Save Burma

အာဏာရှင်စနစ် ကျဆုံးမှ တတိုင်းပြည်လုံး စစ်မှန်တဲ့ ဒီမိုကရေစီကို ခံစားရမယ်

ပြည်သူ့လွှတ်တော်ကိုယ်စားပြု ကော်မတီ (စီအာပီပီ) အဖွဲ့ အတွင်းရေးမှူး ဦးအေးသာအောင်နှင့် ခေတ်ပြိုင်မေးမြန်းခန်း

leave a comment »

ခေတ်ပြိုင်

ata

၂ဝဝ၈ ခုနှစ်ကုန်မှစပြီး ရွေးကောက်ပွဲဝင်မည့် နိုင်ငံရေး ပါတီတွေ မှတ်ပုံတင်ခွင့် ပေးတော့မှာဖြစ်ကြောင်း အမျိုး သားညီလာခံ ကိုယ်စားလှယ် တက္ကသိုလ်မြတ်သူက ရန်ကုန်အခြေစိုက် ပေါ်ပြူလာဂျာနယ်သို့ မကြာခင်က ပြောခဲ့သည်။ သို့သော် ၉၀ ပြည့်နှစ် ရွေးကောက်ပွဲ အနိုင်ရပြီး ဖျက်သိမ်းခံထားရသည့် တိုင်းရင်းသားပါတီများ ရွေးကောက် ပွဲဝင်ခွင့် ရမရကိုမူ တက္ကသိုလ် မြတ်သူက ပြောခဲ့ခြင်းမရှိပေ။ မြန်မာစစ်အစိုးရ၏ ရွေးကောက်ပွဲ ပြင်ဆင်မှုအခြေအနေများနှင့် ပတ်သက်၍ ပြည့်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ (စီအာပီပီ) အဖွဲ့ အတွင်းရေးမှူး ဦးအေးသာအောင်ကို ခေတ်ပြိုင်က တယ်လီ ဖုန်းဖြင့် မေးမြန်းခဲ့ရာ ဦးအေးသာအောင်က ယခုကဲ့သို့ စတင် ဖြေကြားသည်။

ဖြေ– ဟုတ်ကဲ့… ကျနော့်အမြင် ပြောရမယ်ဆိုရင်… ဒီလို လုပ်လာလိမ့်မယ်လို့တော့ ကြိုတင်ပြီး တော့ ကြားထားတာတွေတော့ ရှိပါတယ်။ ဒါပေမယ့် ဒီနေရာမှာ ဘယ်နှလအလို ဘယ်နှလပဲ ရှိတယ်ဆိုတာတွေနဲ့ ပတ်သက်လို့ကတော့ ကျနော့်အနေနဲ့ သိပ်စိတ်မ၀င်စားဘူး။ ဘာကြောင့်လည်းဆိုရင် ကျနော်တို့က အခု ပြီးခဲ့တဲ့ referendum အပါအ၀င် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ၊ ၂ဝ၁ဝ ရွေးကောက်ပွဲတွေကို ကျနော်တို့က စိတ်မ၀င်စားဘူး။ ဘာကြောင့်လည်းဆိုရင် ဒီ Road map အပါအ၀င် အဆင့်ဆင့်သော လုပ်ငန်းစဉ်တွေဟာ တကယ့် တိုင်းပြည်အတွက် လုပ်သင့် လုပ်ထိုက်တဲ့ အလုပ်တွေလို့လည်း မမြင်သလို ဒီလို လုပ်လိုက်တဲ့အတွက်ကြောင့်လည်းပဲ တိုင်းပြည်ရဲ့ အနာဂတ်မှာ ဒီမိုကရေစီနိုင်ငံ တိုင်းရင်းသားတွေရဲ့ စည်းလုံးညီညွတ်မှုကို ရလိမ့် မယ်လို့လည်း မယုံကြည်ဘူး။ ဘာကြောင့်လည်းဆိုရင် မြန်မာနိုင်ငံဟာ တကယ့် ဒီမိုကရေစီနိုင်ငံ ဒီမိုကရေစီ ထွန်းကားဖို့ လိုသလို၊ တိုင်းရင်းသားတွေအပါအ၀င် အမျိုးသားပြန်လည်သင့်မြတ် ရေးကို တည်ဆောက်ဖို့ လိုပါတယ်။ ဒီနေရာမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် နအဖ အပါအ၀င် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တိုင်းရင်းသားတွေဟာ ဘယ်လိုပဲဖြစ်ဖြစ် ကြိုက်သည် ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ တွေ့ဆုံဆွေးနွေးရာကနေတဆင့် အမျိုးသားလုပ်ငန်းစဉ်တွေကို ချမှတ်ပြီးတော့ သွားမှသာလျှင် အနာဂတ်မှာ တိုင်းပြည်အတွက်ရော ဒီနိုင်ငံမှာရှိကြတဲ့ အများ ပြည်သူအတွက်ပါ အကျိုးရှိလိမ့်မယ်လို့ ကျနော့်အနေနဲ့ မြင်လို့ပါ။

ဆက်လက် ဖတ်ရှုရန်

Written by Lwin Aung Soe

July 10, 2008 at 11:21 am

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: