Save Burma

အာဏာရှင်စနစ် ကျဆုံးမှ တတိုင်းပြည်လုံး စစ်မှန်တဲ့ ဒီမိုကရေစီကို ခံစားရမယ်

ဆန္ဒခံယူပွဲတွင် နိုင်ငံတကာ ကြီးကြပ်ခွင့်ပေးရေး NLDတောင်းဆို

leave a comment »

2008.04.10

ဆန္ဒခံယူပွဲတွင် နိုင်ငံတကာကြီးကြပ်ခွင့်ပေးရေး NLDတောင်းဆို

လာမဲ့ မေလ ၁၀ ရက်မှာ စစ်အစိုးရက ကျင်းပမယ်လို့ ကြေညာထားတဲ့ လူထုဆန္ဒခံယူပွဲမှာ ပြည်သူတွေ အတွက် စိုးရိမ်မှုကင်းပြီး လွတ်လပ် တရားမျှတဖို့အတွက် ကုလသမဂ္ဂအပါအဝင် စောင့်ကြည့် ကြီးကြပ်နိုင်တဲ့ နိုင်ငံတကာက လွတ်လပ်တဲ့ အဖွဲ့အစည်းတွေ မြန်မာနိုင်ငံတွင်း လာရောက်ခွင့်ပြုဖို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD က ဧပြီ ၁၀ရက် ဒီကနေ့မှာ အထူးကြေညာချက် ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။

အာဏာပိုင်တွေက ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်း (၂၀၀၈)ကို ဆန္ဒခံယူပွဲမှာ အတည်ပြုနိုင်ရေး အတွက် သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ အာဏာပိုင်တွေက ကျောထောက်နောက်ခံပြုထားတဲ့ အဖွဲ့အစည်းတွေ အနေနဲ့ လွတ်လပ်ခွင့်တွေ ရနေပေမဲ့ အန်အယ်လ်ဒီအဖွဲ့ဝင်တွေ၊ စာနယ်ဇင်းတွေကိုတော့ ဝေဖန်ထောက် ပြခွင့်၊ ဆွေးနွေးပြောဆိုခွင့် မရတဲ့အပြင် ခြိမ်းခြောက် နှောင့်ယှက်တာတွေ ရှိနေတဲ့အတွက် ဆန္ဒခံယူပွဲအတွက် တရားမျှတမှု နဲ့ ယုံကြည် အားထားနိုင်တဲ့ အခြေအနေမျိုးမဟုတ်ဘူးလို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဆန္ဒခံယူပွဲအတွက် အာဏာပိုင်အဖွဲ့အစည်းတွေနဲ့ ကျောထောက်နောက်ခံပေးထားတဲ့ အဖွဲ့တွေကိုတော့ လက်ကမ်းစာစောင်ဖြန့်တာ၊ ကြေညာချက်ထုတ်တာတွေကို ခွင့်ပြုထားပေမဲ့ အန်အယ်လ်ဒီအဖွဲ့ချုပ်က တရားဝင် စာရွက်စာတမ်းတွေကိုတော့ ဖြန်ချိခွင့် မပြုတဲ့အပြင် သိမ်းဆည်းဖို့ကြိုးစားတာ၊ မြို့နယ်စည်း အဖွဲ့ဝင်တွေကို ခေါ်ယူစစ်ဆေးမေးမြန်းတာ၊ ဖမ်းဆီးချုပ်နှောင်တာတွေ လူမသိအောင် ချောင်းမြောင်း ရိုက်နေတာတွေ ပြုလုပ်နေတယ်လို့လည်း ဒီကြေညာချက်မှာ ဖော်ပြထားပါတယ်။

အာဏာပိုင်တွေအနေနဲ့ ရေဒီယို၊ ရုပ်မြင်သံကြားနဲ့ သတင်းစာတွေကနေ ပုံစံအမျိုးမျိုးနဲ့ နေ့စဉ်ဝါဒဖြန့်နေပေမဲ့ ပုဂ္ဂိလက စာနယ်ဇင်းတွေကိုတော့ လွတ်လပ်ခွင့်ပေး၊ ရေးသားခွင့်မရှိဘူးလို့လည်း ကြေညာချက်က ဆိုပါတယ်။

အချက် ၅ ချက်ပါ အန်အယ်ဒီရဲ့ အထူးကြေညာချက်ထဲက အချက်တချို့ကို အန်အယ်ဒီပါတီ သတင်းပြန်ကြားရေးအဖွဲ့ အဖွဲ့ဝင် ဦးသိန်းညွန့်က အခုလို ဖတ်ပြပါတယ်။

ဦးသိန်းညွန့်။ ။ “တိုင်းရင်းသား လူမျိုးစုများ အပါအဝင် ပြည်သူလူထုက စိုးရိမ် ကြောက်လန့်မှုကင်းစွာဖြင့် ဆန္ဒမဲ ပေးနိုင်ရေးနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းက ယုံကြည်လေးစားမှု ရရှိရေးတို့အတွက် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာမှ လေ့လာ စောင့်ကြည့်သည့်အဖွဲ့များကို ခွင့်ပြုရန် အထူးလိုအပ်ကြောင်း ကြေညာလိုက်သည်။”

ဒီအထူးကြေညာချက်ဟာ ဧပြီလ ၉ ရက် နေ့က ကျင်းပတဲ့ NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ရဲ့ အစည်းအဝေး ဆုံးဖြတ်ချက်အရ ကြေညာတာလို့လည်းသိရပါတယ်။

ဒီကြေညာချက်နဲ့ ပတ်သက်ပြီး ဦးသိန်းညွန့်ကို RFAက ဦးကျော်မင်းထွန်းက ဆက်သွယ် မေးမြန်းထားပါတယ်။

* ဦးသိန်းညွန့်နှင့် ဆက်သွယ်မေးမြန်းချက်။
* အသံဖိုင်ရယူရန်

မြန်မာနိုင်ငံတွင် မေလ ၁၀ရက်နေ့၌ ကျင်းပမည်ဟု စစ်အစိုးရက ကြေညာထားသော ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆန္ဒခံယူပွဲ ကျင်းပမည့် ပုံစံကို ဧပြီ ၁၀ရက်နေ့က သရုပ်ပြစဉ် မဲပုံးအလွတ်တခုကို အရာရှိက ပြသနေပုံ ဖြစ်ပါသည်။

Written by Lwin Aung Soe

April 11, 2008 at 2:45 am

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: