Save Burma

အာဏာရှင်စနစ် ကျဆုံးမှ တတိုင်းပြည်လုံး စစ်မှန်တဲ့ ဒီမိုကရေစီကို ခံစားရမယ်

ရွှေဝါရောင်လှုပ်ရှားမှု ခေါင်းဆောင် ဦးဂမ္ဘီရ အစာငတ်ခံ ဆန္ဒပြ

leave a comment »

VOAnews.com (Burmese)

ရွှေဝါရောင်လှုပ်ရှားမှု ခေါင်းဆောင် ဦးဂမ္ဘီရ အစာငတ်ခံ ဆန္ဒပြ

17 January 2009

Buddhist monks march in a street in protest against the military government in Yangon, Myanmar, in this file photo of Sept 24,2007.AP
၂၀၀၇ ခုနှစ် သံဃာတော်မျာရဲ့ ရွေဝါရောင် တော်လှန်ရေး မြင်ကွင်းတရပ် (စက်တင်ဘာ ၂၄၊ ၂၀၀၇)

စက်တင်ဘာ သံဃာ့လှုပ်ရှားမှုခေါင်းဆောင် သံဃာတော်တပါး ဖြစ်တဲ့ ဂမ္ဘီရဟာ မန္တလေး အကျဉ်းထောင်ထဲမှာ အစာငတ်ခံဆန္ဒပြနေပြီးတော့ ကျန်းမာရေး မကောင်းဘူးလို့ သိရပါတယ်။ ဒါ့အပြင် ထောင်ဝင်စာ သွားတွေ့တဲ့ သူ့မိသားစု ကိုလည်း အာဏာပိုင်တွေဘက်က ထောင်ဝင်စာ တွေ့ခွင့်မပေးတဲ့ အပြင် အခုဆိုရင် ပါဆယ်ကိုတော့ ပေးခွင့်မရှိဘူးလို့ ဆိုပါတယ်။ အရှင်ဂမ္ဘီရ အနေနဲ့ မန္တလေးထောင်တွင်းမှာ ဘာကြောင့် အစာငတ်ခံ ဆန္ဒပြနေတာလဲ။ ဘယ်နေ့ကစပြီး အစာငတ်ခံဆန္ဒပြခဲ့တာလဲ ဆိုတာကို သိရအောင်လို့ အရှင်ဂမ္ဘီရ ရဲ့ အစ်မဖြစ်သူကို မေးကြည့်တော့ –

“ဘယ်နေ့ကလဲဆိုတော့ ၁၃ ရက်နေ့ကလို့တော့ ပြောတယ်။ ဒီနေ့ ၁၇ ရက် ဆိုတော့ ၄ ရက်တော့ ရှိပြီပေါ့။”

ဘာအကြောင်းကြောင့် သူ ဆန္ဒပြတာလဲရှင်။ –

“အဲဒါ အမေနဲ့တွေ့မှ သိရမှာပါ။ ဘာအကြောင်းကြောင့်ဆိုတာ မေးတော့မေးတယ်။ မသိဘူးတဲ့ မေးကြည့်တော့လည်း ပြောတယ်လေ။ အယ် မိသားစု နဲ့မတွေ့ရတာလား၊ အဲဒါကလည်း တကြောင်းတော့ ပါမယ်ထင်တယ်။ အဲဒီထက် ကြီးတဲ့ဟာလည်း ရှိလိမ့်မယ်လို့တော့ ထင်တာပဲ။”

ထောင်ဝင်စာတွေရော တွေ့ခွင့်ရှိလား အစ်မ။ –

“၂ ပတ်ရှိပြီ။ မတွေ့ရတာ။ ထောင်ဝင်စာလည်း မတွေ့ရဘူး။ ပါဆယ်လည်း မပေးရဘူး။”

သူ့ရဲ့ ကျန်းမာရေး အခြေအနေရော ဘယ်လိုရှိလဲရှင့်။ –

“အခု ဘယ်လိုရှိလဲ ဆိုတော့ အိပ်ယာထဲမှာ လဲနေတယ်တဲ့။ ရေတောင်မှ မသောက်ဘူး။ ရေလည်း မချိုးဘူး။ ဘာဆိုဘာမှမစားဘူး ဆိုတော့ တော်တော်တော့ စိတ်ပူနေတယ်။ အခြေအနေလည်း ဆိုးနေတယ်လို့တော့ ပြောတယ်။”

ထောင်ဝင်စာ သွားတွေ့တောအရှင်ဂမ္ဘီရ ရဲ့ မယ်တော်ပဲ သွားတွေ့တာလားရှင်။ –

“ပထမဆုံး ဒီဇင်ဘာ ၂၄ ရက်နေ့ တွေ့ရတုန်းကတော့ အဖေ နဲ့ အမေ သွားတာလေ။ အဲဒီတုန်းက တခေါက် တွေ့ခဲ့ရတယ်။ အဲဒါပြီးတော့ နောက် ၂ ပတ်မှာ မောင်လေးနဲ့အမေ နဲ့သွားတာပေါ့။ အဲဒါ မတွေ့ရဘူး။ ၁၄ ရက်နေ့ကပေါ့။ သူက ဗုဒ္ဓဟူး တရက်ပဲ တွေ့လို့ရတာလေ။ အခက်အခဲ ရှိတာပေါ့။ ငွေကြေး အခက်အခဲဆို ဒီလို သွားဖို့လာဖို့အတွက် တော်တော် စုယူရတယ်။ အလုပ်တွေကလည်း အရင် ဆိုင်ကယ် ၀က်ရှော့ ရှိတာနဲ့ ကုန်စုံဆိုင်ကလည်း သူတို့ ပိတ်ပစ်တယ်လေ။ ပိတ်ပစ်တယ် ဆိုတာက လူတွေမလာရဲအောင် ပိတ်တာပေါ့။ ဗုံးတွေ အလုံး ၅၀ ရှိတယ်တို့၊ လက်နက်တွေ တွေ့တယ်တို့ ဆိုတော့ လူတွေက မလာရဲကြတော့ဘူး။ အဲဒီတော့ လုံးလုံး ပိတ်ပစ်ရတယ်။ အဲဒီလို နေ့စဉ်ဝင်ငွေလည်း မရှိ၊ ဘာ ၀င်ငွေ မှလည်း မရှိတဲ့အခါကျတော့ ဦးပဉ္ဖင်းကို အပတ်စဉ် ကူဖို့ဆိုတာ တော်တော်ကြီးကို ခဲယဉ်းပါတယ်။ တော်တော် ကြိုးစားရတယ်။”

ဒါကတော့ မန္တလေးအကျဉ်းထောင်တွင်းမှာ နှစ်ရှည် ထောင်ဒဏ်ကျခံနေရတဲ့ သံဃာလှုပ်ရှားမှု ခေါင်းဆောင် အရှင်ဂမ္ဘီရ အစာငတ်ခံဆန္ဒပြနေတဲ့အခြေအနေနဲ့ပတ်သက်ပြီး အစ်မဖြစ်သူက ပြောပြခဲ့တာဖြစ်ပါတယ်။

http://www.voanews.com/burmese/2009-01-17-voa5.cfm?rss=topic1

ရွှေဝါရောင် ဆရာတော် အရှင်ဂမ္ဘီရ အစာငတ်ခံ ဆန္ဒပြနေ

ကိုဝိုင်း

တနင်္လာနေ့၊ ဇန်နဝါရီလ 19 2009 17:54 – မြန်မာစံတော်ချိန်

မဇ္ဈိမ

ချင်းမိုင် (မဇ္ဈိမ)။ ။ ရွှေဝါရောင် လှုပ်ရှားမှုတွင် ဆုတောင်းမေတ္တာပို့ရာ၌ ဦးဆောင် ဆရာတော်တပါးဖြစ်သူ အရှင်ဂမ္ဘီရသည် မန္တလေးမြို့ အိုးဘိုထောင်အတွင်း အစာငတ်ခံဆန္ဒပြနေကြောင်း ထောင်နှင့်နီးစပ်သူ မန္တလေးမြို့ခံများအပြောအရ သိရသည်။

ဆရာတော်အား ရန်ကုန်မြို့ အင်းစိန်ထောင်မှ စစ်ကိုင်းတိုင်း ခန္တီးထောင်သို့ ပြောင်းရွှေ့ရန် အမိန့်ထုတ်ပြီး ဖြစ်သော်လည်း မန္တလေးထောင်တွင် လက်ရှိ ချုပ်နှောင်ထားစဉ် လွန်ခဲ့သည့် ရက်သတ္တပတ်မှ စတင်၍ ဆန္ဒပြလာခြင်းဖြစ်သည်။

“အရှင်ဂမ္ဘီရက ဒီလ ၁၃ ရက်နေ့ကနေတဲ့၊ အစာငတ်ခံ ဆန္ဒပြနေတယ်တဲ့။ ဒီနေ့နဲ့ဆို ၇ ရက် ရှိသွားပြီပေါ့။ အဲဒါက သေချာပါတယ်” ဟု ထောင်နှင့်နီးစပ်သူ မန္တလေးမြို့ခံတဦးက မဇ္ဈိမကို ပြောသည်။

သို့သော်လည်း သူက မည်သို့သိရှိရသည်ကိုမူ လုံခြုံရေးအရ ပြောဆိုရန် ငြင်းဆိုသည်။

အိုးဘိုထောင်ရှိ နိုင်ငံရေးအကျဉ်းသားများအား နှစ်ပတ်တကြိမ် ဗုဒ္ဓဟူးနေ့တိုင်း တွေ့ဆုံခွင့်ရသဖြင့် အရှင်ဂမ္ဘီရ၏ မိသားစုက ဆရာတော်ကို နှစ်ကြိမ်မျှ တွေ့ခွင့်ရခဲ့ပြီး၊ ပစ္စည်းများ လှူဒါန်းခွင့်ရခဲ့သည်။ သို့သော် ယခုလ ၁၄ ရက်နေ့တွင်မူ မိသားစုက ထောင်ဝင်စာ သွားတွေ့ခဲ့ရာ၊ လူချင်း တွေ့ခွင့်မရသည့်အပြင် ပစ္စည်းလည်း ပေးသွင်းလှူဒါန်းခွင့် မရခဲ့ပေ။

အခြားမန္တလေးမြို့ခံတဦးက ” ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ထောင်ဝင်စာ လာတွေ့တယ်လေ။ အဲဒါ မတွေ့ရဘူး။ ပြန်သွားရတယ်။ ဘာ့ကြောင့်လဲ ဆိုတာကိုလည်း အာဏာပိုင်အဖွဲ့အစည်းတွေက မပြောဘူးပေါ့နော်။ နောက်အပတ်မှ လာခဲ့ပါတဲ့။ အဲဒီလိုပဲ ပြောလိုက်တယ်။ သူ့အမေဆိုလည်း ‘တခုခုတော့ဖြစ်ပြီနဲ့ တူတယ်ဆိုပြီး ထင့်နေတယ်’ လို့ ပြောသွားတယ်တဲ့။ ‘ကျန်တဲ့သူတွေကျတော့ တွေ့ရတယ်’ တဲ့၊ ‘ငါ့သားတယောက်ထဲ မတွေ့ရတာ’ တဲ့။ အဲလိုလေး ပြောရှာတယ်၊ သိလား” ဟု ပြောသည်။

အိုးဘိုထောင် အသိုင်းအ၀ိုင်းနှင့် နီးစပ်သူ မြို့ခံများက ယခုလို ပြောဆိုသော်လည်း မဇ္ဈိမအနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါ။

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၉ ရက်နေ့က ဆရာတော်အား အင်းစိန်ထောင်တွင်း၌ ကြည့်မြင်တိုင်မြို့နယ် တရားရုံးက သာသနာညှိုးနွမ်းစေသည့် ပြစ်မှုနှင့် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုကို နှောင့်ယှက်မှု အပါအ၀င် အမှုတွဲ ၃ မှုဖြင့် ထောင်ဒဏ် ၁၂ နှစ် စတင်ချမှတ်ခဲ့သည်။

ထိုလ ၂၁ ရက်နေ့တွင်မူ ရန်ကုန်တိုင်း ကမာရွတ်မြို့နယ်က စွဲဆိုထားသည့် မှုခင်းပုဒ်မ ၉ ခု၊ အလုံမြို့နယ်က စွဲဆိုထားသော ပုဒ်မ ၄ ခုတို့ဖြင့် ထပ်တိုးထောင်ဒဏ် ၅၆ နှစ်ဖြင့် စုစုပေါင်း ၆၈ နှစ် ချမှတ်ထားရသည်။

နောက်ထပ် ၁၀ ရက်အကြာတွင် စစ်ကိုင်းတိုင်း ခန္တီးမြို့ အကျဉ်းထောင်သို့ ပြောင်းရွှေ့လိုက်ပြီးနောက် မန္တလေး အိုးဘိုထောင်တွင် ခေတ္တထားရှိစဉ် ယခုလို အစာငတ်ခံ ဆန္ဒပြသည့်သတင်း ပေါ်ထွက်လာခြင်းလည်း ဖြစ်သည်။

အသက် ၂၉ နှစ်အရွယ်၌ ဓမ္မာစရိယတန်း စာဝါလိုက်နေရင်း နိုင်ငံရေးတွင် စိတ်ပါဝင်စားခဲ့သည့် ဆရာတော်ဂမ္ဘီရသည် ၂၀၀၇ ခုနှစ် စက်တင်ဘာလက ဖြစ်ပွားခဲ့သည့် ရွှေဝါရောင် တော်လှန်ရေးဟု အမည်တွင်ခဲ့သော သံဃာ-လူထုလှုပ်ရှားမှုကြီးတွင် ဦးဆောင်သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃတပ်ပေါင်းစုအဖွဲ့ကြီး၏ ဦးဆောင် ဆရာတော်တပါး ဖြစ်ခဲ့သည်။

ဆရာတော်သည် ရွှေဝါရောင်အပြီး အာဏာပိုင်များ၏ ဖမ်းဆီးမှုများမှ တိမ်းရှောင်နေရင်း၊ မန္တလေးတိုင်း စဥ့်ကိုင်မြို့နယ်တွင် ၂ဝဝ၇ ခုနှစ် နိုဝင်ဘာလ ၄ ရက်နေ့က အာဏာပိုင်တို့၏ ဖမ်းဆီးမှုကို ခံခဲ့ရခြင်းဖြစ်သည်။

အရှင်ဂမ္ဘီရကဲ့သို့ မိသားစုနှင့် တွေ့ခွင့်မရသည့် နောက်ထပ် နိုင်ငံရေးအကျဉ်းသားတဦးမှာ ကော့သောင်းထောင်သို့ ပြောင်းရွှေ့ခံခဲ့ရသော ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တဦးဖြစ်သူ ကိုပြုံးချို ဖြစ်သည်။

ထောင်ဝင်စင်သွားတွေ့ရာမှ ရန်ကုန်ပြန်ရောက်နေပြီဖြစ်သော ကိုပြုံးချို၏ ဖခင် ဦးဝင်းမောင်က “ညက ၁ နာရီလောက်က ပြန်ရောက်တယ်။ မတွေ့ခဲ့ရဘူး။ ဘာမှ တိတိကျကျမပြောဘဲ၊ အထက်အမိန့်အရလို့ပဲ ပြောတယ်။ ကျနော်တို့က ‘တကယ်လို့ လကုန်ရင် တွေ့ခွင့်ရမယ်ဆိုရင် လကုန်အထိနေမယ်ပေါ့’ နော်။ မေးကြည့်တော့ အဲဒါလည်း သူတို့ အာမ မခံနိုင်ဘူးတဲ့။ အထက်က ညွှန်ကြားတဲ့အတိုင်း လုပ်ရမှာပဲတဲ့။ အားတော့ နာပါတယ်တဲ့။ ကျနော်တို့လည်း မတတ်နိုင်လို့ပါတဲ့” ဟု မဇ္ဈိမကို ပြောသည်။

ကိုပြုံးချိုအား ဇနီးဖြစ်သူက ပြီးခဲ့သည့် ဒီဇင်ဘာလဆန်းပိုင်းက နောက်ဆုံးအကြိမ် တွေ့ဆုံခွင့်ရခဲ့ရာ၊ ထိုစဉ်က သွေးပေါင်တက်ခြင်းမှလွဲ၍ ကျန်းမာရေးအခြေအနေမှာ ဆိုးဆိုရွားရွား မရှိကြောင်းနှင့် ထောင်တာဝန်ရှိသူများကလည်း ထောင်ဆရာဝန်များမှတဆင့် ဆေးတိုက်ကျွေးကြောင်း ဦးဝင်းမောင်က ပြောသည်။

သူက “ဆေးတွေဘာတွေ တိုက်တယ်လို့တော့ ပြောတာပဲ။ ဒါပေမဲ့ ပြီးခဲ့တဲ့အချိန်တုန်းက ရာသီဥတုက သိပ်မအေးသေးဘူးလေ။ ကျနော်သွားတဲ့ အချိန်ကတော့ တော်တော်ကို အေးနေတယ်။ လေကလည်း ၂၄ နာရီ တိုက်နေတယ်။ ပြီးခဲ့တဲ့ အခေါက်သွားကတည်းက လိုမယ်ထင်ပြီး အနွေးထည်တွေ၊ စောင်တွေ ပေးခဲ့တယ်။ အာဏာပိုင်တွေက လက်ခံထားလိုက်တယ်လေ။ အခုတခေါက်လည်း ပစ္စည်းပေးလို့ ရပါတယ်။ ထောင်အာဏာပိုင်တွေကလည်း ပြောတယ်။ လူချင်း ပေးမတွေ့နိုင်တာတော့ သူတို့ကို ခွင့်လွှတ်ပါတဲ့။ ပစ္စည်းကိုတော့ ကျနော်တို့ အကုန်ရောက်အောင် ပို့ပေးပါမယ်တဲ့” ဟု ပြောသည်။

ယခုရက်များအတွင်း၌ နအဖ စစ်အစိုးရက နယ်ထောင်များရှိ နိုင်ငံရေးအကျဉ်းသားများကို မိသားစုနှင့် တွေ့ခွင့်မပေးကြောင်း သတင်းများ ထွက်ပေါ်နေသည်။

ဦးဝင်းမောင်သည် သားဖြစ်သူ ကိုပြုံးချိုအား တွေ့နိုင်ရန် ရန်ကုန်မှ ကော့သောင်းသို့ ယခုလ ၈ ရက်နေ့က ထွက်သွားခဲ့ခြင်းဖြစ်သည်။

လမ်း၌ ကိုကိုကျွန်းနှင့် မြိတ်မြို့တွင် ၂ ရက်စီ နေထိုင်ခဲ့ကာ၊ မြိတ်နှင့် ထားဝယ် ရောက်စဉ်က နယ်ထောင်ဝင်စာများ ပိတ်သည်ကို ကြားရသော်လည်း အခြားနေရာများနှင့် ကွဲပြားမှုရှိနိုင်မည်လားဆိုသည့် မျှော်လင့်ချက်ဖြင့် ကော့သောင်းအထိ သွားခဲ့ခြင်းဖြစ်သည်။

ဦးဝင်းမောင်က “စိတ်ထဲမှာကတော့ မကောင်းဘူးပေါ့လေ။ စိတ်ကတော့ မချဘူး။ သူတို့ဘယ်လောက်ပဲ နေကောင်းတယ် ပြောပြော၊ မျက်နှာချင်းဆိုင် မတွေ့ရဘဲနဲ့ သူ နေကောင်းတယ်ဆိုတာကို ကျနော် လက်ခံရဖို့ကတော့ သိပ်မလွယ်ဘူး ဖြစ်နေတယ်။ ရာသီဥတု အခြေအနေ အပြောင်းအလဲရှိတယ်။ သူ့ရဲ့ အင်အားချို့တဲ့မှု၊ တိုးတက်မှု၊ စိတ်နေစိတ်ထားတွေ ကျနော်တို့က တွေ့မှပဲ သိလို့ရမှာပေါ့။ ကျနော်တို့ကတော့ ဒီလိုအခြေအနေမျိုး နောက်ထပ်မဖြစ်ပါစေနဲ့လို့၊ တတ်နိုင်ရင် ကျနော်တို့ကို အမြန်ဆုံးတွေ့ခွင့်ပြုဖို့ပဲ သူတို့ (ထောင်အာဏာပိုင်များ) ကိုလည်း တောင်းဆိုခဲ့ပါတယ်” ဟု ပြောသည်။

http://www.mizzimaburmese.com/news/inside-burma/2285-2009-01-19-11-38-49.html

Leading Saffron Revolution monk on hunger strike

by Ko Wild

Monday, 19 January 2009 23:58

Mizzima

Chiang Mai (Mizzima) – Residents in Mandalay who have close contact with Mandalay’s Obo prison say that Ashin Gambira, a leading monk during the Saffron Revolution, is on hunger strike.

He is reportedly staging a hunger strike in Mandalay’s Obo prison while waiting to be transferred to Khamti prison in Sagaing Division, following a transfer order from higher authorities.

“Ashin Gambira, it is sure, has been on hunger strike since the 13th of this month. Now it’s been seven days,” a resident from Mandalay who has close contact with the prison told Mizzima.

However, for security reasons, the resident declined to reveal his source inside the prison.

Additionally, all political prisoners were previously allowed to fortnightly meet with family members. And family members of Ashin Gambira had met with him twice and were able to give him parcels. But on the 14th of this month, family members could neither meet with nor give parcels to the detained monk.

“They came last Wednesday to meet him but could not meet him or give him a parcel. The authorities didn’t give any reason for their denial, just saying to come next Wednesday. That’s all. His mother, worrying about her son, said, ‘Something might happen to my son, all others except my son are allowed to meet their loved ones’,” according to a resident from Mandalay.

However, despite the insistence of local residents who have close contacts with Obo prison, Mizzima has not yet been able to verify the news of the hunger strike with independent sources.

On the 19th of November last year, the Kemmendine Township court heard Ashin Gambira’s case inside Insein prison and gave him a 12 year prison term for three offences, including ‘insulting religion’ and ‘committing a crime against public tranquility’.

Then, two days later, the Kamayut and Ahlone Township courts handed down judgment on a total of 13 additional cases against him, eventually bringing his sentencing to a total of 68 years in detention.

Ashin Gambira (29) joined September 2007’s Saffron Revolution as one of the leading monks while pursuing his ‘Dhamasaria’ religious studies.

After the Saffron Revolution he was on the run from arrest for over a month before finally being apprehended on the 4th of November 2007 in Singai Township, Mandalay Division.

In addition to Ashin Gambira, another political prisoner recently denied a meeting with family members is 88 generation student Ko Pyone Cho.

Ko Pyone Cho’s father, U Win Maung, who has just returned from attempting to visit his son, said, “I arrived back here at about one a.m. last night. I could not meet my son. The authorities didn’t give any clear reason. They just said it was by order of higher authority. When I asked if I could meet him at the end of this month, saying I would wait until that time, they replied that they could not make any guarantee. They said they must act in accordance with the order given by their higher authority. They also said they felt sorry, but could not do anything.”

Ko Pyone Cho’s wife was in the beginning of December allowed to meet with her detained husband. At that time, his health condition was good except for high blood pressure, and prison authorities gave him medicine as prescribed by the prison doctor, said U Win Maung.

He said “he got medicine. At that time, the weather was not yet so cold. Now, when I visited there, it’s getting cold. Cold wind is blowing 24 hours a day. We gave warm clothes and blankets to prison authorities for my son when we visited him last time. We could give a parcel to him this time too through the prison authorities, but we could not meet him. The prison authorities apologized, but assured us they will give all the stuff left with them to my son,” explained Ko Pyone Cho’s father.

U Win Maung left Rangoon to meet his son on the 8th of this month.

He spent two days each in Mergui and Tavoy on the way to Kawthaung. Though on the way, he heard that authorities had barred political prisoners from meeting with family members, with a grim hoped that he might be allowed to meet his son, he proceeded to Kawthaung.

“I felt sorry and am still worrying about him. Though they said he is in good health, I cannot accept this good news without meeting my son myself. The weather is changing. I can only speak of the condition of his health, his progress and his morale when I can see him in person myself. I hope I will not experience this same situation again next time. I demanded they [prison authorities] let us meet with my son at the earliest possible time,” U Win Maung said.

http://www.mizzima.com/news/inside-burma/1573-leading-saffron-revolution-monk-on-hunger-strike-.html

Written by Lwin Aung Soe

January 20, 2009 at 1:51 pm

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: