Posts Tagged ‘ဂမ္ဘာရီ’
ဂမ္ဘားရီ မြန်မာပြည် ခရီးစဉ် ၂ဝဝ၈ သြဂုတ်လ (စုစည်းသတင်းများ)
မဇ္ဈိမ
- ဂမ်ဘာရီကို သြဂုတ်လတွင် လာရောက်ရန် မြန်မာစစ်အစိုးရ ဖိတ်ကြား
- တွေ့ဆုံဆွေးနွေးရေး ဆက်လုပ်မည်ဟု မစ္စတာ ဂမ်ဘာရီ ပြောဆို
- မစ္စတာဂမ်ဘာရီ ခရီးစဉ် တိုးတက်ဖွယ်မရှိဟု အတိုက်အခံများ ဝေဖန်ပြောကြား
- မစ္စတာဂမ်ဘာရီ မြန်မာနိုင်ငံ ၅ ရက်တာ ခရီးစဉ် စတင်တော့မည်
- ဂမ်ဘာရီ ခရီးစဉ် မည်သည့် ထိုးဖောက်အောင်မြင်မှုမျှ မရခဲ့ဟု မြန်မာ အတိုက်အခံပါတီ ပြော
- ဂမ်ဘာရီနှင့် တွေ့ဆုံမှုအပေါ် ကျေနပ်ဟု အဖွဲ့ချုပ် ပြောကြား
- လူ့အခွင့်အရေး အုပ်စုများက ကုလကို ပြင်းထန်စွာ ဝေဖန်
- ကုလကိုယ်စားလှယ် ဂမ်ဘာရီ မြန်မာပြည်မှ ပြန်ပြီ
ဧရာဝတီ
- မစ္စတာ ဂန်ဘာရီ မြန်မာပြည်ခရီးစဉ် စတင်
- ဂန်ဘာရီနှင့် အဖွဲ့ချုပ်တွေ့မည်
- ဂန်ဘာရီနှင့် တွေ့ဆုံရာတွင် အားရကျေနပ်မှုမရှိဟု အန်အယ်လ်ဒီပြော
- ဒေါ်စုနှင့် တွေ့ခွင့်ရရေး ဂန်ဘာရီ အထူးကြိုးပမ်းနေ
ခေတ်ပြိုင်
-
မစ္စတာ ဂမ်ဘာရီ ရန်ကုန်ရောက်၊ နိုင်ငံရေးပြုပြင်နိုင်ဖို့ မျှော်လင့်ချက်နည်းဟု အတိုက်အခံဘက်ကမြင်
ပီတာအောင်/ ၁၈ သြဂုတ် ၂၀၀၈ -
မစ္စတာဂမ်ဘာရီ ဧရာဝတီခရီးစဉ် ဖျက်သိမ်း
UN/AFP ၁၉ သြဂုတ် ၂၀၀၈ -
မစ္စတာဂမ်ဘာရီနှင့် တွေ့ဆုံသည့်ကိစ္စ အန်အယ်လ်ဒီခေါင်းဆောင်များ ကျေနပ်မှုမရှိ၊ မတ်လခရီးစဉ်မှ အချက်အများစုကို စစ်အစိုးရထံ ဂမ်ဘာရီ ပြန်တင်ပြမည်
ပီတာအောင်/ ၂၀ သြဂုတ် ၂၀၀၈ - ဂမ်ဘာရီနှင့် တွေ့ခွင့်မတောင်းဘဲ တွေ့ခွင့်ရခြင်းဖြစ်သည်ဟု ဆင်တူရိုးမှား ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်ဝန်ခံ ပီတာအောင်/ ၂၂ သြဂုတ် ၂၀၀၈
- အန်အယ်လ်ဒီ ခေါင်းဆောင်ပိုင်းနှင့် မစ္စတာ ဂမ်ဘာရီတို့ ယနေ့ ညနေပိုင်း ဒုတိယအကြိမ် ထပ်မံတွေ့ဆုံနေ NEJ/ ၂၂ သြဂုတ် ၂၀၀၈
- ကုလကိုယ်စားလှယ် နှင့် အန်အယ်လ်ဒီ ထပ်မံတွေ့ဆုံရာတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေး အဓိက ဆွေးနွေး ပီတာအောင်/ ၂၂ သြဂုတ် ၂၀၀၈
DVB (Burmese)
RFA (Burmese)
- လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးအား ဖမ်းဆီးခြင်းကို ဂမ်ဘာရီ ဆွေးနွေးမည်
- ဂမ်ဘာရီရဲ့ ခရီးစဉ်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အကောင်းမြင် မျှော်လင့်
- ကုလအထူးကိုယ်စားလှယ် ဂမ်ဘာရီ မြန်မာ နိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံ
- မစ္စတာ ဂမ်ဘာရီနှင့်တွေ့ဆုံရေး တိုင်းရင်းသား အဖွဲ့များ မျှော်လင့်နေ
- ကုလ အထူးကိုယ်စားလှယ် ဂမ်ဘာရီ၊ NLD အပါအဝင် အဖွဲ့အစည်းများနှင့် တွေ့ဆုံ
- ကုလသမဂ္ဂ သတင်းစာရှင်းပွဲမှာ မစ္စတာ ဂမ်ဘာရီခရီးအကြောင်း မေးမြန်း
- မစ္စတာ ဂမ်ဘာရီ၏ခရီးကို ဗြိတိသျှအဖွဲ့ ပြင်းထန်စွာ ဝေဖန်
- ဂမ်ဘာရီ၏ ခရီးစဉ် စနေ့နေ့အထိ နောက်ထပ်တရက်တိုး
- မစ္စတာဂမ်ဘာရီ မြန်မာနိုင်ငံကနေ ပြန်လည်ထွက်ခွာသွားပြီ
- မစ္စတာဂမ်ဘာရီကိုတွေ့ဆုံဖို့ ဒေါ်အောင်ဆန်းစုကြည်ငြင်းဆို
- မစ္စတာဂမ်ဘာရီရဲ့ ခရီးစဉ်အပေါ်ဝေဖန်ဆွေးနွေးချက်
- မစ္စတာဂမ်ဘာရီရဲ့ ခရီးစဉ်ဟာ အချိန်ကုန်တဲ့ ခရီးစဉ်လို့ အင်အယ်ဒီပါတီပြော
VOA (Burmese)
- ကုလကိုယ်စားလှယ် ဂမ်ဘာရီ မြန်မာနိုင်ငံ ၅ ရက်ခရီး သွားရောက်မည်

- ကုလသမဂ္ဂ ကိုယ်စားလှယ် ဂမ်ဘာရီ ရန်ကုန်မြို့ကို ရောက်ရှိပြီး သံတမန်များနှင့် တွေ့ဆုံ

- မစ္စတာဂမ်ဘာရီ မြန်မာ့အရေး လေးနက်ကျယ်ပြန့်အောင် ဆောင်ရွက်ဖို့ရည်ရွယ်

- ဂမ်ဘာရီ ရန်ကုန်တိုင်း မုန်တိုင်းသင့်ဒေသ လေ့လာ

- ဂမ်ဘာရီ ဆောင်ရွက်ချက်များ မူလတာဝန်ပိုင်းမှ သွေဖည်နေဟု ဒီမိုကရေစီ လှုပ်ရှားနေသူများ ဝေဖန်

- ဂမ်ဘာရီ နှင့် ဒုတိယ အကြိမ် တွေ့ဆုံမှု အဲန်အယ်လ်ဒီ ကျေနပ်

- ဒေါ်အောင်ဆန်းစုကြည်နဲ့ မတွေ့ပဲ မစ္စတာ ဂမ်ဘာရီ ပြန်ပြီ

- မစ္စတာ ဂမ်ဘာရီရဲ့  မြန်မာပြည်ခရီးစဉ် အကျိုးမရှိကြောင်း NLD ဝေဖန်
ဒေါ်အောင်ဆန်းစုကြည်နဲ့ ဂမ်ဘာရီ ဘာကြောင့် မတွေ့ဖြစ်ခဲ့သလဲ
စည်းလုံးခြင်းရဲ့အင်အား ဘလော့ဂ်မှ ကူးယူဖော်ပြသည်။
24 August 2008
ကုလသမဂ္ဂ ကိုယ်စားလှယ် ဂမ်ဘာရီ၏ ကိုယ်စားလှယ်နှစ်ဦး ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝသို့ ရောက်ရှိလာစဉ်
ဂမ်ဘာရီ ခရီးစဉ်သည် မထိရောက်နိုင်ကြောင်း အန်အယ်ဒီ ဝေဖန်
နန်းဒေဝီ
ကြာသပတေးနေ့၊ သြဂုတ်လ 21 2008 18:39 – မြန်မာစံတော်ချိန်
နယူးဒေလီ။ ။ မြန်မာပြည်ဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်၏ ခရီးစဉ်အတွင်း အမျိုးသား ရင်ကြားစေ့ရေးအတွက် ထိရောက်စွာ မလုပ်နိုင်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ယနေ့ ပြောဆိုသည်။
ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ အီဗရာဟင် ဂမ်ဘာရီ၏ ၅ ရက်ကြာ မြန်မာပြည် ခရီးစဉ်အတွင်း မြန်မာနိုင်ငံ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးအတွက် ထိရောက်စွာ လုပ်ဆောင်နိုင်ခြင်း မရှိကြောင်း အန်အယ်ဒီ က ဝေဖန် ပြောဆိုလိုက်ခြင်း ဖြစ်သည်။
“အမျိုးသား ရင်ကြားစေ့ရေးတို့၊ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးရေးတို့၊ နအဖနဲ့ ဒေါ်အောင်ဆန်းစုကြည် တိုက်ရိုက်ဆွေးနွေးရေးတို့ ဒါတွေက ကုလသမဂ္ဂရဲ့ လမ်းညွှန်ချက်တွေ။ အဲဒီ လမ်းညွှန်ချက်တွေကို အကောင်အထည် ဖော်ဖို့လာတဲ့ ပုဂ္ဂိုလ်က အဲဒီလုပ်ငန်းတွေကို အခုထိ ထိထိရောက်ရောက် လုပ်နိုင်တယ်လို့ အန်ကယ်တို့ မတွေ့ဘူး” ဟု NLD ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ပြောသည်။
သူက ဆက်ပြီး “ခရီးစဉ် တခုလုံးကို ခြုံပြီး ပြောရမယ်ဆိုရင် အိမ်ရှင်က စီစဉ်တဲ့ဟာတွေကို မစ္စတာ ဂမ်ဘာရီက အကုန်လုံး လိုက်လျော ဆောင်ရွက် လှုပ်ရှားနေတယ်လို့ အန်ကယ်တို့ အဲဒီလို မြင်ပါတယ်” ဟု ပြောသည်။
မစ္စတာ ဂမ်ဘာရီနှင့် အတိုက်အခံပါတီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုကော်မတီဝင် ၅ ဦးနှင့် ယမန်နေ့ မိနစ် ၂ဝ ကြာ ဆွေးနွေးခဲ့ပြီးနောက် ယခုလို ဒီမိုကရေစီ လှုပ်ရှားသူများကြား မစ္စတာ ဂမ်ဘာရီ၏ ခရီးစဉ်အပေါ် ထူးခြားမှု တစုံတရာ ဖြစ်လာစရာအကြောင်း မရှိနိုင်ကြောင်း မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူများအကြား ဝေဖန် ပြောဆိုနေကြသည်။
ထိုင်းနိုင်ငံအခြေစိုက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) နိုင်ငံခြားရေးရာ တာဝန်ခံ ဦးညိုအုန်းမြင့်က “မစ္စတာ ဂမ်ဘာရီ သူ အလုပ်လုပ်နေရတဲ့ လောလောဆယ် မြန်မာပြည်ရဲ့ အမျိုးသား ရင်ကြားစေ့ရေး လုပ်နေတဲ့အပေါ်မှာ လုံးဝ မအောင်မြင်ပါဘူး။ မအောင်မြင်တဲ့အပြင် နအဖ ရဲ့ လှည့်ကွက်ထဲ ဝင်သွားပြီလို့ ကျနော် ထင်ပါတယ်။ နအဖ အချိန်ဆွဲဖို့ လုပ်နေတဲ့အထဲမှာ မစ္စတာ ဂမ်ဘာရီ မသိမသာ ပါသွားတယ်။ မစ္စတာ ဘန်ကီမွန်း ကိုယ်တိုင် အဲဒီ အထဲမှာကို ပါသွားတယ်လို့ ကျနော်ပြောနိုင်ပါတယ်” ဟု မဇ္ဈိမကို ပြောသည်။
ဂမ်ဘာရီ၏ မြန်မာပြည်ခရီးစဉ် ၄ ရက်ကြာသည့် တိုင်အောင် စစ်အစိုးရ ထိပ်ပိုင်း ခေါင်းဆောင်များနှင့် တွေ့ဆုံနိုင်ခြင်း မရှိသေးသည့်အတွက် သူ၏ ခရီးစဉ် အောင်မြင်သည်ဟု မခေါ်ဆိုနိုင်ကြောင်းနှင့် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အကြိမ်ကြိမ် တွေ့ဆုံခြင်းဖြင့် နိုင်ငံတကာ ဖိအားပေးခြင်းမှ သက်သာရာ ရစေသည့်အပြင် စစ်အစိုးရအတွက်သာ အကျိုးရှိစေကြောင်း သူက ဆက်ပြောသည်။
ကိုညိုအုန်းမြင့်က “ကျနော်တို့ လိုချင်တာက ရလဒ်လိုချင်တာ။ ကုလသမဂ္ဂရဲ့ မအောင်မြင်တဲ့ မြန်မာပြည်ရဲ့ ဒီမိုကရေစီ တိုးတက်မှုကို ကုလသမဂ္ဂက အပြုသဘောဆောင် လုပ်နေပေမယ့် ဒီဟာက ပြည်သူလူထုတွေအတွက် ပိုပြီးတော့ ဝန်ထုပ်ဝန်ပိုး ဖြစ်လာမယ်လို့ ထင်ပါတယ်။ … ဒေါ်အောင်ဆန်းစုကြည်နဲ့ ဂမ်ဘာရီတွေ့ဆုံခြင်းဟာ နအဖ အတွက် ပိုအကျိုးရှိတယ်။ နအဖ အနေနဲ့ ကျနော်တို့ဟာ အမျိုးသား ရင်ကြားစေ့ရေးအတွက် လုပ်နေပါတယ်ဆိုတာက ရွေးကောက်ပွဲမတိုင်ခင် တရက်အထိ လုပ်မယ်။ အဲလိုလုပ်ထားရင် နိုင်ငံတကာက သူတို့ကို အပြစ်ပုံလို့မရဘူး” ဟု ပြောသည်။
အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် မစ္စတာ ဂမ်ဘာရီတို့ ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းက အစိုးရ ဧည့်ဂေဟာတွင် တွေ့ဆုံဆွေးနွေးရန် ရှိသော်လည်း ဒေါ်အောင်ဆန်းစုကြည်က တွေ့ဆုံမှုအား ငြင်းပယ်ခဲ့ကြောင်း ယမန်နေ့ ညက ထုတ်လွှင့်သည့် ဘီဘီစီ မြန်မာပိုင်း အစီအစဉ်တွင် ဖော်ပြခဲ့သည်။
ယခုလို မစ္စတာ ဂမ်ဘာရီနှင့် ဒေါ်အောင်ဆန်းစုကြည်တို့အကြား ဆွေးနွေးပွဲ ပျက်ပြယ်ခဲ့ရခြင်းနှင့် ပတ်သက်၍ အဖွဲ့ချုပ် ပြောခွင့်ရ ဦးဉာဏ်ဝင်းကလည်း ယခုလို ပြောဆိုသည်။
“ကျနော်သိတာက မနေ့ကတော့ တွေ့ဖို့ အစီအစဉ် ရှိတယ်လို့ သိတယ်။ မတွေ့ဖြစ်ဘူးဆိုတာ သိတယ်။ ဘာကြောင့်လဲဆိုတာနဲ့ ပတ်သတ်ရင် ကျနော် မသိဘူး။ ဒီဥစ္စာက မစ္စတာ ဂမ်ဘာရီရယ်၊ ဒေါ်စုရယ်၊ အစိုးရရော ၃ ဦးကိစ္စပဲ ဖြစ်တယ်။ ဒေါ်စုကြောင့်လို့ပဲ ပြောတာချည်းပဲ ကျနော်တို့ အဲဒါကို မသိဘူး။ အစိုးရကြောင့်လည်း ဖြစ်ချင်ဖြစ်မယ်။ မစ္စတာ ဂမ်ဘာရီကြောင့်လည်း ဖြစ်ချင်ဖြစ်မယ်။ ကျနော်တို့က အဲလိုတွေးတယ်” ဟု သူက ပြောသည်။
သို့သော် ပြည်ပရောက် မြန်မာအတိုက်အခံ အဖွဲ့အစည်းများနှင့် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူများ အကြားတွင်မူ မစ္စတာ ဂမ်ဘာရီနှင့် တွေ့ဆုံ ဆွေးနွေးခြင်းကို ဒေါ်အောင်ဆန်းစုကြည် ငြင်းပယ်ခဲ့ခြင်းအပေါ် ယခုလို သုံးသပ် ဝေဖန်ကြသည်။
ဦးညိုအုန်းမြင့်က “မစ္စတာ ဂမ်ဘာရီအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဖြစ်နိုင်ရင် အပတ်တိုင်းတွေ့လည်း နအဖ အကျိုးရှိတယ်လေ။ သူတို့ဘက်က အဖြေတစုံတရာ မပေးဘူး။ ဆုံးဖြတ်ချက် တစုံတရာ မပေးရင် ဒေါ်အောင်ဆန်းစုကြည်က လက်ခုပ်တဖက် တီးလို့ မမြည်ဘူး ဆိုတဲ့အပေါ်မှာ ဒေါ်အောင်ဆန်းစုကြည် ဆုံးဖြတ်တယ်လို့ မြင်ပါတယ်” ဟု ပြောသည်။
ထိုင်းအခြေစိုက် မြန်မာ့အရေး သုံးသပ်သူ ဦးဝင်းမင်းကလည်း “ဂမ်ဘာရီ အနေနဲ့က နှစ်ဖက်စလုံးကို တွေ့မှပဲ Mission အဓိပ္ပာယ် ရှိမယ်။ ဒေါ်အောင်ဆန်းစုကြည်ဘက်က ဘာကြောင့် မတွေ့နိုင်တာလဲဆိုတာ မသိတော့ ပြောဖို့ ခက်တယ်။ တကယ် ငြင်းတယ် ဆိုရင်တော့ မစ္စတာ ဂမ်ဘာရီအနေနဲ့က ပြဿနာ ဖြစ်နိုင်တယ်။ နှစ်ဖက်နဲ့ တွေ့ဖို့က သူ့ခရီးစဉ်ရဲ့ အဓိက အကြောင်းအရာလေ” ဟု ပြောသည်။
ကုလသမဂ္ဂ၏ မအောင်မြင်သည့် မြန်မာ့ဒီမိုကရေစီရေး ဆောင်ရွက်ရာတွင် မျှော်လင့်စရာ မရှိတော့သည့်အတွက် ကုလသမဂ္ဂအား ဖိအားပေးရန် လိုအပ်နေပြီ ဖြစ်ကြောင်း ဦးညိုအုန်းမြင့်က ယခုလို ပြောဆိုလိုက်သည်။
“ကျနော်တို့မှာ လမ်းမရှိတော့ဘူး။ ဆက်ဆံတာလည်း အကျိုးမရှိတော့ဘူးလို့ ကျနော်တို့ သိနေတဲ့ အတွက်ကြောင့် အဲဒီလိုလုပ်လိုက်ရင် ကျနော်တို့နိုင်ငံအတွက် အနာဂတ်က၊ နှစ် ၂ဝ ကြာတဲ့ ဒုက္ခက လွတ်မြောက်မယ့် လမ်းစတခု ဖြစ်တယ်လို့ ကျနော်မြင်တယ်။ ဘာလို့လဲဆိုတော့ ယူအင် (ကုလ) ဟာ မလိုတော့ပါဘူး။ ကုလသမဂ္ဂကို တောင်းဆိုတာထက်စာရင် ဖိအားပေးဖို့ လိုမယ်” ဟု သူက ပြောသည်။
http://www.mizzimaburmese.com/news/inside-burma/1559-2008-08-21-12-22-56.html
NLD က မစ္စတာ ဂမ်ဘာရီနှင့် တွေ့ဆုံမှုအပေါ် အားရကျေနပ်မှု မရှိ
မြန်မာပြည်ဆိုင်ရာ ကုလအထူးကိုယ်စားလှယ် မစ္စတာ အီဗရာဟင် ဂမ်ဘာရီနှင့် ယနေ့ညနေပိုင်းက တွေ့ဆုံပွဲအပေါ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) က…









