များမှ အထူး အလိုရှိနေသော တရားခံ

leave a comment »

http://niknayman-niknayman.blogspot.com/2008/09/blog-post_21.html မှရယူသည်။

မျိုးဆက်သစ်လူငယ်များမှ အလိုရှိသည်။

တရားခံအား အထူးအလိုရှိသည် – (WANTED) ။

အာဏာရှင်ဗိုလ်ချူပ်မှူးကြီးသန်းရွှေသည် မြန်မာတစ်မျိုးသားလုံးအား စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးများကို ဆင်းရဲ နိမ့်ကျအောင် ပြုလုပ်ခဲ့သည့် အဓိက တရားခံဖြစ်သည်။

(မျိုးဆက်သစ်လူငယ်များ အစည်းအရုံး Generation Wave အဖွဲ့ မှ ယခု “Wanted” ကြေညာချက်စာများအား လှည်းတန်းရှိ MacBugger ၊ လှည်းတန်း ဈေးအိမ်သာ၊ ဆင်မလိုက်ဈေး အိမ်သာ၊ ကမ်းနားဈေး အိမ်သာ၊ ညဈေး အိမ်သာ၊ ထီးတန်းအိမ်ယာ၊ သီရီမင်္ဂလာဈေး၊ ၃၂ သာကေတ လိုင်းကားပေါ်များ၊ ၂၁၆ သံလျင် လိုင်းကားပေါ်များ၊ ဘူတာရုံလမ်း မြကန်သာအိမ်ယာများနှင့် အခြားသော နေရာများတွင် ကပ်ကာ အများပြည်သူလူထု သိရှိစေရန်အတွက် ဆောင်ရွက်ခဲ့သော လှုပ်ရှားမှု ဖြစ်ပါသည်။)








ကွန်ပြူတာထဲ သူခိုး (hacker) ရှိ-မရှိ ဘယ်လိုသိနိုင်မလဲ။ ရှိနေရင် ဘယ်လို ဖယ်ရှားမလဲ

Source: Tayzartay (Email)

ဆိုင်ဘာမှ သုံးသူများ အတွက် (သို့) သူများ PC မှာ သုံးမယ်ဆိုရင်


တော်တော်များများက Gmail password hack မယ်ဆိုတာနဲ့ အရမ်းကို စိတ်ဝင်စားကြတယ်ဗျ .. ။ ဘာလို့သူများ password ကို သိချင်ကြမှန်းမသိဘူး .. ။  ဘာမှ ကောင်းကျိုးမရှိဘူး ။ရေးတဲ့လူတွေ ရှိတော့လည်း ပြောပြရတော့မှာပေါ့ဗျာ .. ။

ရေးကြတာကတော့ connection ကျအောင်လုပ်။ gtalk က password တွေ •••• အဖြစ်ပေါ်လာရင် သူတို့ပြောတဲ့ Software နဲ့ ကြည့်ပေါ့ဗျာ .. ။

အင်း …အဲဒီထက်ကောင်းတဲ့နည်းရှိတယ်ဗျ … see passwoord လို့ ခေါ်တယ်။ ဒီကောင်လေးမှာ မှန်လိုပုံစံလေးပါတယ်။ password နေရာမှာ မှန်ဘီလူးလို ကြည့်လိုက်ရင် ပေါ်ပြီပဲ။ portable လည်းရှိပါတယ်။

အဲဒါထက်ဆိုးတာ တစ်ခုရှိတယ်ဗျ … ။ ဒီလိုဗျာ .. keylogger လို့ခေါ်တယ် .. window စတက် ကတည်းက စအလုပ်လုပ်တယ်။ ပိတ်လိုက်လည်း နောက်ကွယ်မှာ လုပ်နေတယ်။ tray icon လည်းမပေါ်ဘူး။ ရှိမရှိ မသိရဘူးပေါ့ဗျာ .. ။ သူက ခင်ဗျား keyboard မှာ ရေးလိုက်သမျှ၊ mouse နဲ့နှိပ်သမျှတွေကို အချိန်နဲ့တကွ မှတ်ထားပေးတယ်ဗျ .. ။ အဲဒါဆို ဘာတွေ ပါသွားမလဲ တွေးကြည့်လေ .. ။

ပထမဆုံး gtalk sign in ၀င်မယ်ဗျာ .. ။ သွားပြီ user name ရော ၊ password ရော ။ နောက်ပြီးရင် ကိုယ့်ချစ်သူနဲ့ နှစ်ကိုယ်ကြားတွေ ပြောမယ်၊ ဒါမှမဟုတ် လုပ်ငန်းပိုင်းတွေပြောမယ်။ တစ်ချို့တွေ credit card နံပါတ်တွေ ရိုက်မယ် အကုန် ကျန်ခဲ့တာဗျ .. ။ ဘယ်လောက် ဆိုးသွားနိုင်မလဲ တွေးကြည့်ပေါ့ .. ။ အထူးသဖြင့် ဆိုင်ဘာကနေ သုံးရတဲ့လူတွေ .. ။ တွေးသာ ကြည့်ပါတော့ဗျာ … (All in 1 key-logger ဆိုရင် ဓါတ်ပုံတွေ၊ အသံတွေ၊ ဗီဒီယိုတွေကိုပါ မှတ်ပေးထားနိုင်တယ်၊ သတိထားနော်.. မင်းသား/မင်းသမီးတွေပါ ဖြစ်သွားမယ် ဟဟ)

အဲဒါကို ရှိမရှိ ကြည့်ဖို့ ပြီးတော့ ကိုယ်ရေးခဲ့သမျှ မကျန်ခဲ့ဖို့ ကျနော် ပြောပြပါ့မယ်။ ကိုယ့်သူငယ်ချင်းနဲ့ သက်ဆိုင်သူတွေကိုတော့ အသိပေးပြောပြလိုက်ပေါ့ဗျာ .. ။ တကယ်ကျန်ခဲ့တယ်ဆိုတာ အားလုံးမှတ်ပေးနိုင်တယ်ဆိုတာ မယုံဘူးလား .. ဟဟ software ရှာပြီး စမ်းကြည့်ပေါ့ဗျာ .. ။ ကျနော် fileden မှာ host တင်ပြီးသားကို ရှိတယ်။ ဒါပေမယ့် မပေးဘူး .. အကျိုးမရှိဘူးလေဗျာ … ။

ကဲ ကြာပါတယ် .. ကိုရေးတာတွေ password တွေ ပါမသွားအောင် လုပ်လိုက်ရအောင် .. ။ Ctrl+Shift+Esc( or) Ctrl+Atl+ Del နဲ့ Task manager ကို ခေါ်လိုက်ဗျာ ..။ Process ဆိုတဲ့ tab ကို နှိပ်ပြီး msdts.exe ဆိုတာကို လိုက်ရှာကြည့်ဗျာ ။ ရှိတယ်ဆို keylogger သုံးထားလို့ပေါ့ ။ အမြန်သာ click နှိပ်ပြီး End process ပေးလိုက်ပေတော့ ။ အဲဒါဆိုရင်တော့ keylogger ကို ကာကွယ်နိုင်ပြီ ဖြစ်ပါတယ်။

အကောင်းဆုံးနည်းလမ်းကတော့ task manager မှာရှိတဲ့ process tab ထဲမှာရှိနေတဲ့ကောင်တွေထဲကကိုယ်သုံးမယ့် gtalk လောက်ပဲအိုကေထားပြီးကျန်တာတွေကို disable  သို့မဟုတ် end process ပေးလိုက်တာပါပဲ…ဘာလို့ဆို ရိုးရိုး ယူဆာတွေ အနေနဲ့က ဘယ်လိုဖိုင်လ်က အချက်အလက်တွေကို ရီကော့ လုပ်တာလဲဆိုတာ မသိနိုင်တော့ အန္တရာယ်ကင်းဘေးရှင်း အားလုံးကို end process လုပ်ပြီး ကိုယ်သုံးတဲ့ကောင်ကိုပဲ manually ခေါ်သုံးတာ အကောင်းဆုံးပါပဲ။

ဒီပို့စ်လေးကိုရေးပြီး မိတ်ဆွေတို့အားလုံးကို ပို့ရတဲ့အကြောင်းရင်းကတော့ ပြီးခဲ့တဲ့တစ်ရက်ကပဲ ကျွန်တော့်ကို ပြည်တွင်းက မိတ်ဆွေတစ်ယောက်က ကျောက်မြောင်းထဲက အိုကေဆိုတဲ့ အင်တာနက်ဆိုင်တစ်ဆိုင်မှာ နိုင်ငံရေးလှုပ်ရှားသူတစ်ယောက် ပြည်ပနဲ့ဆက်သွယ်နေတာ တွေ့လို့ဆိုပြီး အဖမ်းခံရတယ်ပြောလို့ ပြည်တွင်းက တတ်ကြွလှုပ်ရှားသူတွေအနေနဲ့ နည်းပညာပိုင်းအရ ရှောင်လို့ရတဲ့ အချက်လေးတစ်ချက်အဖြစ်နဲ့ တစ်ဘက်တစ်လမ်းကနေ အထောက်အကူဖြစ်စေချင်လို့ပါပဲ..မိတ်ဆွေတို့ရဲ့ပြည်တွင်း အဆက်အသွယ်တွေကို ဒီပို့စ်လေးကို ဖော်ဝဒ်လုပ်ပြီး ပေးဖတ်ရင်းသူတို့ရဲ့အန္တရာယ်ကင်းရေးအတွက် အထောက်အကူပြုကြပါခင်ဗျာ။

တေဇာတေ ( မြန်မာနိုင်ငံဒီမိုကရေစီရရှိရေးလှုပ်ရှားမှုအဖွဲ့) ဒိန်းမတ်

အထက်ပါပို့စ်လေးကိုဘလော့ဂါသံလုံငယ်ရဲ့ပို့စ်ကိုပြန်မှီငြမ်းထားပါတယ်။

if u cant see (above) in burmese font,u need to download ZAWGYI-ONE font and install it.

Written by Lwin Aung Soe

September 22, 2008 at 1:32 am

သြဂုတ်လ အနီရောင် လှုပ်ရှားမှု – အကောင်းဆုံး မြေသြဇာမှ တပ်လှန့်နှိုးပြီ

leave a comment »

Written by Lwin Aung Soe

August 6, 2008 at 9:13 am

ကိုညီ – စစ်အာဏာရှင်စံနစ်ကို တိုက်ဖျက်နိုင်ဖို့

leave a comment »

Generation Wave blog တွင် ကိုညီ ရေးထားသည့် တပ်လှန့် နှိုးဆော်သံကို ကူးယူ ဖော်ပြလိုက်ပါသည်။ အာဏာရှင် စနစ်ဆိုးကြီးအား မည်သို့မည်ပုံ ဖယ်ရှားပစ်နိုင်သည်ကို ရှင်းလင်းစွာ ဖော်ပြထားသည်။

ဒီမိုကရေစီ လိုလားသော တက်ကြွ လှုပ်ရှားသူများသာမက ပြည်သူတရပ်လုံးက ဖတ်ရှုလေ့လာသင့်သည်။

အာဏာရှင် သက်ဆိုးရှည်အောင် မတရားသောအမိန့်များကို လိုက်နာနေရသည့် စစ်တပ် အစရှိသော လက်နုက်ကိုင်များနှင့်တကွ နိုင်ငံ့ဝန်ထမ်းများ အပါအဝင် ကြံ့ဖွံ့၊ မီးသတ်နှင့် စွမ်းအားရှင် ဆိုသည့် အသင်းအဖွဲ့ဝင်များ၊ ရပ်ကွက်-ကျေးရွာ-မြို့နယ်-တိုင်း-ပြည်နယ် အစရှိသည့် အာဏာပိုင်အဆင့်ဆင့်တို့ကလည်း ဖတ်ရှုလေ့လာသင့်သည်။

အင်တာနက်ပေါ်တွင် လင့်ခ် ချိတ်ပေးခြင်းဖြင့်သော်၎င်း၊ စာရွက်စာတမ်း ကူးယူခြင်းအားဖြင့်သော်၎င်း၊ နှုတ်အားဖြင့်သော်၎င်း မသိပဲ ကျန်နေသူ မရှိရလေအောင် တတ်နိုင်သမျှ လက်ဆင့်ကမ်း ဖြန့်ဝေပေးသင့်သည်။

ဒီမိုကရေစီ တိုက်ပွဲဝင်သူများအားလုံးကို လေးစားလျက်

မူရင်းကို ဖတ်ရှုရန်

တိုင်းရင်းသားမိဘပြည်သူများနှင့် တော်လှန်တိုက်ပွဲဝင်အင်အားစုများသို့!

နေ့စွဲ- ၂၀၀၈ခုနှစ် ဇွန်လ ၂၇ရက်နေ့


စစ်အာဏာရှင်စံနစ် တိုက်ဖျက်ရေး တော်လှန်မှုတစ်ရပ် လုပ်ဆောင်နိုင်ဖို့၊ လုပ်ဆောင်ကြဖို့၊ တိုက်ပွဲဝင်ကြဖို့၊ စစ်အာဏာရှင်စံနစ် ဆိုတာဘာလဲ၊ ဘယ်လိုနားလည်ထားလဲ အနည်းငယ်တင်ပြကြည့်ပါမယ်။

စံနစ်ဆိုတာ ရှင်းရှင်းလင်းလင်း အကျယ်တပွင့်တင်ပြရရင် ပြည်သူလူထု နားလည်နိုင်တယ်၊ အချို့တင်ပြချက်တွေကြောင့်လဲ ရှုတ်ထွေးသွားနိုင်တယ်၊ ရှင်းပြတာ နားမလည်ရင် စိတ်ပျက်သွားနိုင်တယ်၊

ဒီတော့အလွယ်ဆုံး ကျနော်တို့အင်အားစုတွေ နားလည်ထားတဲ့ ဥပမာပေးပြီး၊ လူထုလက်တွေ့ဘ၀နဲ့ အနာဂတ်မျှော်လင့်ချက်ကြား အနီးစပ်ဆုံးဖြစ်အောင် တင်ပြကြည့်ရမယ်ဆိုရင်- လက်ရှိမြန်မာနိုင်ငံမှာ နေထိုင်ကြသူတိုင်း ခံစားချက်တွေကို လွတ်လွတ်လပ်လပ် ပြောရင် ပြဿနာဖြစ်မယ်ဆိုတဲ့ အတွေးဝင်နေကြတယ်၊ ရှင်းရှင်းနေနိုင်ရင် ချမ်းသာမှုရတယ်၊ ဒီအုပ်ချုပ်သူတွေနဲသွားပြီး မပတ်သက်ရင် အကောင်းဆုံးဖြစ်တယ်၊ ကိုယ်နှင့်မဆိုင်ရင် ၀င်မပါနဲ့၊ ကိုယ့်မိသားစုအရေးထက် ကျန်တာဘာမှ အရေးမကြီးဘူး၊ လွတ်မြောက်လိုချင်ရင် နိုင်ငံခြား ထွက်နိုင်အောင်ကြိုးစား၊ ဖိနှိပ်မှုကင်းချင်ရင် ကြံဖွတ် စွမ်းအားရှင် အဖြစ် ရပ်တည်ရှင်သန်လို့ရတယ်၊

အမှန်ကိုပြောနေတာလား၊

ကိုယ်ပိုင်စဉ်းစားနိုင်တဲ့ အရည်အချင်းတွေ၊ အဓိပ္ပါယ်ဖွင့်ဆိုချက်တွေ၊ နားလည်နိုင်လောက်တဲ့ စွမ်းရည် မဲ့နေကြပြီ၊ လူထု တစ်ခုလုံးအနေနဲ့ လုံးဝမသိလို့တော့ မဟုတ်၊ တွန်းလှန်ရင် လက်ရှိ မိမိတို့ ပိုင်ဆိုင်နေတဲ့ ဘ၀ပျက်သွားလိမ့်မယ် စတဲ့အတွေးပိုင်ရှင်တွေ ဖြစ်လာအောင်၊ အကြောက်တရားအောက်မှာ လုပ်သင့်တာ လုပ်ချင်တာ မလုပ်ရဲအောင်၊ တစ်ဦးနှင့်တစ်ဦး ယုံကြည်ချက်တွေ ပျက်ပြားအောင် (ယုံကြည်မှု မရှိတော့ဘူး)၊


မိမိကိုယ်ကိုလဲ ပြည့်ဝတဲ့ယုံကြည်မှု မရှိလာအောင်၊ အသိတရား ခေါင်းပါးလာအောင်၊ ကိုယ်ကျင့်တရား ဖောက်ပြန်လာအောင်၊ အမှားများများလုပ်ပြီး ဘ၀ရပ်တည် ရှင်သန်ရဲလာအောင်၊ နည်းအမျိုးမျိုးသုံးပြီး ဖိနှိပ်လိုက်တဲ့ အကြောင်းအရာတွေကို စစ်အာဏာရှင်စံနစ်ရဲ့ လုပ်ရပ်တွေလို့ ခေါ်ယူလိုရပါတယ်။

(စစ်အာဏာရှင်စံနစ်ဆိုတာ အထက်ပါအခြေအနေတွေ ဖြစ်အောင်ဖန်တီး၊ ဖိနှိပ်အုပ်ချုပ်ထားတဲ့စံနစ်ပါ)

နိုင်ငံရေး စိတ်ဝင်စား တက်ကြွသူများ ပြောနေတာတွေကို နားလည်တဲ့ လူထုရှိသလို၊ နားမလည်နိုင်တဲ့ လူထုလည်း ရှိနေသေးတယ်၊ နားလည်တဲ့အဆင့်နဲ့ ရပ်နေတာကြောင့် တော်လှန်ရေးမဖြစ်သေးတာပါ၊ မဖြစ်တော့ဘူးလို့ ပြောမရပါဘူး၊ သို့သော် ယောင်လည်လည် ဦးဆောင်မှု၊ လှုံ့ဆော်မှု၊ ဟန်ပြစည်းရုံးရေး၊ ပါတီအနိုင်ရရှိရေး၊ အာဏာတည်ဆောက်ရေး၊ စီမံချက်(ကိန်း) ဆက်လက်ရရှိရေး၊ နှစ်စဉ်အစီရင်ခံစာ တင်ပြသုံးသပ်ရေး၊ နေရာ-ရာထူးတည်မြဲရေး၊ လွမ်းမိုးချယ်လည်ရေး၊ စတဲ့ စိတ်ဓါတ်တွေနဲ့ တော်လှန်ရေးတစ်ရပ် ဖန်တီးလို့ မရပါဘူး။

ယနေ့တော်လှန်ရမှာက စစ်အာဏာရှင်တို့ဖန်းတီးခဲတဲ့ လုပ်ရပ်၊ တည်ဆောက်ပေးခဲ့တဲ့ လွဲမှားတဲ့စိတ်ဓါတ်နဲ့ ဖောက်ပြန်တဲ့ အကျင့်စာရိတ္တတွေကို ဦးစွာတော်လှန်ရမှာ ဖြစ်တယ်၊

ဒါက လူပုဂ္ဂိုလ် တိုက်ခိုက် တော်လှန်ရေးမဟုတ်၊ မိမိနဲ့ မိမိပါတ်ဝန်းကျင်မှာ ဦးစွာစတင်ပြီး မှန်ကန်အောင် လုပ်ဆောင်ရမှာဖြစ်တယ်၊ တော်လှန်ရေး တစ်ရပ်ဖန်တီးရမှာဖြစ်တယ်၊

လူထု ၅၅သန်းကျော် အားလုံးပါဝင် လာအောင် စည်းရုံးသိမ်းသွင်း တည်ဆောက်မှ စစ်အာဏာရှင်စံနစ်ကို တွန်းလှန်နိုင်မယ်လို့ ခံယူထားရင်တော့ မှားလိမ့်မယ်။

ယနေ့အချိန်အခါ အခြေအနေ၊ လူအင်အား၊ စွမ်းဆောင်ရည်၊ ပါတ်ဝန်းကျင်၊ လက်ခံနိုင်မှု၊ ပါဝင်နိုင်မှု၊ လုပ်ဆောင်သင့်တဲ့ နည်းလမ်းတွေ
အမျိုးမျိုးအကြံ ပေးနေကြသလို၊ နည်းနားပေါင်းများစွာ လေ့လာရင်းအချိန်ကုန်မနေကြဖို့လည်း လိုပါတယ်။

နိုင်ငံရေး အတိုက်အခံတွေ၊ တော်လှန်ရေးအင်အားစုတွေကြား ဆွေးနွေးတိုင်ပင် စည်းဝေးဆုံးဖြတ် ချမှတ်တည်ဆောက်ခဲ့တဲ့ လမ်းစဉ်တွေ၊ ခေါင်းဆောင်ကြီးများစွာ ခေါ်ယူကျင်းပခဲ့တဲ့ ညီလာခံတွေ၊ ရေးဆွဲခဲ့ကြတဲ့ စီမံကိန်း၊ လှုပ်ရှားမှု၊ လုပ်ငန်းစဉ်တွေ၊ နိုင်ငံတကာ အသိုင်းအ၀န်းမှာ လိုက်လံစည်းရုံး လှုံ့ဆော်ခဲ့တဲ့ အလုပ်အဖွဲတွေ၊ ယနေ့ထက်တိုင် ထောက်ပံကူညီ ပန့်ပိုးနေတဲ့
အသင်းအဖွဲ့ ပုဂ္ဂိုလ်တွေ ရှိနေလျက်နဲ့ နအဖ ဘာကြောင့် ဆက်လက်ရှင်သန် ဖိနှိပ် အုပ်ချုပ်နေရတာလဲ။

မြန်မာနိုင်ငံအတွင်းမှာရှိနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေ၊ တက်ကြွစွာလှုပ်ရှားနေသူတွေ၊ ပါတီဝင်တွေ၊ တိုင်းရင်းသား ခေါင်းဆောင်ကြီးများနဲ့ မိသားစုဝင်တွေ၊ အလုပ်သမား၊ လယ်သမား၊ လူထုလူတန်းစား အလွှာအသီးသီးက မိဘပြည်သူတွေ၊ ကျောင်းသူ-သားတွေ၊ အခြေခံ နေစားအလုပ်သမားတွေ၊ တပ်မတော်သားတွေ၊ ကြံဖွတ်၊ စွမ်းအားရှင် အဖွဲ့ဝင်တွေ၊ အစိုးရ၀န်ထမ်းတွေ၊
စီးပွားရေးသမားတွေ၊ ပညာရေးဆိုင်ရာဝန်ထမ်း၊ ဆရာ-ဆရာမတွေ၊ လက်ရှိနိုင်ငံရေးဖြစ်စဉ် ဂဃနဏသိကြလား၊ သိဖို့အခြေအနေပေးလား၊

နိုင်ငံသူ-သားတိုင်း သိရင်ကောင်းတယ်၊ သိတဲ့ပုဂ္ဂိုလ်တွေလဲရှိတယ်၊ မသိဘဲနဲ့ တော်လှန်ရေးထဲ မပါနိုင်ဘူးလား၊ သေချာတာကတော့ တော်လှန်သူ၊ ရဲရင့်သူတွေ၊ ရှိရင် တော်လှန်ရေး ဖြစ်ပါတယ်။

ညီညွတ်ကြ စည်းရုံးကြ တော်လှန်ကြ တိုက်ပွဲဝင်ကြလို့ ပြောခဲ့တဲ့ခေါင်းဆောင်တွေ နအဖ အကျဉ်းစခန်းထဲ ချုပ်နှောင်မှု ခံထားကြရတယ်၊ အဲဒါစုစုပေါင်း ၂၀၀၀ကျော်သော ဆန့်ကျင်ရဲသူတွေသာဖြစ်တယ်၊ ကျန်နေတဲ့ ဒီမိုကရေစီ အင်အားစုတွေ ကတော့ ပေါ့ပါးတဲ့တာဝန်ယူမှုတွေနဲ့ ကျေနပ်နေကြတယ်၊

ဒါကြောင့် တော်လှန်ရေး မဖြစ်တာဆိုပြီး လက်ခံထားသူတွေ ရှိနေပြီ၊ နယ်စပ်နဲ့ နိုင်ငံတကာမှာရောက်နေတဲ့ စစ်အာဏာရှင် တိုက်ဖျက်ရေး၊ ဒီမိုကရေစီရရှိရေး၊ အမျိုးသားရေး လှုပ်ရှားမှု လုပ်ဆောင်နေကြတဲ့ အမည်ခံ ခေါင်းဆောင်တွေ၊ အမည်ရ ပုဂ္ဂိုလ်တွေ၊ နည်းနည်းပြန်စဉ်းစားကြည့်ပါလား၊

အကျဉ်းကျနေတဲ့ မျိုးဆက်လူငယ်တွေရဲ့ ပြတ်သားတဲ့ တိုက်ပွဲဝင်ရဲတဲ့ စိတ်ဓါတ်နဲ့ စွမ်းအား လုပ်ဆောင်နိုင်မှုတွေကိုကြည့်ပြီး အားရ၊ ဂုဏ်ပြုနေယုံတင်မဟုတ်၊ မိမိတို့ကိုယ်တိုင်စွမ်းဆောင်ရည်ရှိတဲ့ လုပ်ဆောင်ရဲတဲ့ လူပုဂ္ဂိုလ်တွေဖြစ်လာအောင် ဘာလို့ မလုပ်တာလဲ မတည်ဆောက် ကြတော့ဘူးလား၊

ဒီတော့ ပြည်တွင်းမှာရှိတဲ့ လူထုကို ဘာလုပ်လိုက် ညာလုပ်လိုက်လို့ ပြောနေတာ၊ (သို့) ပြည်ပမှာ မှေးနေပြီး၊ အာသာပြေ နိုင်ငံ့အရေး လုပ်ပေးနေတာလောက်နဲ့ နအဖ စစ်အစိုးရ မပြုတ်ကျနိုင်ဘူးလို နားလည်ဖို့ အချိန်ရောက်နေပါပြီ။

“စစ်အာဏာရှင်စံနစ်ကို လူထုအားနဲ့ အမြစ်ပြတ်တော်လှန်ကြလို့” ပြောခဲ့ကြတဲ့ ၈၈ မျိုးဆက်ခေါင်းဆောင် ကိုဌေးကြွယ်တို့ ထောင်ထဲ ရပ်တည်နေခြင်းဟာ စစ်အာဏာရှင် ပြုတ်ကျရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး အတွက်ဖြစ်တယ်။

လှိုင်းတစ်ခုလို မြစ်တစင်းလို တော်လှန်လာမယ့် လူငယ်တွေရှိနေပါတယ်၊

ကန့်လန့်လုပ်ပြီး စောင့်ဆွဲနေတဲ့ ဟန်ပြနိုင်ငံရေး လုပ်နေသူများ ရပ်တန်းကရပ်ဖို့ သင့်ပါတယ်။ ယောင်တောင်တောင်ပြောနေကြရုံနဲ့
စစ်အာဏာရှင် အမြစ်မပြတ်၊ ပြတ်သားတဲ့လုပ်ဆောင်မှု လူထုရှေ့ရပ်တည်ဦးဆောင်နိုင်တဲ့ တော်လှန်ရဲသူတွေနဲ့သာ တိုင်းပြည်ကို
လားရာကောင်းတဲ့ ပြောင်းလဲမှုဆီ သယ်ဆောင်သွားနိုင်မှာဖြစ်တယ်။

ဘယ်လို လူထုပါဝင်လာအောင် ရှင်းပြရမှာလဲ၊

အနာဂတ် မျှော်လင့်ချက် ပျောက်ဆုံးနေတဲ့ လူထုကိုရှင်းရမှာက –

စစ်အာဏာရှင်စံနစ် အမြစ်ပြတ် တွန်းလှန်ပြီးရင်၊ မိဘပြည်သူလူထု ရရှိမယ့် လက်တွေ့ရလဒ်ကတော့ နိုင်ငံသားတိုင်း အလုပ်ရရှိမယ် (မိမိစွမ်းရည်၊ ပညာ၊ လုပ်ဆောင်မှု၊ တတ်ကျွမ်းမှုနဲ့ ထိုက်တန်တဲ့)၊ ၀င်ငွေနဲ့ မျှတတဲ့ ပညာရေး၊ ကျန်းမာရေး စံနစ်ရှိစေရမယ်၊ သက်ကြီးရွယ်အိုများ၊ ဆင်းရဲနွမ်းပါးသူများအတွက် လူမှုအထောက်အကူပြုစံနစ်ရှိစေရမယ်၊ ဒီတော့ လတ်တလော အကျိုးခံစားရမှာက လူထု ဖြစ်တယ်၊ (ဘယ်ပါတီဝင်၊ ဘယ်အဖွဲဝင်မှမဟုတ်ပါဘူး)

အမုန်းဒေါသဖြစ်နေရတဲ့ လူထု၊ အကြောက်တရားနဲ့ အသက်ရှင်သန်ခဲ့ရတဲ့ လူထု၊ လွတ်လပ်မှု-တရားမျှတမှုမဲ့နေခဲ့ရတဲ့ လူထု ဘ၀တွေကနေ လွတ်မြောက်ကြဖို့ တော်လှန်ရေးကို ရက် (၉၀) အတွင်း အကောင်အထည် ဖော်မှာဖြစ်တယ်။

ပြည်သူလူတစ်ရပ်လုံး ပါဝင်တဲ့ စစ်အာဏာရှင် ပြုတ်ကျရေး၊ လွတ်မြောက်ရေး လှုပ်ရှားမှု ငါတို့အင်အားစုတွေနဲ့အတူ – ရက်၉၀အတွင်း တိုက်ပွဲပြင်ကြ၊ တိုက်ပွဲဝင်ကြ၊ စစ်အာဏာရှင်ပြုတ်ကျသည်အထိ ငါတို့အသက်စွန့် ဘ၀ပေး တော်လှန်တိုက်ပွဲဝင်သွားမယ်ဆိုတာ ဂတိပြုလိုက်တယ်၊ တိုက်ပွဲဝင်ရန် တော်လှန်ရန် ဖိတ်ခေါ်လိုက်တယ်။

လူငယ်စုများ၊ ကျောင်းသူ-သားများ၊ တော်လှန်ရေးပုဂ္ဂိုလ်များအတွက်

  • အနုနည်း၊ နှလုံးရည်စွမ်းအား၊ အဓိကထားပြီး လုပ်ဆောင်ရမယ်။
  • ပြည်သူလူထုကြား တည်တည်ကြည်ကြည် ရဲရဲဝင့်ဝင့် ရပ်တည်ရှင်းလင်းရမယ်။
  • လူထုပါဝင်ရမယ့် အနေအထား သေချာ နားလည်သည်အထိ ဆွေးနွေးရမယ်။
  • အစိုးရရုံး၊ ရဲဌာန၊ နိုင်ငံပိုင်အဆောက်အဦးတွေက လူထုအုပ်ချုပ်ရေးဌာနတွေ ဖြစ်ရမယ်။
  • ဘုန်းကြီးကျောင်းတွေက ထောက်ပံရေးဌာနတွေဖြစ်ရမယ်။
  • စာသင်ကျောင်း၊ တက္ကသိုလ်၊ အလုပ်ရုံ၊ စက်ရုံတွေက တော်လှန်သူစုရုံးရာဌာနတွေဖြစ်ရမယ်။
  • အမျိုးသမီးထုနှင့် သက်ကြီးရွယ်အို နိုင်ငံသူ-သားတွေက ၀ိုင်းရံအင်အား ဖြစ်ရမယ်။
  • လမ်း၊ တံတားတွေပေါ်မှာ တော်လှန်လူထုကြီး ပြည့်နှက်နေရမယ်။ (ထိပ်တိုက်ရင်ဆိုင်သောနေ့ တစ်ရက်သာ)
  • ဖိနှိပ်သူတို့၏ အုပ်ချုပ်ရေးလုပ်ငန်းများ ရပ်တန့်သွားရမယ်။ (ကြေငြာရပ်တန့်သော နေ့ရက်သာ)
  • နယ်မြေအုပ်ချုပ်ရေး ကော်မတီတွေ မြို့ရွာတိုင်းမှာ ဖွဲစည်းရမယ်။
  • သံဃာတော်တွေရဲ့ စည်းကမ်းထိန်းသိမ်းမှုကို လူထုက လိုက်နာဆောင်ရွက်ရမယ်။
  • နိုင်ငံရေးတောင်းဆိုမှုထက် တော်လှန်ရေးအသွင်ဆောင်တဲ့ ဆုံးဖြတ်ချက်ဖြစ်ရမယ်။
  • အမျိုးသားရေးဦးဆောင်မှုအသွင်တစ်ရပ်ဖြစ်အောင်တည်ဆောက်ရမယ်။
  • ကြားဖြတ်အစိုးရဖွဲစည်းရမယ်။ (တော်လှန်ဦးဆောင်သူ၊ တပ်မတော်ခေါင်းဆောင်၊တိုင်းရင်းသား၊ ပြည်သူ့ကိုယ်စားလှယ် အချို့ ပါဝင်တဲ့)
  • နိုင်ငံတကာ ငြိမ်ချမ်းရေးတပ်တွေ လိုအပ်ရင် ခေါ်ဆောင်ရမယ်။
  • ဘုရားသား(ရဟန်းသံဃာများ)၊ တပ်မတော်သား(စစ်သားများ)၊ကျောင်းသား(လူငယ်-ကျောင်းသူ-သားများ) ဦးဆောင်မှုဖြင့် ပူးပေါင်းပါဝင်ကာ စစ်အာဏာရှင်စံနစ်ကို လူထုအားနဲ့ တွန်းလှန်ရမယ်။
  • သတ်မှတ်ရက်တစ်ခုပေးချိန်မတိုင်မှီအပြီးတည်ဆောက်ပါ၊ ချိတ်ဆက်ပါ၊ပြင်စဉ်ပါ၊ နောက်ပိုင်းနိုင်ငံရေး လက်ဦးမှု ရှုတ်ထွေးမှု မဖြစ်ပေါ်စေရန်ကြိုတင်ဟန့်တားမှု၊ ဆွေးနွေးမှုများ၊ အမိန့်ထုတ်ပြန်ချက်များပြင်စဉ်ထားကြရမယ်။
  • လက်ရှိ သဘောတူ ဆွေးနွေးထားပြီးသော အင်အားစုများမှာ -လူငယ်မျိုးဆက်များ၊ ကျောင်းသူ-သားများ၊ ရဟန်းသံဃာများနှင့် အစိုးရ၀န်ထမ်း၊ပြည်သူ့ရဲ၊ တပ်မတော်အရာရှိအချို့ဖြစ်တယ်။
  • ဆက်သွယ်ရေးတပ်စဉ်ထားပြီး အင်အားစုများမှာ – ရန်ကုန်၊ အထက်မြန်မာပြည်၊ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ထားဝယ်၊ ချင်းပြည်နယ်၊ပဲခူးတိုင်းတို့ဖြစ်တယ်။
  • အဖွဲ့အစည်းများမှာ – မစိုးရိမ်တိုက်၊ အဖွဲချုပ်လူငယ်၊ Generation Wave၊Justic၊ မြေသြဇာ၊ ဗ.က.သ ၂၀၀၇၊ ဒဂုံတက္ကသိုလ်၊ ကွမ်းခြံကုန်းဘုန်းကြီးထု၊ကယ်ဆယ်ရေးအင်အားစုများ၊ လူထုကြီးကြပ်ရေး၊ ဗဟန်း- ဗာဂရာဘုန်းကြီးကျောင်းတိုက်၊ တာဝကျောင်းသားများ၊ စုစုပေါင်း ဦးဆောင်အင်အား(၃၅၀) ခန့်ရှိပြီးဖြစ်တယ်။
  • ၀န်းရံအားအဖြစ် ၈၈မျိုးဆက်ဟောင်းတွေ၊ ၇၄မျိုးဆက်ဟောင်းတွေ၊၆၂မျိုးဆက်ဟောင်းတွေ ရှိနေတယ်။
  • ဆက်လက်လုပ်ဆောင်နေခြင်းကိစ္စရပ်များမှာ လူသစ်များစည်းရုံးရေး၊ လူထုကြားလှုပ်ဆော်ရေး၊ အသိအမြင် နှိုးကြားရေး၊ အမျိုးဂုဏ် ဇာတိဂုဏ်နားလည်ရေး၊ စိတ်ဓါတ်မြှင့်တင်ရေး၊ တပ်မတော်သားမိသားစုများ ပါဝင်ဆင်နွဲရေး အဓိကထား ဆောင်ရွက်နေတယ်။
  • ပြီးမြောက်ဆောင်ရွက်နိုင်မည့်အချိန်ရာထားချက် – သြဂုဏ်လဆန်းပိုင်း လူထုအားလုံးပူပေါင်းပါဝင်၍ စစ်အာဏာရှင်စံနစ် အုပ်ချုပ်ရေး ရပ်တန့်နိုင်သည့်အထိ တဆင့်ခြင်းမြှင့်တင် တိုက်ပွဲဝင်မယ်။
  • (ပုန်းခိုခြင်း အချိန်မရှိတော့ပြီ) တစ်ဦးဖမ်းခံရလျှင် နိုင်ငံသားတိုင်းလိုက်လံတောင်းဆိုရမယ်။
  • ခေါင်းဆောင်သည် မိမိတို့ကိုယ်တိုင်ဖြစ်နေခြင်းကြောင့် မည်သူမည်ဝါအား စောင့်ဆိုင်းတော်လှန်ခြင်းမပြုရ။
  • ပြတ်သားသော လူငယ်ကျောင်းသားများ၊ ရဟန်းသံဃာများ၊ တပ်မတော်သားများ၊ ဦးဆောင်မှုဖြင့် တော်လှန်မယ်။
  • ဖြစ်ပေါ်လာသော လူထုကိစ္စ၊ ပြဿနာတိုင်းသည် တော်လှန်ရေး၏လက်နက်သဖွယ်ဆုတ်ကိုင်နိုင်ရမယ်။
  • ခေါင်းဆောင်ဆိုသူများ၏ အမိန့်စောင့်ဆိုင်းရန် မဟုတ်၊ မိမိတို့ ရဲရင့်သူများ ဦးဆောင်သောတိုက်ပွဲ ဖြစ်တယ်။
  • ဦးဆောင်တိုက်ပွဲဝင်သူတိုင်း တော်လှန်ရေးဦးဆောင်သူတွေဖြစ်တယ်။
  • တိုင်းပြည်နဲလူမျိုးအတွက် အမျိုးသားရေးတာဝန်တရပ် ရဲရဲဝင့်ဝင့်ထမ်းဆောင်တာဖြစ်တယ်။
  • စွန့်လွှတ်အနစ်နာခံရမယ်၊ သီးခံစွမ်းရည် မြှင့်မားရမယ်၊ ဆွေးနွေးရှင်းပြနိုင်ရမယ်။
  • ကိုယ်ကျင့်သီလတရား ပြည့်ဝရမယ်။ လုပ်ရပ်နဲ့ သက်သေပြရမယ်။

ဒါတွေဟာ ငါတို့ရဲ့ တာဝန်နဲ့ဝတ္တရား၊ လုပ်ငန်းစဉ်။

နအဖ စစ်အာဏာရှင်လူတစ်စု ဘာတွေလုပ်နိုင်ချေ ရှိလဲ?

  • ဖမ်းဆီးပိတ်ဆို့မယ်၊ ရိုက်နှက်ခြိမ်းချောက်မယ်၊ သတ်ဖြတ်ချေးမှုန်းမယ်၊
  • ဘယ်လောက်လုပ်နိုင်မလဲ? တချက်လောက် ခေါင်းအေးအေးထားပြီး စဉ်းစားကြည့်ကြပါ။
  • ထောင်တွေ ပြည့်သွားမှာပေါ့ (ရဲရင့်သူ လူငယ် တစ်သောင်းလောက် ရန်ကုန်မှာလှုပ်ရှားပြီး၊ နိုင်ငံအ၀ှမ်း လူဦးရေ ငါးသောင်းလောက် ပါဝင်တိုက်ပွဲဝင်ရင်…)။
  • ဖိနှိပ်မှု လုပ်ဆောင်ပေးရမယ့် ၀န်ထမ်းတွေ၊ ပစ်ခတ်ရမယ့် စစ်သားတွေ၊ ၀ိုင်းရိုက်ရမယ့် ကြံဖွတ်၊ စွမ်းအားရှင်၊ လှုံထိန်းတွေ၊ (အလုပ်မဆင်းခဲ့ကြရင်၊ မိမိအိမ်မှာ အကြောင်းပြချက်တစ်ခုခုနဲရပ်တည်နေကြရင်၊ခွင့်ယူထားကြရင်)
  • အမိန့်ပေးမယ့် ထိပ်ဆုံးကလူတစ်ယောက်၊ ပြီးတော့ ဗိုလ်ချုပ်၊ ဗိုလ်မှုးတစ်ရာ၊ တစ်ထောင်နဲ့ (ထောင်၊သောင်း၊သိန်းချီနေတဲ့ လူထုကို)ဘယ်လိုဖိနှိပ်နိုင်မှာလဲ?
  • (ပစ်ခတ်လက်နက် ရှိရုံနဲ့ ကျည်မထွက်ပါဘူး) တပ်မတော်သားတွေ ဆုံးဖြတ်ရမယ့်နောက်ဆုံးအချိန်ပါ။


တိုက်ပွဲအတွက်ခောက်အဆက်ဆက်ရင်းနှီးခဲကြတဲ့ သူရဲကောင်းတွေ သောင်းချီနေပါပြီ၊ တကြီမ်တစ်ခါ ပြတ်ပြတ်သားသား အရင်းအနှီးကြီးကြီး ပေးရဲတယ်ဆိုရင်၊ ငါတို့ရည်မှန်းချက်ပန်းတိုင် ရောက်မှာသေချာတယ်။ ပေးဖို့အစဉ်သင့်ပြင်ကြရမယ်။

အဓိကလိုအပ်တာက မိမိတို့ရဲ့ စိတ်ဓါတ်ပိုင်းဆိုင်ရာ ခိုင်မာမှုဖြစ်တယ်။ ဒါကလဲ အတွေးရှင်းရင် အလုပ်ရှင်းရှင်း ဆောင်ရွက်နိုင်တယ်။ မိမိကိုယ့်ကို (ငါတို့ကိုယ်ငါတို့) ယုံကြည်ဖို့ လိုတယ်။

ရဲရင့်သူတွေအတွက် အောင်ပွဲရှိတယ်။ တိုက်ရဲသူတွေ အတွက် ပန်းတိုင်ရှိတယ်။ သေသွားတဲ့ အာဇာနည်သူရဲကောင်းတွေအတွက် ဗိမာန် ရှိတယ်။ သွေး၊ချွေး၊ဘ၀ ပေးဆပ်စွန့်လွှတ်သူတွေ အတွက် သမိုင်းမှတ်တမ်းရှိတယ်၊


တိုင်းရင်းသား မိဘပြည်သူလူထုအတွက် အနာဂတ်မျှော်လင့်ချက်ရှိဖို့ ငါတို့ရဲဝင့်စွာ တော်လှန်ကြစို့!

ကိုညီ
တော်လှန်အင်အားစုများကိုယ်စား
ရန်ကုန်မြို့ ၊ မြန်မာနိုင်ငံ

Download: ko-nyi