Save Burma

အာဏာရှင်စနစ် ကျဆုံးမှ တတိုင်းပြည်လုံး စစ်မှန်တဲ့ ဒီမိုကရေစီကို ခံစားရမယ်

စစ်အစိုးရရဲ့ ဖွဲ့စည်းပုံကို အသိအမှတ်မပြုကြောင်းနဲ့ မြန်မာအစိုးရလုပ်ရပ်များကို စိတ်ပျက်မိကြောင်း အိမ်ဖြူတော်ပြောခွင့်ရပုဂ္ဂိုလ်ပြော

leave a comment »

လွတ်လပ်တဲ့ အာရှအသံ

Radio Free Asia (Burmese)

2008-05-31

မုန်တိုင်းအပြီး မြန်မာစစ်အစိုးရဟာ နိုင်ငံတကာကပေးမယ့် အကူအညီတွေကို လက်ခံဖို့ နှေးကွေးနေတာကို စိတ်ပျက်မိကြောင်းနဲ့ အတည်ပြုလိုက်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို တရားမဝင်ကြောင်း အိမ်ဖြူတော်က ပြောဆိုလိုက်ပါတယ်။

အိမ်ဖြူတော်ပြောခွင့်ရ အမျိုးသမီး Dana Perino ကို သတင်းစာရှင်းလင်းပွဲတွင် တွေ့ရပုံ။ (Courtesy Photo: White House)

ဒီအကြောင်းကို မုန်တိုင်းအပြီးမှာ စစ်အစိုးရက ဆန္ဒခံယူပွဲကို ကျင်းပခဲ့ပြီး သူတို့ရေးဆွဲထားတဲ့ အခြေခံဥပဒေဟာ အတည်ဖြစ်သွားပြီလို့ ကြေညာ လိုက်တာတွေနဲ့ ပါတ်သက်ပြီး အမေရိကန် အစိုးရအနေနဲ့ အဲဒီအခြေခံ ဥပဒေကိုရော၊ ဆောင်ရွက်ခဲ့တဲ့ လုပ်ငန်းစဉ်တွေကိုရော တရားဝင်တယ်လို့ လက်ခံသတ်မှတ်ခြင်း မရှိဘူးလို့ အိမ်ဖြူတော် ပြောခွင့်ရ အမျိုးသမီး Ms Dana Perinoက ပြောကြားလိုက်ပါတယ်။

အဲဒီဥပဒေဟာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးမှာ ပါဝင်ခွင့်မပေးပဲ ဘေးဖယ်ထားပြီး မြန်မာပြည်မှာ စစ်အုပ်ချုပ်ရေး သက်ဆိုးရှည်အောင်သာ ရေးဆွဲထားတဲ့ ဥပဒေမျှသာဖြစ်ပြီး ဘာမှ အဆီအနှစ်မရှိပါဘူးလို့ လည်း Ms Dana Perino က ပြောပါတယ်။

သူမကဆက်ပြီး မြန်မာစစ်အစိုးရအနေနဲ့ သူတို့ပြည်သူလူထုတွေကို ဂရုစိုက်ပြီး ဒီမိုကရေစီနဲ့ လွတ်လပ်မှုကိုရှေးရှုတဲ့ လမ်းကြောင်းပေါ် လျှောက်လှမ်းမယ်လို့ ကျမတို့မျှော်လင့်ပါတယ်လို့ ပြောပါတယ်။

တဆက်တည်းမှာပဲ မုန်တိုင်းဒဏ်ခံရတဲ့ မြန်မာပြည်သူတွေ ပိုမို အကူအညီရရှိဖို့ အမေရိကန် ပြည်ထောင်စုအနေနဲ့ စိုးရိမ်ပူပန်နေဆဲဖြစ်ပြီး မုန်တိုင်း ကယ်ဆယ်ရေးအတွက် မြန်မာစစ်အစိုးရရဲ့ ဆောင်ရွက်နေပုံတွေကို အမေရိကန် ပြည်ထောင်စုနဲ့ တခြားနိုင်ငံတွေသာမက နိုင်ငံတကာ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းတွေကပါ အင်မတန်စိတ်ပျက် နေကြပါတယ်လို့လည်း အိမ်ဖြူတော် ပြောခွင့်ရအမျိုးသမီး Ms Dana Perino ကပြောပါတယ်။

http://www.rfa.org/burmese/news/referendum_is_not_recognized_by_US-05312008141943.html

Written by Lwin Aung Soe

June 1, 2008 at 3:36 pm

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: