Save Burma

အာဏာရှင်စနစ် ကျဆုံးမှ တတိုင်းပြည်လုံး စစ်မှန်တဲ့ ဒီမိုကရေစီကို ခံစားရမယ်

Archive for January 14th, 2008

World Focus on Burma (15 Jan 08)

  1. Frequent meetings with Daw Aung San Suu Kyi vital: NLD
    Mizzima.com, India –
    January 14, 2008 – Burma’s chief Opposition party today said there was need for frequent meetings with detained pro-democracy leader Daw Aung San Suu Kyi, …
  2. Burma bomb blasts aims to bring back unity among the military: Analyst
    Mizzima.com, India –
    January 14, 2008 – The recent bomb blasts in Burma including former capital Rangoon could be the junta’s plot in an effort to re-unite its military, …
  3. Hollywood Big Guns to Follow Paris and Britney to Burma
    The Spoof (satire), UK –
    Los Angeles A plethora of Hollywood big guns are said to be following Britney Spears and Paris Hilton to Burma (Myanmar) to support Nobel Prize Laureate …
  4. RIGHTS-BURMA: Lobby Says Gem Boycott Is Working
    Inter Press Service (subscription), Italy –
    Burma’s military rulers changed its name to Myanmar in 1989, when they revived the use of Burmese-language place names. The rights lobby is seeking to draw …
  5. Indonesia Watches an Ailing Suharto
    New York Times, United States –
    Mr. Lee noted that Mr. Suharto seized power in a coup in 1965 just a few years after Ne Win had seized power similarly in Burma, which is now called Myanmar …
  6. Tornatore courts a Nobel ‘Lady’
    Variety, CA –
    Although Burma, or Myanmar as it is styled by the ruling junta, is a pariah state, it retains powerful links with China, India and Thailand. …
  7. China’s `soft power’ has a hard line
    Taipei Times, Taiwan –
    The Chinese have concentrated economic assistance in Myanmar and Laos on their southern border, and in Cambodia. They are also the poorest countries in the …
  8. Blasts rock Myanmar
    CNN –

    YANGON, Myanmar (AP) — An explosion at a railway station in Myanmar’s commercial capital injured one woman this past Sunday, a government official said, …

  9. Human rights group renews boycott call on Burma’s gems
    OneWorld.net, UK –
    It renewed its calls for a gems boycott in advance of an auction of precious stones scheduled for Tuesday through Saturday by the Union of Myanmar Economic …
  10. ‘I was a virtual prisoner for 20 years and there is no greater …
    Yorkshire Post, UK –
    … spectacle of hundreds of saffron-robed monks leading pro-democracy protests in Burma, renamed Myanmar by the military, brought back painful memories. …
  11. US official calls for clear message to Myanmar
    AFP –

    … Europe, India, all — to be sending the same message to the regime that we are not anti-Burma,” Marciel said, using Myanmar’s former name. …

  12. Lofty Asean Charter hangs in the balance
    NEW STRAITS TIMES (MALAYSIA) | THE Asean Charter set out to recalibrate Asean and make it more robust and active. Yet, instead of rushing to find ways to assert these norms, the charter rema…
  13. Grant to help Ft. Wayne cope with sickly refugees
    FORT WAYNE, Ind. — Northeastern Indiana charities bracing for another wave of refugees fleeing Myanmar’s repressive regime say $133,000 in grants from Catholic Charities will help provide health care to the of…
Advertisements

Written by Lwin Aung Soe

January 14, 2008 at 10:42 pm

Posted in World Focus on Burma

Tagged with ,

၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ရဲ့ ကျောင်းသားခေါင်းဆောင်တဦးဖြစ်တဲ့ ကိုနေတင်မြင့်နဲ့ စကားပြောခြင်း

leave a comment »

၈၈မျိုးဆက်ကျောင်းသားများအဖွဲ့ရဲ့ ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုနေတင်မြင့်နဲ့ စကားပြောခြင်းအင်တာဗျုးတခုကို ကြိုးစားတင်ဆက်ပေးလိုက်ပါတယ်။

 

nay-tin-myint.jpg

 

၈၈မျိုးဆက်ကျောင်းသားများအဖွဲ့ရဲ့ ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုနေတင်မြင့်

…………………………………………………………………………….

 

ပြည်သူ့အသံ… ကိုနေတင်မြင့်ရေ — မင်္ဂလာပါခင်ဗျာ..

ကိုနေတင်မြင့်…. ဟုတ်ကဲ့ မင်္ဂလာပါခင်ဗျား

ပြည်သူ့အသံ… အခုဆိုရင် ကိုနေတင်မြင့် ပြည်ပကို ထွက်ခဲ့တာ ၄-၅ လ ရှိပြီထင်ရဲ့နော်။ ပြည်ပကို ထွက်လာဖြစ်ခဲ့ပုံလေးကို နည်းနည်းလောက် ပြန်ပြောပြနိုင်မလားခင်ဗျာ။

ကိုနေတင်မြင့်…. ဟုတ်ကဲ့ ကျနော်ပြည်ပကိုထွက်ခွါလာရခြင်းအကြောင်းရင်းက ယခု ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ ဖြစ်ကြတဲ့ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဌေးကြွယ်နှင့် ကိုမင်းဇေယျ အပါအ၀င် ကျနော်တို့တွေဟာ မပြီးဆုံးသေးသော ၁၉၈၈ အရေးအခင်းစတင်ပေါ်ထွန်းလာတဲ့ တော်လှန်ရေးကို ငြိမ်းချမ်းစွာနှင့် အဆုံးသတ်စေရန် အမိမြန်မာနိုင်ငံတော်နှင့် ပြည်သူပြည်သားအားလုံးအတွက် ၂၀၀၅ ခုနှစ် နောက်ပိုင်းမှာ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ကို ဖွဲ့စည်းပြီး ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအတွက်၊ လူထုအားလုံးပါဝင်စေရန် campaign များစွာကို ဖော်ဆောင်ခဲ့ပါတယ်၊ signature campaign, white campaign, white expression campign နှင့် white Sunday campaign တို့မှာ ကျောင်းသားလူငယ် ပြည်သူလူထုများစွာက စစ်တပ်နှင့် ၄င်းတို့၏ လက်ပါးစေ ( ကြံဖွံ့၊စွမ်းအားရှင်) တို့က တားဆီးပိတ်ပင်တဲ့ ကြားထဲကနေ တက်တက် ကြွကြွနှင့် ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြပြီး နောက်ဆုံး မိမိအခွင့်အရေးကို မိမိကိုယ်တိုင် ပိုင်ဆိုင်ဘို့အတွက် အကြောက်တရားတွေကို ဘေးဖယ်ပြီး ပြောရဲ ၊ဆိုရဲ၊ တောင်းဆိုရဲနိုင်အောင် ရှေ့ဆုံးကနေ ကျနော်တို့ ၈၈ ကျောင်းသားခေါင်းဆောင်တွေဟာ ရဲဝံ့စွာဖော်ဆောင်ခဲ့ကြတယ် အဲ အကျိုးအမြတ်ကတော့ ဒီမိုကရေစီစနစ်ဟာ လူထုရဲ့ကြားထဲမှာ နိုးကြားလာပြီး စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ရဲတဲ့သတ္တိတွေ ပေါ်ထွန်းလာကြတယ်၊ ကျနော်ထိုင်းနိုင်ငံ နယ်စပ်ကို မထွက်လာခင်ကာလမှာ ကျနော့်မိသားစုနှင့် အိမ်နီးပတ်ဝန်းကျင်ကို ခြိမ်းခြောက်၊ အကြပ်ကိုင်မှုတွေ၊ ကျနော့်နောက်လည်း ထပ်ကြပ်မကွာ လိုက်ပြီး နောက်ဆုံး နအဖ ရဲ့လက်ပါးစေတွေက အသက်အန္ထရာယ်ကို ရန်ပြုမဲ့အရိပ်သဃာန်တွေ တွေ့ခဲ့ရတဲ့အတွက် ဒါကအချက်တချက်နှင့် နောက်တချက်က ပြည်တွင်းရဲ့လှုပ်ရှားမှုတွေ အားကောင်းလာဘို့အတွက် ပြည်ပမှာရှိနေတဲ့ ဒီမိုကရေစီ လိုလားတဲ့ အဖွဲ့အစည်း အားလုံးက မှန်ကန်သော အကြံဥာဏ်ပေးမှုတွေ လိုအပ်တဲ့ ကူညီပံပိုးမှုတွေကို ပြည်တွင်းပြည်ပ ဟန်ချက်ညီညီ လှုပ်ရှားစေရန်အတွက် (ဒီအချက် ၂ ချက်ကို အခြေပြုပြီး ကျနော် ထိုင်းနိုင်ငံနယ်စပ်ကို ထွက်ခွါလာခဲ့ပါတယ်၊

ပြည်သူ့အသံ… မြန်မာပြည်ကထုတ်တဲ့ နအဖ သတင်းစာတွေမှာ ကိုနေတင်မြင့် ပြည်ပထွက်လာတဲ့အပေါ် ရေးသားချက်တွေအပေါ် ဘယ်လို တုံ့ပြန်ချင်ပါသလဲခင်ဗျာ။ ကျနော်တို့ နားလည်ထားတာက ကိုနေတင်မြင့်တို့ ၈၈ မျိုးဆက်အနေနဲ့ အကြမ်းဖက် လှုပ်ရှားမှုမျိုး လုံးဝ မလုပ်ပါပဲလျက် အခုလို စွပ်စွဲတယ်ဆိုတာ အံ့သြစရာ၊ ရယ်ချင်စရာ ဖြစ်နေသလားလို့ပါ.။

ကိုနေတင်မြင့်…. ကျနော် ဒီထိုင်းနိုင်ငံနယ်စပ်ကို ထွက်ခွါလာပြီး မကြာခင်ကာလမှာပဲ၊ န အ ဖ သတင်းစာတွေ သတင်းစာ ရှင်းလင်းပွဲတွေက အကြိမ်ကြိမ်စွပ်စွဲမှုတွေ လုပ်ခဲ့တယ်၊ နောက်ဆုံး အကြမ်းဖက်သမားအဖြစ် ပေါ်ပေါ်တင်တင် စွတ်စွဲမှုတွေ လုပ်ခဲ့တယ်၊ ဘာကြောင့် ကျနော်ကို ဒီလိုစွတ်စွဲရသလဲဆိုရင် လူထုကကြောက်တဲ့။ နိုင်ငံတကာအသိုင်းအ၀ိုင်းက လက်မခံတဲ့ အကြမ်းဖက်သမားဆိုတဲ့စာ တမ်းကြီးကို ကျနော်တို့ကပ်ပေးပြီး ပြည်တွင်းမှာ ဆက်လက်ပြီး ရဲရဲဝံ့ဝံ့လှုပ်ရှားနေကြတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေကို မတရားပုဒ်မတွေတပ်၊ မဟုပ်မမှန်တွေ စွတ်စွဲပြီးတော့၊ ဥပဒေမဲ့စွာ ထောင်နှစ်ရှည်ချချင်တဲ့အတွက် ကျနော်နှင့် မင်းကိုနိုင်တို့ကို စနစ်တကျ အကွက်ကျကျ လုပ်ကြံ ဖန်တီးခြင်းသာဖြစ်တယ်၊ ပြည်တွင်းထဲမှာ သူတို့ရဲ့အာဏာ ကုလားထိုင်ကို လှုပ်စေခဲ့တာ အဓိက ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များသာ ဖြစ်တယ်လေ၊ ဒါကလည်းရှင်းနေတာဘဲ ကျနော်တို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေက အကြမ်းဖက်မှုကို မလိုလားဘူး။ ငြိမ်းချမ်းစွာဖြင့်အသွင်ကူးပြောင်းရေး ကာလကိုကျော်ဖြတ်ခြင်တယ်၊ ကျနော်တို့ခေါင်းဆောင်တွေ ထောင်ကလွတ်ပြီးကတည်းက၊ တောင်းဆိုနေတာ၊ တိုက်တွန်းနေတာ။အမျိုးသားပြန်လည်သင့်မြတ်ရေး ကိုဘဲ တစိုက်မတ်မတ် ပြောဆိုခဲ့တယ်၊ ကျနော်တို့ရဲ့လှုပ်ရှားမှုတွေမှာလည်း non violent (အကြမ်းမဖက်) ငြိမ်းချမ်းစွာဖြင့် ဖော်ထုတ်ဆန္ဒပြမှုများသာဖြစ်တယ်၊ ဒါကို အမိ မြန်မာပြည်သူလူထုကြီးသာမက နိုင်ငံတကာ အသိုင်းအ၀ိုင်းကပါ ကျနော်တို့ရဲ့ ငြိမ်းချမ်းစွာ လှုပ်ရှားမှုတွေကို၊ အသိအမှတ်ပြု လက်ခံကြတာ။ ဒါတွေက သက်သေပြစရာ မလိုတဲ့ ရှင်းလင်းနေတဲ့အရာဘဲ။ စစ်အာဏာရှင်တွေမှာ။ သူတို့ရဲ့  TV အသံလွင့်ဌာန။ မီဒီယာတွေ၊ သတင်းစာတွေနှင့် စာပေတွေထဲကနေ မဟုတ်မမှန် ၀ါဒဖြန့် လှုံ့ဆော်နေပေမယ့်၊ လူထုကသူ တို့ရဲ့ဝါဒဖြန့်မှုကို အားလုံးလိုလို သိနေလေတော့။ ဒီစွတ်စွဲချက်တွေက အရာမရောက်တဲ့ ဟာသတစ်ခု၊ ပျက်လုံး တစ်ခုသာသာ ဖြစ်နေတာပါဘဲ၊ အခုလည်းကြည့်လေ၊ မဟုတ်မမှန်စွတ်စွဲမှုတွေလုပ်ပြီး ၈၈ ကျောင်းသား ခေါင်းဆောင်တွေကို ထိန်းသိမ်းထားကြတယ်၊

 

41107-20ntm2.jpg

ပြည်သူ့အသံ… ပြည်တွင်းမှာ လှုပ်ရှားဆောင်ရွက်ရတာနဲ့ ပြည်ပမှာ နိုင်ငံရေးလုပ်ဆောင်ရတဲ့ ကွာခြားချက်ကလေးတွေကိုလည်း သုံးသပ်ပေးပါဦး။

ကိုနေတင်မြင့်…. ပြည်တွင်းမှာလုပ်ဆောင်နေတာ သူတို့ရဲ့ အာဏာစက်အောက်မှာဆိုတော့၊ ကျနော်တို့ ခေါင်းဆောင်တွေက (ဥပမာအားဖြင့် မီဒီယာနှင့်အင်တာဗျူးတဲ့အခါမှာ။ လူထုနားလည်အောင် ရှင်းလင်း ပြတ်သားတဲ့ဖြေဆိုမှုတွေ၊ ပြောချင်ပေမဲ့လည်း ထိန်းထိန်းသိမ်းသိမ်း ပြောနေရတယ်၊ ဘယ်လို campaign မျိုးမဆို။ ကျနော်တို့က ပြည်သူနဲ့အတူတကွ၊ တသားတည်း၊ ငြိမ်းချမ်းစွာဖေါ်ဆောင်ပေမယ့် သူတို့တွေရဲ့ လက်ပါးစေတွေက အကြမ်းဖက်မှုကို ဖန်တီးတာတွေ၊ လုပ်ကြံတာတွေကိုသတိကြီးကြီးနှင့် ရှောင်ကျဉ်ရတယ်၊ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ လွတ်လပ်ပွင့်လင်းစွာ ဆွေးနွေးခွင့် မရခဲ့ဘူး။ အဲ ဒီပြင်ပမှာတော့ နိုင်ငံတကာ အသိုင်းအ၀ိုင်းတွေကို ခိုင်မာပြတ်သားတဲ့သတင်းတွေ (clear message) လွတ်လွတ်လပ်လပ် ပေးလို့ရပြီး UN အပါအ၀င် နိုင်ငံတကာကို စည်းရုံးလှုံဆော်တဲ့အခါ ထိထိရောက်ရောက် ပြောဆိုလုပ်ဆောင်နိုင်တယ်၊ မိမိရဲ့လိုအပ်ချက်တွေကို ဖြည့်ဆည်းဘို့အတွက် အချင်းချင်းညှိနှိုင်း ဆွေးနွေးပွဲတွေ (work shop, seminar)တွေ လွတ်လွတ်လပ်လပ် လုပ်နိုင်ပြီး လူမျိုးစု အဖွဲ့အစည်းတွေနဲ့လည်း လွတ်လပ်ပွင့်လင်းစွာနဲ့တွေ့ဆုံပြီး ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးနိုင်ခဲ့တယ်၊ အဲဒီ ခိုင်မာပြတ်သားတဲ့ ဦးဆောင်မှုကိုတော့ ဒီနေရာက ပေးလို့မရဘူး၊ လူထုနှင့် အနီးကပ်ဆုံးရှိနေတဲ့ ပြည်တွင်းက ခေါင်းဆောင်များကဘဲ ပေးလို့ရနိုင်မယ်၊ အားနည်းချက် အားသာချက်ကတော့ ဒီလိုဘဲဒွန်တွဲနေလျှက်ပါ၊

ပြည်သူ့အသံ… ပြည်တွင်းမှာ ဦးဆောင်လှုပ်ရှားခဲ့သူတဦးအနေနဲ့ အခုလို ပြည်ပထွက်ပြီး လှုပ်ရှားတဲ့အခါ အားရကျေနပ်မှု ရှိပါရဲ့လား။

ကိုနေတင်မြင့်…. ပြည်တွင်းမှာ ၈၈ ထဲကတလျှောက်လုံး ဦးဆောင်လှုပ်ရှားလာခဲ့တာ (အခုထွက်မလာခင် ကာလအထိ) ကျနော်တို့ရဲ့ လှုပ်ရှားမှုတွေက အားရကျေနပ်မှုတော့ အထိုက်လျောက်သာရှိပါတယ်၊ အားရကျေနပ်မှု အပြည့်အ၀ရှိတဲ့ အဆင့်ကျရင်တော့ စစ်အာဏာရှင်စနစ် ပိုပျက်ပြီး ကျနော်တို့နိုင်ငံ ဒီမိုကရေစီစနစ် ထွန်းကားနေပြီပေါ့၊ ပြည်ပမှာလည်း ခုနကပြောခဲ့သလို လွတ်လွတ်လပ်လပ် ကျယ်ကျယ်ပြန့်ပြန့်် လုပ်ဆောင်နိုင်ခဲ့မှုတွေအပေါ် အသင့်အတင့်ကျေနပ်မှုတွေရှိပါတယ်၊ ပြည့်ပြည့်၀၀ လုပ်ဆောင်ရမဲ့ ကိစ္စတွေကတော့ အများကြီးပါဘဲ (ဥပမာ-အာစီယံနိုင်ငံတို့ တရုတ် )စတာတွေကို ထိရောက်စွာ စည်းရုံးလှုံ့ဆော်ဘို့ ကြိုးစားရမယ်၊

ပြည်သူ့အသံ… ပြည်တွင်းက ဆောင်ရွက်မှုတွေအတွက် ပြည်ပကဘယ်လို ပံ့ပိုးထောက်ပံ့မှုတွေ လုပ်နိုင်မလဲ၊ လုပ်သင့်သလဲ။

ကိုနေတင်မြင့်…. ပြည်တွင်းကဆောင်ရွက်မှုတွေအပေါ် ပြည်ပကလုပ်ဆောင်နိုင်တဲ့ ပံ့ပိုးမှုတွေကတော့ နည်းပေါင်းစုံပေါ့။ UNအပါအ၀င် နိုင်ငံတကာကို ထိထိရောက်ရောက် ပြောဆိုစည်းရုံးနိုင်ပြီး နအဖကို ဘယ်လို ထိထိရောက်ရောက် ဖိအားပေးနိုင်မယ်။ နောက်ပြီး အထဲမှာ လှုပ်ရှားတက်ကြွသူများအတွက် လိုအပ်သော နိုင်ငံတကာ သတင်းအချက်အလက်တွေ၊ ငွေရေးကြေးရေးနှင့် နယ်စပ်မှာပြုလုပ်ခဲ့တဲ့ work shop တွေထဲက ထိရောက်တဲ့ နည်းလမ်းသစ်တွေကို အကြံပြုနိုင်မယ်။ ပြီးတော့ လိုအပ်တဲ့ စက်ပစ္စည်း ကရိယာတွေကို ပံ့ပိုး ကူညီနိုင်မယ်။ ဒါတွေက အတွင်းအတွက် ကြီးမားသော ဖြည့်ဆည်းကူညီမှုတွေပါဘဲ။

ပြည်သူ့အသံ… ဒီလို လုပ်ဆောင်မှုတွေဟာ ပြည်တွင်းက ရဲဘော်တွေအတွက် အား တခု ဖြစ်ပါသလား၊ ကိုယ်တွေ့ ဥပမာလေးနဲ့ ပြောပြနိုင်မလားခင်ဗျာ။

ကိုနေတင်မြင့်…. အထက်မှာဖော်ပြခဲ့သလို ဒီလိုလုပ်ဆောင်ပံ့ပိုးမှုတွေက အားကြီးတခုပါဘဲ မကြာသေးခင်က ဖြစ်ခဲ့တဲ့ ရွှေဝါရောင် တော်လှန်ရေးဆိုရင် အတွင်းနှင့်အပြင်ကဟန်ချက်ညီညီချီတက်မှုတွေ အတွင်းက ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေကို စက္ကန့်ပိုင်းအတွင်း ပြည်ပရောက်လာပြီး တကမ္ဘာလုံးကို ချက်ခြင်း ဖြန့်ဖြူးနိုင်တာတွေက IT ခေတ်ကြီးရဲ့အကျိုးဆက်ရလဒ်တွေပါဘဲ (ဥပမာ-အားဖြင့် ၁၉၈၈ အရေးအခင်းကဆိုရင် ရဟန်းရှင်လူ ကျောင်းသားပြည်သူတွေ သုံးထောင်ကျော် သေခဲ့ပေမဲ့ ဆက်သွယ် ရေးနည်းကရိယာတွေ အားနည်းနေတဲ့အတွက် ကမ္ဘာကို သက်သေမပြနိုင်သလို ကမ္ဘာ့အသိုင်းအ၀ိုင်းကလည်း ကျယ်ကျယ်ပြန့်ပြန့် မသိခဲ့ရဘူး၊ အခု ရွှေဝါရောင် တော်လှန်ရေးမှာ အားလုံးသေဆုံးသူပေါင်း ၁၀၀ မရှိပေမဲ့။ ကမ္ဘာက ကစ up to date သိနေပြီး စစ်အာဏာရှင်တွေရဲ့ ရက်စက်ဖိနှိပ်မှုကို မျက်ဝါးထင်ထင်မြင်တွေ့ခဲ့ရတယ်၊ (ဒါက ကျနော်တို့တတွေအတွက် အကျိုးအမြတ် အား တခုပါဘဲ)
(နောက်တခုက ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ လုပ်တဲ့signature compign ဆိုရင်ဗျာ ပြည်တွင်းမှာ လူထုအလွှာအသီးသီးအားလုံး ငါးသိန်းကျော်ကျော် လက်မှတ်ရေးထိုးကြပြီး အဲဒီလက်မှတ်တွေကို ကုလသမဂွ အထူးကိုယ်စားလှယ် မစ္စတာဂမ်ဘာရီ လက်ထဲကို ထည့်လိုက်နိုင်တယ်) ဒါ့အပြင် ပြည်ပမှာရှိတဲ့ ဒီမိုကရေစီ ဖော်ဆောင်နေသူများကလည်း နိုင်ငံတကာ compign ဖြစ်အောင် လှုံ့ဆော် စည်းရုံးတဲ့အခါ US, Japan, Thai, Australia, Norway စတဲ့နိုင်ငံတွေကလည်း သူတို့နိုင်ငံမှာ signature campign ကို ဖော်ဆောင်နိုင်ခဲ့ကြတယ်၊

ပြည်သူ့အသံ… လွန်ခဲ့တဲ့ စက်တင်ဘာ ကံဆောင်သပိတ်နဲ့ ပတ်သက်ပြီး ကိုနေတင်မြင့်အမြင်ကို နည်းနည်းလောက် ပြောပြပေးပါလားခင်ဗျာ။

ကိုနေတင်မြင့်…. ပြီးခဲ့တဲ့စက်တင်ဘာ ကံဆောင်သပိတ်နှင့်ပတ်သက်ပြီးပြောရရင် စစ်အာဏာရှင်က သူတို့ရဲ့ စရိုက်ဆိုးအတိုင်း အခြေခံ မရှိမဖြစ်လိုအပ်တဲ့ လောင်စာဆီကို August 15 ရက်နေ့မှာ ရုတ်တရက် အဆမတန် တိုးမြှင့်လိုက်တဲ့အခါ ပြည်သူလူထုကြီးရဲ့ နှစ်ရှည်လများ မျိုသိပ်ထားတဲ့ ခံစားမှု၊ နာကျည်းမှုတွေဟာ ထိန်းမနိုင်သိမ်းမရဖြစ်ပြီး ပေါက်ကွဲလာတော့တာဘဲ။ ဒါကို ၈၈ ကျောင်းသားခေါင်းဆောင်တွေက စတင်ပြီး ရဲဝံ့စွာ ဖော်ထုတ် ပြသခဲ့တယ်၊ နောက်ပိုင်း ပြည်သူလူထုက ပူးပေါင်းပါဝင်လာခဲ့ကြတယ်၊ အဲ့ဒိညမှာပဲ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေကို ဖမ်းဆီး ထိန်းသိမ်းခဲ့တယ်။ အဲဒီအချိန်မှာဘဲ ပခုက္တူ မြို့မှ သံဃာတော်တွေ ငြိမ်းချမ်းစွာ မေတ္တာရှေ့ထားပြီး ထုတ်ဖော် ဆန္ဒပြမှုတွေအပေါ် စစ်အာဏာရှင်တွေက သိက္ခာမဲ့စွာ ဆိုးဆိုးဝါးဝါး ဘုရားရဲ့သားတော်တွေကို ရိုက်နှက်ကန်ကြောက်ခဲ့ရာက သင့်တင့်မျှတသော လူထုရဲ့အခြေခံအကျဆုံး လိုအပ်ချက်တွေကို တောင်းဆိုခဲ့တယ်၊ စစ်အာဏာရှင်အစိုးရက လိုက်လျောမှု မပေးတဲ့အခါမှာ ၁၈ ရက်နေ့မှာ ကံဆောင်သပိတ်ကို စတင်ခဲ့ပြီး ယခုကမ္ဘာကသိမြင်ခဲ့တဲ့ ရွှေဝါရောင်တော်လှန်ရေးကြီးကို ဖြစ်စေခဲ့တာပါဘဲ၊ ဥပမာအားဖြင့် ( ၈၈ ကျောင်းသားတွေ လုပ်ခဲ့တဲ့ campign တွေ N.L.D youth များ ဦးစီးဆောင်ရွက်သော ဒေါ်စုနှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး တလတာ မေလcampign စတာတွေဟာ ရွှေဝါရောင် စက်တင်ဘာ တော်လှန်ရေးကြီး ဖြစ်ပေါ်အောင်လုပ်ခဲ့တဲ့ မီးပွါးလေးတွေ ပါဘဲ၊

ပြည်သူ့အသံ… လက်ရှိအခြေအနေအရ နိုင်ငံရေးဒီရေ ပြန်ကျသွားတယ်လို့ ဆိုရမယ်ပေါ့ခင်ဗျာ။ တချို့ကလည်း ဘုန်းကြီးတွေကိုတောင် ရက်ရက်စက်စက် သတ်ပြစ်တာဆိုတော့ နောက်ထပ် လူထုအုံကမှုတွေထပ်ဖြစ်ဖို့၊ ဒီမိုကရေစီပန်းတိုင် ရောက်ဖို့ဆိုတာ မျှော်လင့်ချက် တော်တော် နည်းသွားပြီလို့ ယူဆတာမျိုးလည်း ကြားရတယ်ခင်ဗျ။ ကိုနေတင်မြင့်က ဘယ်လို ယူဆပါသလဲ။

ကိုနေတင်မြင့်…. ရွှေဝါရောင် စက်တင်ဘာ တော်လှန်ရေး လုပ်ဆောင်မှုအပေါ် ကျနော်ရဲ့အမြင်ကိုပြောရရင် လက်ရှိအခြေအနေမှာ နိုင်ငံရေး ဒီရေပြန်ကျသွားတယ်ဆိုတာ လက်ခံပါတယ်၊ ဘာကြောင့်လဲဆိုရင် စစ်အာဏာရှင်တွေက လက်နှက်မျိုးစုံနှင့် ဘုရားသားတော်များ ပါမချန် ရက်ရက်စက်စက် သတ်ဖြတ်ဖြိခွဲ နှိမ်နှင်းခဲ့တာကိုး၊ ပြီးတော့ ညဘက်တွေမှာ ဘုန်းကြီးကျောင်းတို့ အိမ်တို့ကို ၀င်ရောက် ဖျက်ဆီးပြီး ဖမ်းဆီးသွားနေတာ အခုထက်ထိဘဲ။ ဒီအကျိုးဆက်တွေဟာ ချက်ခြင်းလက်ငင်း ဆိုသလို လူထုအုံကြွမှုကြီး ထပ်မဖြစ်ဘို့အတွက် အဓိက အချက်ဖြစ်တာကိုး။ တချို့တွေဆိုရင် ရှောင်တိမ်းရင်း ထိုင်းနိုင်ငံနယ်စပ်ကို ရောက်လာခဲ့ကြတယ်၊ အဲဒါက ပကတိ အရှိတရားဘဲ။ အဲဒီလိုဖြစ်နေလို့ ဒီမိုကရေစီပန်းတိုင် ရောက်ဖို့ မျှော်လင့်ချက် နည်းသွားပြီလို့ ယူဆရင်တော့ လုံးဝ မှားသွားလိမ့်မယ်လို့ ကျနော်ယုံကြည်တယ်၊ စစ်အာဏာရှင်တွေ ဘယ်လောက်ဘဲ ဖြိုခွဲနှိမ်နှင်းပါစေ လူထုရဲ့ရင်ထဲမှာ အမြစ်တွယ်သွားတာက အာဏာရှင် စနစ်ကို လုံးဝလက်မခံနိုင်တာနဲ့ ဒီမိုကရေစီစနစ် ပေါ်ထွန်းရေးဆိုတာ သူတို့ရဲ့ရင်ထဲမှာ တည်ရှိသွားပြီ ဒါကြောင့် အခွင့်အရေးရရင်ရသလို၊ အခါအခွင့်သင့်သလို၊ သူတို့လိုချင်တဲ့ ဒီမိုကရေစီပန်းတိုင်ဆီကို အရောက် ချီတက်သွားပါလိမ့်မယ်။ နောက်တခုက ဒီ ရွှေဝါရောင် တော်လှန်ရေးကြီးကနေ ကျနော် ၁၉၈၈ မျိုးဆက်မှ ၂၀၀၇ မျိုးဆက်သစ်ဆီသို့ လက်ဆင့်ကမ်း လွှဲပြောင်းပေးနိုင်ခဲ့ပြီး ဒီမျိုးဆက်သစ်တွေဟာ ခိုင်မာသော ဦးဆောင်မှု ပေးပြီး ဒီမိုကရေစီကို ဖော်ဆောင်သွားပါလိမ့်မယ်၊ အဲဒါကလည်း နေ့ချင်းညချင်းကြီးတော့ မဖြစ်လာနိုင်ပါဘူး၊ မှန်ကန်သော အချိန်တော့ ယူရမှာပေါ့၊

ပြည်သူ့အသံ… ကျေးဇူးတင်ပါတယ်ခင်ဗျာ။

ကိုနေတင်မြင့်…. အခုလိုအင်တာဗျူးခွင့်ရတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်၊

ကိုနေတင်မြင့်သည် ၁၉၈၈ အရေးအခင့်း စတုတ္တနှစ် သတ္တဗေဒ အထူးပြု ဘာသာရပ်ဖြင့် ရန်ကုန်တက္ကသိုလ် (ပင်မ)၌ တက်ရောက်နေခဲ့ပြီး အရေးအခင်းအပြီး သုံးရောင်းခြယ် ကျောင်းသားလူငယ်များ တပ်ဦး၏ အထွေထွေ အတွင်းရေးမှူးအဖြစ် တာဝန်ယူ လှုပ်ရှားခဲ့သည့်အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ လူငယ်ခေါင်းဆောင် ဗဟိုတာဝန်ခံ တဦးအနေနဲ့ တာဝန်ထမ်းဆောင်ခဲသည်။ ၁၉၈၉ ခုနှစ် နိုင်ငံရေးတရား ဟောပြောမှုဖြင့် ဖမ်းဆီးခြင်းခံရသည်။ ထောင်ထဲတွင် (၁၅)နှစ်နေထိုင်ခဲ့ပြီးနောက် ၂၀၀၅ ခုနှစ် ဇူလိုင်လတွင် ပြန်လည် လွတ်မြောက်ခဲ့သည်၊ လွတ်မြောက်ခဲ့ပြီးနောက် ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ဌေးကြွယ်တို့နှင့် ဖွဲ့စည်းခဲ့ပြီး ၂၀၀၇ ခုနှစ်၊ မေလ နောက်ဆုံးပတ် (မဲဆောက် မရောက်ခင်အထိ) ဦးဆောင် လှုပ်ရှားခဲ့သူတဦး ဖြစ်သည်။

ကိုနေတင်မြင့်နှင့် အင်တာဗျုးအား ပြည်သူ့အသံ ၀ိုင်းတော်သားတွေဖြစ်တဲ့ ကိုသုရိန်ထက်၊ ကိုသက်ခိုင်တို့မှ ကြိုးစားစီစဉ် ဆောင်ရွက်ပေးခဲ့တာ ဖြစ်ပါတယ်.။

(ပြည်သူ့အသံ ဘလော့ဂ်မှ ကူးယူဖော်ပြသည်။)


Written by Lwin Aung Soe

January 14, 2008 at 1:48 pm

တရုတ်နိုင်ငံမှာ ဒီမိုကရေစီ မရမီ တည်ငြိမ်နေဖို့လို

leave a comment »

Written by Lwin Aung Soe

January 14, 2008 at 12:46 pm

World Focus on Burma (14 Jan 08)

leave a comment »

  1. Faces of Burma
    Mail Tribune, OR –
    He was refused permission to travel in Burma — also known as Myanmar — five or six times over the years. Yet Stockwell only had the slightest idea of the …
  2. Come and laugh at us, plead Burma’s people
    From their shopfront theatre in Mandalay, the Moustache Brothers tell bad jokes in barely comprehensible English about Burma’s backward-looking generals and every few years they get flung into jail for it. …
  3. Burma junta blames foreigners for bombs
    Sydney Morning Herald, Australia –
    Terrorism is rare in Burma, also known as Myanmar, which has been under military rule almost continuously since 1962. The government often blames political …
  4. Burmese PM’s Indonesia visit postponed
    Democratic Voice of Burma, Norway –
    “Following consultations with the government of Myanmar, there has been an agreement reached to postpone the visit because the national mood is not …
  5. Bomb explosion in Rangoon
    Democratic Voice of Burma, Norway –
    According to the state-run New Light of Myanmar newspaper, the military regime has blamed the Bago explosion on the Karen National Union, though no one has …
  6. Tourists welcome to laugh at Burma junta
    (Guardian News Service)  14 January 2008

    HOLIDAY boycott is a mistake, say ordinary people anxious to feed families | From their shopfront theatre in Mandalay, the Moustache Brothers tell bad jokes in bare..

  7. Burma’s unlucky number 8
    THE GOVERNMENT of China has been striving to make certain that Aug. 8, 2008, the start of this summer’s Olympic Games in Beijing, will be an auspicious date. The Communist authorities have even set the start ..

Written by Lwin Aung Soe

January 14, 2008 at 3:08 am

Posted in World Focus on Burma

Tagged with ,