Save Burma

အာဏာရှင်စနစ် ကျဆုံးမှ တတိုင်းပြည်လုံး စစ်မှန်တဲ့ ဒီမိုကရေစီကို ခံစားရမယ်

Archive for April 27th, 2008

World Focus on Burma (27 April 08)

leave a comment »

Burma Activists Stage Protests in Thailand, Singapore
Voice of America –
By VOA News The demonstrators, organized by the Joint Action Committee for Democracy in Burma, chanted slogans against the May 10 referendum. …
Myanmar nationals protest constitution in Singapore
Reuters UK, UK –
Other underground opposition groups are also pushing for the former Burma’s 53 million people to reject the charter. At least 60 people have been arrested …
Activists protest as embassy conducts polling
Mizzima.com, India –
Chiang Mai – Burmese activists on Sunday staged a brief protest outside the Burmese embassy in Bangkok, exhorting voters to reject the ruling junta’s draft …
Security tightened in Myanmar amid possible demonstration
The Associated Press –
Myanmar, also known as Burma, has been under military rule since 1962. Its government has been widely criticized for human rights abuses and suppression of …
Irregularities in absentee voting in Singapore, Malaysia
Mizzima.com, India –
But what we fear is since the results are not going to be announced here but will be announced along with others in Burma, there could be a possibility that …
Burma bars anti-constitution group from voting
Bangkok Post, Thailand –
Others sported T-shirts reading, “We pursue peace, justice and democracy for Burma.” Those wearing the shirts refused to take them off and were not admitted …
Pro-democracy Myanmar citizens in Singapore wait at embassy to …
International Herald Tribune, France –
Myanmar used to be known as Burma. “I’m going to vote ‘no’ because the draft constitution is for a sham democracy,” the university student said. …
Myanmar junta says referendum will be ‘fair’
Macau Daily Times, Macau –
Myanmar’s junta has said next month’s vote on its proposed constitution would be held in a “systematic and fair manner” and warned the military would “ward …
Democracy activist will receive medal
Louisville Courier-Journal, KY –
Suu Kyi has been under house arrest by the military regime in Myanmar, also known as Burma. Giving her the medal continues the tradition of “honoring …
After raids, refugees given jobs
Baltimore Sun, United States –
Since January, roughly 400 members of the Karen and Chin ethnic groups from Myanmar, also known as Burma, have moved into Moore County from Houston and …
Are We Nicking Ourselves In The Throat?
Hartford Business –
My bride Carol Ann and I recently visited Burma, as the United States government knows it, or Myanmar, as others now call it. Our trip was organized by the …
Myanmar Nationals in Singapore, Indonesia Vote on Constitution
Bloomberg –
Citizens of the country formally known as Burma lined up in front of their embassy in Singapore for the third day to cast ballots in an April 25-29 vote. …
Myanmar activists stage anti-junta protest in Thailand
International Herald Tribune, France –
Myanmar is also known as Burma. A statement from the umbrella committee for a dozen dissident exile organizations said the constitution was drawn up solely …
Asia’s rainforests vanishing as timber, food demand surge: experts
AFP –
“Burma has been logged by Thai generals. And if you look at the corruption of forestry in the Philippines, it’s tied in many areas during the Marcos years …
Burma junta’s new threats over constitution
Telegraph.co.uk, United Kingdom –
By Colin Hinshelwood in Chiang Mai, Thailand Burma’s military junta is taking harsh steps to ensure that a new constitution keeping it in control of the …
Economic View Freer Trade Could Fill the World’s Rice Bowl
New York Times, United States –
Burma, now Myanmar, was once the world’s leading rice exporter, but it is now an economic basket case and many of its people go hungry. …
Protest against junta at UN office
Sunday Times.lk, Sri Lanka –
The peaceful protest organized by the Myanmar Student Monk Association in Sri Lanka aimed at saying ‘No’ to the existing Myanmar military junta’s …
Myanmar to let Suu Kyi vote in May referendum
The Daily Yomiuri, Japan –
BANGKOK–The Myanmar military government has decided to allow pro-democracy icon Aung San Suu Kyi to vote in a May 10 national referendum on whether to …
Evangelism in Western Post-Modern Secular Culture
Virtue Online, PA –
It has been my privilege to supervise a doctoral dissertation on the history of the Anglican Church in Myanmar, Burma. It is instructive to see how, …
Myanmar activists fear intimidation
Aljazeera.net, Qatar –
Myanmar’s military government has cracked down on opponents of its proposed constitution, according to the country’s pro-democracy opposition. …
Junta adopts dubious means to win support for constitution
Mizzima.com, India –
An official in Burma’s second largest city of Mandalay, who has been appointed secretary of one of the polling booths told Mizzima that while the counting …
Aung San Suu Kyi claims supporters are being beaten
Bombay News, India –
Myanmar’s pro-democracy opposition, which is led by by Nobel Peace Prize winner Aung San Suu Kyi, has claimed supporters are being beaten. …
Advertisements

Written by Lwin Aung Soe

April 27, 2008 at 5:06 pm

တိုကျို မြန်မာသံရုံး၌ ဆန္ဒမဲ ပေးသူများနှင့် ဂျပန်ရဲတို့ ရုန်းရင်းဆန်ခတ်ဖြစ်

ခေတ်ပြိုင် သတင်း

တိုကျို မြန်မာသံရုံး၌ ဆန္ဒမဲ ပေးသူများနှင့် ဂျပန်ရဲတို့ ရုန်းရင်းဆန်ခတ်ဖြစ်

ပီတာအောင်/ ၂၆ ဧပြီ ၂၀၀၈

japan

တိုကျိုမြို့ရှိ မြန်မာသံရုံးရှေ့၌ ဆန္ဒမဲလာပေးသူများကို ဂျပန်ရဲတပ်ဖွဲ့ဝင်များက လူစုခွဲနေစဉ်

ဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်း ဆန္ဒခံယူပွဲကို ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ မြန်မာသံရုံး၌ ယနေ့ စတင် ကျင်းပရာ ဆန္ဒမဲလာပေးသည့် မြန်မာနိုင်ငံသား အများအပြားကို မြန်မာသံရုံးက မဲပေးခွင့်မပေးဘဲ ဂျပန်ရဲတပ်ဖွဲ့၏ အကူအညီဖြင့် လူစုခွဲခဲ့သည်ဟု ဆန္ဒမဲသွားပေးသူတို့က ပြောသည်။ ယနေ့နံနက် (၈) နာရီခန့်ကတည်းက ဆန္ဒမဲပေးမည့် မြန်မာနိုင်ငံသားများသည် သံရုံးရှေ့၌ ပတ်စ်ပို့များ ကိုင်ဆောင်၍ သံရုံးတွင်း ၀င်ရောက်မဲပေးခွင့်ရရန် တန်းစီစောင့်နေစဉ် လူစုခွဲ ဖယ်ရှားခံရခြင်းဖြစ်သည်ဟု သံရုံးရှေ့ သွားရောက်ခဲ့သည့် မြန်မာနိုင်ငံသားတဦးက ပြောသည်။

၎င်းက “ မြန်မာနိုင်ငံသားစစ်စစ်တွေဖြစ်ကြောင်း ပတ်စ်ပို့တွေကိုင်ပြီး မဲပေးဖို့ သံရုံးထဲ ၀င်ဖို့အတွက် ကြိုးစားနေကြပါတယ်။ အဲဒီအချိန်မှာ ဂျပန်အာဏာပိုင်တွေရဲ့ အမိန့်နဲ့ ဂျပန်ရဲတပ်ဖွဲ့ဝင်တွေက တားဆီးထားပါတယ်ခင်ဗျ။ သံရုံးရှေ့မှာ တန်းစီပြီး စောင့်နေတဲ့အချိန်မှာ ဂျပန်ရဲ
တပ်ဖွဲ့ဝင် (၁၅၀) ခန့်ကနေပြီး အင်အားသုံးပြီး ဖြိုခွင်းခဲ့ပါတယ်။ (၂ ) ယောက် ဆေးရုံတင်ရပြီး (၂) ယောက် ခေတ္တ အဖမ်းခံရပါတယ်။ ကိုမြင့်သိန်းဆိုတဲ့ အစ်ကိုကြီးတယောက်ရယ်။ သူက နည်းနည်းရောဂါအခံ ရှိတယ်ခင်ဗျ။ နောက် အမျိုးသမီးတယောက်ကတော့ တံခါးနဲ့ ညှပ်မိတာ ခင်ဗျ” ဟု ပြောသည်။

အခွန်ဆောင်ထားသူများနှင့် ပညာတော်သင် လွှတ်ထားသူများကို နအဖသံရုံးက ဆန္ဒမဲလာပေးရန် အကြောင်းကြားစာများ ပေးပို့ထားကြောင်း၊ ထိုသူများကိုသာ ဂျပန်ရဲအစောင့်အရှောက်ဖြင့် သံရုံး အတွင်းဝင်ရောက်ခွင့်ပေးကာ ဆန္ဒမဲပေးခွင့်ပြုခဲ့ကြောင်း သိရသည်။

ဆန္ဒမဲပေးသူ တဦးဖြစ်သည့် ကိုသန့်မျိုးထွေးက “နအဖစစ်အုပ်စုရဲ့အလိုကျ ဆွဲထားတဲ့ ဥပဒေ အပေါ်မှာ ဆန့်ကျင်ကန့်ကွက်မယ့် သူတွေကို သူတို့က ဘယ်လိုမှ မဲပေးခွင့်ပေးမှာ မဟုတ်ဘူး။ အဲဒီအတွက် ၀မ်းနည်းစရာတော့ မရှိပါဘူး။ မဲပေးတယ် မပေးတယ်ဆိုတာထက် ကိုယ်ကိုယ်တိုင်က ဆန့်ကျင်တယ်ဆိုရင် မဲပေးမှ ဆန့်ကျင်တာမဟုတ်ပါဘူး။ ဒီမဲကိုပေးချင်တယ်ဆိုတာ ကျနော်တို့ရဲ့ ရပိုင်ခွင့်အနေနဲ့ တောင်းဆိုတာပဲရှိတယ်။ ဘယ်လိုပဲဖြစ်ဖြစ်ဗျာ၊ မဲမပေးရဘူး ဆိုရင်တောင် ကျနော်တို့က အမြဲတမ်း ဆန့်ကျင်ကန့်ကွက်နေမှာပဲ” ဟု ပြောသည်။

ဆန္ဒမဲ လာပေးသူတို့ကို အင်အားသုံးလူစွဲခွဲခဲ့သဖြင့် မြန်မာဒီမိုကရေစီရေး လှုပ်ရှားသူများက “နာဂအိကို သတ်တဲ့ ကိစ္စ မေ့သွားပြီလား” ၊ “ဂျပန်ရဲနဲ့ နအဖစစ်အစိုးရ အတူတူပဲ” စသည့် ကြွေးကြော်သံများအော်ဟစ်ကာ ဂျပန်ရဲများကို ကန့်ကွက် ဆန္ဒပြခဲ့ကြကြောင်း သိရသည်။

တိုကျိုမြို့ မြန်မာသံရုံး၌ ဆန္ဒမဲ ပေးပွဲကို ဧပြီ (၂၆) နှင့် (၂၇) ရက်တို့တွင် နံနက် (၈) နာရီခွဲမှ ညနေ (၆) နာရီခွဲထိ မဲပေးနိုင်ပြီး မဲပေးရာတွင် သံရုံးမှ ပေးပို့သော ဆန္ဒမဲပေးရန် အကြောင်းကြားစာမူရင်းနှင့် မှတ်ပုံတင်သို့မဟုတ် ပတ်စ်ပို့ ယူဆောင်လာရမည်ဟု သံရုံးက ကြေညာ ထားသည်။ ။

http://khitpyaing.org/news/april_2008/26-4-08e.php

VOA Burmese news

တိုကျိုမြန်မာသံရုံးရှေ့ ဆန္ဒပြပွဲ ရဲနဲ့ရုန်းရင်းဆန်ခတ်ဖြစ်၊ တချို့ အဖမ်းခံရ

26 April 2008

ဒေါ်အေးအေးမာ – အစီအစဉ်ကိုရယူရန် (MP3) audio clip
ဒေါ်အေးအေးမာ – နားဆင်ရန် (MP3) audio clip

Burmese Protest at Burmese Embassy Tokyo
ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများ ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေဆိုင်ရာ ဆန္ဒမဲပေးဖို့ တိုဂျိုမြို့မြန်မာသံရုံးရှေ့  ဆန္ဒပြတောင်းဆို။ (ဓါတ်ပုံ-အေပီ)

တိုကျိုမြန်မာသံရုံးရှေ့မှာ စုရုံး ရောက်ရှိလာကြတဲ့ မြန်မာ နိုင်ငံသား ၁၅၀ ကျော်တို့ဟာ ဂျပန်နိုင်ငံ မြန်မာသံရုံးမှာ ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေဆိုင်ရာ ဆန္ဒမဲပေးဖို့ ကြိုးပမ်းခဲ့ကြပါတယ်။ မြန်မာနိုင်ငံကူး လက်မှတ်ကိုင်ဆောင် ထားသူတွေ အခုလို ရာနဲ့ချီပြီး မြန်မာ သံရုံးထဲကိုဝင်ဖို့ တောင်းဆိုကြတဲ့အခါမှာ သံရုံးထဲက မြန်မာအရာရှိတွေက ဂျပန် ရဲတပ်ဖွဲ့ကို ခေါ်ယူလိုက်တဲ့အတွက် သံရုံးရှေ့က မြန်မာနိုင်ငံသားတွေနဲ့ ဂျပန်ရဲတွေ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ကြရပါတယ်။

မြန်မာနိုင်ငံသားတချို့ အဖမ်းအဆီးခံခဲ့ရပြီး တချို့ လည်း ထိခိုက်ဒဏ်ရာ ရရှိသွားကြပါတယ်။ ဗွီအိုအေမြန်မာအစီအစဉ် ထိုင်းအခြေစိုက်သတင်းထောက် မအေးအေးမာက စုံစမ်းထားသမျှ သတင်းပေးပို့ထားပါတယ်။

မြန်မာစစ်အစိုးရ၏ လူထုဆန္ဒခံယူပွဲနဲ့ပတ်သက်ပြီး မဲပေးဖို့အတွက် ဂျပန်နိုင်ငံမှာရှိတဲ့ မြန်မာသံရုံးက မြန်မာတချို့ ကိုသာ ဖိတ်ကြားခဲ့တာကြောင့် ဖိတ်ကြားခြင်းမခံရတဲ့ မြန်မာပတ်စ်ပို့စ် ကိုင်ဆောင်ထားသူ လူအင်အား ၅၀၀ ကျော်တို့ဟာ ငါတို့လည်း မဲပေးမယ်ဆိုပြီး ကြွေးကြော် အော်ဟစ်ခဲ့တာကြောင့် ဂျပန်ရဲတွေနဲ့ အထိကရုဏ်းဖြစ်ပြီး မြန်မာအယောက် ၂၀ ခန့် ထိခိုက်ဒဏ်ရာ ရရှိသွားခဲ့ပါတယ်။ ကြွေးကြော်တဲ့ လူအုပ်ကြီးရောက်လာတဲ့အချိန်မှာ ဂျပန်နိုင်ငံမှာရှိတဲ့ မြန်မာသံရုံးကနေ ဂျပန်ရဲတွေကိုခေါ်ပြီး နှိမ်နှင်းခိုင်းခဲ့ပါတယ်။ ဂျပန်စံတော်ချိန် မနက် ၈ နာရီလောက်ထဲကနေ မဲပေးဖို့စောင့်နေတဲ့ မြန်မာနိုင်ငံသားတဦးကတော့ သူတို့ဆန္ဒပြဖို့လာတာ မဟုတ်ဘူးလို့ အခုလို ပြောပါတယ်။

“ဆန္ဒပြဖို့လာတာမဟုတ်ပါဘူး မဲပေးပိုင်ခွင့် ရဖို့လာပြီး တောင်းဆိုကြတာပါ။ ကျနော်တို့ အရင်လို့ ဆန္ဒပြတဲ့ပုံစံ – ဒေါ်စုဓါတ်ပုံတို့ ဘာတို့ မပါဘူး။ ကျနော်တို့ ကိုယ့်ပတ်စ်ပိုစ်နဲ့လာပြီး မြန်မာနိုင်ငံသားတွေ ဘယ်သူမဆို မဲပေးပိုင်ခွင့်ရှိတယ် ဆိုတဲ့အချက်ကြောင့် ကျနော်တို့အခုလို ဒီကိုလာပြီး မဲပေးပိုင်ခွင့် လာတောင်းဆိုတာပါ။”

သို့သော်လည်း ပတ်စ်ပိုစ်ကိုင်ဆောင်ထားတဲ့ မြန်မာတွေကတော့ သူတို့ပေးမယ့် မဲက ကန့်ကွက်မဲ ဖြစ်တယ်လို့လည်း ပြောဆိုနေပါတယ်။

“ကျနော်တို့ ဂျပန်နိုင်ငံမှာရှိတဲ့ မြန်မာတွေက နိုင်ငံရေး အသိအမြင်ရှိကြတော့ ဒီကလူတွေကို နည်းနည်း စည်းရုံးလိုက်ရင် သေချာတယ် ကျနော်တို့ ဒီက လုံးဝ ထောက်ခံမဲတခုမှ ရှိမှာမဟုတ်ဘူး။”

ဂျပန်နိုင်ငံမှာရှိတဲ့ မြန်မာသံရုံးရဲ့ အလိုကျ မဲပေးဖို့ရောက်လာသူတွေရှေ့ကနေ ကန့်ကွက်မဲ ပေးဖို့လာသူများက တံခါးဝမှာ ဆီးပြီးနေရာယူထားတာကြောင့် သံရုံးက ညနေ ၃ နာရီခွဲလောက်ထိ တံခါးဖွင့်မပေးဘဲ ဂျပန်ရဲကိုခေါ်ပြီး နှိမ်နှင်းခိုင်းခဲ့ခြင်းလည်း ဖြစ်ပါတယ်။ ဂျပန်ရဲ ၁၀၀ ကျော်လောက် အလုံးအရင်းနဲ့ ရောက်ရှိလာပြီး လူအုပ်နဲ့တွန်းထုတ်ကာ ရိုက်နှက်တာကြောင့် လူ ၂၀ ဦးခန့် ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံကို ပို့ဆောင်ခဲ့ရတယ်လို့ ဆိုပါတယ်။

“ကိုယ်ဝန်ဆောင်မိန်းခလေးတဦးဆိုရင် ဆောင့်တွန်းခံရပြီး အောက်မှာ အနှင်းခံရတာကြောင့် ကိုယ်ဝန် အခြေအနေက ဘာမှမသိရသေးဘူး။ တယောက်ကဆိုရင် လက်ချောင်းလေးတွေ ကျိုးသွားပါတယ်။ ပြီးတော့ ခေါင်းပေါက်တဲ့လူ ခါးနာသွားတဲလူ ခြေထောက်ဒူးဂေါင်း အနာတရ ရသွားတဲသူ၊ ဒါပေမယ့် အခုထိ ဆေးရုံကနေ ဘာမှ အကျိုးအကြောင်း ပြန်မကြားသေးဘူး။ ဘာဖြစ်တယ်ဆိုတာကို အတိအကျ မသိသေးဘူး။ ဆေးရုံကား လေးငါးဆယ်စီးလောက် ဒီကလူတွေကို ခေါ်ထုတ်သွားခဲ့တာ။”

မဲပေးခွင့်တောင်းဆိုနေသူတွေကတော့ ဂျပန်ရဲတွေက နှိမ်နှင်းခဲ့ပေမယ့်လည်း သူတို့ သဘောထားကို ဆက်လျက် ထုတ်ဖော်သွားမယ်လို့ ဆိုပါတယ်။

“ဒီကလူတွေအတိုင်း ကျန်တဲ့နိုင်ငံကလူတွေ အကုန်လုံးလည်း ဂျပန်လိုမျိုး ကျင့်သုံးကြပါလို့ နအဖ မဟုတ်တာ လုပ်တာကို နိုင်ငံခြားရောက်နေတဲ့သူတွေက ပြတ်ပြတ်သားသား လုပ်ပိုင်ခွင့်ရှိပါတယ်၊ ဟန့်တားပိုင်ခွင့် ရှိပါတယ်၊ နအဖက အရှက်မရှိလို့ ဒီလောက်နှိမ်နှင်းတာပါ ကျနော်တို့က အဲဒါနဲ့ပတ်သက်ပြီး လျှော့ပေးနိုင်တဲ့ အနေအထား မရှိပါဘူး။ နိုင်ငံတခုမှာ တရားဥပဒေ ဆိုတာရှိတယ်။ ဂျပန်ရဲက ဥပဒေကြောင်းအရ ကျနော်တို့ကို အရေးယူပေမယ့် – ကျနော်တို့ဖက်က အလျှော့ပေးဖို့ ထုံးစံမရှိပါဘူး။ လျှော့မှာလည်း မဟုတ်ပါဘူး ဒါက ပြတ်ပြတ်သားသား တကမ္ဘာလုံးကို ပြောချင်ပါတယ်။ ဒီဂျပန်နိုင်ငံမှာ မြန်မာနိုင်ငံသားတွေကိုလည်း ကိုယ့်တာဝန်ကိုယ်ကျေကြဖို့ ကျနော် ပြောချင်ပါတယ်။”

ဂျပန်စံတော်ချိန် ၄ နာရီခန့်မှာတော့ ဂျပန်သံရုံးကနေ ဖိတ်ခေါ်ထားတဲ့လူတွေလို့ ယူဆရတဲ့လူတွေကို ၁၀ ဦးခန့်စီ ဂျပန်ရဲက ၀န်းရံပြီး မြန်မာသံရုံးထဲကို ပို့ပေးခဲ့ပါတယ်။ အဲဒီအချိန်မှာ ကန့်ကွက်မဲ ထည့်ဖို့အတွက် လူအုပ်ကြီးကလည်း ငါတို့လည်း မဲပေးမယ်ဆိုပြီး ကြွေးကြော်နေကြပါတယ်။ ဂျပန်မှာ လူထုဆန္ဒခံယူပွဲအတွက် မဲပေးဖို့အတွက် ၂၆ ရက် နဲ့ ၂၇ ရက်ကို သတ်မှတ်ထားခဲ့တာကြောင့် နောက်တနေ့မှာလည်း ဆက်ပြီးတော့ ဆန္ဒမဲပေးနိုင်ဖို့ တောင်းဆိုသွားကြမယ် ဖြစ်ကြောင်း ပြောဆိုနေကြပါတယ်။

http://www.voanews.com/burmese/2008-04-26-voa3.cfm?rss=topic1

ဓါတ်ပုံများကြည့်ရန်

http://picasaweb.google.co.jp/yeaung69/426InfrontOfEmbassy