Save Burma

အာဏာရှင်စနစ် ကျဆုံးမှ တတိုင်းပြည်လုံး စစ်မှန်တဲ့ ဒီမိုကရေစီကို ခံစားရမယ်

Archive for January 7th, 2009

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အတွက် နှစ်သစ်သံန္နိဌာန်

leave a comment »

ဧရာဝတီ

Tuesday, 06 January 2009 19:14 မင်းဇင်

အကယ်၍ သမိုင်းတကျော့ ပြန်လည်ခဲ့ပါလျှင် အပျော်ရွှင် ဆုံးသူမှာ မြန်မာ စစ်အစိုးရသာ ဖြစ်ပေလိမ့်မည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ဦးဆောင်မှု အောက်တွင် ကာလ ကြာရှည်စွာ အလုပ်ဖြစ်၊ အောင်ပွဲရခဲ့သော စစ်အစိုးရက ကစားနည်းဟောင်း၊ ဗျူဟာအဟောင်းများကိုသာ ပြန်လည် အသုံးချလိမ့်မည် ဖြစ်သည်။

စစ်အစိုးရ၏ ကစားပွဲ အစီအစဉ်တွင် မြင်သာသည့်နည်းတခုမှာ ရက်စက်ကြမ်းကြုတ်သည့် အင်အားအသုံးပြုမှုနှင့် ပြင်းပြင်း ထန်ထန်နှိပ်ကွပ်ခြင်းကို ပြောင်အသုံးချနေသည့် တချိန်တည်း၌ အခြားတဖက်တွင် နိုင်ငံရေးထိုးစစ်ဆင်ကာ အတိုက် အခံများကို အင်အားချိနဲ့စေရန် ပြုလုပ်ခြင်း၊ နိုင်ငံတကာဖိအားကို လျော့ကျစေရန် ကြိုးပမ်းနေခြင်းတို့ ဖြစ်သည်။

စစ်အစိုးရ၏ မူဝါဒချမှတ်သူများက ဤသို့အောင်ပွဲရရန်သေချာသည့် နည်းနာမျိုးကို တဖန်ပြန်လည် အသုံးပြုမည်ဟုသေချာ နေသည့်ကာလ၌ မလွဲမသွေ မေးရမည့် မေးခွန်းများရှိနေသည်။ ပထမမေးခွန်းမှာ ၎င်းတို့၏ အကြံအစည်ကို ဆန့်ကျင်တုန့်ပြန်ရန် မည်သို့လုပ်ဆောင်ကြမည်နည်း ဆိုသည့် မေးခွန်းဖြစ်ပြီး နောက်မေးခွန်းမှာ အရေးအကြီးဆုံး အချက်ဖြစ်သည့် နိုင်ငံရေး အသွင်ပြောင်းလဲရေး၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြန်လည်ပြုပြင်ရေးဆွဲရေးနှင့် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး စသည့် ရလဒ်များ ရရှိစေရန် မည်သို့ ဆက်လက် ဆောင်ရွက်ကြမည်နည်း ဟူသည့် မေးခွန်းဖြစ်သည်။

မြန်မာစစ်အစိုးရ၏ အကျဉ်းထောင်များအတွင်း ဘ၀ဆုံးပါးရမည့် နိုင်ငံရေးအကျဉ်းသား ၂၁၀၀ ၏ အရေးကို မည်သို့ ဆောင်ရွက်ကြမည်နည်း။ ၎င်းတို့အနက်မှ ၂၃၄ ဦးသည် ၂၀၀၇ ခုနှစ် စက်တင်ဘာလ ဆန္ဒပြပွဲများ အပြီးတွင်မှ ဖမ်းဆီးအကျဉ်းချခံခဲ့ရခြင်းဖြစ်ပြီး အများစုမှာ ၂၀၀၈ ခုနှစ် နိုဝင်ဘာလတွင် ၆၈ နှစ်စီ အသီသီး ထောင်ဒဏ်များ ချမှတ်ခံခဲ့ရသူများ ဖြစ်သည်။

ယခုကဲ့သို့ ပြင်းထန်သည့် နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခံရခြင်းမှာလည်း စစ်အစိုးရက အားစိုက်ကြိုးပမ်းနေသည့် “ဒီမို ကရေစီလမ်းပြမြေပုံ” အဆင့် ၇ ဆင့်၏ ပဉ္စမအဆင့်ဖြစ်သော လာမည့် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ပေါ်ပေါက်လာနိုင် သည့် အတိုက်အခံ အင်အားစုများကို ကြိုတင်ရှင်းလင်းထားခြင်းသာ ဖြစ်သည်။

ရက်စက်ကြမ်းကြုတ်မှု၏ ရည်ရွယ်ချက်မှာ ထိတ်လန့် တုန်လှုပ်သွားစေရန် စစ်ဆင်ရေးတခု ဆင်နွှဲခြင်းသာဖြစ်ပြီး လူထုများအကြား အကြောက်တရား လွှမ်းမိုးနေစေရန်နှင့် ရွေးကောက်ပွဲမတိုင်မီကာလတွင် အကြောက်တရား ကြီးစိုးနေ သည့် ၀န်းကျင်တခု ဖန်တီးထားရေးသာ ဖြစ်သည်။ စစ်အစိုးရက မျှော်လင့်ချက်ထားသည်မှာ မြန်မာနိုင်ငံရှိ ပြည်သူလူထု အဖို့ နိုင်ငံရေးနှင့် ကင်းကင်းနေစေရေးဖြစ်ပြီး လာမည့် ရွေးကောက်ပွဲတွင် သူတို့ စစ်အစိုးရ စိတ်ကြိုက် မဲခိုး၊ မဲလိမ် ချယ် လှယ်နိုင်စေရန် ဖြစ်သည်။

နိုင်ငံတကာမှ ပြစ်တင်ရှုံ့ချမှုများမှာလည်း အချိန်မှန်မှန် ထွက်ပေါ်နေခဲ့ပြီး ယခုတခါ နောက်ထပ်တကြိမ် ပြစ်တင်ပြောဆိုနေ ပြန်ပြီ ဖြစ်သည်။ ကုလသမဂ္ဂအတွင်းရှိ သတင်းအရင်းအမြစ်များ အဆိုအရ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီ မွန်းက မြန်မာနိုင်ငံအရေး ဆောင်ရွက်နေသည့် သူ၏ သံတမန်ရေး လုပ်ငန်းများကိုပင် ဆိုင်းငံ့ထားရန် စဉ်းစားနေသည်ဟု ဆိုလာသည်။ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် နီးစပ်သည့် သတင်းရင်းမြစ်များ၏ အဆိုအရ တရုတ်နှင့် ရုရှား နိုင်ငံတို့ကလည်း နေပြည်တော်ရှိ မြန်မာဗိုလ်ချုပ်ကြီးများကို ကုလ အထွေထွေအတွင်းရေးမှူးချုပ်၏ ကိုယ်စားလှယ်အဖွဲ့နှင့် ပူးပေါင်း ဆက်ဆံရန် ဖိအားများ ပေးနေကြသည်ဟု အတည်ပြု ပြောကြားကြသည်။ ထို့အပြင် လာမည့် ၂၀၁၀ ပြည့်နှစ် ရွေး ကောက်ပွဲမတိုင်မီ ပြင်းထန်လာမည့် နိုင်ငံတကာ ပြစ်တင်ဝေဖန်မှုများကို လျော့ကျသွားစေရန်အတွက် အပြုသဘော ဆောင်သည့် လိုက်လျောမှုများ ပြုရန်လည်း တိုက်တွန်းနားချနေကြသည်။

သမိုင်းက တကျော့ပြန်လည်လာပြီဟု ဆိုရမည်ဖြစ်သည်။ ယခုအချိန်သည် ဗိုလ်ချုပ်မှူးကြီးအနေနှင့် ၎င်းကိုထောက်ခံနေ ကြသည့် နိုင်ငံတကာ အင်အားစုများ ကျေနပ်စေရန် ၀ှက်ဖဲတချပ် ထုတ်သုံးရတော့မည့် အချိန် ဖြစ်နေပေပြီ။ ဖြစ်နိုင်ခြေ တခုမှာ အတိုက်အခံခေါင်းဆောင်နှင့် ငြိမ်းချမ်းရေးနိုဗဲလ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးနိုင်ခြေ ရှိနေသည်။ အနီးစပ်ဆုံး မေလ၊ သို့မဟုတ် နောက်အကျဆုံး ၂၀၀၉ ခုနှစ် နိုဝင်ဘာလတွင် ပြန်လွှတ်ပေးလာဖွယ် ရှိသည်။ ဤသို့ လွှတ်ပေးခြင်းဖြင့် စစ်အစိုးရအဖို့ မျက်နှာသာရလာစရာ အကြောင်း ရှိနေပါသည်။

ပထမအချက်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးခြင်းဖြင့် တရုတ်၊ ရုရှား၊ အာဆီယံနိုင်ငံများနှင့် စစ်အစိုးရ ဘက်တော်သား ထောက်ခံနေသူများအကြား ဖြစ်ပေါ်နေသည့် စိုးရိမ်ပူပန်မှုများ လျော့ကျသွားလိမ့်မည်ကို သူသိနေသည်။ မကြာသေးမီက ဖိနှိပ်ချေမှုန်းနေမှုများကြောင့် နိုင်ငံတကာ အသိုင်းအ၀ိုင်းတွင်ပင် ထောက်ခံပြောဆိုပေးရန် ခပ်ခက်ခက် ဖြစ်နေကြရသည် မဟုတ်ပါလား။

အကယ်၍ စစ်အစိုးရကသာ ပါးနပ်လိမ္မာပါက ကုလသမဂ္ဂ၏ အထူးကိုယ်စားလှယ် မစ္စတာ အီဗရာဟင် ဂန်ဘာရီ သို့မဟုတ် အထွေထွေအတွင်းရေးမှူးချုပ် ကိုယ်တိုင်ကို သူတို့ဘက် ပါလာအောင် ဆွဲဆောင်စည်းရုံး နိုင်ပါသေးသည်။ ကုလသမဂ္ဂ၏ မြန်မာ့အရေးဆောင်ရွက်နေသည့် သံလုပ်ငန်းအနေဖြင့်လည်း ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက် လာမှုအပေါ် အောင်မြင်မှုတခုသဖွယ် ဂုဏ်ယူနေရန် ရှိပါသည်။

ဤသို့ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးခြင်းဖြင့် စနစ်တကျ ဖိနှိပ်ဖြိုခွဲချေမှုန်းရေး လုပ်နေသည့်အပေါ် နိုင်ငံတကာက ပြစ်တင်ဝေဖန်မှုများကို ပါးနပ်စွာ ရှောင်လွှဲနိုင်ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ၂၀၁၀ ရွေးကောက်ပွဲကို မလွှဲမရှောင်သာ ထောက်ခံ အသိအမှတ်ပြုရမည့် အခြေအနေမျိုးလည်း ဆိုက်စေနိုင်သည်။

စစ်အစိုးရ ဗိုလ်ချုပ်များက ဒေါ်အောင်ဆန်းစုကြည်နှင့် နည်းနည်းမျှ အပေးအယူမလုပ်ဘဲ လွှတ်ပေးလိုက်လျှင်လည်း ဖြစ်နိုင်သည်ကို သိကြသည်။ အကယ်၍ စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးလိုက်လျှင်သော်မှ ဒေါ်စုက ရွေးချယ်ရခက်လှသည့် အခြေအနေမျိုး ကြုံရနိုင်သည်။ စစ်အစိုးရကို ထပ်၍ ဝေဖန်မည်ဆိုလျှင်လည်း နောက်တကြိမ် အချုပ်ထဲ ပြန်၍ထည့်ထားခံရမည့် တ၀ဲလည်လည် သံသရာထဲ ပြန်ကျရောက်သွားလိမ့်မည်။

လက်ရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေအရဆိုလျှင် မည်သို့သော နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုမျိုးမှ ဆက်လက်ဖြစ်ထွန်းလာရန် မရှိ ပါ။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်ပြောင်းလဲမှုများ လုပ်နိုင်သည် ဆိုဦးတော့ စစ်တပ်က လွှမ်းမိုးထားသော လွှတ်တော်နှင့် ၂၀၁၀ နောက်ပိုင်း စစ်အစိုးရဆင်ထားသည့် ဖွဲ့စည်းပုံ အနေအထားတွင် တဖြည်းဖြည်း ပြုပြင် ပြောင်းလဲ မှုများ လုပ်ဆောင်သွားရန်ပင် ဖြစ်နိုင်ခြေ မရှိပါ။

ထို့ကြောင့် မေးခွန်းများ ထပ်မံပေါ်ပေါက်လာပြန်သည်။ စစ်အစိုးရ၏ မဟာဗျူဟာကို အတိုက်အခံများက မည်သို့ တန်ပြန်ကြမည်နည်း၊ အရေးအပါဆုံး ရလဒ် ၂ ခုဖြစ်သည့် “နိုင်ငံရေး အသွင်ပြောင်းလဲရေး၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြန်လည်ပြုပြင်ရေးဆွဲရေးနှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး” ရည်မှန်းချက်များ ရရှိစေရန် မည်သို့ ဆက်လက်ဆောင်ရွက်ကြမည်နည်း ဟူသည့် မေးခွန်းများ ဖြစ်သည်။
လွန်ခဲ့သည့် နှစ် ၂၀ ကာလအတွင်း မြန်မာနိုင်ငံရှိ အတိုက်အခံနိုင်ငံရေးပါတီများက မူအပေါ်ခိုင်ကျည်စွာ ရပ်တည်၍ ဤ ရပ်တည်ချက်ကြောင့် ဖြစ်လာသည့် အစွမ်းခွန်အားကို ပြသခဲ့ကြသည်။ ယခုတကြိမ်တွင်လည်း မူအပေါ်ရပ်တည်မှုကြောင့် ဖြစ်လာသည့် ခွန်အားအစွမ်းကို တဖန်ပြန်၍ ပြသရတော့မည့် အချိန် ဖြစ်နေပေပြီ။

သို့သော် အနည်းငယ် ကသိကအောင့်နိုင်လှသည့် အချက်ရှိနေသည်။ ၎င်းအချက်မှာ အတိုက်အခံအင်အားစုများက ခွန်အားအာဏာအဖြစ် ကျင့်ဝတ်ပိုင်းဆိုင်ရာကိစ္စကို အဓိကထားအခြေခံကာ မဟာဗျူဟာ ချမှတ်ရေး ဖြစ်သည်။ အကယ်၍ စစ်အစိုးရက အတိုက်အခံ အင်အားစုများနှင့် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှု မဆောင်ရွက်လျှင်၊ အတိုက်အခံများက ဖွဲ့စည်းပုံ အခြေခံဥပဒေအပေါ် ပြန်လည်သုံးသပ်နိုင်ရေး၊ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် ဆွေးနွေးမှု မပြုနိုင်လျှင် ၂၀၁၀ ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နှင့် တခြား အတိုက်အခံ နိုင်ငံရေးပါတီများ ပါဝင်လိမ့်မည် မဟုတ်ကြောင်း မူအရ တိတိလင်းလင်း ထုတ်ပြန်ကြေညာရန် လိုအပ်နေသည်။

ဤမဟာဗျူဟာမှာ အတိုက်အခံအင်အားစုများအကြား မိမိက မှန်သည့်ဘက်မှ ရပ်တည်သည်ဟု ရဲရဲယုံကြည်၍ စင်ပေါ်က နေနိုင်သော ဗျူဟာတရပ် ဖြစ်ရုံမျှမက အကောင်အထည်ရှိသည့် နိုင်ငံရေး ရလဒ် ၃ ခု ရနိုင်ရန်အတွက် ကစားစရာ ၀ှက်ဖဲတချပ်လည်း ဖြစ်နေသည်။

ပထမတချက်မှာ တနိုင်ငံလုံး အနှံ့အပြားရှိနေသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အောက်ခြေအင်အားစုများ၊ ထောက်ခံသူများကို ပြန်လည်တက်ကြွလာအောင် နှိုးဆော်နိုင်ရုံမျှမက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က နောက်ဆုတ်၍ ခုခံစစ်ဆင်နေကာ စစ်အစိုးရနောက်က လိုက်၍ တုံ့ပြန်နေရုံသာ လုပ်နေသောကြောင့် ဘေးဖယ်၍ ကြည့်နေကြသည့် တရားဝင် တိုင်းရင်းသား နိုင်ငံရေးပါတီများကိုပါ နိုင်ငံရေးဆွေးနွေးငြင်းခုန်မှုများအတွင်း ပြန်ဝင်လာအောင် ဆွဲဆောင် နိုင်စေလိမ့်မည် ဖြစ်သည်။

လူအများနှင့် ဆက်ဆံစကားပြောရန် အစဉ်သဖြင့် ရှောင်ဖယ်နေခဲ့သည့် NLD ပါတီ ဥက္ကဋ္ဌ ဦးအောင်ရွှေအနေနှင့်လည်း ကိုယ်တိုင်ကိုယ်ကျထွက်၍ မြန်မာဘာသာဖြင့် အသံလွှင့်နေသည့် ပြည်ပအခြေစိုက် ရေဒီယိုဌာနများတွင် ဤရပ်တည်ချက် မူဝါဒနှင့် ပတ်သက်၍ ပြောဆိုသင့်နေပြီ ဖြစ်သည်။ NLD ပါတီအနေနှင့် ၂၀၁၀ ရွေးကောက်ပွဲတွင် မပါဝင်ရန် ဆုံးဖြတ်ထား ကြောင်းနှင့် ပါတီ၏ တောင်းဆိုချက်များက မည်သို့ ဖြစ်ကြောင်း ပြည်သူလူထုကို ပွင့်ပွင့်လင်းလင်း အသိပေးပြောကြား သင့်ပြီ ဖြစ်သည်။

ပါတီခေါင်းဆောင်မှု အနေနှင့်လည်း မိမိတို့၏လှုပ်ရှားမှုသည် အရေးပါ အရာရောက်သည့်နေရာတွင် ရှိနေပြီးသားဟု အလွယ် ယူဆမထားသင့်ပါ။ သူတို့၏ ရည်မှန်းချက်များကို လူအများသိအောင် ဆောင်ရွက်ရန် လိုအပ်ပြီး ကျင့်ဝတ် ရေးရာအရ (မူအရ) ထိုးစစ်ဆင်ခြင်းအဖြစ် ရှင်းလင်းသေချာစွာ ဆောင်ရွက်သင့်သည်။ မြှင့်တင်သင့်သည်။

ဒုတိယအချက်မှာ ရွေးကောက်ပွဲကို သပိတ်မှောက်ခြင်းအားဖြင့် စစ်အစိုးရ၏ အင်အား အခြေခံများကို လျော့နည်းသွားစေ လိမ့်မည်။ အထူးသဖြင့် လွန်ခဲ့သည့် နှစ် ၂၀ ကာလအတွင်း စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး ပြုထားကြသည့် တိုင်းရင်း သား အင်အားစုများက ရွေးကောက်ပွဲတွင် ပူးပေါင်းဆောင်ရွက်မည့် အရေးကို ပြန်၍ စဉ်းစားလာကြပါလိမ့်မည်။

စစ်အစိုးရ၏ ဖွဲ့စည်းပုံအခြေခံဥပဒေသည် သူတို့လိုလားသည့် အခွင့်အရေးများထက် များစွာနိမ့်နေကြောင်း တိုင်းရင်းသား အုပ်စုများကလည်း ကောင်းစွာ သဘောပေါက်ထားကြပါသည်။

ကချင် လွတ်လပ်ရေးအဖွဲ့ (KIO) နှင့် ၀ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) စသဖြင့်သော အဖွဲ့များက သူတို့ ၏ အဆွယ်အပွားနိုင်ငံရေးပါတီများမှတဆင့် ၂၀၁၀ ရွေးကောက်ပွဲတွင် ပါဝင်ကြရန် ပြင်ဆင်မှု ရှိကောင်းရှိနေနိုင်သော် လည်း စစ်အစိုးရ အလိုကျ သူတို့က ထောက်ခံပံ့ပိုးပေးလိုက်ရသည့် အဖြစ်မျိုး မဖြစ်ရလေအောင် ကြိုးပမ်းနိုင်စေ ပါလိမ့်မည်။ အထူးသဖြင့် သူတို့၏လက်နက်ကိုင်တပ်များ လက်နက်ဖြုတ်ရေးကိစ္စများနှင့် ပတ်သက်လာသည့်အခါ စဉ်းစားစရာ အချက် အများအပြား ရှိနေပါလိမ့်မည်။

အတိုက်အခံ အဖွဲ့များက ၂၀၁၀ ရွေးကောက်ပွဲကို ငြင်းပယ်ခြင်းအားဖြင့် တိုင်းရင်းသား အပစ်အခတ်ရပ်စဲရေး အဖွဲ့များက လည်း ဤအချက်ကြောင့် နိုင်ငံရေးအရ အကြောင်းပြချက် ရစေနိုင်ပြီး မဟာဗျူဟာမြောက် ကစားနိုင်မည့် အခွင့် အရေးတရပ်လည်း ပေါ်ပေါက်လာနိုင်သည်။ စစ်အစိုးရက NLD ကိစ္စနှင့် လုံးပန်းနေရင်း အချိန်ကုန်စေမည်ဖြစ်သော ကြောင့် စစ်အစိုးရက ဆောင်ရွက်လာမည့် လက်နက်ဖြုတ်သိမ်းရေး အစီအစဉ်ကို အံတုဆန့်ကျင်ခွင့် ကြုံစေမည် ဖြစ်သည်။

ထိုအခြေအနေ ကြုံရပါက စစ်အစိုးရ၏ နိုင်ငံရေး ကစားကွက်ကို ပိုမို ရှုပ်ထွေးခက်ခဲလာစေမည် ဖြစ်သည်။ အဆိုးဆုံး အနေအထားအရ ဆိုလျှင် တချို့ဒေသများ၌ တိုင်းရင်းသားအဖွဲ့များ၏ လက်နက်ကိုင်တိုက်ပွဲများ ပြန်လည် ဖြစ် ပေါ်လာနိုင်ဖွယ်ပင် ရှိနေသည်။ သို့ဆိုလျှင် အင်အားကောင်းသည့် ၀၊ ကချင်အဖွဲ့အစည်းများ အခြေချနေကြသည့် တရုတ် -မြန်မာ နယ်စပ်၏ ပြန်လည်ပေါက်ကွဲလုနီး အခြေအနေအပေါ် မူတည်၍ တရုတ်နိုင်ငံကလည်း မြန်မာ့အရေးကို ပိုမို သတိကြီးကြီးထား ကိုင်တွယ်လာလိမ့်မည် ဖြစ်သည်။

ဤသို့ ကျင့်ဝတ်ရေးရာအရ အပေါ်စီးယူ၍ သပိတ်မှောက်သည့် ဗျူဟာကြောင့် အတိုက်အခံအင်အားစုများ ရလာနိုင်သည့် နိုင်ငံရေးအကျိုးအမြတ်တခုမှာ နိုင်ငံတကာ အင်အားစုများအပေါ်တွင် သိသိသာသာ ဖိအားဖြစ်ပေါ်လာစေနိုင်ခြင်း ဖြစ်သည်။ အထူးသဖြင့် စစ်အစိုးရ၏ “လမ်းပြမြေပုံ” ကို မြန်မြန်အဆုံးသတ်စေလိုသောကြောင့် အတိုက်အခံအဖွဲ့များကို သင့်လျော်သည့် တောင်းဆိုမှုများသာ လုပ်စေချင်နေုသော နိုင်ငံတကာ အဖွဲ့အစည်းများ အနေနှင့်လည်း စဉ်းစား ချင့်ချိန်ဖွယ် ရလာစေမည် ဖြစ်သည်။

သို့သော် ဤအခြေအနေများအားလုံး သက်ဝင် ဖြစ်ပေါ်မလာမီ အတိုက်အခံ နိုင်ငံရေးပါတီများအနေနှင့် ပျော့ပြောင်း ညင်သာမှုပြသရန် လိုနေပါသေးသည်။ စစ်အစိုးရ၏ လမ်းပြမြေပုံတခုလုံးကို လုံးဝငြင်းပယ်နေခြင်း မဟုတ်ကြောင်းကို လည်း သေချာရှင်းလင်း ပြောပြထားသင့်ပါသည်။

အကယ်၍ စစ်အစိုးရက ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးနှင့် နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေးအတွက် သဘောတူလာခဲ့ပါလျှင် အတိုက်အခံအဖွဲ့အစည်းများ အနေနှင့် စစ်အစိုးရ၏ လမ်းပြမြေပုံကို ထောက်ခံရန် စဉ်းစားနိုင်ပါ သည်။ ထိုမျှမက အတိုက်အခံ အင်အားစုများက နိုင်ငံတကာ၏ စာနာမှုဆိုင်ရာ အကူအညီများကို မကန့်ကွက်ကြောင်း၊ ကြိုဆိုကြောင်းလည်း ကြိုတင်ရှင်းလင်းစွာ ပြောထားသင့်သည်။ မြန်မာနိုင်ငံ၏ အခြေအနေမှာ ဆင်းရဲတွင်း နက်သထက် နက်လာနေပြီး ပိုမို ခက်ခဲကြပ်တည်းသည့် ကပ်ဘေးဆိုက်နေရပြီ ဖြစ်သောကြောင့်လည်း ဤသို့ အကူအညီများ ရရှိရန် လိုအပ်နေခြင်း ဖြစ်သည်။

ထိုအချက်များ အားလုံးကိုခြုံလျှင် ယခုအခြေအနေသည် အတိုက်အခံ အင်အားစုများအနေနှင့် ကျင့်ဝတ်ရေးရာအရ အမြင့် ဆုံးနေရာကို ယူ၍ သိမ်းပိုက်ရတော့မည့် အချိန် ဖြစ်သည်။ ဤသို့ ကျင့်ဝတ်ပိုင်းဆိုင်ရာအရ အသာစီးရနေမှုကို  ခွန်အားအာဏာနှင့် အခွင့်ကောင်းအဖြစ် ပြောင်းလဲ အသုံးချရမည် ဖြစ်သည်။ သို့သော်လည်း ဤရွေးချယ်လမ်းကို လျှောက်လှမ်းကြရမည့် အရေးမှာ မလွယ်ကူလှပါ။ စစ်အစိုးရက နည်းမျိုးစုံသုံး ညစ်ပတ်၍ အတိုက်အခံအင်အားစု များကို ဖြိုခွင်းချေမှုန်းမှုနှင့် ကြုံရနိုင်ပါသေးသည်။

တချို့သောဝေဖန်သူများက ဤနည်းဗျူဟာသည် မြန်မာအတိုက်အခံများအတွက် အသစ်မဟုတ်လှကြောင်း၊ အမှန်တရားဖက်က ရပ်သည့်မူကို ကိုင်ပြီး ကစားခဲ့သည့် ကစားပွဲတွင် ယခုတိုင် ရှုံးနိမ့်နေရသေးကြောင်း ဆိုလာနိုင်ပါသေးသည်။

သို့သော် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေနှင့် ပျော့ပြောင်းသည့် သဘောထား ရပ်တည်ချက်များ အကြိမ်ကြိမ် ပြသခဲ့ပြီး အကျိုးမဖြစ်ခဲ့သည်မှာ အထင်အရှားပင် ဖြစ်သည်။ ယခုအချိန်တွင် အတိုက်အခံများက ဆောင်ရွက်ရန် လိုအပ်နေသည့် အချက်မှာ ကျင့်ဝတ်ပိုင်းဆိုင်ရာအရ မှန်ကန်သည့်၊ မူအရမှန်သည့် အပေါ်စီးအနေအထားကို ယူ၍ ပါးနပ်စွာ လူ အများ လက်ခံလာအောင် ဆောင်ရွက်ရေးပင် ဖြစ်သည်။ ဤမူကို မဟာဗျူဟာအဖြစ် အသွင်ပြောင်း၍ အချိန်ကိုက် သေချာ သတ်မှတ်ထားသည့် နိုင်ငံရေးရလဒ်များ ရရှိရေးအတွက် ပူးပေါင်းဆက်စပ်မှုရှိစွာ ဆောင်ရွက်ရေးပင် ဖြစ်သည်။

ဤအချက်သည်ပင် အတိုက်အခံများအတွက် ပထမဦးဆုံး ပင်မ ခွန်အားအာဏာဖြစ်ပြီး ဤလမ်းအတိုင်း ဆက်လျှောက် မည်ဟု ၂၀၀၉ ခုနှစ်အတွက် သံန္နိဌာန်ချမှတ် ဆောင်ရွက်သင့်ပေသည်။

မင်းဇင်ရေးသားသည့် New Year’s Resolutions for the NLD ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။

ကိုမင်းဇင်သည် ပြည်ပအခြေစိုက် မြန်မာသတင်းထောက် တဦးဖြစ်ပြီး ကယ်လီဖိုးနီးယား တက္ကသိုလ် (ဘာ့ကလေ) သတင်းစာပညာ ကျောင်းတွင် စာသင်ကြား ပို့ချနေသည့်ဆရာ ဖြစ်ပါသည်။

http://www.irrawaddy.org/bur/index.php?option=com_content&view=article&id=563:2009-01-06-12-16-18&catid=14:2008-10-21-07-40-03&Itemid=25

မှတ်ချက်၊  ဧရာဝတီသို့ ဝင်ဖတ်၍ မရနိုင်သူများအတွက် အပြည့်အစုံ ဖော်ပြပေးပါသည်။

Advertisements

Written by Lwin Aung Soe

January 7, 2009 at 4:21 pm

အစိုးရသစ် ဖွဲ့စည်းမည့် အစီအစဉ်အပေါ် သူတို့အမြင်

leave a comment »

မဇ္ဈိမ သတင်းဌာန

အင်တာဗျူး

မဇ္ဈိမသတင်းဌာန

ဗုဒ္ဓဟူးနေ့၊ ဇန်နဝါရီလ 07 2009 20:17 – မြန်မာစံတော်ချိန်

၂၀၀၉ ခုနှစ် နှစ်လယ်ပိုင်းတွင် ပြည်ပအခြေစိုက် အစိုးရသစ်တရပ် ဖွဲ့စည်းမည်ဆိုသော ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီ – NCUB ၏ အယူအဆနှင့် ပြည်ပ အဖွဲ့အစည်းများအကြား လက်ရှိ ညှိနှိုင်းဆောင်ရွက်မှုများ အပေါ် NCUB ၊ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ – NCGUB နှင့် လေ့လာအကဲခတ်သူတို့ထံ မဇ္ဈိမသတင်းထောက် ဇာနည်နှင့် ဆော်မလွန်က ဆက်သွယ်မေးမြန်းထားချက်များနှင့် သတင်းပေးပို့ချက်ကို တင်ပြလိုက်ပါသည်။

ဦးဒေးဗစ် တာကပေါ

(အတွင်းရေးမှူး အဖွဲ့ဝင်)
ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ကောင်စီ (NCUB)

(ဒု-ဥက္ကဋ္ဌ)
ကရင်အမျိုးသား အစည်းအရုံး (KNU)

နအဖက ၂၀၁၀ လုပ်မယ့်အစား ကျနော်တို့က ဖြစ်စေချင်တာက လူထုလှုပ်ရှားမှု၊ နောက်ပြီးတော့ နိုင်ငံရေး၊ သံတမန်ရေး၊ နောက် တိုက်ပွဲတွေအရ နအဖကို ပြုပြင်ပြောင်းလဲဖို့ပဲ။ နအဖက ၂၀၁၀ ရွေးကောက်ပွဲ လုပ်မယ့်အစား NLD က ပြောသလို ဖွဲ့စည်းပုံကို ပြန်ပြီးတော့ review လုပ်ဖို့ သို့မဟုတ်လည်း အသစ်ဆွဲဖို့။ အသစ်ဆွဲဖို့ဆိုရင်လည်း ၃ ပွင့်ဆိုင်ဆိုတာ စရမယ်။ မေလ ဆန္ဒခံယူပွဲနဲ့ အတည်ပြုထားတဲ့ ဖွဲ့စည်းပုံဥပဒေက နအဖ အလိုကျ ရေးဆွဲထားပြီးတော့ အတင်းအဓမ္မနဲ့ အတည်ပြုထားတာ ဖြစ်တဲ့အတွက် နိုင်ငံတကာကလည်း လက်မခံဘူး။ ပြည်သူလူထုကလည်း လက်မခံဘူး။ အဲဒါကို နအဖက ရှေ့ဆက်ပြီးတော့ ရွေးကောက်ပွဲ လုပ်မယ်ဆိုရင် တိုင်းပြည်က ပိုပြီးတော့ အခြေအနေဆိုးလာမယ်။

အခြေအနေအရ ကျနော်တို့ လျော့လျော့ရဲရဲနဲ့ပဲ သွားလို့ရမလား ဒါမှမဟုတ် ပိုပြီးတော့ ကျစ်ကျစ်လစ်လစ်နဲ့ သွားကြမလား၊ အဲဒီပေါ်မှာ အခြေခံတယ်လေ။

လျော့လျော့ရဲရဲနဲ့ သွားရင်လည်း အရင်အတိုင်းပဲ ဖြစ်မှာပေါ့။ ကျစ်ကျစ်လစ်လစ်၊ ဒီမိုကရေစီကျကျ ဘောင်အတွင်းမှာ ပိုပြီးတော့ကျစ်လစ်တဲ့၊ ပိုပြီးတော့ခိုင်မာတဲ့၊ ညီညွတ်တဲ့ အဲဒီနည်းလမ်းနဲ့ သွားမယ်ဆိုရင်တော့ ပါလီမန်သဘောဆောင်တဲ့ အဖွဲ့အစည်းတရပ် ပေါ်လာရမယ်လေ။ အဲဒါပါ။

အဖွဲ့အစည်းတွေ ပါဝင်ဖို့က ကျနော်တို့ကတော့ အားလုံး လက်ခံမှပဲ၊ အားလုံးကို ကျနော်တို့ အကြောင်းကြားမယ်။ ပါမလား၊ မပါဘူးလား။ ပါချင်လည်း ရတယ်၊ မပါချင်လည်း ရတယ်။ အတိုက်အခံအနေနဲ့ ပါချင်လည်း ရတယ်။ သို့မဟုတ် အများစုသဘောထားကို ထောက်ခံတဲ့အနေနဲ့ လက်ခံလည်း၊ ပါရင်လည်း ရတယ်။ အခုကတော့ ခန့်မှန်းထားတာပဲ ရှိတယ်။ အခုက သဘောထားပဲ ရှိသေးတယ်။ အခုက အိုင်ဒီယာ အဆင့်ပဲ ရှိသေးတယ်။ အဲဒီ အိုင်ဒီယာကို အကောင်အထည်ဖော်တာကတော့ အမြန်ဆုံးကြိုးစားပြီးတော့ လုပ်သွားမှာပဲ။

ပါတဲ့အဖွဲ့တွေကတော့ NDF ပါမယ်။ နောက် DAB, MPU, NLD (LA) ဒေါက်တိုင်လေးတိုင်ပေါ့။ နောက်ပြီးတော့ ENC ပါလာနိုင်တယ်။ ENC တဖွဲ့လုံးပါရင် ကောင်းတယ်။ မပါနိုင်လည်း ENC အဖွဲ့ဝင်တွေအနေနဲ့ ပါလာနိုင်တယ်။ ကရင်နီတို့၊ ရှမ်းတို့ပေါ့ဗျာ။

စစ်အစိုးရအနေနဲ့ကတော့ သူ့ဘက်က ကျနော်တို့ကို တုံ့ပြန်မယ်ဆိုတာ အခုအခြေအနေထက် ဆိုးတာ မရှိတော့ဘူးဗျ။ သူက ဒီပုံစံမျိုးပဲ ဆက်သွားနေမှာပဲ။ တကယ်လို့ တရုတ်အားကိုးတို့၊ အိန္ဒိယအားကိုးတို့နဲ့ အတည်ပြုသွားဖို့ လုပ်တယ်ဆိုလည်း တမျိုးပေါ့ဗျာ။ ခြိမ်းခြောက်သင့်တန် ခြိမ်းခြောက်၊ ချော့တန်ချော့ပြီး ကျနော်တို့က လုပ်သွားမယ်ပေါ့။ ကျနော်တို့က အရင်ကလို ပျော့ပျော့ပြောင်းပြောင်းလေး လုပ်နေလို့ မရတော့ဘူး။

အဓိကကတော့ နအဖကလည်း သူ့လမ်း သူသွားတယ်ဆိုတော့ ကိုယ်ကလည်း ကိုယ့်လမ်း ကိုယ်လုပ်ရတော့မယ်လေ။ အရင်တုန်းကတော့ သုံးပွင့်ဆိုင်လေးများ ဖြစ်မလားဆိုပြီးတော့၊ နည်းနည်းချော့ပြီးတော့၊ မျောပြီးတော့ လိုက်တဲ့သဘော ရှိတယ်လေ။ အခုဟာ နအဖက သုံးပွင့်ဆိုင် မလုပ်တော့ဘူးဆိုတာ သေချာနေပြီ။ ဒီတော့ ကိုယ်ကလည်း ကိုယ့်နည်းကိုယ့်ဟန်နဲ့၊ ကိုယ့်လမ်းနဲ့ ချော့နေဖို့ မလိုတော့ဘူးလေ။ သုံးပွင့်ဆိုင်လုပ်ဖို့လည်း တံခါးကလည်း ဖွင့်ထားပါတယ်။

ကိုယ်အကောင်ဆုံးဖြစ်မယ်လို့ ထင်တဲ့လမ်းကို ပိုပြီး ကျစ်ကျစ်လစ်လစ်၊ ခိုင်ခိုင်မာမာနဲ့သွားချင်တယ်ဆိုရင်တော့ အခုလိုရော့ရဲရဲ မဟာမိတ်တွေပုံစံနဲ့သွားလို့တော့မရဘူး ပိုပြီးကျစ်လစ်တဲ့ ခိုင်မာတဲ့ ပုံစံတစ်ခုနဲ့ သွားရမယ် အဲသည့်သဘောပါ။ All state holder ပေါ့ဗျာ။ တိုတိုနဲ့လိုရင်း ပြောမယ်ဆိုလို့ရှိရင် လက်နက်ကိုင်ရှိတဲ့ အဖွဲ့အစည်းတွေလည်း ပါမယ်ပေါ့ဗျာ။

နောက်ပြီးတော့ အစိုးရဖွဲ့မယ်ဆိုတဲ့သဘော ရှိတယ်။ အစိုးရဆိုရင် နယ်မြေရှိရမယ်၊ လူထုရှိရမယ်၊ တပ်ရှိရမယ်၊ ပါလီမန်ရှိရမယ်။ ဒါပေမဲ့ ကျနော်တို့ ပါလီမန်ကနေ အစိုးရကို သွားမယ်။ အဲဒီသဘောပါ။

အခုဟာက NCUB နဲ့ပဲ မလုံလောက်တော့ဘူးလို့ ကျနော်တို့ အဲဒီလို မြင်တယ်။ သူတို့က အမတ်တွေနဲ့ပဲ ဖွဲ့ချင်တယ်။ အခုလုပ်လာတာ အနှစ် ၂၀ ရှိပြီ။ မလုံလောက်ဘူးပေါ့ဗျာ။ ကျနော်က အဲလိုမြင်တယ်။ (အားမရဘူး၊ ပျော့ပြောင်းတယ်)။ အခုက ကြေညာချက်ထုတ်တဲ့ အဆင့်ပဲ ရှိသေးတာပါ။ NCUB ကနေ ဦးစီတဲ့သဘောတော့ ရှိမှာပေါ့။ ဒါပေမဲ့ NCUB ထည့်မှာတော့ ဖြစ်ချင်မှ ဖြစ်မယ်လေ။ ဖော်ပြထားတဲ့ကိစ္စက ပါလီမန်သဘော ဆောင်တယ်။ အခုဟာက ပါလီမန်မဟုတ်ဘူး။ အခုအဖွဲ့အစည်းတွေက မဟာမိတ်၊ လျော့ရဲသော မဟာမိတ်တွေ ဖြစ်နေတာကိုး၊

NCGUB နဲ့ ထိတ်တိုက် ဖြစ်လာမလား

သူတို့အနေနဲ့ အတိုက်အခံဘက်မှာနေမလား၊ အစိုးရဘက်မှာနေမလား၊ အဲဒါတော့ ရှိတာပေါ့ဗျာ။ အစိုးတရပ်မှာ အတိုက်အခံကတော့ ရှိရပါမယ်။ အကယ်၍ အစိုးရအသစ်ဖွဲ့ရင် အဲဒီမှာ National Unity Party Government ဆိုတဲ့ အတွေးအခေါ်တွေ ရှိတယ်လေ။ အဲဒီအတွေးအခေါ်က အရင်ပုံစံလို လျော့ရဲရဲ မလုပ်မရှုပ်မပြုတ်ဆိုတဲ့ ပုံစံမျိုးနဲ့တော့ သွားလို့မရတော့ဘူးလေ။ ပြုတ်စရာရှိရင် ပြုတ်၊ လုပ်စရာရှိရင် လုပ်။ အဲဒီလိုပေါ့။

အဖွဲ့သစ်အပေါ် မျှော်လင့်ချက်

ကျနော်တို့အားလုံး ပါမယ်ပေါ့ဗျာ။ လူမျိုးကို ကိုယ်စားပြုတာလည်း ပါမယ်။ State ကိုယ်စားပြုတာလည်း ပါမယ်။ အဖွဲ့အစည်းကိုယ်စားပြုတဲ့၊ အားလုံးကျေနပ်တဲ့ အဖွဲ့အစည်းပေါ့။ အဲဒီမှာ ဒီမိုကရေစီ အခြေခံကျကျ လုပ်သွားမယ်။

ဒေါက်တာတင့်ဆွေ

(၀န်ကြီး)
ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ (NCGUB)

NCUB က အစိုးရသစ်တရပ် ဖွဲ့စည်းမယ့် အစီအစဉ်အပေါ် ဘယ်လိုမြင်ပါသလဲ။

ပြောရတာ နဲနဲခက်ပါတယ်။ တေ့တေ့ဆိုင်ဆိုင် တရားဝင် တိုင်ပင်ရသေးခြင်းတော့ မရှိသေးပါဘူး။ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်စေချင်တဲ့သဘောမျိုးကို ကျနော်တို့က မူအရ လက်ခံပြီးသားရှိတာ အမှန်ပါ။ ဒီထက်ပိုပြောဖို့ စောပါသေးတယ်။

စင်ပြိုင်အစိုးရ ၂ ရပ်ဖြစ်လာနိုင်လို့ ဘယ်လို အကျိုးသက်ရောက်မှုတွေ ဖြစ်လာနိုင်လဲရှင့်

နှစ်ဖွဲ့ဖြစ်တယ်ဆိုတာ ဘယ်လိုအဖွဲ့ဖြစ်ဖြစ် မကောင်းပါဘူး။ ဒေလီမှာ တယောက်က တခုလုပ်တာကို နောက်တယောက်က စင်ပြိုင်လိုက်လုပ်တဲ့အကျင့်မျိုး ဖျောက်ကြဖို့ နှစ်ပေါင်းများစွာ ကြိုးစားနေခဲ့တာမို့ ကျနော်  အတော်မကြိုက်တဲ့၊ ကလေးဆန်တဲ့ နိုင်ငံရေးလုပ်ရပ်မျိုး ဖြစ်ပါတယ်။ ဒါပေမဲ့ တပ်ပေါင်းစုခေါင်းဆောင်များဟာ အတွေ့အကြုံရော၊ ၀ါအရပါ ရင့်ကျက်သူတွေ ဖြစ်ကြပါတယ်။

အခုလို ဖြစ်လာလို့ စည်းလုံးမှု ပြိုကွဲသွားမယ်လို့ ပြောနေကြတာကို ဘယ်လိုသဘောရလဲရှင့်

စည်းလုံးမှုကို ထိခိုက်တာမှန်သမျှ အားလုံးက ရှောင်ရမှာပါ။ ဒီထက် စည်းရုံးအောင်၊ ညီညွတ်အောင် လုပ်ကြဖို့ လူတိုင်းက ပြောနေ၊ ရေးနေချိန်ပါ။ ကျနော်တို့က နမူနာမပြနိုင်ရင် ကျနော်တို့ထက် ညံ့မယ့်သူ ရှိမှာမဟုတ်တော့ပါ။ NCGUB အနေနဲ့ကတော့ စည်းလုံးညီညွတ်ရေး ထိပါးမယ်ဆိုရင် ကိုယ့်အရှိ လက္ခဏာလေးတွေ ဖြစ်ပါစေ။ Sacrifice လုပ်မှာပါ။ မှန်တယ်ထင်တဲ့ နိုင်ငံရေးရပ်တည်ချက်ကိုတော့ စွန့်မှာမဟုတ်ပါဘူး။

NCUB က ဖွဲ့မယ့် အစိုးရမှာ လက်နက်ကိုင်တပ်ပါ ပါလာမယ်ဆိုတော့ ဒါကို ဘယ်လိုသဘောရလဲရှင့်

လက်နက်ကိုင်တပ်ဖြစ်ဖြစ်၊ လုံခြုံရေးအစီအမံဖြစ်ဖြစ် စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးမှာ လိုအပ်တာအမှန်ပါ။ ၂၀ နှစ်တာ သင်ခန်းစာက “နည်းလမ်းအစုံနဲ့ လူတိုင်းက ပါဝင်ကြိုးပမ်းရမယ်။ သူများ အားမကိုးနဲ့” ဆိုတာ ဖြစ်ပါတယ်။ တခုရှိတာက လုပ်ချင်တာနဲ့ လုပ်လို့ရတာ ထပ်တူမကျတတ်ပါဘူး။ တွက်စရာတွေ၊ ကြည့်စရာတွေ၊ ထောက်စရာတွေကို ချိန်ဆဖို့ လိုပါတယ်။ ၀န်ကြီးဌာနအမည်မပါဘဲ လုပ်နိုင်တာရှိသလား၊ ကြည့်ဖို့ သင့်ပါတယ်။ အစိုးရတရပ်နဲ့ တပ်ကို တွဲလိုက်ရင် ကနေ့လို အခင်းအကျင်းမှာ အတော်ကို တွက်စရာ၊ ကြည့်စရာ၊ ထောက်စရာတွေ များပါတယ်။ ကျနော်တို့ အစိုးရထဲမှာ အခုထိ တပ်မပါခဲ့သေးတာ အဲဒါကြောင့်ပါ။

NCUB က NCGUB နဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့ ပြောတော့ အခု ညှိနှိုင်းဆောင်ရွက်မှုအပိုင်းက ဘယ်လိုရှိလဲရှင့်။

NCUB နဲ့ NCGUB တို့က အမြဲလိုလို ထိစပ်နေတာပါ။ ၀န်ကြီးတာဝန်ရှိသူတဦးက သဘာပတိအဖွဲ့ဝင်ပါ။ စကတည်းကဆိုပါတော့။ နောက်ဆုံးကြေညာချက်မှာတော့ ညှိနှိုင်းဆောင်ရွက်မှုအပိုင်းက မပြည့်စုံလိုက်ဘူး ထင်ပါတယ်။

ဦးခွန်မားကိုဘန်း

(ဒု-ဥက္ကဋ္ဌ)
ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီ (NCUB)

NCUB က DAB, MPU, NDF, NLD (LA) ဆိုတဲ့ တပ်ပေါင်းစု ၄ ဖွဲ့နဲ့ ဖွဲ့စည်းထားတယ်။ သူရဲ့မူမှာ နိုင်ငံရေးမူ ချမှတ်တဲ့နေရာမှာ သူ့ရဲ့ ဒီ ထောက် ၄ ထောက်ကနေပြီးတော့ ပါဝင်ဆက်စပ်ညှိနှိုင်းကြပြီးမှသာ ချမှတ်လို့ ရမယ်ဆိုတာ မူချမှတ်ထားပါတယ်။

ကျနော်က NCUB ထောက် ၄ ထောက်ရဲ့ ဥက္ကဋ္ဌ ၄ ဦး အနက်က MPU ထောက်မှာ ဒု ဥက္ကဋ္ဌ နေရာမှာ ပါပါတယ်။ အခု ကြေညာချက်နဲ့ ပတ်သက်လို့ ကြိုတင်ညှိနှိုင်းမှု မသိလိုက်ပါဘူး။ ကြေညာချက် ထုတ်ပြန်လိုက်မှ သိရပါတယ်။ အခုလိုပြောလို့ ဒါကို ဆန့်ကျင်တယ်လို့တော့ မသတ်မှတ်စေချင်ပါဘူး။ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် တပ်ပေါင်းစုရဲ့ မူအရတော့ ညှိနှိုင်းသင့်တယ်လို့ တင်ပြလိုပါတယ်။

ဒီလိုဖွဲ့ရင် ဘယ်လိုဖြစ်လာမယ်ဆိုတဲ့နေရာမှာ အဲဒီလို ဖွဲ့နိုင်ဖို့အတွက်က NCUB တပ်ပေါင်းစု ထောက် ၄ ထောက်မှာ အသေအချာ၊ အကျေအလည် ညှိနှိုင်းသဘောတူညီမှုကို ရရှိမှသာ၊ နောက်ပြီးတော့ ဒါတင်မကဘူး၊ တိုင်းရင်းသားအင်အားစု အဖွဲ့အစည်းနဲ့လည်း အကျေအလည် ညှိနှိုင်းမှု ယူရမှာ ရှိတယ်။ နောက်ပြီးတော့ ဒီ့အပြင်မှာ ပြည်တွင်းအင်အားစုနဲ့လည်း ဘယ်လိုပဲဖြစ်ဖြစ် နားလည်မှု လုပ်ဆောင်သွားဖို့ လိုအပ်တယ်။

နောက်ပြီးတော့ နိုင်ငံတကာက ဒီမိုကရေစီ အားပေးတဲ့ နိုင်ငံတွေကိုလည်း ဘာကြောင့် ဒီလိုလုပ်ရလဲ ဆိုတာကိုလည်း သူတို့ကိုလည်း ဒီအပေါ်မှာ အလန့်တဖြန့် မဖြစ်ဖို့နဲ့ နားလည်မှု ရှိရှိနဲ့ စဉ်းစားသင့်တယ်။

လောလောဆယ်မှာတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ကြိုတင် ဝေဖန်သုံးသပ်တာတွေ မလုပ်လိုပါဘူး။

ကိုဝင်းမင်း

(မြန်မာ့အရေး လေ့လာသူ)

အရင်တခု ရှိပြီးသားမှာ နောက်တခု ပေါ်လာမယ်ဆိုရင်တော့ ပြောရမယ်ဆိုရင်တော့ စိုးရိမ်စရာတော့ အမှန်ပါပဲ။ အတိုက်အခံ အသိုင်းအ၀ိုင်းမှာ ဒီလိုဖြစ်နေတယ်ဆိုတာ အထူးသဖြင့်ကတော့ နိုင်ငံတကာ အသိုင်းအ၀ိုင်းမှာ စိုးရိမ်စရာတွေ ဖြစ်လာပါမယ်။

သူတို့ (နအဖ) အနေနဲ့ကတော့ မညီညွှတ်အောင် ပိုပြီး ဖြစ်စေချင်တဲ့ သဘောမျိုး ရှိတာပေါ့နော်။ မြန်မာအစိုးရရဲ့ သဘာဝကတော့ တဖက်လှည့်နည်းမျိုးနဲ့ အုပ်ချုပ်လေ့ရှိတာကိုး။ နောက် ရှိသမျှအဖွဲ့တွေ ခွဲပြီးတော့ သူက အားနည်းသွားအောင် လုပ်ခြင်းအားဖြင့် သူက အုပ်ချုပ်တာဆိုတော့ ညီညွှတ်ရေးကွဲပြားမှုကို သူက လိုလားတာပေါ့။

၂၀၁၀ မှာ နအဖက ရွေးကောက်ပွဲလုပ်ပြီးလို့ရှိရင် နိုင်ငံတကာက ထောက်ခံမှု ရအောင်လို့ သူက ကြိုးစားမှာကိုး။ အဲဒါကို တန်ပြန်တဲ့အနေနဲ့ စင်ပြိုင်အစိုးရကို ဖွဲ့ပြီးတော့ နိုင်ငံတကာမှာ လက်ရှိ မြန်မာအစိုးရကို မထောက်ခံဖို့ အဲဒီအတွက် သူတို့က ရည်ရွယ်ပြီးတော့ ဖွဲ့တယ်ဆိုရင်တော့ ကျနော်ထင်တယ် အချိန်ကာလ အားဖြင့်ဆိုရင် မှန်တဲ့သဘောကို ဆောင်တယ်ပေါ့နော်။

http://www.mizzimaburmese.com/interview/2232-2009-01-07-14-02-22.html

မှတ်ချက်။  မဇ္ဈိမသို့ ဝင်ဖတ်၍ မရနိုင်သူများအတွက် အပြည့်အစုံ ဖော်ပြပေးပါသည်။

Written by Lwin Aung Soe

January 7, 2009 at 3:25 pm

၂ဝဝ၉ ခုနှစ် နိုင်ငံရေးကို ဒီလိုမြင်ကြ၊ ဆန္ဒပြုကြသည်

leave a comment »

မဇ္ဈိမ သတင်းဌာန

အင်တာဗျူး

မဇ္ဈိမသတင်းဌာန

ဗုဒ္ဓဟူးနေ့၊ ဇန်နဝါရီလ 07 2009 15:19 – မြန်မာစံတော်ချိန်

၂၀၀၉ ခုနှစ် မြန်မာ့နိုင်ငံရေး အခင်းအကျင်းသည် အပြောင်းအလဲများ ဖြစ်လာမည်လား၊ ဆက်လက်၍ ဖိနှိပ်မှုများ တည်ရှိနေမည်လား၊ မြန်မာစစ်အစိုးရက ၂၀၁၀ ရွေးကောက်ပွဲအတွက် ဘယ်လို ခြေလှမ်းမျိုးဖြင့် သွားမှာလဲ၊ အာဏာခွဲရေး အလားအလာများ ဖန်တီးဖို့ အတိုက်အခံ အင်အားစုများ စုပေါင်းအားထုတ်ဖွယ်ရာ အခြေအနေနှင့် ပြင်ဆင်မှုများ ပေါ်ပေါက်နေမှာလား – အစရှိတဲ့ မေးခွန်းများနှင့် ပြည်တွင်းပြည်ပ နိုင်ငံရေးအင်အားစု အချို့ထံ မဇ္ဈိမသတင်းထောက် ဆလိုင်းပီပီက ဆက်သွယ် မေးမြန်းထားသည်များကို တင်ပြလိုက်ပါသည်။

သခင်ချန်ထွန်း

သခင်ချန်ထွန်းသခင်ချန်ထွန်း

၂၀၀၉ ခုနှစ် နှစ်သစ်မှာ ဘယ်လိုအပြောင်းအလဲမျိုး ဖြစ်လာမလဲလို့မေးတော့ ဖြေရမှာပေါ့။ အေး ဘဘအနေနဲ့တော့ ဘာမှာ အပြောင်းအလဲ ဖြစ်လာလိမ့်မယ်လို့ မထင်ဘူး။ သို့သော်လည်း မမြင်နိုင်တဲ့ ဖြစ်ခြင်းသဘောဆိုတာ ရှိတဲ့အတိုင်း၊ နေ့မြင် ညပျောက်ဆိုတဲ့ သဘောတွေ ရှိတယ်လေ။

မမျှော်မှန်းနိုင်ဘဲနဲ့ ဖြစ်သွားနိုင်တာတွေတော့ ဖြစ်နိုင်တာပေါ့။ သို့သော်လည်း အပေါ်ယံအနေနဲ့ ကြည့်လို့ရှိရင်တော့ ဘာမှ ပြောင်းလဲနိုင်ဖို့ မရှိဘူး၊ မမြင်ဘူး။ သဘောထားက လက်ရှိ နိုင်ငံတော် အေးချမ်းသာယာရေး ကောင်စီရဲ့ သဘောထားက အင်မတန် တင်းမာတဲ့သဘော၊ တွေ့ဆုံဆွေးနွေးပါဆိုတဲ့ ကမ္ဘာ့ကုလသမဂ္ဂနဲ့တကွ နိုင်ငံတကာက မေတ္တာရပ်ခံတယ်။ အကုန်လုံး ပြောကြပေမယ့် ဒါကို လုံးဝ ဂရုမစိုက်ဘူး။

ကိုယ့်အလုပ် ကိုယ်လုပ်သွားမယ်ဆိုပြီးတော့ လမ်းစဉ် ၇ ချက်ကိုပဲ လုပ်နေတယ်။ အဲဒါ အလကား ရှင်းရှင်းလေးပဲ လုပ်နေတယ်။ ဒီအတိုင်းသာ ဆိုလို့ရှိရင်တော့ ဘာမှ ပြောင်းလဲလာစရာမရှိဘူး။ သို့သော်လည်း မမြင်နိုင်တဲ့ ကိစ္စတွေကလည်း အများကြီး မပေါ်ပေါက်ဘူးလို့လည်း မပြောနိုင်ဘူး။ ကံ ကံ၏ အကျိုးဆိုတာ ရုတ်တရက် ဖြစ်တတ်တယ်။ ရိုးရိုး သာမန်ဆိုလို့ရှိရင် ဘာမှ ပြောင်းလဲမှု မရှိဘူး။ ရုတ်တရက် မမြင်နိုင်တဲ့ အရာဝတ္ထုတွေက ပြောင်းလဲမှုရှိရင်တော့ ဖြစ်လာနိုင်တယ်။ သာမန်အားဖြင့်တော့ ပြောင်းလဲမှု မရှိနိုင်ဘူးလို့ ဒီလိုပဲ မြင်တယ်။

အကောင်းဘက် အပြောင်းအလဲကို ဦးတည်တဲ့သဘောကို ပြောတာပါ။  ဒီမိုကရေစီကို တကယ်စစ်စစ် အစိုးရက တည်ထောင်ပေးဖို့ သဘောတွေပြောတာပါ။ နောက် ဆွေးနွေးဖို့ကိစ္စတွေမှာ ပေါ်မလာနိုင်ဘူး ယူဆတယ်။ ဘာမှ ဖြစ်ဖို့တော့ အကြောင်းမရှိဘူးပေါ့။ လူတွေက တဖြေးဖြေး ကျပ်ကျပ်လာတယ်။ နည်းနည်းလေး မထလိုက်နဲ့ ဖမ်းဖို့ဆီးဖို့ လုပ်နေတာကိုး။

ဖမ်းဖို့ဆီးဖို့ လုပ်နေတဲ့အပြင် ကျန်ရစ်တဲ့ မိသားစုတွေ ဒုက္ခရောက်အောင် အင်မတန် ဝေးလံတဲ့ နေရာဒေသတွေကို တခါထဲ ပို့ပစ်တာတွေရှိတော့၊ နည်းနည်းလေး မထလိုက်နဲ့ ထလိုက်ရင် ဖမ်းတဲ့ အတွက်ကြောင့် ပြဿနာက သိပ်ပြီးတော့ ကြီးကြီးကျယ်ကျယ် ပေါ်ဖို့ သိပ်မရှိဘူး။ NLD က အစည်းအဝေးတွေ လုပ်နေတယ်။ အဲဒီကို လာတက်တဲ့ လူငယ်တွေထဲက တက်ကြွတဲ့ လူငယ်တွေက ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ဆိုင်းဘုတ်လေးတွေ ကိုင်ပြီးတော့ ၇ ယောက်စ၊ ၈ ယောက်စ သွားရင် ဒီလူတွေ ဖမ်းနေတာပဲ။

၂၀၀၈ မှာတောင် ဆိုးတာ၊ ၂၀၀၉ မှာဆိုရင် အဲဒီ ခြေရာအတိုင်း နင်းမှာပေါ့။ အဲဒီထက် ဘယ်လျော့ပါ့မလဲ။ ၂၀၀၈ ခုနှစ်ထက် ပိုမလျော့နိုင်ဘူးလို့ မြင်တယ်။ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပါ၊ ဒီမိုကရေစီကို ပေးပါဆိုတဲ့ ဆိုင်းဘုတ်လေးကိုင်ပြီး သွားတာလာတာ ရှိတာပဲ၊  အဲဒါကို ဖမ်းနေတာ။ ၂၀၀၉ ခုနှစ်မှာလည်း အဲဒီလို လုပ်လာရင် ဒီလိုပဲ ၂၀၀၈ ခုမှာ ဖမ်းသလိုပဲ ဖမ်းမှာပဲလို့ မြင်တယ်။ လူငယ် တော်တော်များများ လုပ်ရဲကိုင်ရဲတဲ့ လူတွေလည်း အကုန်လုံးက ထောင်ထဲမှာ တော်တော်များများ ရောက်နေပြီ။ နယ်တွေမှာဆို ဘာမှ မလှန်နိုင်ဘူး။ မြို့နယ်တွေမှာဆိုရင် ဘာမှ မလုပ်နိုင်ဘူး။ ရန်ကုန်နဲ့ မန္တလေးလောက်ပဲ ရှိတာ။ အခု မန္တလေးမြို့တောင်ပဲ အခု သိပ်မလုပ်နိုင်တော့ဘူး။  ရန်ကုန်တခုပဲ ရှိတာ။

ရန်ကုန်တခုမှာတောင် နည်းနည်းလေး ကြံ့ခိုင်ရေးတို့၊ စွမ်းအားရှင်တို့ဘာတို့ လူတွေနဲ့ အရပ်ဝတ် အရပ်စားတွေနဲ့ အကုန်လုံး ဖမ်းတာတောင် ရိုက်နှက်ဖမ်းတာ ဖြစ်တယ်။ အတော်ကို ကြမ်းကြမ်းတမ်းတမ်း ဖမ်းတဲ့သဘော ရှိတယ်။ တွေ့နေရတယ်၊ မြင်နေရတယ်၊ ကြားနေရတယ်။ ဒီဟာကြောင့်မို့လို့ ၂၀၀၉ ခုနှစ် အတွင်းမှာလည်း အလားတူ သိပ်ပြီးတော့ အပြောင်းအလဲတွေ ရှိလာနိုင်မှာ မဟုတ်သလို၊ တွေ့ဆုံဆွေးနွေးပွဲတွေဆိုတဲ့ ကိစ္စတွေ ပေါ်ပေါက်လာမယ်လို့တော့ မယူဆဘူး။

တခုတော့ ရှိတယ်။ အပြောင်းအလဲတွေ မရှိဘူးလို့လည်း မပြောနိုင်ဘူး။ အားလုံးက မမြင်နိုင်တဲ့ အရာတွေ ဖြစ်နေတယ်။ အဲဒါမျိုးတွေက ရုတ်တရက် အပြောင်းအလဲဆိုတာတွေ ဒီပြင်နိုင်ငံတွေမှာလည်း ဖြစ်ပေါ်တတ်တယ်။ ဒီပြင်နိုင်ငံတွေမှာလည်း ဒါမျိုးတွေ ဖြစ်တတ်တာ ကြားဖူးတာပဲ။ မြန်မာပြည်မှာလည်း အဲဒါမျိုး သဘောတွေ ဖြစ်ချင်လည်း ဖြစ်နိုင်တာပေါ့လေ။ ဒါတွေကတော့ ဖြစ်တတ်တဲ့ သဘောတွေကို ပြောတာပါ။ ဖြစ်လည်းဖြစ်နိုင်တယ်။ ဖြစ်တတ်တဲ့ သဘောလည်းရှိတယ်။ ကမ္ဘာမှာ ဒီပြင်နိုင်ငံတွေကို ကြည့်ပြီးတော့ ပြောတဲ့သဘောပေါ့။ ဥပမာအားဖြင့် အင်ဒိုနီးရှားတို့လို၊ ဖိလစ်ပိုင်တို့လို၊ ထိုင်းနိုင်ငံတို့လိုပေါ့။ တကယ့်နိုင်ငံရေး အခြေအနေတွေက မမြင်နိုင်ဘူး။

နှစ်သစ်ဆုတောင်း

မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံး ကျန်းမာချမ်းသာ၍ ကိုယ်၏ ကျန်းမာခြင်း၊ စိတ်၏ ချမ်းသာခြင်းများနဲ့ ပြည့်ပြီးတော့ လိုလားတောင့်တနေတဲ့ ဒီမိုကရေစီ အစိုးရကြီး ပေါ်ပေါက်လာပြီး ဆောင်ရွက်နိုင်ကြပါစေလို့ ဒီလိုပဲ ဆုတောင်းပါတယ်။

ဦးအေးသာအောင်

အတွင်းရေးမှူး
ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ – စီအာပီပီ

၂၀၀၉ မြန်မာ့နိုင်ငံရေး အပြောင်းအလဲ မျှော်လင့်ချက်

ဦးအေးသာအောင်ဦးအေးသာအောင်

အဓိကပြောရမယ်ဆိုရင် အနှစ် ၂၀ ကျော် နိုင်ငံရေးပါတီတွေ၊ တိုင်းရင်းသား အင်အားစုတွေ ဖြတ်သန်းလာခဲ့တဲ့ အနှစ် ၂၀ ကျော်ရဲ့ ခရီး၊ အထူးသဖြင့် အနီးစပ်ဆုံး ၂၀၀၈ ခုနှစ်ရဲ့ အကြွေးကျန်တွေကို သုံးသပ်ပြီးတော့ ပြောရမယ်ဆိုရင်၊ ၂၀၀၉ ခုနှစ်မှာ တိုင်းရင်းသားများ၊ နိုင်ငံရေးပါတီများ၊ နိုင်ငံရေးလှုပ်ရှားသူများရဲ့ မျှော်လင့်ချက်၊ မျှော်မှန်းထားတဲ့ အနေအထားမျိုးတွေဟာ သိပ်ပြီးတော့ မျှော်လင့်နိုင်မယ့် အနေအထား မရှိဘူးလို့ဘဲ တိုတိုတုတ်တုတ် ပြောရမယ်။

ဘာကြောင့်လို့လဲဆိုတော့ အနှစ် ၂၀ ကျော်ခရီးကို ဖြတ်သန်းလာတဲ့အခါမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ ဒီမိုကရေစီ အခွင့်အရေးတွေကို ပိတ်ပင်ဟန့်တားမှုတွေ၊ ပြီးတော့ ဖိနှိပ်မှုတွေ၊ ညှဉ်းပန်းမှုတွေ၊ ထောင်တွင်း အကျဉ်းချမှုတွေနဲ့ပဲ လွှမ်းမိုးနေပြီးတော့ အထူးသဖြင့် ၂၀၀၈ ခုနှစ် ဒီဘက်မှာတော့ နိုင်ငံရေးလှုပ်ရှားမှုတွေ များလာသော်လည်း ကျောင်းသားခေါင်းဆောင်တွေကို နှစ်ရှည်ထောင်ဒဏ်တွေကိုချ၊ ဝေးလံတဲ့ ဒေသတွေကို ရွှေ့ပြီးတော့ မိသားစုတွေဟာ ဒုက္ခအဖုံဖုံ ကြုံတွေ့ရတဲ့ ဖြစ်ရပ်တွေကို ကြည့်မယ်ဆိုရင် အထူးသဖြင့် ကျနော်တို့မျှော်လင့်တာက နအဖ အာဏာပိုင်များနဲ့  ဒီမိုကရေစီအင်အားစုတွေ၊ တိုင်းရင်းသား အင်အားစုတွေဟာ တစတစ တယောက်နဲ့တယောက် ယုံကြည်မှုကို တည်ဆောက်ပြီးတော့၊ နားလည်မှုတွေ ရပြီးတော့၊ ဆွေးနွေးပြီးတော့၊ အမျိုးသား အကျိုးကို ပူးပေါင်းလက်တွဲပြီးတော့ ဆောင်ရွက်နိုင်ခဲ့မယ်လို့ မျှော်လင့်ခဲ့တယ်။

ဒါပေမဲ့ ၂၀၀၈ ခုနှစ်မှာ အာဏာပိုင်များက အစွမ်းကုန်လုပ်ပြလိုက်တဲ့ စောစောတုန်းကပြောတဲ့ လုပ်ရပ်တွေကို ကြည့်မယ်ဆိုရင် ၂၀၀၉ ခုနှစ်မှာလည်း ဒီမိုကရေစီအင်အားစုတွေ၊ တိုင်းရင်းသား အင်အားစုတွေ မျှော်လင့်တဲ့ ဒီမိုကရေစီနိုင်ငံ ဖြစ်ပေါ်ဖို့၊ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးတွေကို ဖော်ဆောင်ဖို့ဆိုတာဟာ ခက်ခက်ခဲခဲနဲ့ပဲ ဆက်လက်ပြီးတော့ ကြိုးပမ်းရအုံးမယ်။ ၂၀၀၈ ခုနှစ်ထက်တောင် ကြမ်းတမ်းတဲ့၊ ခက်ခဲတဲ့ အနေအထားမျိုးနဲ့ပဲ ရပ်တည်ကြိုးပမ်း ဆောင်ရွက်ရအုံးမယ်လို့ ကျနော် မြင်ပါတယ်။

၂၀၀၉ ခုနှစ် နအဖ ခြေလှမ်း

နအဖ ရဲ့ အနေအထားကတော့ တဖက်မှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အပါအ၀င် တိုင်းရင်းသား ပါတီများရဲ့ အထူးသဖြင့် တိုင်းရင်းသား ငြိမ်းအဖွဲ့တွေ၊ လက်နက်ကိုင်အဖွဲ့တွေကိုရော ဒီမိုကရေစီ အင်အားစုများက အကြိမ်ကြိမ် တိုက်တွန်းနေတဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို တည်ဆောက်ပြီးတော့ တွေ့ဆုံဆွေးနွေးရာကနေ ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံကို တည်ဆောက်ဖို့ တိုက်တွန်းနေသော်လည်းပဲ ဒါတွေကို လျစ်လျူရှု တဖက်သတ် ချထားတဲ့ လုပ်ငန်းစဉ်ကိုပဲ မဖြစ်မနေ သူ ဆက်သွားမယ်လို့ ကျနော်တို့ မျှော်လင့်တယ်။

ဒါက ဘာလဲဆိုရင် စောစောကပြောတဲ့ Road Map ၊ ပြီးတော့ ၂၀၁၀ ရွေးကောက်ပွဲကိုလည်းပဲ ဘယ်လိုပဲ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတွေကို ပြန်ပြင်ဖို့ တောင်းဆိုနေလင့်ကစား ကျနော်ကတော့ သူတို့ လုပ်ချင်တဲ့ အလုပ်တွေကိုပဲ ဆက်လုပ်သွားလိမ့်မယ်လို့ ယူဆတယ်။ အဲလိုလုပ်တဲ့အခါမှာ တဖက်မှာရှိတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အပါအ၀င် တိုင်းရင်းသား နိုင်ငံရေးပါတီများနဲ့ တိုင်းရင်းသား အဖွဲ့စည်းများအနေနဲ့ နအဖ ရဲ့ တဖက်သတ် လုပ်ရပ်နဲ့ ဇွတ်လုပ်သွားတဲ့ လုပ်ငန်းစဉ်တွေအပေါ်မှာ ပူးပေါင်းဆောင်ရွက်ဖို့သော်လည်းကောင်း၊ သူလုပ်သမျှကို လိုက်လုပ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။

မဖြစ်နိုင်တဲ့အတွက်ကြောင့် နိုင်ငံရေးပါတီတွေအနေနဲ့ သူယုံကြည်ရာကို လိုက်ပြီးတော့ တဖက်မှာလည်း ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဒီမိုကရေစီနိုင်ငံဖြစ်ဖို့ တိုင်းရင်းသားတွေ အခွင့်အရေးတွေရဖို့အတွက် ကြိုးပမ်းဆောင်ရွက်တဲ့ ဆန့်ကျင်ဘက် လုပ်ငန်းတွေဟာလည်း ဆက်လက်ပြီးတော့ ရှိနေအုံးမယ်လို့ ကျနော့်အနေနဲ့ မြင်ပါတယ်။

နှစ်သစ် တိုက်တွန်းချက်

အထူးသဖြင့် ၂၀၀၈ ခုနှစ်မှာ နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေးလှုပ်ရှားသူတွေ၊ လူ့အခွင့်အရေးအတွက် ကြိုးပမ်းလှုပ်ရှားသူတွေဟာ သံဃာတော်များ အပါအ၀င် မကြုံစဖူး နှစ်ရှည်ထောင်ဒဏ်တွေချ၊ မိသားစုတွေပါ အတိဒုက္ခကြုံခဲ့ရတယ်။ သဘာဝဘေးအန္တရယ် အားဖြင့်ဆိုရင်လည်း နာဂစ် လေမုန်တိုင်း ဒဏ်တွေလည်း တခါ မကြုံဖူးတဲ့ လူပေါင်း သိန်းကျော် သေဆုံးခဲ့ရတယ်။ အခုထက်ထိ ပြန်လည်ထူထောင်ရေးနဲ့တကွ အဲဒီဒုက္ခကနေ နလန်ပြန်ထူလာနိုင်အောင် ကြိုးပမ်းနေရတဲ့ ဒုက္ခအ၀၀တွေကလည်း ရှိနေသေးတယ်။

အဲဒီအပြင် လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ ဟန့်တားမှုတွေ၊ ပိတ်ပင်မှုတွေနဲ့အတူ အခု ကမ္တာ့စီးပွားရေးကပ်ရဲ့ ရိုက်ခတ်မှုတွေဟာ အိမ်နီးချင်းနိုင်ငံတွေကနေတဆင့် မြန်မာနိုင်ငံကို ရောက်လာတယ်။ အဲလိုရောက်လာတဲ့ ကပ်ဆိုး ဘေးအန္တရာယ်တွေဟာလည်း ဒီ ၂၀၀၉ ခုနှစ်မှာ ပြည်သူတွေမှာ အဆိုးဝါးဆုံး ခံစားနိုင်ပါတယ်။ ဒါကြောင့် ဒီဘေးအန္တရာယ်အပေါင်းကနေ လွတ်မြောက်ဖို့အတွက် မိမိတို့အခွင့်အရေးကို မိမိတို့ရဲ့ သဘာဝ ဘေးအန္တရာယ်ကို ကာကွယ်နိုင်ဖို့ အတတ်နိုင်ဆုံး စုပေါင်းလက်တွဲပြီးတော့ လုပ်ကိုင်ကြပါလို့ တိုက်တွန်းလိုက်ပါတယ်။

ဦးညိုအုန်းမြင့်

နိုင်ငံခြားရေးရာတာဝန်ခံ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ)

ဦးညုအုန်းမြင့်ဦးညိုအုန်းမြင့်

ကျနော့်အနေနဲ့ကတော့ နအဖဘက်ကတော့ ခေါင်းမာဖို့ အလားအလာများပါတယ်။ နအဖဘက်က ပိုပြီး တင်းကျပ်တဲ့၊ ပိုပြီးတော့ ပြင်းထန်တဲ့ ၂၀၁၀ မှာ ရွေးကောက်ပွဲလုပ်မယ်လို့ ကြေညာထားတဲ့အတွက် သူတို့အတွက် အသက်သာဆုံး၊ အကောင်းဆုံးဖြစ်တဲ့ နိုင်ငံရေးအခင်းအကျင်းတခုကို သူတို့ဖန်တီးတဲ့နေရာမှာ ဖမ်းတာပဲဖြစ်ဖြစ်၊ ထိန်းသိမ်းတာပဲဖြစ်ဖြစ် နိုင်ငံရေး အကျဉ်းသားတွေကို ပိုဒုက္ခရောက်အောင် သူတို့ လုပ်လာမယ်လို့ ထင်တယ်။

အခု နအဖရဲ့ စီးပွားရေးကလည်း ကမ္တာ့စီးပွားရေး ဆုတ်ရုတ်မှုတွေက တိုက်ရိုက် မသက်ဆိုင်ပေမယ့် ဗမာပြည်က တင်ပို့တဲ့ ကုန်ပစ္စည်းတွေအပေါ်မှာ အခက်အခဲတွေ အများကြီးဖြစ်လာတဲ့အခါမှာ ပြည်သူတွေမှာ အင်မတန် ကျပ်တည်းနိုင်တဲ့ အနေအထားမှာ ကျနော် တွေ့ပါတယ်။ ကျနော်တို့ ပြည်တွင်းမှာရှိတဲ့ နိုင်ငံရေး အဖွဲ့အစည်း အသိုင်းအ၀ိုင်းတွေမှာလည်း အားနဲနေပါတယ်။ အားနဲအောင်လည်း နအဖက နည်းမျိုးစုံနဲ့ ဖန်တီးထားတယ်။ မြန်မာပြည်ထဲမှာ အင်အားချို့တဲ့နေတယ်။ အတိုက်အခံတွေအနေနဲ့ စည်းရုံးနိုင်တဲ့ အနေအထားမရှိဘူး၊ အဲလိုအနေအထားမှာ နအဖ အခွင့်ကောင်းယူလာဖို့ အခြေအနေရှိပါတယ်။

ကျနော်တို့ အပြင်ဘက်ကတော့ နအဖ ကနေ အခွင့်ကောင်းယူလို့ မရအောင် အတတ်နိုင်ဆုံး ကြိုးစားသွားမှာပါ။ အဲလိုတော့ ကျနော်မြင်ပါတယ်။

ဘာလုပ်ကြမလဲ

အဓိကတော့ ကျနော်တို့ အပြင်မှာရှိနေတဲ့ သူတွေက ပြည်တွင်းမှာ လူထုအုံကြွမှုဖြစ်ပါလို့ ပြောတာထက်စာရင်၊ ပြည်တွင်းထဲမှာ အမျိုးသား ရင်ကြားစေ့ရေးဆိုတာထက် အာဏာခွဲဝေတဲ့ အလားအလာ တခုဖြစ်လာအောင် ကျနော်တို့ ဖန်တီးရမှာ ဖြစ်ပါတယ်။ အဲလို သံတမန်နည်းနဲ့လည်း ဖြေရှင်းလို့ မရပါဘူး။ ယူအန် (UN) ကိုလည်း ထိုင်စောင့်နေလို့ မရဘူး။ ကျနော်တို့ ကိုယ်ပိုင်လုပ်ဆောင်မှုသာ လိုပါတယ်။

ကျနော်တို့ ပွင့်ပွင့်လင်းလင်းပြောရရင် တရုတ်နိုင်ငံက စီးပွားရေး ပျက်ကပ်ကြောင့် နအဖအတွက် အကျပ်အတည်းတခုလို့လည်း ပြောလို့ရပါတယ်။ ထိုင်းနိုင်ငံမှာရှိတဲ့ နိုင်ငံရေးအပြောင်းအလဲက ဗမာပြည်ရဲ့ ဒီမိုကရေစီအတွက် တဖက်တလမ်းကနေ အကျိုးရှိလာမယ်လို့ ကျနော်မြင်တယ်။

နအဖ အတွက်က အရင် ထိုင်းနိုင်ငံအစိုးရလို အခုလက်ရှိ အစိုးရကနေ စစ်အစိုးရကို ကာကွယ်ပေးလိမ့်မယ်လို့တော့ မထင်ဘူး။ အဲဒီလိုအနေအထားကို ပြန်ကြည့်မယ်ဆိုရင် ကျနော်တို့အတွက် အားရှိစေတယ်။ အဲဒီအချက်ကို ကျနော်တို့ အကောင်းဆုံး အသုံးချနိုင်ဖို့ လိုပါတယ်။ အဲဒီအတွက်ကြောင့်လည်း ခုနပြောတဲ့ တရုတ်ပြည်အနေနဲ့လည်း နအဖ တယောက်ထဲနဲ့ ဖွံ့ဖြိုးတိုးတက်ရေးလုပ်လို့ မရဘူးဆိုတာ သဘောပေါက်ပြီ ထင်ပါတယ်။ တိုင်းပြည်မှာ တည်ငြိမ်အေးချမ်းမှုရှိဖို့ဆိုတာ သူ့ရဲ့ မဟာဗျူဟာ စဉ်းစားချက်တခု ဖြစ်တယ်။

အဲဒီတော့ လက်ရှိအစိုးရက ဆက်ပြီး တည်ငြိမ်အောင် ထိန်းထားနိုင်မလားဆိုတဲ့ မေးခွန်းကို တရုတ်ပြည်ကို တင်ပြဖို့လည်း ဖြစ်ပါတယ်။ ဒီအချိန်မှာ ဒေသအတွင်းမှာရှိတဲ့ နိုင်ငံတွေက မြန်မာနိုင်ငံဟာ ဒေသတွင်းရဲ့ ခြိမ်းခြောက်မှုတခုလို့ သူတို့ စိတ်ထဲမှာ တရားဝင် ဖွင့်မပြောပေမယ့် တရားမ၀င် ပြောလာတဲ့ အချက်တွေ ရှိပါတယ်။ အဲဒီအချက်တွေကို ကျနော်တို့ အသုံးချပြီးတော့ ခုန ပိုပြီးတော့ Collective ဖြစ်တဲ့၊ ပိုပြီး Unify ဖြစ်တဲ့၊ ဒီမိုကရက်တစ် လှုပ်ရှားမှုတခု ရှိဖို့လိုမယ်လို့ ထင်ပါတယ်။ အဲလိုဖြစ်အောင်လည်း ကျနော်တို့ ကြိုးစားသွားပါမယ်။

ကျနော်တို့က ပြည်သူလူထုရဲ့ အစေခံဖြစ်ပါတယ်။ လူထုတွေ သိပ်ဒုက္ခရောက်နေတဲ့ အချိန်မျိုးမှာ ဒီလို စစ်ကျွန်ဘ၀ လွတ်အောင် အဓိက ကျနော်တို့ ဖြစ်ရမှာက တန်းတူညီမျှမှုပေါ့။ တိုင်းရင်းသားတွေ အားလုံး ၀ိုင်းပြီးတော့ နအဖ ကို ကျနော်တို့ စိန်ခေါ်နိုင်မှသာလျှင် ကျနော်တို့ တကယ်လိုချင်တဲ့ ဒီမိုကရေစီ၊ ဘယ်သူ့မှ ကြောက်စရာမရှိဘဲ လွတ်လွတ်လပ်လပ် နေနိုင်ရမယ်၊ လွတ်လွတ်လပ်လပ် ရှာဖွေစားသောက်နိုင်ရမယ့် အနေအထားမျိုးကို ကျနော်တို့ အားလုံး လုပ်မှ ဖြစ်ပါမယ်။ တယောက်ထဲ လုပ်လို့ မရပါဘူးလို့ ကျနော် ပြောချင်ပါတယ်။

ဦးဉာဏ်ဝင်း

ပြောခွင့်ရပုဂ္ဂိုလ်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

ဦးဉာဏ်ဝင်းဦးဉာဏ်ဝင်း

ကျနော်တို့ ၂၀၀၉ ခုနှစ်မှာ နိုင်ငံရေး အပြောင်းအလဲ၊ ဒီမိုကရေစီအပြောင်းအလဲ ဆိုတာနဲ့ပတ်သက်ရင် အခုချိန်ထိတော့ လက္ခဏာ မတွေ့ပါဘူး။ ကျနော်တို့ အဖွဲ့ချုပ်အနေနဲ့ အဓိက တောင်းဆိုထားတဲ့ ကြေညာချက်အမှတ် ၁၈ ထဲမှာ ပြည်သူ့လွှတ်တော်ခေါ်ပြီးတော့ ကျနော်တို့ ပြည်သူ့လွှတ်တော်ကနေပြီးတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေ Review ကော်မတီဖွဲ့မယ်။ Review ကော်မတီက ၆ လအတွင်း ပြီးအောင်လုပ်မယ်။ ဒါဟာ ကျနော်တို့ တိုင်းပြည်နဲ့ ပြည်သူလူထုအတွက် အကောင်းဆုံးလို့ ကျနော်တို့ ယူဆရတဲ့အတွက် ဒါကို တောင်းဆိုထားတယ်။ ဒီတောင်းဆိုချက်က အခုချိန်ထိတော့ တုံ့ပြန်တာမရှိပါဘူး။ သို့သော်လည်းပဲ ဒီဟာက ပြည်သူလူထုရဲ့ ဆန္ဒနဲ့ အညီဖြစ်တယ်လို့ ယုံကြည်ယူဆတဲ့အတွက် ကျနော်တို့ ဒီအပေါ်မှာ မျှော်လင့်ပါတယ်။ ပြည်သူလူထုရဲ့ ဆန္ဒကိုလိုက်လျောမယ်လို့ မျှော်လင့်ပါတယ်။ ကျနော်တို့ တောင်းဆိုတာက NLD အတွက် တောင်းဆိုတာ မဟုတ်ဘူး။  ပြည်သူလူထုနဲ့ တိုင်းပြည်အတွက် ဖြစ်ပါတယ်။

ကျနော်တို့က ဘယ်မှာပဲဖြစ်ဖြစ် ပြည်သူ့ဆန္ဒသည်သာ အဓိကလို့ ကျနော်တို့က ဒီမိုကရေစီသမားတွေပီပီ ကျနော်တို့ ယုံကြည်တယ်။ အဲဒီယုံကြည်ချက်ကြောင့် ကျနော်တို့ မျှော်လင့်တာပါ။ ခုန ကျနော် ပြောပါတယ်။ လက္ခဏာ တုံ့ပြန်တာတွေတွေ့လို့ ကျနော်တို့ ပြောနေတာ မဟုတ်ဘူး။ မတွေ့ပေမယ့် ပြည်သူ့ဆန္ဒဟာ ထိပ်မှာဖြစ်နေတဲ့အတွက် ဒီလိုဖြစ်လာရမယ်လို့ ကျနော်တို့ ယုံကြည်တာဖြစ်ပါတယ်။

နိုင်ငံရေးအရ ကျနော်တို့ ဖြစ်စေချင်တာက ကြေညာချက် အမှတ် ၁၈ ပါပဲ။ စောစောက ကျနော်ပြောသလိုပါပဲ။ ပြည်သူ့လွှတ်တော်ခေါ်ပေး၊ ပြည်သူ့လွှတ်တော်ကနေ Review committee ဖွဲ့၊ အားလုံး ပါဝင်တဲ့ Review ကော်မတီဖွဲ့၊ အဲဒါကနေ အဲဒါကိုလည်း အချိန်အကန့်အသတ်လုပ်၊ ဒါ ကျနော်တို့ ဖြစ်စေချင်တာပါ။

နှစ်သစ် သတင်းစကား

ပြည်သူလူထုက မိမိတို့လိုချင်တဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးထက် မိမိတို့ကိုယ်တိုင် အပြည့်အ၀ ဦးဆောင်ပါဝင်စေချင်တယ်။ ပူးပေါင်းပါဝင်ဆောင်ရွက်ဖို့ ကျနော် သတင်းစကား ပါးချင်ပါတယ်။

၂၀၁၀ ရွေးကောက်ပွဲ ပြင်ဆင်မှု

ကျနော်တို့ လုံးဝ ပြင်ဆင်မှု မလုပ်ပါဘူး။ ကျနော်တို့ လုံးဝ ဆုံးဖြတ်ထားခြင်း မရှိသေးပါဘူး။ ပြင်ဆင်တဲ့ အဖွဲ့စည်းတွေ ရှိတယ်တော့ ကြားတယ်။ ဒါပေမဲ့ အတိအကျ မသိရသေးဘူး။

စောဒေးဗစ်ထော

တွဲဘက် အထွေထွေအတွင်းရေးမှူး ၁
တိုင်းရင်းသားလူမျိုးများကောင်စီ (ပြည်ထောင်စု မြန်မာနိုင်ငံ) – အီးအန်စီ

စောဒေးဗစ်ထောစောဒေးဗစ်ထော

၂၀၀၉ ခုနှစ်ကိုကြည့်ရင် ဒီနှစ်က အရေးကြီးတဲ့နှစ်လို့ ပြောလို့ရတယ်။ ၂၀၁၀ ခုနှစ်မှာ နအဖ ရဲ့ ရွေးကောက်ပွဲ ရှိမယ်။ ကျနော်ထင်တာ ၂၀၀၉ ခုနှစ်မှာ အပြောင်းအလဲ အများကြီးရှိမယ်။ ပြင်ဆင်မှုတွေ အများကြီးရှိမယ်။ နအဖ အနေနဲ့ နိုင်ငံတကာ ထောက်ခံမှုတွေရအောင် ကြိုးစားမယ်။ နိုင်ငံတကာ ငြိုငြင်တဲ့ ဟာတွေကို သူ လျှော့တန်လျှော့မယ်။ ဒါပေမဲ့ အတိုက်အခံအင်အားစုတွေ အပေါ်မှာတော့ အခု လက်ရှိအနေအထားမှာကြည့်ရင် သူ့အနေနဲ့ လျှော့မှာမဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ နှစ်ရှည်ထောင်ဒဏ် ချတာတွေပဲကြည့်ကြည့်၊ ထောင်ထဲမှာ အကျဉ်းကျပြီးသား လူတွေကို အမှုသစ်တွေ ပြန်ဖော်ပြီးတော့ အပြစ်ပေးနေတာတွေကို ကြည့်ရင် သူ့ကို မလှန်ရဲအောင်တော့ လုပ်နေတဲ့ လုပ်ရပ်တွေကို တွေ့ရမယ်။

ပြည်သူတွေအနေနဲ့ကတော့ ကနေ့ ကမ္ဘာ့စီးပွားရေးကပ် ရိုက်ခတ်မှုတော့ ရှိမယ်။ ပြည်သူတွေအနေနဲ့ကတော့ ပိုပီးတော့ ရုန်းကန်ရလိမ့်မယ်။ ပြည်သူတွေက နီးစပ်ရာ တိုင်းပြည်တွေကိုသွားပြီး အသက်မွေးဝမ်းကျောင်း အလုပ်တွေ လုပ်လာလိမ့်မယ်။ ပြည်တွင်းမှာလဲ အစိုးရရဲ့ မတရား ကောက်ခံတဲ့ အခွန်တွေကို မပေးနိုင်တဲ့အပေါ်မှာ တော်တော်များများကတော့ ပြည်ပမှာ အလုပ်အကိုင် ရှာဖွေပြီးတော့ မိသားစုတွေကို ပြန်လည်ပံ့ပိုးပါလိမ့်မယ်။ လူလတ်တန်းစားတွေ အနေနဲ့လည်း အခုလောလောဆယ် စီးပွားရေး အမြင်နဲ့ပြောမယ်ဆိုရင် စစ်တပ်နဲ့နီးစပ်တဲ့ လူတွေတောင် သိပ်ပြီးတော့ အဆင်မပြေတဲ့ အခြေအနေ ရှိနေတယ်။ သူတို့ စီးပွားရေး အခြေအနေ တည့်မတ်ရမယ့် အခြေအနေမှာရှိတယ်။ တောင်သူလယ်သမားတွေအနေနဲ့ သီးနှံတွေ ရောင်းချမှုတွေအပေါ်မှာ အစိုးရရဲ့ အကန့်အသတ်က လွတ်မယ်ဆိုရင်တော့ သူတို့ အသက်ရှူချောင်မယ်။ တကယ်လို့ မလွတ်ရင် အခက်အခဲတွေ အများကြီးရှိမယ်။

ပညာရေးနဲ့ ပတ်သက်ပြီး ကြည့်မယ်ဆိုရင် တိုင်းပြည်မှာ ပညာရေးကတော့ တော်တော်လေးကို နောက်ကျ ကျန်ရစ်ခဲ့ပြီ။ တော်တော်များများကတော့ နိုင်ငံရပ်ခြားထွက်ပြီးတော့ သူတို့ရနိုင်တဲ့ ပညာတွေ သင်ယူမယ်။ ပြည်တွင်းမှာ ဘွဲ့ရပေမဲ့လည်း အဆင်မပြေတော့ ပြည်ပမှာပဲ။

ကိုအေးလွင်

၈၈ မျိုးဆက်သစ် ကျောင်းသားလူငယ်များအဖွဲ့ (ပြည်ထောင်စု မြန်မာနိုင်ငံ)

ကုအေးလွင်ကိုအေးလွင်

အပြောင်းအလဲအနေနဲ့တော့ အပြောင်းအလဲကို ဦးတည်တဲ့  ဖြစ်စဉ်တွေလောက်ပဲ ရှိမယ်ထင်တယ်။ နိုင်ငံရေးပါတီတွေ ထူထောင်ခွင့် ပေးတာမျိုးပေါ့ဗျာ။ အဲဒါလောက်ပဲ ရှိလိမ့်မယ်။ ကျန်တဲ့ အခြေနေမျိုးတော့ ရှိမယ် မထင်ဘူး။

ဒါတော့ ကျနော်တို့ ၂၀၁၀ မှာ ရွေးကောက်ပွဲ လုပ်မယ်ဆိုတော့ ၂၀၀၉ မှာမှ ပါတီတည်ထောင်ခွင့် မပေးရင် ကျနော်တို့ ဘာမှ လုပ်လို့ မရတော့ဘူး။၂၀၀၉ မှာ သူတို့ သေချာပေါက် ၁ လ၊ ၂ လ၊ ၃ လလောက်မှာ ဖြစ်အောင်လုပ်ပေးရမယ်ဆိုတဲ့ အနေအထားမျိုး အစိုးရမှာ တာဝန်ရှိနေပြီပေါ့။

အဲဒါကတော့ အစိုးရနဲ့ ပိုပြီး ဆိုင်လိမ့်မယ်ထင်တယ်။ ကျနော်တို့ တွက်ရမှာကတော့ နိုင်ငံရေးကိစ္စနဲ့ နိုင်ငံရေးအရ ဖြစ်ပေါ်နေတဲ့ အခြေအနေမျိုး အကောင်းဘက်ကို တိမ်းညွှတ်လာဖို့ပဲ။  တိုင်းပြည်ရဲ့ စီးပွားရေး စားဝတ်နေရေး ဘာညာကိစ္စတွေက အစိုးရရဲ့ မူဝါဒတွေနဲ့ပဲ ဆိုင်တယ်။ နိုင်ငံတကာကနေပြီးတော့ မြန်မာနိုင်ငံပေါ်မှာ ကျင့်သုံးနေတဲ့ မူဝါဒတွေနဲ့လည်း ဆိုင်လိမ့်မယ်။

အဲဒီဟာတွေက ကျနော်ထင်ပါတယ်၊ ကာယကံရှင်တွေက ပြောင်းလဲပေးရင် လက်တွေ့မှာ ကျနော်တို့ ပြည်သူတွေအတွက် အခြေအနေကောင်းလာမယ်။ ဆိုကြပါစို့၊ သမ္မတအသစ်တက်လာမယ့် အိုဘားမားလို ပုဂ္ဂိုလ်မျိုး မြန်မာနိုင်ငံကို စီးပွားပိတ်ထားမျိုးကို သူလို ပုဂ္ဂိုလ်မျိုးက ပြန်လာသုံးသပ်ပြီးတော့ သူ သမ္မတတာဝန် ထမ်းဆောင်တဲ့ အချိန်ကနေ ပြန်လည်ရုပ်သိမ်းတာမျိုး လုပ်လိုက်မယ် ဆိုလို့ရှိရင် ကျနော်တို့ တိုင်းပြည်အတွက် အများကြီးကောင်းတာပေါ့။

ကျနော်တို့လည်း အဲဒီလိုပဲ ဖြစ်စေချင်တယ်။ တယောက်နဲ့ တယောက် အကျပ်ကိုင်ပြီးတော့ အပြောင်းအလဲကို တောင်းဆိုနေတာက တိုင်းပြည်လည်း အထိနာတယ်။ ပြည်သူလူထုလည်း အကျပ်အတည်းတွေ့တယ်။ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကလည်း အလုပ်မဖြစ်ပါဘူး။ ဒါတွေလည်း နိုင်ငံရေးသမားအားလုံးလည်း သုံးသပ်နိုင်ပါတယ်။ သုံးလည်း သုံးသပ်နေကြတာပဲ။

ဒီနှစ်မှာ ကျနော်တို့က ၂၀၁၀ ရွေးကောက်ပွဲအတွက် ကျနော်တို့ ပြည်သူတွေအတွက်ရော၊ ကျနော်တို့ ဒီမိုကရေစီလိုလားတဲ့ ဒီမိုကရေစီအရေးမှာ ဆောင်ရွက်တဲ့ နိုင်ငံရေးသမားတွေအတွက်ရော ဒီအခြေအနေဟာ ကျနော်တို့ မဖြစ်မနေ ၂၀၁၀ အတွက် ကြိုတင်ပြင်ဆင်ပြီးတော့ အကောင်းဆုံး နိုင်ငံရေး အခင်းအကျင်းတွေ ဆောင်ရွက်ကြရမှာပေါ့။ အဲဒီလို ဆောင်ရွက်တဲ့နေရာမှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဖြစ်ပေါ်လာမယ့် ၂၀၁၀ ရွေးကောက်ပွဲရလဒ်ကို အကောင်အထည်ဖော်ပေးရမှာက လက်ရှိ နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေး အစိုးရ ဖြစ်တယ်။

သူတို့ အကောင်အထည် ဖော်ပေးရမယ့် ပုဂ္ဂိုလ်တွေကိုလည်း ကျနော်တို့က  ဒီ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး၊ မဟာဗျူဟာမြောက် လုပ်ဘော်ကိုင်ဘက်တွေလို သဘောထားပြီး ကျနော်တို့ဘက်ကလည်း ကြည့်မယ်။ သူတို့ အနေနဲ့လည်း သူတို့ တာဝန်ယူထားတဲ့ အသွင်ကူးပြောင်းရေး တာဝန်တွေကို နိုင်ငံရေးလောကထဲက လူတွေ နိုင်ငံရေး လုပ်စကိုင်စရှိတဲ့ အခြေအနေမျိုး၊ ပြည်သူတွေဆိုလို့ရှိရင် ပြည်သူလူထုရဲ့ ဒီမိုကရေစီအရေးကို ရှေးရှုတဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို အပြန်အလှန် အသိအမှတ်ပြုပြီးတော့ နားလည်မှုရှိရှိနဲ့ လက်တွဲညီညီ ပူးပေါင်းဆောင်ရွက်မယ်ဆိုရင် ကျနော်တို့ တိုင်းပြည်အတွက် ၂၀၀၉ ဟာ ၂၀၁၀ အတွက် အောင်မြင်တဲ့ ကောင်းမွန်တဲ့ အခင်းအကျင်းတခုပေါ့ နိုင်ငံရေးရပ်တည်မှု ဖြစ်လာနိုင်တယ်။

ဒါဆိုရင်တော့ ကျနော်တို့ ပြည်သူတွေအတွက် အင်မတန်ကောင်းတဲ့ အခြေအနေတခု ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်တယ်။ အဲဒီအတွက် ကျနော်တို့ ပြည်သူတွေအနေနဲ့ မျှော်လင့်ချက်ထားသလို အခုလက်တွေ့မှာလည်း ကိုယ်လုပ်နိုင်တဲ့ဘက် ကြည့်ပြီးတော့၊ ကိုယ့်တာဝန်လို သဘောထားပြီးတော့ အလေးအနက် ဆောင်ရွက်ကြဖို့ ပြောချင်ပါတယ်။

ဖြစ်လာမယ့် အခြေအနေကို မျှော်လင့်တာမျိုး မဟုတ်ဘဲနဲ့ ဖြစ်လာစေချင်တဲ့ ဟာတွေကို ဖြစ်အောင် ကျနော်တို့ လုပ်သွားမယ်။

ဒေးဗစ် တာကပေါ

ပြောရေးဆိုခွင့်ရှိသူ
ကရင်အမျိုးသားအစည်းအရုံး – ကေအန်ယူ

ဒီနှစ် အတွင်းမှာတော့ ကျနော်တို့ အရှိန်မြှင့်မှာပေါ့။ နအဖ က ပြုပြင်ပြောင်းလဲမှု၊ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှု၊ ပြည်ထောင်စုစစ်စစ် ပြုပြင်ပြောင်းလဲမှု ဖြစ်အောင် တိုက်ပွဲကို အရှိန်မြှင့်ရမယ်။

တိုက်ပွဲပျော့ပျော့နဲ့ လုပ်ရိုးလုပ်စဉ်တိုင်းသွားလို့တော့ မရဘူးလို့ထင်တယ်။ နည်းသစ်လမ်းသစ်လေး ထွင်ပြီး နအဖကို လမ်းပေါ်ရောက်အောင် ကျနော်တို့ ဆက်တွန်းရမှာပေါ့ဗျာ။ ၂၀၀၉ အတွင်းမှာ အပြင်းအထန် တိုက်ပွဲဝင်မယ်လေ။ နအဖကို လမ်းမှန်ရောက်အောင် တွန်းရမှာပေါ့။

အဲသလို ဆွဲတဲ့လူလည်းဆွဲ၊ တွန်းတဲ့သူလည်း တွန်းပေါ့ဗျာ။ ခါတိုင်းလို ပျော့ပျော့လေးဆွဲ၊ ပျော့ပျော့လေးတွန်းလို့ မရတော့ဘူးလေ။ ခပ်ပြင်းပြင်းဆွဲ၊ ခပ်ပြင်းပြင်းတွန်းတာမျိုး။ အဲသလို နည်းသစ်၊ လမ်းသစ်အရ ဆောင်ရွက်ရမယ်လို့ မြင်တယ်လေ။

မြန်မာ့ဒီမိုကရေစီအရေးနဲ့ ပတ်သက်ပြီး အတိအကျပြောလို့မရဘူး။ မျှော်လင့်တာတော့ ရှိတာပေါ့ဗျာ။ နအဖအနေနဲ့က လမ်းမှားလိုက်နေတယ်။ ပြည်သူ့ဆန္ဒကို ဆန့်ကျင်ပြီး ဒီမိုကရေစီ အတုအယောင် လုပ်ဖို့၊ ဒီမိုကရေစီ အရေခြုံတဲ့ စစ်အစိုးရ ဆက်လက် တရားဝင် အုပ်ချုပ်ရေးလုပ်နေတယ်။

တိုင်းရင်းသားလူမျိုးများ လက်မခံနိုင်တဲ့ တပြည်ထောင်စနစ်ပေါ့ဗျာ။ ဗဟိုက အားလုံး အာဏာချုပ်ကိုင်ရေး အစီအစဉ်အတိုင်း သွားနေတယ်။ ကျနော်တို့က နည်းမျိုးစုံနဲ့ ဖိအားပေးရမှာပေါ့ဗျာ။ ရှေ့ကဆွဲတယ်ဆိုတာ မုန့်ပြတာပေါ့ဗျာ။ သူ အပြောင်းအလဲလုပ်ရင် သူ့အတွက် ဘယ်လောက် အကျိုးရှိမယ်၊ တိုင်းပြည်အတွက် ဘယ်လောက်အကျိုးရှိမယ်ဆိုတာ တဖက်ကလည်း ထောက်ပြရင်း နအဖအနေနဲ့ သံဝေဂတရားတွေ ရလာပြီးတော့ ပြုပြင်ပြောင်းလဲမှု စစ်မှန်တဲ့ဒီမိုကရေစီ၊ စစ်မှန်တဲ့ ပြည်ထောင်စု အဲဒီစနစ်တွေ ပြောင်းလဲ လုပ်ဆောင်လာဖို့၊ လုပ်ဆောင်တဲ့အခါမှာလည်း ပြည်သူ့ဆန္ဒအတိုင်း နောက်ပြီးတော့ ကျနော်တို့ နိုင်ငံရေး အဖွဲ့အစည်းတွေအားလုံးနဲ့ ဟန်ချက်ညီ ပူပေါင်းဆောင်ရွက်ရေး အစီအစဉ်အရ လုပ်သွားဖို့ပါပဲ။

၂၀၀၉ မှာ နအဖက နေပြီးတော့ သူ့လက်ရွေးစင် တပည့်လက်သားတွေနဲ့ စိတ်ကြိုက်ဆွဲထားတဲ့ အခြေခံ ဥပဒေကြီးကို အမှိုက်ပုံးထဲ ထည့်ပစ်မယ်၊ ဒါမှမဟုတ် ဥပဒေအသစ် ပြန်ဆွဲလာနိုင်မယ်၊ အဲလိုမှမဟုတ် ရှိပြီးသား ဥပဒေကိုပဲ Justice changes ပေါ့၊ အရင်းအမြစ်ကနေလှန်ပြီး ပြောင်းလဲတာမျိုးတွေ အဲလိုလုပ်လာအောင် ကျနော်တို့ ဆောင်ရွက်ရမှာဖြစ်ပါတယ်။

နှစ်သစ်စကား

ကျနော်တို့ အတိုက်အခံ နိုင်ငံရေး အဖွဲ့အစည်းတွေကလည်း တိုက်ပွဲဝင်မယ်၊ ပြည်သူတွေကလည်း တတ်နိုင်တဲ့ဘက်က ပါဝင်ပြီးတော့ စစ်မှန်တဲ့ ဒီမိုကရေစီ၊ စစ်မှန်တဲ့ ပြည်ထောင်စု အပြောင်းအလဲ ဖြစ်လာအောင် သူတို့လည်းပါဝင်ဖို့ လိုတယ်။ သူတို့ပါဝင်နိုင်အောင်လည်း ကျနော်တို့ အခြေအနေ ဖန်တီးရမှာဖြစ်ပါတယ်။ အဲလိုဖန်တီးဖို့ ကျနော်တို့ ကြိုးစားသွားမှာ ဖြစ်ပါတယ်။

ကိုဝင်းမင်း

မြန်မာ့အရေးလေ့လာသူ

ကုဝင်းမင်းကိုဝင်းမင်း

၂၀၀၉ ကာလမှာတော့ အစိုးရအဖွဲ့ကနေ ရွေးကောက်ပွဲအတွက် ပြင်ဆင်နေလိမ့်မယ်။ အတိုက်အခံဘက်ကတော့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ တရားမမျှတနိုင်ဘူး၊ မလွတ်လပ်နိုင်ဘူးဆိုပြီး campaign လုပ်လိမ့်မယ်။ စစ်အစိုးရက အရမ်းခေါင်းမာတဲ့သဘော ရှိတယ်။ သူ့လမ်းအတိုင်း လိုက်ရင်လိုက်၊ အဲဒီအတိုင်းပဲ တသွေမတိမ်း လုပ်မယ့်သဘော ရှိတယ်ဆိုတော့ တွေ့ဆုံဆွေးနွေးရေးဖြစ်ဖို့ အလားအလာ တော်တော်နည်းသွားပြီ ထင်တယ်။ ဖမ်းဆီးမှုတွေ ပိုများလာနိုင်တယ်။ အဓိကကတော့ လူတွေအားလုံး ကြောက်ပြီးတော့ လူထုဆန္ဒခံယူပွဲ လုပ်သလိုမျိုးပေါ့။ ခြိမ်းခြောက်မှု လုပ်ပြီးတော့ ရွေးကောက်ပွဲကို အနိုင်ရအောင် လုပ်သွားမယ်လို့ ထင်တယ်။

နိုင်ငံတကာ ငွေကြေးအကျပ်အတည်း ဖြစ်တယ်ဆိုတော့ စီးပွားရေးရှေ့မှာ ပိုပြီး အခက်အခဲကြုံမယ် ထင်တယ်။ ၂၀၀၇ ကတည်းကဖြစ်တဲ့ စီးပွားရေးပြသာနာလည်း အခုထိ မဖြေရှင်းနိုင်သေးတော့ ပိုပြီး ဆိုးမယ်ထင်တယ်။ နိုင်ငံတကာမှာ သဘာဝဓာတ်ငွေ့ဈေး ကျတယ်ဆိုတော့ ၀င်ငွေ ကျလာလိမ့်မယ်။ ပြည်ပမှာ အလုပ်လုပ်ကိုင်တဲ့သူတွေ ပြန်လာမယ့်ဦးရေ များမယ်ဆိုတော့ အလုပ်လက်မဲ့ပြဿနာနဲ့ စီးပွားရေးကျပ်တည်းမှု ပြဿနာ ကြုံရမယ် ထင်တယ်။

http://www.mizzimaburmese.com/interview/2227-2009-01-07-09-12-07.html

မှတ်ချက်။  မဇ္ဈိမသို့ ဝင်ဖတ်၍ မရနိုင်သူများအတွက် အပြည့်အစုံ ဖော်ပြပေးပါသည်။

Written by Lwin Aung Soe

January 7, 2009 at 3:22 pm

Posted in မဇ္ဈိမ

စင်ပြိုင်အစိုးရတရပ် ဖွဲ့စည်းရန် အမျိုးသားကောင်စီ စီစဉ်နေပြီ (အင်တာဗျူး)

leave a comment »

မဇ္ဈိမ မြန်မာသတင်းဌာန

အင်တာဗျူး

ဇာနည်

စနေနေ့၊ ဇန်နဝါရီလ 03 2009 15:12 – မြန်မာစံတော်ချိန်

ချင်းမိုင် (မဇ္ဈိမ)။     ။ စစ်အစိုးရ ဖြုတ်ချရေး နိုင်ငံရေးလှုပ်ရှားမှုများ ပိုမိုထိရောက်စွာ လုပ်ကိုင်ရန်အတွက် စင်ပြိုင်အစိုးရ တရပ်ကို ဖွဲ့စည်းရန် စီစဉ်နေသည်ဟု ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီ NCUB က စီစဉ်နေသည်။

လက်ရှိ ဖြစ်ပေါ်နေသော မြန်မာ့နိုင်ငံရေး အခြေအနေသည် စစ်အစိုးရကို ဖြုတ်ချရန်အတွက် လုံလောက် ထိရောက်မှု မရှိသေးသဖြင့် ယခုလို စင်ပြိုင်အစိုးရ ဖွဲ့ရန် စီစဉ်ခြင်းဖြစ်သည်ဟု NCUB ၏ ဇန်န၀ါရီ ၁ ရက်နေ့၊ နှစ်သစ်ကူး အထူး ထုတ်ပြန်ချက်က ဆိုသည်။

NCUB တွဲဖက် အထွေထွေ အတွင်းရေးမှူး (၁) ဦးမြင့်သိဏ်းကို မဇ္ဈိမ သတင်းထောက် ဇာနည်က ဆက်သွယ် မေးမြန်းထားသည်ကို တင်ပြလိုက်ပါသည်။

မေး။    ။ NCUB က စင်ပြိုင်အစိုးရတရပ် ဖွဲ့စည်းဖို့ ဖြစ်လာရတဲ့ အကြောင်းရင်း သိပါရစေ။

ဖြေ။    ။ မြန်မာနိုင်ငံမှာရှိတဲ့ လက်ရှိ အခြေအနေတွေအောက်မှာ ကျနော်တို့ စဉ်းစားလာတာက ရှိထားပြီးသား အခြေအနေတွေနဲ့ မလုံလောက်ဘူးလို့ မြင်တယ်။ ဒီနေ့ ရှိထားပြီးသား အခြေအနေတွေက စစ်အုပ်စုကို သေသေချာချာ တိုက်နိုင်တဲ့ အဆင့်မရှိဘူး။ ဖယ်ရှားနိုင်တဲ့ အဆင့်မရှိဘူး။ နောက်တခုက မြန်မာပြည်မှာ ရှိတဲ့ ပြည်သူလူထုတွေ ခံစားနေရတဲ့ စစ်အုပ်စုတွေရဲ့ ဖိနှိပ်မှုတွေအပေါ်မှာ အကာအကွယ်ပြုနိုင်မယ့် အခြေအနေမျိုးတွေ လုံးဝ မရှိဘူးလို့ ကျနော်တို့ မြင်လာတဲ့အခါမှာ ဒီ့ထက် အကျိုးရှိတဲ့၊ ဒီထက် ထိရောက်တဲ့ အခြေအနေတွေကို ဖော်ဖို့အတွက် အခုလိုမျိုး အစီအစဉ်ကို ကျနော်တို့ စီစဉ်ရတာ ဖြစ်တယ်။ အဲလို စီစဉ်ဖို့လည်း ကျနော်တို့ အနေနဲ့ စပြီးတော့ စဉ်းစားပြီးတော့ အကောင်အထည်ဖော်ဖို့ ကြိုးပမ်းတာ ဖြစ်တယ်။

ဒါကြောင့် ကျနော်တို့အနေနဲ့တော့ ကျနော်တို့ အဓိက ကြည့်တာက ကျနော်တို့ တိုင်းပြည်နဲ့ ပြည်သူလူထုတွေရဲ့ ခံစားနေရတဲ့ ခံစားချက်တွေကို ဖယ်ကျဉ်ဖို့နဲ့ အဲဒီဟာကို သူတို့အနေနဲ့ ကာကွယ်စောင့်ရှောက်ဖို့ လိုတယ်။ အဲဒီကနေမှ စစ်အုပ်စုကို ဘယ်လိုဖယ်ရှားမလဲဆိုတဲ့ ခြေလှမ်းတွေကို စဉ်းစားပြီးတော့ ဒီအစီစဉ်ကို လုပ်တာ ဖြစ်တယ်။ ဒါကြောင့် ကျနော်တို့အနေနဲ့တော့ အောင်မြင်မယ်လို့ အတိအကျ၊ အခိုင်အမာ ယုံကြည်ပြီးတော့ ကျနော်တို့ ဒီလုပ်ငန်းကို စတင်ပြီးတော့ စီစဉ်တာဖြစ်ပါတယ်။

မေး။    ။ အခုလို ဖွဲ့စည်းမယ့် စင်ပြိုင်အစိုးရအဖွဲ့မှာက ဘယ်သူတွေနဲ့ ညှိနှိုင်းဖွဲ့စည်းမှာပါလဲ။

ဖြေ။    ။ နှစ်ပေါင်း ၅၀ ကျော် တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် တိုက်ပွဲဝင်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ။ နောက်ပြီးတော့ ဒီက ဒီမိုကရေစီ အင်အားစုတွေ၊ နောက် ၁၉၉၀ ရွေးကောက်ပွဲက ရွေးချယ်တင်မြှောက်ခံရတဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေ၊ နောက် နိုင်ငံတကာမှာ ရှိတဲ့ တတ်သိပညာရှင် မျိုးချစ်နိုင်ငံသားတွေ၊ သူတို့အားလုံးနဲ့ ပေါင်းစပ်ပြီးတော့ ဒါကို ဖွဲ့စည်းသွားမှာပါ။

မေး။    ။ အခုလို စင်ပြိုင်အစိုးရကို ဖွဲ့စည်းမယ့်အပေါ်မှာ နိုင်ငံတကာ ထောက်ခံမှုကကော ဘယ်လောက်ရနိုင်မယ်လို့ ထင်ပါသလဲ။

ဖြေ။    ။ ကျနော်တို့ကတော့ မျှော်လင့်ချက် အများကြီး ထားပါတယ်။ ဘာလို့လဲဆိုတော့ တကယ် စစ်မှန်ကောင်းမွန်တဲ့ အုပ်ချုပ်မှု ပုံစံတရပ်ကို လက်တွေ့ အကောင်အထည်ဖော်မယ်။ နောက်တခုအနေနဲ့က ကျနော်တို့ နိုင်ငံမှာ ဖြစ်နေတဲ့ နိုင်ငံရေးဖြစ်တည်မှု သမိုင်းတွေနဲ့ ကိုက်ညီမယ်ဆိုရင် ကျနော်တို့ နိုင်ငံတကာကနေ အသိအမှတ်ပြုမှု ထောက်ခံမှုတွေနဲ့ အားပေးမှုကို ရလာလိမ့်မယ်လို့ ကျနော်တို့ကတော့ အခိုင်အမာ ယုံကြည် မျှော်လင့်ထားပါတယ်။

မေး။    ။ ဒီလိုဖွဲ့စည်းတာဟာ တကယ့်အစိုးရ တရပ်လို ဖော်ဆောင်သွားနိုင်မှာပါလား။

ဖြေ။    ။ တကယ့်အစိုးရ တရပ်အနေနဲ့ ဖော်ဆောင်ပြီးတော့ တိုက်ပွဲဝင်သွားမှာပါ။ ဘာလို့လဲဆိုတော့ အစိုးရ ဖွဲ့စည်းတယ်ဆိုရင် သူ့မှာ ကိုယ်ပိုင်နယ်မြေ ရှိဖို့လိုတယ်။ ကိုယ်ပိုင်တပ်တွေ ရှိဖို့လိုတယ်။ အုပ်ချုပ်ခံတဲ့ ပြည်သူလူထု ရှိဖို့လိုတယ်။ အစိုးရရဲ့ ဖွဲ့စည်းအုပ်ချုပ်မှု ယန္တရားတွေ ရှိဖို့လိုတယ်။ အဲဒီလို အစိုးရ ဖွဲ့စည်းမှုနဲ့ ပတ်သက်ပြီးတော့ လိုအပ်ချက်ရှိတဲ့ အခြေခံ အချက်တွေနဲ့ ကိုက်ညီအောင် အဓိကထားပြီးတော့ ဆောင်ရွက်သွားမှာ ဖြစ်တဲ့အတွက် ကျနော်တို့ကတော့ အောင်မြင်မယ့် ကိစ္စဖြစ်တယ်။ နောက် နိုင်ငံတကာက အသိအမှတ်ပြုမှုကိုလည်း အများကြီး ရလာလိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်ထားပါတယ်။

မေး။    ။ ဒါဆိုရင် NCUB၊ စင်ပြိုင်အစိုးရ အနေနဲ့က လက်နက်ကိုင်တပ်ကို ထူထောင်မှာပါလား။

ဖြေ။    ။ ကျနော်တို့မှာ အခုလည်း ရှိပါတယ်။ အဲဒါက တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ စုဖွဲ့ထားတာပါ။ NCUB က လက်နက်ကိုင် တိုက်ပွဲလမ်းစဉ်မှာ ခိုင်ခိုင်မာမာ ရပ်ပြီးတော့ လုပ်နေတဲ့ အဖွဲ့အစည်းဖြစ်တယ်လို့ ကျနော်တို့ ပြောလို့ရပါတယ်။ ဒီလိုပါ Non Violence တို့ လက်နက်ကိုင်တိုက်ပွဲတို့ ဆိုတာတွေက သတ်မှတ်ချက်နဲ့ ပြောနေတဲ့ ကိစ္စပါ။ လက်တွေ့ ပြောရမယ်ဆိုရင် ကျနော်တို့ တိုင်းရင်းသားတွေကို သူတို့ နေရင်းဒေသတွေမှာ အေးအေးချမ်းချမ်း နေလို့မရတဲ့ အခြေအနေဖြစ်အောင် စစ်အုပ်စုရဲ့ မတရားဖိနှိပ်ပြီး တိုက်ပွဲဝင်မှုတွေကို အချိန်နဲ့အမျှ ခံစားနေရတာ ရှိတယ်။

အဲဒီတော့ ကျနော်တို့က ဒီနေ့ လက်နက်ကိုင်တယ်ဆိုတာ တိုင်းရင်းသားတွေက သူတို့ရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ဖို့ လက်နက်ကိုင်ပြီးတော့ စောင့်ရှောက်ပြီးတော့ ဒီတာဝန်ကို ကျနော်တို့ ယူနေကြတာ ဖြစ်တယ်။ အဲဒီတော့ လက်နက်ကိုင်ပြီး တိုက်ဖို့ဆိုတာထက် လက်နက်နဲ့ လူထုကို အကာအကွယ်ပြုနေတဲ့ အခြေအနေတွေကို ကျနော်တို့က သွားနေရတဲ့ အနေအထားမျိုး ဖြစ်တယ်ဆိုတာကိုလည်း အားလုံးက သိဖို့လိုတယ်။

အဲဒါကို ကျနော်တို့က သေနတ်ကိုင်တဲ့အတွက် Non Violence လုပ်တာ မဟုတ်တော့ဘူးလို့တော့ ဒီလိုဘက်က ရှုမြင်လို့ မရဘူးလို့ ကျနော်တို့က ယုံကြည်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီနေ့ ဘယ်ဒီမိုကရေစီ နိုင်ငံမှာဖြစ်ဖြစ် တပ်ဆိုတာ ရှိတယ်။

နောက်တခုက အုပ်ချုပ်ရေး လုပ်ငန်းလုပ်တဲ့ ရဲတွေမှာ သူတို့ လက်နက်ကိုင်ထားတယ်။ အဲဒီတော့ ဒီစစ်တပ်တွေ၊ ရဲတွေ လက်နက်ကိုင်တာ အကြမ်းဖက်တယ်လို့ ပြောမယ်ဆိုရင် နအဖ စစ်အုပ်စုလို တရားဝင် လက်နက်ကိုင်ပြီးတော့ တရားဝင် အကြမ်းဖက်ခွင့်ကို ရနေတယ်ဆိုတဲ့ အခြေအနေမျိုး မဖြစ်အောင် လုပ်နေရတဲ့ အခြေအနေမျိုးလည်း ရှိတယ်။ ဆိုတော့ အဲဒီ အပိုင်းဘက်ကနေပြီးတော့ ရှုမြင်ထားချက်တွေအရ ဒီနေ့ လက်နက်ကိုင်တပ်ကို ဖွဲ့စည်းပြီးတော့ ကျနော်တို့ လူထုနဲ့ တိုင်းပြည်ကို ကာကွယ်မှုပြုသွားဖို့ ဆိုတာကို စဉ်းစားတာ ဖြစ်ပါတယ်။

မေး။    ။ လက်ရှိ ရှိထားပြီးသား စင်ပြိုင်အစိုးရတခုဖြစ်တဲ့ NCGUB နဲ့ကရော ဘယ်လို ဆက်လက် ညှိနှိုင်းလုပ်မလဲဆိုတာ သိပါရစေ။

ဖြေ။    ။ NCGUB ကလည်း သီးခြားအဖွဲ့အစည်း မဟုတ်ပါဘူး။ ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကနေ ပေါ်လာခဲ့တဲ့ အဖွဲ့စည်းတခု ဖြစ်ပါတယ်။ ကျနော်တို့ အားလုံးနဲ့အတူ တိုက်ပွဲဝင်နေတဲ့ အဖွဲ့အစည်းတခုပဲ ဖြစ်ပါတယ်။ ကျနော်တို့ ဒီလုပ်ငန်းစဉ်ကို အကောင်အထည် ဖော်နေတဲ့နေရာမှာ သူတို့အပါအ၀င် အဖွဲ့အစည်းအားလုံးနဲ့ စပ်ဆက်ညှိနှိုင်းပြီးတော့ အကောင်းဆုံးဖြစ်အောင် စီစဉ်ဆောင်ရွက်သွားမှာပါ။

အစိုးရ ၂ ခု ဖြစ်မယ်လို့တော့ ကျနော်တို့ မမြင်ဘူး။ ကျနော်တို့ လုပ်ချင်တာက လက်တွေ့ တိုက်ပွဲဝင်နိုင်တဲ့ အစိုးရတရပ်ကို ဖော်ဖို့၊ အဲဒီပုံစံကို ကျနော်တို့ ပြောင်းလဲသွားဖို့၊ အဲဒီ ပုံစံကို လက်တွေ့ အကောင်အထည်ဖော်ဖို့၊ အဲဒီ ပုံစံကနေ လက်တွေ့ကျင့်သုံးသွားဖို့ ကျနော်တို့ စီစဉ်ဆောင်ရွက်တာ ဖြစ်တဲ့အတွက် ကျနော်တို့ဟာ အစိုးရ ၂ ရပ် ဖြစ်လာမယ်လို့ ကျနော်တို့ မယုံကြည်ဘူး။

နောက် ကျနော်တို့ ညှိနှိုင်းပြီးတော့လည်း ဒီကိစ္စကို ဆောက်ရွက်သွားမှာ ဖြစ်တဲ့အတွက် အင်အားရှိတဲ့ အစိုးရကတော့ တရပ်ထဲပဲ ရှိရမှာ ဖြစ်တယ်။ အဲလိုဖြစ်အောင်လည်း ကျနော်တို့လုပ်သွားမှာ ဖြစ်ပါတယ်။

မေး။    ။ အခုလို ဖွဲ့စည်းတာဟာ ဘယ်အချိန်လောက်ကျရင် အကောင်အထည် ပေါ်လာနိုင်မလဲဆိုတာ သိပါရစေ။

ဖြေ။    ။ ပြောနိုင်တာကတော့ ၂၀၀၉ ခုနှစ်အတွင်းမှာ ဒါကို အောင်မြင်အောင် အပြီးအစီး အကောင်အထည် ဖော်နိုင်အောင် လုပ်သွားဖို့ရှိတယ်။ အဲဒီတော့ ဒီကြားမှာလည်းပဲ ဒါကို အချိန်မရွေး အခြေအနေတွေကို စပြီး တရားဝင် ကြေညာနိုင်တဲ့ အခြေအနေတွေ ဖြစ်လာနိုင်ပါတယ်။

http://www.mizzimaburmese.com/interview/2209-2009-01-03-08-56-03.html

မှတ်ချက်။  မဇ္ဈိမသို့ ဝင်ဖတ်၍ မရနိုင်သူများအတွက် အပြည့်အစုံ ဖော်ပြပေးပါသည်။

Written by Lwin Aung Soe

January 7, 2009 at 3:12 pm

World focus on Burma (7 January 2009)

leave a comment »

.

Detained Hip Hop singer Yan Yan Chan released
Mizzima.com, India –
by Than Htike Oo Chiang Mai (Mizzima) – The Burmese military junta authorities on Tuesday released popular Hip Hop singer Yan Yan Chan, who was arrested in …

Today in History
Wyoming News, WY –
In 1948, Burma (now called Myanmar) became independent of British rule. In 1951, during the Korean War, North Korean and Communist Chinese forces recaptured …

Angkor Wat observes 30th anniversary of end of Pol Pot’s regime
Examiner.com –
… the Taj Mahal; pagodas along Burma’s “Road to Mandalay” — I refuse to use the dictator’s terms like Myanmar; Mayan ruins in Mexico and Guatemala; …

Karen Girl, 7, Raped and Killed: KWO
The Irrawaddy News Magazine, Thailand –
The incident follows a report on January 6 by a Mon human rights group that in November a 17-year-old Mon girl was gang-raped in Yephu Township, …

MYANMAR: Farmers lament post-Nargis harvest
IRINnews.org, NY –
In May, his 4.6 hectares of paddy fields were badly affected by the tidal surge that accompanied Cyclone Nargis. When the donated seeds did not take, …

Palawan river in running for 7 wonders
Inquirer.net, Philippines –
… Jaco Island in East Timor, the Mergui Archipelago of Burma (Myanmar) and the Mekong River, shared by China and mainland Southeast Asian countries. …

200 people stranded on boat of Sumatra
Melbourne Herald Sun, Australia –
The boat, with 174 people from Burma and 19 from Bangladesh on board, was found at sea by fishermen off Sabang island in Aceh province on Wednesday, …

Junta’s NUP Ready to Open 2010 Election Campaign
The Irrawaddy News Magazine, Thailand –
The article claimed the two opposition members were behind a peaceful protest on December 30 seeking the release of NLD leader Aung San Suu Kyi in which …

Foreigners stranded near Indonesia
The Age, Australia –
The passengers, believed to be from Burma or Bangladesh, were found in “weak condition” on board the boat on an uninhabited island by a fisherman early on …

Intrepid Journeys
TVNZ, New Zealand –
… ventures beyond Western sanctions into the relatively closed country of Myanmar (Burma) following Rudyard Kipling’s path down the road to Mandalay. …

Thailand shifts 14th Asean summit venue to beach resort
Nation Multimedia, Thailand –
Asean comprises Brunei, Cambodia, Indonesia, Laos, Malaysia, Burma, Philippines, Singapore, Thailand and Vietnam. The 14th summit is expected to concentrate …

Aid worker’s efforts to help stricken country
Bath Chronicle, UK –
Frances, who lives in Weston, has been in Myanmar – formerly Burma – for three months helping people affected by the cyclone. The 28-year-old has been……

Natural disasters kill 220k
iAfrica.com, South Africa –
Most devastating in terms of human fatalities was Cyclone Nargis, which lashed Myanmar on 2-3 May to kill more than 135 000 people and leave more than one …

301 Myanmarese boat people found adrift in Aceh
Jakarta Post, Indonesia –
The group had apparently fled Myanmar because of its military junta, and were seeking a better life in Malaysia. A similar incident occurred in 2004 when …

Ways to trim State budget – Stephen Mulholland
Dispatch Online, South Africa –
… the murderous Hamas organisation, Myanmar’s (Burma’s) dictatorial regime and various other unsavoury elements on the world scene. …

Over 7 mln children to be vaccinated against polio in Myanmar
Xinhua, China –
7 (Xinhua) — A total of 7.4 million children under five years of age in Myanmar will be given polio vaccination in the first two months of this year as a …

Is Mhada cheating cessed building owners?
Daily News & Analysis, India –
“Materials like Burma teakwood have a good market value. They are probably being sold off without the knowledge of the building owners. …

Reflections for 2008, Predictions for 2009
Best Syndication, CA –
As horrific as the despair in Galveston, it paled in comparison to the cyclone that hit Burma/Mynamar, taking the lives of more than 100000 people in the …

Remember Burma (Myanmar)?
Blogger News Network –
by Jonas Blume in Asian News Burma, or as their military has renamed it, Myanmar is a forgotten country which most people would not even think to look at on …

Bucknell’s ‘Peace & Resistance’ series continues
Bucknell University, PA –
“Burma’s Saffron Revolution: Three Monks Speak Out,” on Feb. 25 at 7 pm in the Forum of the Langone Center. Three monks who led the uprising in Burma in …

Burmese Ethnic Political Leader Saw Mara Aung Dies at 91
Voice of America –
By VOA News Burma’s veteran pro-democracy politician and physician Saw Mara Aung has died at the age of 91. His colleagues said he passed away at his home …

Written by Lwin Aung Soe

January 7, 2009 at 6:33 am