Save Burma

အာဏာရှင်စနစ် ကျဆုံးမှ တတိုင်းပြည်လုံး စစ်မှန်တဲ့ ဒီမိုကရေစီကို ခံစားရမယ်

မင်းသားကြီးစတားလုံးက မြန်မာစစ်အစိုးရကို စိန်ခေါ်

leave a comment »

မင်းသားကြီးစတားလုံးက မြန်မာစစ်အစိုးရကို စိန်ခေါ်

2008.02.03 (RFA Burmese news)

John Rambo IV ရဲ့ သရုပ်ဆောင်၊ ဒါရိုက်တာနဲ့ ဇာတ်ညွှန်း ရေးသားသူ ဆီလ်ဗဲစတာ စတာလုံး။

ရမ်ဘိုမင်းသားကြီး စတားလုံးဟာ မြန်မာစစ်အစိုးရကို ရုပ်ရှင်ထဲမှာ အကြိတ်အနယ် ထိုးနှက်တိုက်ခိုက်ခဲ့ရုံနဲ့ အားမရသေးပဲ လူ့အခွင့်အရေးကိစ္စနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံကို ကိုယ်တိုင်လာပြီး စစ်အစိုးရနဲ့ တွေ့ဆုံရင်ဆိုင်လိုက်ချင်သေးကြောင်း ပြောဆိုလိုက်ပါတယ်။

မင်းသားကြီးစတားလုံးရဲ့ စတုတ္ထမြောက် ရမ်ဘို ရုပ်ရှင်ကားကို မြန်မာစစ်အစိုးရက ပြည်တွင်းမှာ ပိတ်ပင်လိုက်ပြီး ဒီဗွီဒီ အရောင်းဆိုင်တွေကို ရမ်ဘိုဇာတ်ကား ဆိုင်ပေါ်မတင်ဖို့ တင်းတင်းကြပ်ကြပ် အမိန့်ထုတ်လိုက်ပါတယ်။ ဒါပေမဲ့ ရမ်ဘိုဟာ မြန်မာပြည်တွင်းမှာ ပုန်းလျှိုးကွယ်လျှိုး လူကြည့်များနေပြီး ဒီမိုကရေစီ အင်အားစုတွေအပေါ် တစုံတရာ စေ့ဆော်အားပေး နိုင်တဲ့အတွက် သူ့အတွက် ဒီရုပ်ရှင် ရိုက်ကူးရကျိုး နပ်ပါတယ်လို့ မင်းသားကြီး စတားလုံးက ဂုဏ်ယူပြောကြားလိုက်ပါတယ်။ ရမ်ဘိုရုပ်ရှင်ထဲက “အဓိပ္ပါယ်မဲ့ နေမှာရယ်၊ အဓိပ္ပါယ်နဲ့ သေမှာရယ်၊ ကြိုက်ရာကို ရွေးချယ်” ဆိုတဲ့ စာတန်းဟာ မြန်မာလူထု ပါးစပ်ဖျားရောက်သွားပြီး စိတ်ဓါတ်ရေးရာ လှုံ့ဆော်မှုတရပ် ဖြစ်သွားခဲ့ရတာဟာ သူ့ရဲ့ရုပ်ရှင်သက်တမ်းမှာ ဂုဏ်အယူရဆုံး ကိစ္စဖြစ်ခဲ့ရတယ်လို့လည်း ရိုက်တာသတင်းဌာနကို ဖွင့်ဟပြောဆိုလိုက်ပါတယ်။

သူ့ရဲ့ရမ်ဘိုရုပ်ရှင်ကားကို စစ်အစိုးရက ပိတ်ပင်လိုက်တာနဲ့ ပတ်သက်ပြီး တုန့်ပြန်ပြောဆိုရာမှာ မြန်မာစစ်အစိုးရက ဒီရုပ်ရှင်ဇာတ်ကားကို မိုးလုံးပြည့်မုသာဝါဒတွေ၊ တပ်မတော်အပေါ် မဟုတ်မမှန် လုပ်ကြံပြီး ထိုးနှက်စော်ကား ထားတာတွေလို့ ပြောမှာပါပဲ၊ ဒါဆိုရင် သူ့ကိုတိုင်းပြည်ထဲ ဖိတ်ခေါ်လိုက်ပါ၊ လွတ်လွတ်လပ်လပ် သွားလာခွင့်ပြုလိုက်ပါ၊ အလောင်းတွေဘယ်မှာ မြုပ်ထားတယ်ဆိုတာ ပြလိုက်ပါ့မယ်၊ ဒါမှမဟုတ်ရင်လည်း ဝါရှင်တန်ကိုလာခဲ့ကြပါ၊ အမေရိကန် လွှတ်တော်ရှေ့မှောက်မှာ စကားပြောကြမယ်လို့ မင်းသားကြီးစတားလုံးက မြန်မာစစ်အစိုးရကို စိန်ခေါ်လိုက်ပါတယ်။

ရမ်ဘိုရုပ်ရှင်ကားဟာ ရုံတင်ပြီး ပထမပတ်အတွင်း ဒေါ်လာ ၁၈ သန်းကျော် ရရှိခဲ့ပါတယ်။ နောက်ထပ်လည်း နောက်ဆုံး ရမ်ဘိုဇာတ်ကားအဖြစ် ရမ်ဘို အမှတ် ၅ ဆက်လက်ရိုက်ကူးဖို့ စိတ်ကူးနေတယ်လို့လည်း ဆိုပါတယ်။ အခု မြန်မာပြည်နောက်ခံ ရမ်ဘို အမှတ် ၄ ထဲမှာ ပါဝင်သူ မြန်မာနိုင်ငံသား သရုပ်ဆောင်နှစ်ဦးရဲ့ မိသားစုဝင်တွေကို စစ်အစိုးရက ဖမ်းဆီးခဲ့ကြောင်း ကြားသိရတယ်လို့ စတားလုံးကပြောပေမဲ့ ဒီကိစ္စနဲ့ပတ်သက်ပြီး အတည်မပြုနိုင်သေးပါဘူး။

Written by Lwin Aung Soe

February 3, 2008 at 11:33 pm

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: