Posts Tagged ‘ဂြိုဟ်တု စလောင်း ရု’
ဂြိုဟ်တု စလောင်း ရုပ်သံကြေး မိုးပေါ် ပျံတက်သွား
မြန်မာနိုင်ငံက စစ်အာဏာရှင် လူရမ်းကား ခေါင်းဆောင်တသိုက်ကတော့ ရမ်းချင်တိုင်း ရမ်းနေပါပြီ။ တိုင်းပြည်ကို ဘယ်လိုကောင်းအောင် လုပ်ပေးရမလဲ ဆိုတာ မစဉ်းစားပဲ ပြည်သူတွေကို ဘယ်လို ပိတ်ဆို့ရမလဲ၊ ပြည်သူတွေ စိတ်ဆင်းရဲအောင်။ ပြည်သူတွေ ကျပ်သထက်ကျပ်လာအောင် ဘယ်လို နှိပ်ကွပ်ရမလဲ ဆိုတာကိုပဲ စဉ်းစားနေသလားလို့တောင် ပြောရတော့မလို ဖြစ်နေပါပြီ။
စစ်အစိုးရရဲ့ လက်ရှိ လုပ်ရပ်တွေကို ကြည့်လိုက်ရင် သိပ်ရန်လိုနေတဲ့ လူတယောက်ဟာ အခြားသူတွေနဲ့ ရန်မဖြစ်ရရင် မနေနိုင်သလိုမျိုး ဖြစ်နေပါတယ်။ ပြည်သူတွေကို ရန်သူလို သဘောထားမှ၊ ပြည်သူတွေကို ဆန့်ကျင်ဘက် လုပ်ရမှ သူတို့ အာဏာမြဲနေမယ်လို့များ တွက်နေသလားပဲ။
ဒါကို လက်တွေ့ကျကျ သုံးသပ်ကြည့်ရင် အမျိုးသား ရင်ကြားစေ့ရေးကို ဖြစ်မြောက်အောင် မလုပ်တဲ့သူတွေဟာ ပြည်သူတွေနဲ့ ရန်ဖြစ်ချင်တဲ့ သူတွေပဲလို့ တပ်အပ်သေချာ ပြောနိုင်ပါတယ်။
အမျိုးသား ရင်ကြားစေ့ရေးကို တဖွဖွ ပြောရင်းနဲ့ပဲ မင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုပြုံးချို၊ ကိုဌေးကြွယ်၊ ကိုမင်းဇေယျာ စတဲ့ (၈၈) မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေဟာ ထောင်ထဲဝင်နေရပါတယ်။ ဒါကို ထင်ရှားတဲ့ ဥပမာတခု အနေနဲ့ ပြလို့ရနေပါတယ်။
တကယ်တော့ နအဖဟာ တိုင်းပြည်နဲ့ လူမျိုးအပေါ်မှာ သူတို့ စေတနာ မထားနိုင်တာတွေကို သူတို့ကိုယ်တိုင်ပဲ တနေ့တခြား ကွက်ကွက်ကွင်းကွင်း ဖော်ပြလာနေပါတယ်။ နအဖ ဇာတိ ပြနေပါပြီ။
နအဖက သတင်းမီဒီယာနဲ့ ပညာရေး အခန်းကဏ္ဍကို ဘယ်လိုပဲ လိုက်ပိတ်နေသည်ဖြစ်စေ၊ လူထုအကြား သတင်းမှန်နဲ့ ဗဟုသုတတွေ ပိုမို စီးဆင်း ပြန့ှ်နှံ့အောင်၊ ပြည်သူတွေ နိုင်ငံရေး အသိတရား ပိုမို နိုးကြားနေအောင် ပြည်တွင်းပြည်ပ မြန်မာ ဘလော့ဂါသမားတွေ၊ မြန်မာသတင်းဌာနတွေ၊ ၀က်ဘ်ဆိုက် ပညာရှင်တွေ၊ လူထုသတင်းထောက်တွေ၊ ပြည်ပ အသံလွှင့်ဌာနတွေ၊ စာအုပ်စာတမ်း ထုတ်ဝေ ဖြန့်ဖြူးပေးနေသူတွေက ညီညီညွတ်ညွတ် တိုင်တိုင်ပင်ပင်နဲ့ ၀ိုင်းဝန်း ပူးပေါင်း ကူညီပေးကြရပါမယ်။ လက်ရှိအနေအထားမှာတော့ အတော်လေး အားရ ကျေနပ်စရာ ကောင်းလောက်အောင်ကို တွေ့မြင်နေရပါတယ်။
နအဖ စစ်ခေါင်းဆောင်တွေက ပြည်သူတွေ ကျပ်သထက်ကျပ်လာအောင် တမင်တကာ ဖန်တီးနေတဲ့အကြောင်း၊ ပြည်သူတွေ တိုးတက်သွားမှာကို မလိုလားပဲ မရမက လိုက်လံ ပိတ်ဆို့နေတဲ့အကြောင်း သက်သေထူလိုက်တဲ့ သတင်းတပုဒ်ကတော့ ဂြိုဟ်တု စလောင်း ရုပ်သံကြေး တနှစ်တာ သုံးစွဲခကို ကျပ်တသန်းထိ တိုးမြှင့် သတ်မှတ်လိုက်တဲ့ ကိစ္စ ဖြစ်ပါတယ်။ သူတို့အမြဲ ပြောပြောနေတဲ့ ပညာရေး ရည်မှန်းချက်နဲ့လည်း လုံးလုံးကြီး ဆန့်ကျင်နေပါတယ်။
စလောင်း ရုပ်သံကြေး တိုးမြှင့်တာကို နအဖက တရားဝင် ကြေညာချက် မထုတ်ပြန်ပါဘူး၊ ဘယ်လိုမှ စောဒက တက်လို့ မရနိုင်တဲ့ “အထက်အမိန့်” ဆိုတာနဲ့ နှုတ်မိန့် ပေးသွားတာပဲ ဖြစ်ပါတယ်။ (လောင်စာဆီခွဲတမ်း တ၀က် လျှော့မယ်လို့ သတင်းထွက်သွားတုန်းကလို ဖြစ်နေပါတယ်။)
အဲဒီအကြောင်း မြန်မာ-အင်္ဂလိပ် သတင်းတွေ စုစည်း ဖော်ပြလိုက်ပါတယ်။ နောက်ထပ် သတင်းတွေ ၀င်လာရင်လည်း စုစည်းသတင်းများအဖြစ်နဲ့ ထပ်ဖြည့်ထားပေးပါမယ်။
လွင်အောင်စိုး
၂၀၀၈ ဇန်န၀ါရီ (၂)ရက်-
ဒီဗီဘီ သတင်း

more.
ခေတ်ပြိုင် သတင်း
မဂြိုဟ်တုစလောင်းလိုင်စင်ကြေး ကျပ် (၁) သန်းထိ စစ်အစိုးရ ရုတ်တရက် တိုးမြှင့်
NEJ/ ၂ ဇန်န၀ါရီ ၂၀၀၈
“လက်ရှိသုံးနေတဲ့သူတွေ နှစ်စဉ်ကြေးဆောင်မယ်ဆိုရင် ဒီလကစပြီး (၁၀) သိန်းဆောင်ရမယ်။ ဒီလကုန်လို့မှ နှစ်စဉ်ကြေးမဆောင်ရင် (၃) သောင်…” အပြည့်အစုံသို့
.
ဗီအိုအေ (မြန်မာသတင်း)
လူထုနားမျက်စေ့ ပိတ်ဖို့ ဂြိုလ်တုစလောင်းကြေး အဆမတန် တိုးမြှင့်
အာဏာပိုင်တွေက ဂြိုလ်တု ရုပ်မြင် သံကြားစက် လိုင်စင်ကြေးတွေ အဆရာကျော် တိုးမြှင့် ကောက်ခံလိုက်တဲ့ အပေါ် နိုင်ငံတကာ သတင်းစာ လွတ်လပ်ခွင့် လှုပ်ရှားမှု အဖွဲ့ကြီးတခုဖြစ်တဲ့ နယ်စည်းမခြား သတင်းသမားများအဖွဲ့ RSF က ဒါဟာ သတင်းလွတ်လပ်ခွင့်အပေါ် နောက်ထပ် ဖိနှိပ်မှုအဖြစ် ဝေဖန်ပြောဆို လိုက်ပါတယ်။… (အပြည့်အစုံသို့)
.
မဇ္ဈိမသတင်းဌာန
မြန်မာပြည်တွင် ဂြိုလ်တု စလောင်းခွန်ကို ၁၆၆ ဆ မြင့်တက်
ဂြိုလ်တုစလောင်း အသုံးပြုခအဖြစ် အစိုးရသို့ နှစ်စဉ်ပေးသွင်းရသော အခွန်ငွေကျပ်ကို (၆ဝဝဝ) ကျပ်မှ (၁ဝ) သိန်း သို့ ရုတ်တရက် တိုးမြှင့်လိုက်ကြောင်း အေအက်ဖ်ပီ သတင်းတရပ်အရ သိရသည်။
မြန်မာ့စာတိုက်နှင့် ကြေနန်းဌာနမှ အမည်မဖော်လိုသော အရာရှိများနှင့် ဂြိုလ်တုစလောင်း အသုံးပြုသူ ရန်ကုန်မြို့ခံ တဦးကို ကိုးကားသော အေအက်ဖ်ပီ သတင်းတပုဒ်တွင် ယခုကဲ့သို့ ဂြိုလ်တု စလောင်းခွန်များကို ရုတ်တရက် တိုးမြှင့်လိုက်ခြင်းကို………..အပြည့်အစုံသို့
.
ဧရာဝတီ သတင်း
ဂြိုဟ်တုစလောင်း လိုင်စင်ခွန်ငွေ အဆမတန်တိုးကောက်မည်

ဂြိုဟ်တုစလောင်းတပ်ဆင်သူများအား ယခုနှစ် ဇန်န၀ါရီလ မှစ၍ နှစ်စဉ်လိုင်စင်ကြေး ၆ ထောင်မှ ၁၀ သိန်းအထိ တိုးမြှင့် ကောက်ယူသွားမည် ဖြစ်ပြီး စတင် တပ်ဆင်လျှင်ပေးသွင်းရသည့် ကျပ်တသောင်း ၂ ထောင်မှ သိန်း ၂၀ ပေးဆောင်ရမည်ဖြစ်ကြောင်း ဆက်သွယ်ရေး ၀န်ကြီးဌာန၏ တာဝန်ရှိသူများမှတဆင့် သိ……. (အပြည့်အစုံ သို့)
.
RFA (မြန်မာ) သတင်း
ဂြိုဟ်တုစလောင်း နှစ်စဉ်ကြေး အဆများစွာ တိုးမြှင့်

မြန်မာနိုင်ငံမှာ စက်တယ်လိုက် ဂြိုဟ်တုစလောင်း တပ်ဆင်ခွင့် လိုင်စင်ကြေးတွေကို အဆပေါင်း ၁၆၇ ဆ တိုးမြှင့်လိုက်ပါတယ်။ မြန်မာနိုင်ငံမှာ အခုလို ရုပ်မြင်သံကြား ဖမ်းယူကြည့်ရှုနိုင်တဲ့ ဂြိုဟ်တုစလောင်း နှစ်စဉ်ကြေးတွေကို အရင်က တနှစ်ကို ကျပ်ငွေ ၆ ထောင်ပဲ ပေးဆောင်ရတာကို၊ အခုအခါ ကျပ် ၁၀ သိန်းအထိ တိုးမြှင့် ကောက်ခံလိုက်တာ…….(အပြည့်အစုံသို့)
.
DVB အထူးကြေညာချက်

more
.
ဗီအိုအေ (မြန်မာ) သတင်း
ဂြိုလ်တုစလောင်း လိုင်စင်ကြေး အဆတရာကျော် တိုးမြင့် ကောက်ခံမှုအပေါ် မြန်မာ သတင်းသမားများ ဝေဖန် ကန့်ကွက်
မြန်မာနိုင်ငံတွင်း ဂြိုလ်တုစလောင်း ရုပ်သံ လိုင်စင်ကြေးတွေ အဆမတန် တိုးမြင့် လိုက်တာဟာ နိုင်ငံခြားသတင်း ပိတ်ဆို့ဖို့ အစိုးရရဲ့ ကြိုးပမ်းချက် ဖြစ်ပြီး ဒီလို သတင်း အမှောင်ချမှု မျိုးတွေကို ဒီကနေ့ ကမ္ဘာအခြေအနေနဲ့ ရေရှည် ဆောင်ရွက်နိုင်မှာ မဟုတ်ဘူးလို့ မြန်မာ သတင်းသမားတွေက ပြောကြပါတယ်။ အများပြည်သူတွေကတော့ အခုလို ဈေးနှုန်းမျိုးနဲ့ ဆိုရင်တော့ သူတို့ ဆက်ပြီး ဂြိုလ်တုစလောင်း အသုံးပြုဖို့ ခက်နေကြပြီ……. (အပြည့်အစုံသို့)
.
မဇ္ဈိမ သတင်းဌာန
ဂြိုဟ်တုစလောင်း နှစ်စဉ်ကြေး အဆမတန် တိုးကောက်၍ သတင်းစီးဆင်းမှု အဟန့်အတားဖြစ်
Thursday, 03 January 2008 19:53 – မြန်မာစံတော်ချိန်
နအဖ က သတင်းစီးဆင်းမှုကို နည်းမျိုးစုံဖြင့် ဟန့်တားခဲ့ရာတွင် ဆက်သွယ်ရေး မီဒီယာတခု ဖြစ်သည့် ဂြိုဟ်တုစလောင်း နှစ်စဉ်လိုင်စင်ကြေးကို ယခုနှစ်ဦးပိုင်းမှ စတင်ကာ အဆပေါင်း ၁၆၆ ဆ တိုးမြှင့် ကောက်ခံလိုက်သဖြင့် ပိုမိုဆိုးရွားလာ … (အပြည့်အစုံသို့)
.
DVB (မြန်မာသတင်း)

.
DVB (Burmese)

.
RFA (Burmese)
စလောင်း လိုင်စင်ကြေး ၁၀ သိန်းရဲ့ အကျိုးဆက်များ ဘယ်လို ရှိမလဲ
တပတ်အတွင်း သတင်းသုံးသပ်ချက် စကားဝိုင်း (၂၀၀၈ ဇန်န၀ါရီလ ၆ ရက်)
အခု တပတ် တနင်္ဂနွေ ဆွေးနွေးပွဲ စကားဝိုင်းမှာ မြန်မာနိုင်ငံက ဂြိုလ်တု၊ တီဗွီ စလောင်း တပ်ဆင်ခွင့် လိုင်စင်ကြေးကို တနှစ် ကျပ်ငွေ ဆယ်သိန်း သတ်မှတ်လိုက်လို့ ပြည်သူတွေ စိတ်ဆင်းရဲ ကသိကအောက် ဖြစ်နေကြရတဲ့ ကိစ္စ၊ စစ်အစိုးရက ဘာကြောင့် ဒီလောက် ရက်ရက်စက်စက် လုပ်လိုက်တာလဲ၊ ဘယ်လို အကျိုးဆက်တွေ ပေါ်လာနိုင်မလဲ ဆိုတဲ့ သုံးသပ်ချက်တွေနဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းက စစ်အစိုးရ နိုင်ငံခြားရေး ဝန်ကြီး ဦးဥာဏ်ဝင်း အိန္ဒိယနိုင်ငံကို သွားရောက်ပြီး အိန္ဒိယ ခေါင်းဆောင်တွေနဲ့ ဆွေးနွေးခဲ့တဲ့ ကိစ္စတွေကို ဆွေးနွေး တင်ပြထားပါတယ်၊၊
ဧည့်သည်တော်တွေ အဖြစ် ထိုင်းနိုင်ငံ အခြေစိုက် မြန်မာ့အရေး လေ့လာသူ ဦးဝင်းမင်း၊ သတင်းမီဒီယာ ကွန်ယက် အဖွဲ့ အယ်ဒီတာ ဦးအောင်နိုင်နဲ့ အာအက်ဖ်အေ သတင်းထောက် ကိုညိုတို့ကို ဦးခင်မောင်ညိန်းက ရုံးချုပ်ကနေ ဆက်သွယ်ပြီး မေးမြန်း တင်ဆက်ထားပါတယ်။
.
မဇ္ဈိမ သတင်းဌာန
ဂြိုဟ်တုစလောင်းအခွန် ကျပ် ၅ သောင်းသို့ ပြန်လည်လျော့ကျ
Monday, 07 January 2008 20:34 – မြန်မာစံတော်ချိန်
ဂြိုဟ်တုစလောင်း တပ်ဆင်ခကို ယခုနှစ်ဆန်းပိုင်းတွင် နအဖ စစ်အစိုးရက ကျပ် ၁ဝ သိန်း တိုးမြှင့်ခဲ့ရာမှ ယခုအခါ ကျပ် ၅ သောင်းသို့ ပြန်လည်လျှော့ချမည် ဟူသော သတင်းများ ရန်ကုန်မြို့ခံများအကြား ပျံ့နှံ့နေ … (အပြည့်အစုံသို့)
.
VOA (Burmese)
ဂြိုဟ်တုစလောင်း လိုင်စင်ကြေးတိုးမြှင့်မှု ယာယီရပ်ဆိုင်း
08 January 2008
![]() |
| ဂြိုဟ်တုစလောင်းအချို့ |
မြန်မာနိုင်ငံထဲမှာ အသုံးပြုနေကြတဲ့ ဂြိုဟ်တုစလောင်း မှတ်ပုံတင်ကြေးတွေကို မကြာသေးခင်ကဘဲ အဆမတန် မြှင့်တင် လိုက်တဲ့အတွက် ကျယ်ကျယ်လောင်လောင် ပြောဆိုနေချိန်မှာပဲ ဒီကိစ္စကို အခုတော့
ယာယီဆိုင်းငံ့လိုက်တယ်လို့ သိရပါတယ်။ ဂြိုဟ်တုလောင်း အသုံးပြုသူတွေကို ဆက်သွယ်မေးမြန်းစုံစမ်းထားတဲ့ ကိုအောင်လွင်ဦးက တင်ပြထားပါတယ်။…… (အပြည့်အစုံသို့)
.
DVB

more .
ဧရာဝတီ
ဂြိုဟ်တုစလောင်း လိုင်စင်ကြေးနှင့် သတ်မှတ်ချက်များ မတည်ငြိမ်

လွန်ခဲ့သည့် သီတင်းပတ်အတွင်းက ဂြိုဟ်တုစလောင်းလိုင်စင်ကြေးကို တနှစ်လျှင် ၆ ထောင်ကျပ်မှ ကျပ် ၁၀ သိန်းအထိ တိုးမြှင့်ကြောင်း ဆက်သွယ်ရေး ၀န်ကြီးဌာနက အမိန့်ထုတ်ပြန်ခဲ့ပြီး ယခုအခါ လိုင်စင်ကြေးကို ပြန်လည်လျှော့ချပေးခဲ့ သော်လည်း နှစ်စဉ်ကြေးနှင့် သတ်မှတ်ချက်များ တည်ငြိမ်မှုမရှိသေးကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။
.
DVB
.
မဇ္ဈိမ သတင်းဌာန
ဒေါ်အောင်ဆန်းစုကြည် ဂြိုဟ်တုစလောင်းလျှောက်
နယူးဒေလီ။ ။မြန်မာ့အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် မကြာခင်က စစ်အစိုးရထံ ဂြိုဟ်တုစလောင်း တပ်ဆင်ခွင့်ရရန် လျှောက်ထားခဲ့သည်ဟု ရန်ကုန်မြို့ရှိ သံတမန် သတင်းရပ်ကွက်က ပြောကြားလိုက်ပါသည်။ သူမသည် လွန်ခဲ့သော ၁၈ နှစ်အတွင်း ၁၂ နှစ်တာမျှ အထိန်းသိမ်း ခံနေခဲ့ရသူ ဖြစ်သည်။
ဤသို့ လျှောက်ထားမှုသည် ပထမအကြိမ် မဟုတ်ကြောင်း အဆိုပါ သတင်းရပ်ကွက်ကပင် ဆက်လက် ပြောကြားခဲ့သည်။
ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်း အင်းယားကန် နံဘေးရှိ သူမ၏ အိမ်တွင် ဂြိုဟ်တု ဆက်သွယ်ရေး စလောင်းဖြင့် ကြည့်ရှုရသော ရုပ်မြင်သံကြားစက် တပ်ဆင်ရန် လျှောက်ထားမှုကို ယခင်အကြိမ်များက ပယ်ချခဲ့ပြီး ယခုတကြိမ်တွင်လည်း တုံပြန်မှု မရှိသေးကြောင်း….
.
VOA (Burmese)
ဂြိုဟ်တုစလောင်းလိုင်စင်ကြေး တိုးမြှင့်သည့်သတင်း ဖော်ပြခဲ့သည့် ဂျာနယ်အချို့ ထုတ်ဝေခွင့်ယာယီရပ်ဆိုင်းခံရ
.
ဧရာဝတီ သတင်းဌာန
စလောင်းသတင်းကြောင့် မြန်မာတိုင်းမ်(စ်)ဂျာနယ် တပတ်ပိတ်ခံရ၍ အယ်ဒီတာလေးဦး နှုတ်ထွက်ပေးရ
မြန်မာတိုင်းမ်(စ်) ဂျာနယ်အပိတ်ခံရမှုနှင့်ပတ်သက်၍ ဧရာဝတီက မြန်မာနိုင်ငံ စာပေစိစစ်နှင့် မှတ်ပုံတင်ဌာန ညွှန်ကြားရေးမှူး ဗိုလ်မှူးတင့်ဆွေကို ဆက်သွယ်မေးမြန်းရာ ၎င်းက မည်သို့မျှ ပြန်လည်ဖြေကြားခြင်း မပြုဘဲ ဖုန်းချသွားခဲ့သည်။
၂၀၀၇ခုနှစ် ဇူလိုင်လအတွင်းကလည်း အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသည့် မြန်မာတိုင်းဂျာနယ်၏ ကြော်ငြာတခုတွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို လူသတ်သမားဟု ဖော်ပြထားသည့် လျှို့ဝှက်စာတန်း ထည့်သွင်းဖော်ပြမိသဖြင့် ထွက်ပြီးသားဂျာနယ်များကို လိုက်လံ သိမ်းယူခဲ့ရကြောင်း သိရသည်။
.
အင်္ဂလိပ် သတင်းများ
International Herald Tribune, France -
Myanmar Regime Imposes Satellite TV Fee The Associated Press
Myanmar junta hikes satellite TV fees Reuters
Myanmar orders massive hike in satellite TV fees Forbes