Archive for the ‘ခေတ်ပြိုင်’ Category
စစ်အစိုးရသံအမတ်အား ကုလသမဂ္ဂမှ ဖယ်ရှားရန် စိန်ခေါ်ခြင်း
ခေတ်ပြိုင် ဆောင်းပါး
လွှတ်တော်ကိုယ်စားလှယ်တဦး (ထိုင်းမြန်မာနယ်စပ်)
၂၈ နိုဝင်ဘာ ၂ဝဝ၈
မြန်မာပြည်သူလူထုအပေါ်တွင် စစ်အစိုးရ၏ ပြုမူကျင့်ကြံအားထုတ်မှုကို ကမ္ဘာ့အလယ်တွင် စပ်ဆုပ်ရွံရှာဖွယ်ကောင်းသော အစိုးရဖြစ်သည်ဟု ကမ္ဘာ့ခေါင်းဆောင်များက ပြစ်တင်ရှုတ်ချနေကြ သည့်ကြားတွင် ၈၈ မျိုးဆက်ကျောင်းသားများ၊ သံဃာတော်များအား တရား ဥပဒေနှင့် ညီညွတ်မှုမရှိဘဲ ဖမ်းဆီးထောင်ချနေသည်။
ကုလသမဂ္ဂမှ မြန်မာနိုင်ငံနှင့်ပတ်သက်၍ နိုင်ငံရေးပါတီများနှင့် စစ်အစိုးရအကြား နိုင်ငံရေးစေ့စပ်ဆွေးနွေး အဖြေရှာရန် အထူးကိုယ်စားလှယ်နှင့် လူ့အခွင့်အရေးချိုးဖောက်မှုရပ်ဆိုင်းရန် လူ့အခွင့်အရေးကိုယ်စားလှယ် ကို အကြိမ်ကြိမ်စေလွှတ်ခဲ့သော်လည်း ဘာတခုမျှ မဖြေရှင်းနိုင်ဘဲဖြစ်နေသည်။ ထိုသို့ဖြစ်ရသည်မှာ ကုလသမဂ္ဂတွင် စစ်အစိုးရကိုယ်စားလှယ်ကရှိနေ၍ မြန်မာ့ပြဿနာများကို တဖက်သတ်ဖြေရှင်းနေခြင်း သာဖြစ်သည်။ ၁၉၉ဝ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှ ပြည်သူတို့က ရွေးချယ်တင်မြှောက်လိုက်သော ပြည်သူ့ကိုယ်စားလှယ်များ အစိုးရတရပ်ကသာ ကုလသမဂ္ဂတွင် တရားဝင်ကိုယ်စားလှယ် အဖြစ်ရှိနေပါက မြန်မာ့ပြဿနာကို ကမ္ဘာ့ခေါင်းဆောင်များကြားတွင် တင်ပြချေပနိုင်မည်ဖြစ်သည်။
ကုလသမဂ္ဂတွင် မြန်မာသံအမတ်ကို ဖယ်ရှားရန် ၁၉၉၄ ခုနှစ်ကာလများတွင် တော်လှန်ရေးခေါင်းဆောင်များတို့က တိုင်ပင်ဆွေးနွေးခဲ့ဖူးပါသည်။ ယင်းအချိန်တွင် မြန်မာ့နိုင်ငံရေး အခင်းအ ကျင်းကိုကြည့်လျှင် မိမိတို့ဘက်က အရေးနိမ့်မည်ဟု ယူဆနေကြပါသည်။
အဘယ့်ကြောင့် ဆိုသော် ပြည်သူလူထုမှ ရွေးကောက်တင်မြှောက်ခြင်းခံထားရသော ပြည်သူ့ကိုယ်စားလှယ်များသည် နိုင်ငံရေးပြဿနာကို စစ်အစိုးရ ကျင်းပသော အမျိုးသားညီလာခံတွင် ရှင်းနိုင်မည်ဟု ယုံကြည်ကြသဖြင့် အမျိုးသားညီလာခံသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ကိုယ်စားလှယ်များ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (အက်စ်အန်အယ်လ်ဒီ) ကိုယ်စားလှယ်များနှင့် တသီးပုဂ္ဂလအမတ်များ တက်ရောက်ကြပြီး အခြေခံဥပဒေရေးဆွဲရန် ဆွေးနွေးနေကြခြင်း၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ တဖွဲ့ပြီးတဖွဲ့ ငြိမ်းချမ်းရေး ယူနေသည့်အချိန်ဖြစ်၍ ကမ္ဘာ့ခေါင်းဆောင်များ အခြေ အနေအရပ်ရပ်ကို စောင့်ကြည့်နေသည့် ကြားကာလဖြစ်၍ ယင်းအချိန်တွင် Credential Challenge လျှောက်လွှာတင်လျှင် ထောက်ခံကြမည် မဟုတ်၍ ရှုံးနိမ့်မည်ဟု သုံးသပ်ပါသည်။
သို့ရာတွင် စစ်အစိုးရအမျိုးသားညီလာခံပြီးဆုံး၍ ၂ဝဝ၈ခုနှစ်၊ မေလ (၁ဝ) ရက်နေ့တွင် အခြေခံဥပဒေကို လူထုဆန္ဒ (၉၂) ရာခိုင်နှုန်းဖြင့် အတည်ပြုခဲ့ပြီဖြစ်သောကြောင့် ၂ဝ၁ဝ ပြည့်နှစ်တွင် ရွေးကောက်ပွဲကျင်းပ၍ လွှတ်တော်ခေါ်ယူပြီး အစိုးရတရပ်ဖွဲ့မည်ဟု စစ်အစိုးရ ကြေညာထားခဲ့ပြီးဖြစ်သည်။ စစ်အစိုးရ၏ အခြေခံ ဥပဒေနှင့် ရွေးကောက်ပွဲသည် တရားမဝင်ကြောင်း တိုက်ပွဲဝင်ရန် ၁၉၉ဝ ပြည့်နှစ် လူထုမှ ရွေးကောက် တင်မြှောက်ထားသော ပြည်သူ့ကိုယ်စားလှယ်များကို ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသား ကောင်စီ (အန်စီယူဘီ) က တောင်းဆို၍ ကမ္ဘာ့ဥပဒေပညာရှင် (၉) ယောက်၏ အကူအညီကို ရယူကာ CC ကိစ္စကို ဆောင်ရွက်နေခြင်းဖြစ်သည်။
CC လျှောက်လွှာကို ကုလသမဂ္ဂသို့ တင်သွင်းနိုင်ရန် နိုင်ငံတနိုင်ငံကဖြစ်စေ (သို့မဟုတ်) စင်ပြိုင်အစိုးရက ဖြစ်စေ ကုလသမဂ္ဂမှ CC ကော်မတီသို့ တင်သွင်းရပါသည်။ အန်စီယူဘီက လျှောက်လွှာတင်နိုင်ရန် မိတ်ဆွေနိုင်ငံတခုကို ရှာရာတွင် အခက်အခဲမရှိရရှိပါသည်။ သို့သော် ကမ္ဘာ့နိုင်ငံကြီးနှစ်နိုင်ငံမှ အကြံပြုချက် အရ စင်ပြိုင်အစိုးရအနေဖြင့်သာ လျှောက်လွှာတင်ပါ။ သူတို့အပြည့်အဝ ကူညီမည်ဟုဆိုသည်။ နိုင်ငံတခုမှ စင်ပြိုင်အစိုးရသို့ လမ်းကြောင်းပြောင်းသွားသောကြောင့် ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုး သားညွန့်ပေါင်းအစိုးရ (အန်စီဂျီယူဘီ) မှ ဝန်ကြီးချုပ် ဒေါက်တာစိန်ဝင်း လက်မှတ်ရေးထိုးရန် အန်စီယူဘီ၏ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး တာမလာဘောက စာရေး အကြောင်းကြားခဲ့ပါသည်။
ဒေါက်တာစိန်ဝင်း ငြင်းဆိုနေသဖြင့် MPU ဒု-ဥက္ကဋ္ဌ ဒေါ်စန်းစန်းက လက်မှတ်ရေးထိုးပြီး စက်တင်ဘာလ (၉) ရက်နေ့တွင် CC လျှောက်လွှာကို ကုလသမဂ္ဂသို့ တင်သွင်းနိုင်ခဲ့သည်။
ကုလသမဂ္ဂ ဥပဒေရေးရာကောင်စီ မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ အဖွဲ့ (MPU) ဒု-ဥက္ကဋ္ဌ ဒေါ်စန်းစန်းတင်သွင်းသော လျှောက်လွှာသည် ကုလသမဂ္ဂအထွေထွေညီလာခံလုပ်ထုံးလုပ် နည်းဥပဒေအပိုဒ် (၂၇/၂၉) လုပ်ထုံးလုပ်နည်းနှင့်ကိုက်ညီမှုမရှိ၍ CC ကော်မတီ သို့ တင်သွင်းခွင့်မရှိကြောင်း ဒေါ်စန်းစန်းသို့ (၁၄၊ ၉၊ ဝ၈) တွင် ပြန်ကြားခဲ့ပါသည်။ အပိုဒ် (၂၇/၂၉) ၏ လုပ်ထုံးလုပ်နည်းအရ နိုင်ငံတနိုင်ငံ၏ အကြီးအကဲ (သို့မဟုတ်) နိုင်ငံခြားဝန်ကြီးကသာ လက်မှတ်ရေးထိုးပြီး ကော်မတီသို့ ဒီဇင်ဘာလ (၁၄) ရက် မတိုင်မီတင်သွင်းရပါမည်။ ထို့ကြောင့် MPU က ဒေါက်တာစိန်ဝင်းအား လက်မှတ်ရေးထိုးရန် အပြင်းအထန် တိုက်တွန်းခဲ့ပြန်သည်။
ဒေါက်တာစိန်ဝင်းက ငြင်းဆန်နေ သဖြင့် Conference မှသာဖြေရှင်းနိုင်မည် ဖြစ်၍ MPU များ Conference ကို ၂ဝဝ၈ ခုနှစ် နိုဝင်ဘာလနောက်ဆုံးအပတ်တွင် အမေရိကန်နိုင်ငံ၌ ကျင်းပပေးရန် MPU က အန်စီဂျီယူဘီကို တိုက်တွန်းခဲ့သော်လည်း ၎င်းတို့ နေ့ရွှေ့ညရွှေ့ လုပ်နေခဲ့သည်။ ပထမဦးဆုံး ငွေကြေး ပြဿနာ အကြောင်းပြသည်ကို ငွေကြေးနှင့်ပတ်သက်၍ MPU က တာဝန်ယူပါမည်။ Conferenceကိုသာ အမြန်ဆုံး ကျင်းပလိုသည်။
MP များ၏ Conference သည် CC နှင့်ပတ်သက်နေသည့်အတွက် အချိန်မီရန် အန်စီဂျီယူဘီနှင့် MPU တို့ (၆၊ ၁၁၊ ဝ၈) တွင် Skype ဖြင့် အပြန်အလှန် ဆွေးနွေးကြသော်လည်း ကျေလည်မှု မရခဲ့ပေ။ Conferenceကို MP အများဆုံးနေထိုင်သော အမေရိကန်နိုင်ငံတွင် ကျင်းပရန်တောင်းဆိုခဲ့သည်ကိုလည်း အန်စီဂျီယူဘီ ဝန်ကြီးများက ငြင်းဆန်ပြီး အကယ်၍ အမေရိကန်တွင် Conference ကျင်းပပါက ၎င်းဝန်ကြီးများ တက်ရောက်မည်မဟုတ်ဟု MPU သို့ ပြတ်သားစွာ အဖြေပေးခဲ့သည်။ နောက်ဆုံးအဆင့်အနေဖြင့် စည်းလုံးညီညွတ်မှုကို ရှေးရှုပြီး အန်စီဂျီယူဘီ၏ဆန္ဒသဘောထားအတိုင်း နောင်လာမည့်နှစ် သက္ကရာဇ် ၂ဝဝ၉ ခုနှစ် ဇန်နဝါရီလ နောက်ဆုံးအပတ်တွင် အိုင်ယာလန်နိုင်ငံ၊ ဒပ်ဗလင်မြို့၌ ကျင်းပမည်ကို သဘောတူ ဆုံးဖြတ်ခဲ့ကြသည်။
ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားညွန့်ပေါင်းအစိုးရ၏ အမြင်ယူဆချက်မှာ CC ကို ကုလသမဂ္ဂသို့တင်လျှင် အောင်မြင်နိုင်ခြေမရှိသည့်အပြင် လက်ရှိ မိမိတို့ ၏ ရရှိထားသော အခြေအနေပါ ယိုယွင်း ပျက်စီးသွားနိုင်သည်။ ၎င်းတို့ယုံကြည်ချက်အတိုင်း တွေ့ဆုံဆွေးနွေးရေး၊ လူထုလှုပ်ရှားမှုဖြစ်ရေးကိုသာ ဦးစားပေးမည်။ အမ်ပီယူ၏ယူဆချက်မှာ ကြေညာချက်ထုတ်၊ ပြည်ပအသံလွှင့်ဌာနများနှင့် အင်တာဗျူးလုပ်ခဲ့သည်မှာ အချိန်ကုန် လူပန်းလွန်းနေပြီ၊ လက်တွေ့ကျသည့် နိုင်ငံရေးထိုးနှက်ချက်ရှိမှသာ နအဖ အစိုးရအပြောင်းအလဲလုပ်လာနိုင်မည်။ လူထုလှုပ်ရှားမှုနှင့်ပတ်သက်၍ ဖြစ်နိုင် မဖြစ်နိုင် စဉ်းစားရာမှာ လူထုလှုပ်ရှားမှုဖြစ်ရန် ခက်ခဲလွန်းသည်။ ရွှေဝါရောင်တော်လှန်ရေးကို ပြန်သုံးသပ်လျှင် ၈၈ မျိုးဆက်နှင့် အသျှင်ဂမ္ဘီရလိုခေါင်းဆောင်များ ဦးဆောင်လှုပ်ရှားမှုကြောင့်ဖြစ်သည်။
ထိုခေါင်းဆောင်မျိုးများလို နောက်ထပ်ပေါ်ပေါက်လာရန် အချိန်များစွာ စောင့်ရပေဦးမည်။ လူထုလှုပ်ရှားမှုပေါ် ပေါက်ရန် မိမိတို့ကိုယ်တိုင် ပြည်တွင်းထဲဝင်ပြီး လူထုကို ဦးဆောင်ဦးရွက်ရပေမည်။ CC တိုက်ပွဲသည် ငွေသက်သာပြီး လူသက်သာရုံသာမက ပြည်တွင်းပြည်ပ လှုပ်ရှားမှု၏ ဆုံချက်ဖြစ်သည့်အပြင် အကောင်းဆုံးတိုက်ကွက်ဖြစ်သည်ဟု အမ်ပီယူက ယုံကြည်သည်။ သံဃာ့ဥသျှောင်အဖွဲ့၊ ပြည်တွင်းပြည်ပ ခေါင်းဆောင်များတို့က အမ်ပီယူကို ထောက်ခံကြောင်း အကြောင်းကြားကြပါသည်။
နအဖကိုယ်စားလှယ်ကို ကုလသမဂ္ဂမှ ဖယ်ရှားရန် နောက်တောင်ကျနေပြီဟု ဆိုသူများရှိသကဲ့သို့ မြန်မာ့နိုင်ငံရေးအခင်းအကျင်းကိုကြည့်ပြီး အချိန်ကိုက်ဆို သူများလည်းရှိသည်။ ညွန့်ပေါင်းအစိုးရက ဒီအဆိုပြုချက်ကို ငြင်းဆိုနေသည်မှာ မြန်မာ့နိုင်ငံရေးတွင် အလွန်အကျည်းတန်လှပါသည်ဟု ဝေဖန်သုံးသပ်သူများ ပြားပါသည်။ CC ကို တင်သွင်းလိုက်ခြင်းကြောင့် ၁၉၉ဝ ပြည့်နှစ် အထွေထွေရွေး ကောက်ပွဲမှ ရွေးချယ်တင်မြှောက်ခြင်းခံရသော ပြည်သူ့ကိုယ်စားလှယ်များသည် တရားဝင်ကြောင်း၊ ကမ္ဘာ့ခေါင်းဆောင်များကြားတွင် ကျားကန်ပေးသည်နှင့်တူသည်။ စစ်အစိုးရကျင်းပသော ၂ဝ၁ဝ ရွေးကောက်ပွဲသည် တရားမဝင်ကြောင်း ကုလသမဂ္ဂခေါင်းဆောင်များကြားတွင် ကျယ်ပြန့်သော အငြင်းပွားမှုကို ဖြစ်စေပါသည်။ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းအတွက် နအဖကို တွန်းထိုးရာတွင် အသုံးပြုနိုင်မည့် တုတ်တချောင်း ရလိုက်သည်နှင့်တူသည်။ ကုလသမဂ္ဂမှ အငြင်းပွားမှုပေါက်ကွဲသံ ဂယက်ကြောင့် စစ်အစိုးရအုပ်ချုပ်သော ယန္တရားကို မုချသွားရောက်ထိခိုက်ပေလိမ့်မည်။
အကယ်၍ ဒီအဆိုအောင်မြင်ခဲ့လျှင် နိုင်ငံတကာ သံတမန်ဆက်ဆံရေးတွင် စစ်အစိုးရ အထိနာနိုင်ပါသည်။ တရုတ်၊ အိန္ဒိယ၊ ရုရတို့နှင့်ဆက်ဆံရေး သွေးအေးသွားနိုင်သလို အာဆီယံနိုင်ငံတွေအတွင်းမှာ နအဖနှင့် ဆက်ဆံရေးတွေ ပဋိပက္ခ ဖြစ်လာနိုင်ပါတယ်။ ဗိုလ်ချုပ်သန်းရွှေ အမိန့်နာခံနေရတဲ့ လက်အောက်ခံ ဗိုလ် ချုပ်တွေအကြားမှာ ငြင်းခုံဆွေးနွေးမှု တွေပေါ်ပေါက်လာနိုင်ပါတယ်။ မြန်မာ သံအမတ်ကြီးကို ကုလသမဂ္ဂမှထုတ်ပယ်လိုက်လျှင် အန်စီဂျီယူဘီနှင့်နအဖအကြား နိုင်ငံရေးတန်းတူမှု ရလာနိုင်မည်။ မြန် မာပြည်သူများလည်း နိုင်ငံရေး ပိုမိုပြောဆိုနိုင်ခွင့်ရှိလာပေမည်။
Credential Challenge ကော်မတီမှာ နိုင်ငံ (၉) နိုင်ငံနှင့် ဖွဲ့စည်းထားပါသည်။ အမြဲတမ်းအဖွဲ့ဝင်ဖြစ်သည့် တရုတ်၊ ရုရှ၊ အမေရိကန်နှင့် အခြားအလှည့်ကျ (၆) နိုင်ငံပါဝင်ပါသည်။ ယင်းကော်မတီသည် ဗီတိုအာဏာသုံးခွင့်မရှိ၍ မဲစနစ်ဖြင့် အဆုံးအဖြတ်ပေးရပါသည်။ ယင်းကော်မတီမှတဆင့် ကုလသမဂ္ဂညီလာခံသို့ တင်ပြပြီး ညီလာခံကိုယ်စားလှယ်များတို့က လျှို့ဝှက်မဲစနစ်ဖြင့် အနိုင်အရှုံး ဆုံး ဖြတ်ရပါသည်။ ၂ဝဝ၈ ခုနှစ် UNGA တွင် စစ်အစိုးရအား ကန့်ကွက်မဲ (၈၉) မဲ၊ ထောက်ခံမဲ (၂၈) မဲ၊ ကြားနေ (၆၃) မဲရှိသည်။ ထို့ကြောင့် Credential Challenge အဆိုသည် မုချအောင်ပွဲရရှိနိုင်သည်။
http://www.newerajournal.com/articles/november_08/28-11-08a1.php
ခေတ်ပြိုင် သို့ ဝင်ဖတ်ရန် အခက်အခဲရှိသူများအတွက် လွှတ်တော်ကိုယ်စားလှယ်တဦး (ထိုင်းမြန်မာနယ်စပ်) (၂၈ နိုဝင်ဘာ ၂၀၀၈) ရေးသည့် “စစ်အစိုးရသံအမတ်အား ကုလသမဂ္ဂမှ ဖယ်ရှားရန် စိန်ခေါ်ခြင်း”ကို အပြည့်အစုံ ဖော်ပြပါသည်။
အတွေးအခေါ် အရှုပ်အထွေးတွေကို ဖယ်ရှားပစ်ကြစို့
ခေတ်ပြိုင် ဆောင်းပါး
ရဲဘော်ဖိုးသံချောင်း
၂ ဒီဇင်ဘာ ၂၀၀၈
နအဖစစ်ဗိုလ်ချုပ်တွေ ဘာကြောင့် ဒါလောက် သွေးရူးသွေးတန်းနိုင်နေရတာလဲ။ အိုင်တီနည်းပညာအပေါ် ဘာကြောင့် ဒါလောက် အငြိုးအတေးကြီးနေရတာလဲ။ ၈၈မျိုးဆက်နဲ့ ကျောင်းသားလူငယ် အင်အားသစ်တွေကို ဘာကြောင့် ဒါလောက် နာကြည်းနေရတာလဲ။
ဘာကိုအကြောက်ကြီးကြောက်နေတာလဲ။
နအဖရဲ့လုပ်ပုံကိုင်ပုံတွေကြောင့် လူတိုင်းရဲ့ခေါင်းထဲမှာ မေးခွန်းထုတ်စရာတွေ တသီကြီး ပေါ်ပေါက်လာပါတယ်။ တချို့ကတော့ ဒီစစ်အာဏာရှင်တွေကို မုန်းတီးရွံရှာတာနဲ့ပဲ ဒင်းတို့က (၆၅) နှစ် ခံမှာမို့လားလို့ မေးခွန်းထုတ်ပြီး ပြန်ပြောကြပါတယ်။ မခံမရပ်နိုင်တာကတော့ တကမ္ဘာလုံးပါပဲ။
သေချာတာတခုကတော့ နအဖဟာ ဒီလူတွေအပေါ် အခုလို အပြစ်ဒဏ်ကြီးတွေ ချလိုက်ခြင်းအားဖြင့် သူတို့ရဲ့နန်းသက်က ဘယ်နှနှစ်ပဲခံခံ၊ အနည်းဆုံး (၆၅) နှစ်တော့ ဒီလူတွေနဲ့ ရန်သူပဲလို့ ကြေညာလိုက်တာ ဖြစ်ပါတယ်။ ဒီလူတွေရဲ့နောက်ကွယ်မှာ ဧရာမ အများစု ပြည်သူလူထုကြီးရှိနေတယ်ဆိုတာကို ဒီနအဖ ဗိုလ်ချုပ်တွေ မသိတာမဟုတ်ပါဘူး။ ဒါကြောင့် သူတို့ဟာ ဒီပြည်သူလူထုကြီး တရပ်လုံးနဲ့လည်း အနည်းဆုံး (၆၅) နှစ်တော့ ရှားစောင်းစေးနဲ့မျက်ချေးပဲလို့ ကြေညာလိုက်တာ ဖြစ်ပါတယ်။ တနည်း ထပ်ပြောရရင် ဒင်းတို့ဘက်က သေခန်းပြတ် ကြေညာတာပါပဲ။
စစ်အာဏာရှင်တွေရဲ့ ပြတ်သားမှုကို အသိအမှတ်ပြုကြရမှာပါ။ တပါတည်းမှာ ကိုယ့်ဘက်ကလည်း ပြတ်သားကြဖို့ လိုပါတယ်။ ဒီလို တဖက်က ပြတ်ပြတ်သားသား ကြေညာနေချိန်မှာ ကိုယ့်ဘက်ကအလျှော့ပေးပြီး သူတို့အစီအမံအတိုင်း လိုက်လုပ်ဖို့ ပြောသံတွေ အခုအခါမှာ အတော်လေးကြားနေရပါတယ်။ အံ့သြစရာပါ။ အခုနောက်ဆုံး ထောင်ဒဏ်ချမှုတွေကိုကြည့်ရင် စစ်အာဏာရှင်များရဲ့ ပင်ကိုယ်လက္ခဏာဟာ တစက်လေးမှ ပြောင်းမသွားကြောင်း၊ ရှစ်လေးလုံးကာလတုန်းကနဲ့ အတူတူသာဖြစ်ကြောင်း ထင်ရှားလှပါတယ်။ ဒါဖြင့်ရင် အခုအခါမှာ ဘာကြောင့် ဒင်းတို့ကို ရှစ်လေးလုံး ကာလတုန်းကလို သဘောမထားနိုင်ရမှာလဲ။ ဒင်းတို့လက်တွေဟာ အရင်တုန်းက ပေကျံခဲ့တဲ့သွေးတွေ ခြောက်ဖို့ နေနေသာသာ တိုးလို့သာ ပေကျံလာနေပါတယ်။ ဒါတွေကိုသိရက်နဲ့ ဘာဖြစ်လို့ နအဖကို ထိပ်တိုက်မရင်ဆိုင်ဖို့ ပြောနေကြတာလဲ။ ကြောက်တတ်ရင် ဝန်မကင်းဘူး၊ ဝန်ပိတယ် ဆိုတာဟာ ရှေးက လူကြီးတွေ သူတို့ရဲ့အတွေ့အကြုံ၊ သင်ခန်းစာတွေအရ အစဉ်အဆက်ပြောခဲ့ကြတဲ့ စကား ဖြစ်ပါတယ်။ ကိုယ့်အင်အားကို ကိုယ့်ပြည်သူလူထုအပေါ်မှာ မူတည်ပြီး တွက်ဖို့လိုပါတယ်။ တိုင်းတပါးက အခြေအနေတခုအပေါ် မူတည်ပြီးတွက်ရင် အစွယ်ပြူးပြူး စစ်ဘီလူးကြီးကို (၁၃) နှစ်သား လူရည်ချွန် ကျောင်းသားလေးလို မြင်လိုက်၊ ရသေ့ရဟန်းလိုမြင်လိုက်၊ သူခိုးကြမ်းပိုးလို မြင်လိုက်၊ အမျိုးမျိုး မြင်မိနေမှာပါပဲ။ တချို့ကတော့ ကြောက်တာမဟုတ်ပါဘူး။ ဒါပေမယ့် လက်လျှော့တာတမျိုး ဖြစ်ပါတယ်။ ဗမာပြည်ရဲ့နိုင်ငံရေးဟာ ဒီအခြေအနေမှာ လက်လျှော့တာ၊ လက်နက်ချတာတောင် နအဖက အသိအမှတ်ပြုချင်မှ ပြုတယ်ဆိုတာကို မမေ့ဖို့ လိုပါတယ်။ လက်နက်ချချင်လို့၊ တဖျာစာလောက်လေးရရင် တော်ပါပြီလို့ ပြောနေ၊ အချက်ပြနေသူတွေ နည်းတာ မှတ်လို့။ နအဖက ဖုတ်လေတဲ့ ငပိရှိတယ်လို့တောင် သဘောမထားဘူး မဟုတ်လား။ သူ့အနားမှာ မူလလက်ဟောင်း လက်နက်ချကြီးတွေပြည့်လို့ပါ။
နောက် အခုတလော အပြောများနေကြတဲ့ကိစ္စတခုက ၂ဝ၁ဝ ရွေးကောက်ပွဲ ဖြစ်ပါတယ်။ နအဖ အစီအစဉ်အတိုင်း ဒီရွေးကောက်ပွဲသာ ဖြစ်ပေါ်သွားလို့ကတော့ ၁၉၉ဝ ရွေးကောက်ပွဲ ရလဒ်လည်း ဖျက်သိမ်းပြီးဖြစ်သွားမယ်၊ ဒီမိုကရေစီ အရေးတော်ပုံကြီးလည်း သိပ်နောက် ဆုတ်သွားမယ်ဆိုတဲ့သဘောမျိုး ပြောသူ တချို့ရှိပါတယ်။ ဒီမိုကရေစီအင်အားစုတွေဟာ ကိုယ့်လုပ်ငန်းစဉ်ကို နအဖရဲ့လုပ်ငန်းစဉ်အပေါ်မှီပြီး ချမှတ်နေလို့မဖြစ်ပါဘူး။ ကိုယ့်အစီအစဉ် နဲ့ ကိုယ်သွားရမှာပါ။ နအဖက သူတို့ရဲ့ဖွဲ့စည်းပုံအတွက် ဆန္ဒခံယူပွဲ လုပ်တယ်ဆိုရင် ကိုယ်က အဲဒီဟာနဲ့ ပတ်သက်တဲ့ လုပ်စရာရှိတာကိုလည်းလုပ်၊ ကိုယ့်လုပ်ငန်းစဉ်အရ လုပ်စရာ ရှိတာကိုလည်းလုပ်။ နအဖက ရွေးကောက်ပွဲလုပ်တယ်ဆိုရင် ကိုယ်က သူတို့ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ လုပ်စရာရှိတာကိုလည်းလုပ်၊ ကိုယ့်လုပ်ငန်းစဉ်အရ လုပ်စရာရှိမှာကိုလည်း လုပ်ဆိုတာမျိုး ဖြစ်ရပါမယ်။ လက်နက်နဲ့ အာဏာရှိနေမှတော့ ဒီနိုင်ငံမှာ သူတို့ဟာ ဒီလိုသဏ္ဌာန်ပိုင်း ဆိုင်ရာတွေကို လုပ်ချင်တိုင်းလုပ်လို့ ရနေမှာပါပဲ။ သူတို့ကိုယ်သူတို့ စကြာဝတေး နတ်မင်းကြီးလို့ ကြေညာလည်း ရနေမှာပါပဲ။ အဲဒါတွေကိုကြည့်ပြီး ကိုယ့်ဘက် က စိတ်ပျက်နေ၊ စိတ်ဓာတ်ကျနေလို့ မဖြစ်ပါဘူး။ ပြဿနာရဲ့ အခရာဟာ အာဏာ ဖြစ်ပါတယ်။ ဒါကို နအဖစစ်ဗိုလ်ချုပ်တွေ ကောင်းကောင်း သဘောပေါက်လို့ အဲဒီအတွက် တစိုက်မတ်မတ်၊ ကိုယ်ဖိရင်ဖိလုပ်နေတာ အောင်မြင်သလောက် အောင်မြင်နေတယ်လို့ တောင် ပြောရင်ရမယ်ထင်ပါတယ်။ ဒါပေမယ့် ဒီမိုကရေစီအင်အားစုတွေထဲမှာ ဒါကို သဘောမပေါက်တဲ့လူတွေများ ရှိနေသေးသလား စဉ်းစားစရာဖြစ်နေပါတယ်။
“ကျနော်၊ ကျမတို့က အာဏာလိုချင်လို့ မဟုတ်ပါဘူး” ဆိုတဲ့ စကားများကို ခုံခုံမင်မင်ပြောနေသူတွေ မကြာခဏ တွေ့နေရပါတယ်။ အမှန်ပါပဲ။ ကိုယ့်အတွက်၊ ကိုယ့်တဦးချင်း အကျိုးစီးပွားအတွက် အာဏာရယူဖို့ လုံးပန်းတယ် ဆိုတာတော့ မကောင်းပါဘူး။ ဒါပေမယ့် နအဖ စစ်အာဏာရှင်တွေ အာဏာလက်လွတ်သွားအောင်၊ အနည်းဆုံး စစ်တန်းလျား ပြန်သွားအောင်တော့ လုပ်ရမှာပါ။
တချို့ကတော့လည်း ဖွဲ့စည်းအုပ်ချုပ်ပုံကိစ္စတုန်းက နအဖက (၉ဝ) ရာ ခိုင်နှုန်းကျော် ထောက်ခံမဲရအောင် လုပ်သွားတာကိုကြည့်ပြီး ဒီ ၂ဝ၁ဝ ရွေးကောက်ပွဲကို တိုက်ပွဲဝင်ချင်စိတ် ကုန်နေပါတယ်။ နအဖသာ ရွေးကောက်ပွဲကို အောင်မြင်စွာလုပ်နိုင်ရင် သွားပါပြီလို့ သဘောထားနေကြပါတယ်။ ဒါကြောင့် နအဖရဲ့ အစီအစဉ်ထဲမှာ ဝင်သာပေါင်းလိုက်ကြစို့လား ဆိုတာမျိုး တရားထူထောင်ကြပါတယ်။ ဒီအယူအဆအတိုင်း လုပ်ဖို့အတွက် အကြောင်းတွေ အမျိုးမျိုးလည်း ပြကြပါတယ်။ ဒီလိုပြောလာရင် သမိုင်းတလျှောက် ကျဆုံးသွားတဲ့၊ နောက်ပြီး ထောင်ထဲနေခဲ့တဲ့၊ ရှိနေကြတဲ့လူတွေရဲ့ မျက်နှာတွေကို ပြန်ကြည့်လိုက်ပါလို့ ပြောချင်ပါတယ်။ တကယ်က ဒီနေရာမှာလည်း ပြဿနာက အထက်မှာပြောခဲ့သလို ကိုယ့်သေနင်္ဂဗျူဟာနဲ့ ကိုယ်ချီတက်ဖို့အတွက် ကိုယ့်မှာ လက်တွေ့လုပ်ငန်း စီမံကိန်း ရှိမရှိ ဆိုတာပါပဲ။ ကိုယ့်စီမံကိန်း၊ ကိုယ်သေနင်္ဂဗျူဟာရှိလို့ကတော့ သူလည်းသူ လုပ်စရာရှိတာလုပ်၊ ကိုယ်လည်း ကိုယ်လုပ်စရာရှိတာ လုပ်ဖြစ်မှာပါ။ ဒီလိုလုပ်ရင်းနဲ့ သူ့ခြေလှမ်းအမှားကို ကိုယ်ကအမြတ်ထုတ်နိုင်ဖို့ပဲ အရေးကြီးပါတယ်။ အမှန်ပါပဲ၊ ဒီရွေးကောက်ပွဲမှာ သူက လုပ်ချင်သလိုလုပ်မှာပါ။ ညစ်နည်းပဒေသာနဲ့ အညစ်သရဖူ ဆောင်းမှာပါ။ ကိုယ်ကတော့ ဒီအထဲကပဲ ကိုယ့်အတွက် ဘာအမြတ်ထုတ်နိုင်လဲ စဉ်းစားရမှာဖြစ်ပါတယ်။ ကြံလည်းကြံဆရမှာဖြစ်ပါတယ်။
ဒါ့အပြင် ပိုအံ့သြစရာကောင်းတဲ့ အယူအဆတခုလည်း တွေ့နေရပါသေး တယ်။ တချို့လူတွေရဲ့အဆိုမှာ အတိုက်အခံတွေကိုက ခေါင်းမာလွန်းလို့၊ အလျော့အတင်း မလုပ်တတ်လို့၊ နိုင်ငံရေးပါး မဝလို့ ဆိုသလို ကိုယ့်ဘက်ကိုယ် ပြန်နင်းလာတာတွေ ပါနေပါတယ်။ ဒိအရင်ကတော့ အခုအဲဒီလိုပြောနေသူတွေရဲ့ ဆရာ့ ဆရာများက လက်နက်နဲ့ အသတ်ခံနေရသူများဘက်က လက်နက်နဲ့ မတုံ့ပြန်ဖို့ (အကြမ်းမဖက်ဖို့) ဆုံးမပြီး လက်နက်ကိုင်သူတွေကို ဆိုင်ရှင် လုပ်ခဲ့ကြတယ်။ အခုလည်း နအဖကို စားပွဲပေါ်မှာ တွေ့ဆုံတဲ့နည်းကလွဲလို့ တခြားနည်းနဲ့ မရင်ဆိုင်ဖို့၊ တနည်းမဆန့်ကျင်ဖို့ သတိပေးနေကြပါတယ်။ နအဖဘက်က စားပွဲပေါ်မှာတွေ့ဆုံတဲ့ နည်းကလွဲပြီး ဖမ်းဆီးနှိပ်စက်၊ သတ်ဖြတ်၊ အကုန်လုပ်နေတာတွေကိုတော့ သူတို့ဘာမှမပြောကြဘူး။ ဒီလိုအချိန်မှာ အတွေးအခေါ် ရှုပ်ထွေးမှုတွေ ပေါ်ပေါက်တာဟာ မဆန်းပါဘူး။ ဒီလို အရှုပ်အထွေးတွေပေါ်လာရင် ပြည်သူလူထုကို ပြန်ငဲ့ကြည့်၊ အာဇာနည်တွေကို ပြန်စဉ်းစား၊ ကိုယ့်ရပ်တည်ချက်ကို မြဲမြံအောင်လုပ်ပြီး အဖြေရှာရမှာ ဖြစ်ပါတယ်။ ရန်သူကို ပိုမတွက်ဖို့၊ လျှော့မတွက်ဖို့ဟာ အရေးအကြီးဆုံးပါပဲ။
http://www.newerajournal.com/articles/December_08/02-12-08a1.php
ခေတ်ပြိုင်ကို ဝင်ဖတ်ရန် အခက်အခဲရှိသူများအတွက် ထို website တွင် ရဲဘော်ဖိုးသံချောင်း (၂ ဒီဇင်ဘာ ၂ဝဝ၈) ရေးသည့် “အတွေးအခေါ် အရှုပ်အထွေးတွေကို ဖယ်ရှားပစ်ကြစို့” ဆောင်းပါးကို အပြည့်အစုံ ဖော်ပြပါသည်။
Rangoon Bomb Blast (25-9-2008)
Rangoon Bomb Blast
Explosion in Myanmar on Anniversary of Crackdown New York Times, United States -
Bomb blast in Rangoon amidst tight security Independent Mon News Agency, WA
Blast in Burma’s Rangoon Injures Three – Kyodo RedOrbit, TX -
Burma: Deadly bomb attack in Rangoon on protest anniversary آكي, Italy -
Myanmar explosion injures seven United Press International -
Bomb blast in Yangon injures seven (Roundup) Monsters and Critics.com -
Bomb goes off in Rangoon Turkmenistan News, Turkmenistan -
MOST E-MAILED RTT News, NY -
Bomb explodes in Burma on anniversary of government crackdown Times Online, UK -
Six injured in Myanmar bomb blast: police AFP -
Yangon blast wounds 4 as protest anniversary looms Reuters UK, UK -
Yangon bomb wounds 4 as protest anniversary looms Boston Globe, United States -
Bomb blast in Rangoon injures seven Bangkok Post, Thailand -
Explosion hits Rangoon on anniversary of protests InTheNews.co.uk, UK -
Yangon bomb wounds 4 as protest anniversary looms Swissinfo, Switzerland -
Blast rattles Yangon on anniversary eve CNN International -
Small explosion hits Burma’s capital Radio Australia, Australia -
Explosion hits Myanmar city GulfNews, United Arab Emirates
6 hurt in Myanmar bomb blast–police Inquirer.net, Philippines -
Blast rocks central Yangon Aljazeera.net, Qatar -
Explosion rattles Yangon amid tight security The Associated Press -
Blast injures three in Yangon: police The News International, Pakistan -
Blast in central Yangon, four injured – police Reuters AlertNet, UK -
Blast in central Yangon, one injured – witnesses Reuters India, India -
Bomb Blast in Rangoon Park Injures Three The Irrawaddy News Magazine, Thailand -

ရန်ကုန်မြို့လယ် ဗုံးကွဲပြီးနောက် လုံခြုံရေး ထပ်မံတင်းကျပ်
အေးချမ်းမြေ့ | စက်တင်ဘာ ၂၅၊ ၂၀၀၈
လက်ရှိရန်ကုန်တွင် လုံခြုံရေးအနေဖြင့် ရဲ တပ်ဖွဲ့ဝင် ၇၀၀၀ ကျော်ကို နေရာ အနှံ့ ချထားပြီး အဝေးပြေးကားဂိတ် များတွင် ရှာဖွေရေးများ တင်းကျပ်စွာ ပြုလုပ်လျှက် ရှိသည်ဟု ရဲ ဝန်ထမ်း တဦးကပြောသည်။ ထို့ပြင် ရန်ကုန်မြို့ ထဲတွင်လည်း ကားလမ်းများကိုပိတ် ကာ ရှာဖွေရေးများ … အပြည့်အစုံသို့
……………………
ခေတ်ပြိုင် – ဂျာနယ်
ရန်ကုန်မြို့လယ် ဗုံးပေါက်ကွဲမှုဖြစ်ပွား၊ လူအချို့ဒဏ်ရာရ

ဗုံးကြောင့် လူ ၄ ဦး ဒဏ်ရာရ၍ ဆေးရုံရောက်လာဟု အရေးပေါ် လူနာဌာနပြော
မဇ္ဈိမသတင်းဌာန
ကြာသပတေးနေ့၊ စက်တင်ဘာလ 25 2008 16:43 – မြန်မာစံတော်ချိန်
ချင်းမိုင်။ ။ ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့ မဟာဗန္ဓုလ ပန်းခြံအနီး ကြာသပတေး နံနက်က ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုတွင် လူအသေအပျောက်မရှိပဲ လူ ၄ ဦးဒဏ်ရာ ရရှိသွားသည်ဟု ရန်ကုန်ဆေးရုံကြီး အရေးပေါ်ပြင်ပလူနာဌာနမှ အပြောအရ သိရသည်။
ကြာသာပတေးနေ့နံနက် ၁၀း၄၀ က လူစည်ကားရာ မြို့လယ်ခေါင်ဘတ်စ်ကားမှတ်တိုင်တွင် ဗုံးတလုံးပေါက်ကွဲခြင်းဖြစ်သည်။
“သေတာတော့ မရှိဘူး။ ဒဏ်ရာရတာ အားလုံးပေါင်း ၄ ယောက်ပဲ၊ နာမည်တွေတော့ မသိဘူး” ဟု ဆေးရုံကြီးမှ တာဝန်ကျ ၀န်ထမ်းတဦးက မဇ္ဈိမကို ပြောပြသည်။ သို့သော် ဖြေဆိုခွင့်မရှိသဖြင့် အသေးစိတ်ဖြေကြားရန် ငြင်းဆန်…..
…………………………..

…………………………
Irrawaddy / Khit Pyaing: website URL for temporary use
Dear Irrawaddy readers
We regret to inform you that the Irrawaddy Web site has been disabled since yesterday due to an attack that has also targeted a number of other exiled Burmese media groups.
This afternoon, our technical staff confirmed that our IP address has been blocked by a distributed denial-of-service (DDoS) attack. Our technicians are now working to fix the problem.
Tomorrow is the first anniversary of the monk-led uprising known as the “Saffron Revolution.” We have received reports that Internet speeds in Burma have been very slow since yesterday, suggesting that there has been a concerted effort to prevent information from going into or out of the country.
We hope to be able to restore full service as soon as possible and will keep you informed of any further developments.
The Irrawaddy
* www.irrawaddymedia.com is a mirror site of www.irrawaddy.org
…………………………………………………………..
From Khit Pyaing to readers,
Dear readers: Here’s the temporary Khitpyaing Blog as the original site in still under maintenance. However, we will keep you informed when the original site is up and running. Sorry for the convenience.
…………………………………………
Websites of three Burmese news agencies in exile under attack
Zarni
Mizzima
Wednesday, 17 September 2008 21:02
Chiang Mai – The websites of three Burmese news agencies in exile – the Democratic Voice of Burma, The Irrawaddy and the New Era Journal – almost simultaneously have come under persistent and severe Distributed Denial of Services attack, leading to the websites becoming inaccessible since Wednesday afternoon.
DDoS attacks flooded the communication channel of web servers with data to an extent that the sites could no longer handle it. The attack is a blatant attempt to disable websites, by overwhelming the sites with information requests so that it cannot respond to regular traffic.
Surfers said the websites of the three Burmese news agencies had failed to respond to their request since Wednesday afternoon.
“It is pretty certain that we are under attack. We have been attacked at about 11 a.m. today,” Toe Zaw Latt, chief of DVB Thailand bureau told Mizzima.
Similarly, the Chiang Mai based ‘The Irrawaddy’ said its website has been facing problems since Tuesday evening.
“But technically, we could confirm it only today that we are being attacked,” Aung Zaw, Editor-In-chief of ‘The Irrawaddy’ told Mizzima.
The Bangkok based ‘New Era Journal’ also confirmed that its website had been facing an attack where surfers were unable to access the site.
The attack is the second for the Oslo based DVB in the past three months, after its website was down for several days due to a similar attack in July.
In July the Burmese website of Mizzima News, another Burmese news agency based in New Delhi, India, also suffered a similar DDoS attack.
The webmaster of the DVB said, it is difficult to determine the level of the attack and it is also difficult to predict when the sites will be accessible again.
“Though we do not know who is behind the attack, it is certain that the attacks are targeted,” Toe Zaw Latt said.
အမျိုးသားရေး ဦးဝင်းနိုင် နိုင်ငံရေးမှ အနားယူပြီ၊ မြန်မာနိုင်ငံ ဒီမိုကရေစီရဖို့ လမ်းမမြင် ဟုပြော
ခေတ်ပြိုင်

အမျိုးသားရေး ဦးဝင်းနိုင် နိုင်ငံရေးမှ အနားယူပြီ၊ မြန်မာနိုင်ငံ ဒီမိုကရေစီရဖို့လမ်းမမြင် ဟုပြော
NEJ/ ၁၅ စက်တင်ဘာ ၂၀၀၈။ ။
မြန်မာနိုင်ငံ ဒီမိုကရေစီရရန် လမ်းမမြင်တော့သည့်အတွက် နိုင်ငံရေးလောကမှ အနားယူပြီ ဖြစ်ကြောင်း ရန်ကုန်မြို့မှ ၀ါရင့်နိုင်ငံရေးသမားကြီး အမျိုးသားရေး ဦးဝင်းနိုင်က ခေတ်ပြိုင်နှင့် သီးသန့်မေးမြန်းခန်းတွင် ပြောသည်။
၎င်းက “အဲဒီတော့ ဒီနေ့နိုင်ငံရေးကနေ ဘာဖြစ်လို့ အနားယူချင်သလဲဆိုတော့ အချက်ကလေး တွေကတော့ လေး၊ ငါး၊ ခြောက်ချက်ပဲ။ (၁) အချက်က အခုပြောသလို ကျနော့်တသက်မှာ လက်ရှိအခြေအနေအရ ဒီမိုကရေစီရဖို့ဆိုတာ သိပ်ပြီးလမ်းစမမြင်တော့တဲ့အတွက်လည်း တကြောင်းပါတယ်” ဟု ပြောသည်။
အမျိုးသားရေး ဦးဝင်းနိုင်သည် မည်သည့် နိုင်ငံရေးပါတီကိုမျှ ကိုယ်စားမပြုသော်လည်း ရန်ကုန် ဒီမိုကရေစီ အင်အားစုများ ညီညွတ်ရေးကို စဉ်ဆက်မပြတ် ဆော်သြခဲ့သူဖြစ်သည်။ နိုင်ငံရေးမှ အနားယူရာတွင် နိုင်ငံရေးသမားများကို အားမရသည့် အပိုင်းနှင့် ပတ်သက်၍ “တယောက်နဲ့ တယောက်ကဗျာ ကိုယ်နာမည်ကြီးဖို့၊ ကိုယ်နေရာရဖို့ တယောက်နဲ့တယောက် ခွက်စောင်း ခုတ်ကြ၊ ချောက်တွန်းကြနဲ့။ အဲဒီလိုစိတ်ဓာတ်မျိုးတွေ အခုခေတ်မှာ တော်တော်လွှမ်းမိုးလာ တယ်ဗျ။ ဆိုတော့ အဲဒီအပေါ်မှာလည်း ကျနော်စိတ်မကောင်းဘူးပေါ့ဗျာ။ ဒီဟာတွေကို ပြုပြင်ဖို့ သွားပြီးပြောဖို့ဆိုတာကလည်း အခြေအနေကလည်း မပေးတော့ဘူး။ အသက်အရွယ်ကလည်း ရင့်လာပြီ” ဟု ပြောသည်။
နိုင်ငံရေးမှ အနားယူရာတွင် စစ်အစိုးရဘက်မှ ဖိအားပေးမှုရှိမရှိ ခေတ်ပြိုင်က မေးရာ အမျိုးသား ရေး ဦးဝင်းနိုင်က “နအဖက ကျနော့်ကို တိုက်ရိုက်ဖိအားတော့ မပေးပါဘူး။ ဒါအမှန်ပဲဗျ။ သို့သော် သွယ်ဝိုက်တဲ့ ဖိအားတော့ ပေးတာပေါ့လေ။ ဘယ်လိုပေးသလဲဆိုတော့ သံဃာတော်တွေရဲ့ ရွှေဝါ ရောင်တော်လှန်ရေးမှာ ကျနော်အလှူလုပ်တယ်။ နောက် ရန်ကုန်တ၀ိုက်မှာ လူတွေကို ဆန်တွေ ဝေတယ်ပေါ့ဗျာ။ အဲဒါတွေနဲ့ ကျနော့်ကို ထောင်ထဲ ဆွဲထည့်ထားတယ်ဗျာ။ အသက် (၇၀) ကျော် လူတယောက်ကို ထောင်ထဲမှာ တိုက်ပိတ်တဲ့ သဘောမျိုးနဲ့ဗျာ။ တယောက်တည်း (၅) ပေ၊ (၆) ပေအခန်းထဲမှာ ဂန်ဖလားတလုံးနဲ့ တလကျော် ထားတာဗျာ။ ပြီးတော့ တနေ့တနေ့ ကြောင်တွေ၊ ခွေးတွေကျွေးတဲ့ ဆန်မျိုးနဲ့ ကန်စွန်းရွက်ပြုတ်နဲ့ စားပြီး နေခဲ့ရတာဗျ။ အဲဒါတွေကိုလည်း စိတ်ပျက်တယ်လို့ ပြောလို့ရတာပေါ့ဗျာ။ ဒီလောက်ထိ ကြမ်းတမ်းတဲ့ဒဏ်တွေလည်း ခံခဲ့ရတယ်ဗျ။ အဲတော့ ဒါတွေကိုလည်း ကျနော်ရှေ့လျှောက်မခံနိုင်တော့ဘူးပေါ့ဗျာ။ ကျနော်အင်းစိန်ထောင်က ထွက်လာတော့ လမ်းတောင် ကောင်းကောင်းမလျှောက်နိုင်တော့အောင် ချည့်နဲ့သွားတယ်ဗျာ။ အဲတော့ လူတွေက ကျနော့်ကို သတ္တိမရှိဘူးပြောချင်လည်း ပြောကြမှာပေါ့ဗျာ။ အဲဒါကိုပြောလည်း ခံရုံရှိတာပေါ့ဗျာ” ဟု ပြောသည်။
အမျိုးသားရေး ဦးဝင်းနိုင်သည် ဒီမိုကရေစီထူထောင်ရာတွင် မုသာဝါဒနှင့် အာဒိန္ဒဒါနာနှစ်ပါး သီလ လုံခြုံရန်လိုသည်ဟု ယူဆသူဖြစ်သည်။ နှစ်ပါးသီလဆောက်တည်ရေးကို ဟောပြောနေသူ လည်း ဖြစ်သည်။ ထိုအပိုင်းနှင့် ပတ်သက်၍ပြောရာ၌ “တိုင်းပြည်ထဲကလူတွေ ခိုးနေသမျှကာလ ပတ်လုံး အရပ်သားကလည်း ခိုးမယ်၊ တာဝန်ရှိတဲ့အစိုးရကလည်း ခိုးမယ်၊ နိုင်ငံရေးသမားတွေက လည်း ခိုးမယ်၊ ထို့နည်းတူ ညာနေမယ်ဆိုရင်လည်း ဒီနိုင်ငံဘာသွားပြီး ထူထောင်လို့ရမှာလဲ။ အခု အဲဒီသီလတွေ ကျနော်တို့နိုင်ငံမှာ အရမ်းပျက်နေတယ်။ အများစုပေါ့ဗျာ။ အများစုကိုပြောတာပေါ့။ လူ (၁၀၀) မှာ (၆၀) ပျက်နေတဲ့နောက် လေးဆယ်ကောင်းနေလည်း မရဘူး။ လူ (၁၀၀) မှာ (၇၀) လောက် သီလစောင့်နိုင်မှသာလျှင် တိုင်းပြည်ကို တိုးတက်အောင်လုပ်လို့ရမှာ။ အဲဒီလို ပြောတော့ တချို့ကလည်း ကျနော့်ကို ဆဲချင်ဆဲကြမှာပေါ့လေ။ ဒါပေမယ့် ကျနော်တသက်လုံး ပွင့်ပွင့်လင်းလင်း ရိုးရိုးသားသားပြောဆိုနေခဲ့ပြီး ဒီအသက်အရွယ်ကျမှ ကျနော့်အကျင့်လည်း မပြောင်းနိုင်တော့ဘူး။ ဒီလိုပဲ မှန်မှန်ကန်ကန် မြင်တဲ့အတိုင်း သုံးသပ်ပြပြီးတော့ သေသွား ချင်တယ်” ဟု ပြောသည်။
ယခုကဲ့သို့ နိုင်ငံရေးလောကမှ အနားယူရန် ဆုံးဖြတ်ချက်ကို ထောင်မှထွက်ပြီး (၄-၅) လ အချိန် ယူ စဉ်းစားပြီးမှ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း အမျိုးသားရေး ဦးဝင်းနိုင်က ပြောသည်။ နိုင်ငံရေးမှ အနားယူပြီ ဖြစ်သည့်အတွက် နိုင်ငံရေးနှင့် ပတ်သက်သည့် ပြောဆိုချက်များ၊ ခန့်မှန်းချက်များ ပြောဆိုတော့မည် မဟုတ်ဘဲ ခေတ်ပြိုင်နှင့် မေးမြန်းခန်းသည် နောက်ဆုံးအကြိမ် တွေ့ဆုံ မေးချက်ဖြစ်မည်ဟုပါ ပြောသည်။ သို့သော် ဘာသာရေးနှင့် လူမှုရေးကိစ္စများကိုမူ ဆက်လက် လုပ်ကိုင်သွားမည်ဟုပါ ဆက်ပြောသည်။
.
နိုင်ငံရေးလောကမှ အနားယူပြီဆိုသည့် ရန်ကုန်မြို့မှ ၀ါရင့်နိုင်ငံရေးသမားကြီး အမျိုးသားရေးဦးဝင်းနိုင်နှင့် ခေတ်ပြိုင်သတင်းထောက် မင်းနိုင်သူ တွေ့ဆုံမေးမြန်းခန်း
(အသက် (၇၁) ရှိပြီဖြစ်သည့် အမျိုးသားရေး ဦးဝင်းနိုင်သည် နိုင်ငံရေးမှ အနားမယူခင်ထိ ဒီမိုကရေ စီရေးအတွက် တတ်စွမ်းသမျှ ဆောင်ရွက်ခဲ့သည့် ၀ါရင့်နိုင်ငံရေးသမားကြီးများအနက် တဦးအပါ အ၀င်ဖြစ်သည်။ ပါတီတခုခုကို ကိုယ်စားမပြုဘဲ တသီးပုဂ္ဂလိက နိုင်ငံရေးသမားအသွင်ဖြင့် နိုင်ငံရေး လှုပ်ရှားမှုများတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့သည်။ ထိုင်းနိုင်ငံ ဘန်ကောက်အခြေစိုက် Bangkok Post သတင်းစာတွင် အင်္ဂလိပ်ဘာသာဖြင့် ဆောင်းပါးများရေးခဲ့သည်။ ၂၀၀၇ ခုနှစ် သံဃာ့ အရေးအခင်းအပြီးတွင် တလကျော် အဖမ်းခံခဲ့ရသည်။ နိုင်ငံရေးလောကမှ အနားယူသွားသည့် ရန်ကုန်မြို့မှ ၀ါရင့်နိုင်ငံရေးသမားကြီး အမျိုးသားရေး ဦးဝင်းနိုင်ကို နိုင်ငံရေးလောကမှ အနားယူ လိုသည့် အကြောင်းရင်းကို မေးမြန်းရာ အမျိုးသားရေး ဦးဝင်းနိုင်က ယခုကဲ့သို့ စတင်ဖြေကြားသည်)
ဖြေ။ ။ ကျနော်နိုင်ငံရေးလုပ်တာ (၁၄) နှစ်အရွယ် ကျောင်းသားဘဝကတည်းက။ အဲဒီတုန်းကတော့ ဖဆပလ ခေတ်ပေါ့ဗျာ။ အဲဒီမှာ ကျောင်းသားသမဂ္ဂတွေမှာပါခဲ့၊ ကျောင်းထုတ်ခံခဲ့ရနဲ့ လုပ်လာ ခဲ့တာ အခုအသက် (၇၁) နှစ်အရွယ်ထိပေါ့ဗျာ။ ဒီနေရာမှာ တခုပြောချင်တာက နိုင်ငံခြားမှာ သွားနေ ခဲ့တဲ့နှစ်တွေ နုတ်လိုက်ရင် ကျန်ခဲ့တဲ့အချိန်မှာ နိုင်ငံရေးလောကနဲ့ အဆက်ပြတ်တယ် မရှိပါဘူး။
တောက်လျှောက် ဒီမိုကရေစီသမား တယောက်အနေနဲ့ ရပ်တည်ခဲ့တယ်။ ဘယ်ပါတီမှမဝင်ခဲ့ဘူး။
ဘယ်ခြံစည်းရိုးမှ မခုန်ခဲ့ဘူး။ ဒီမိုကရေစီကို အမြဲတမ်း သေတဲ့အထိ မြတ်နိုးတွယ်တာသွားမှာပဲဗျ။
အဲဒီတော့… ဒါပြောရတဲ့ အကြောင်းရင်းက ဒီနေ့နားမယ်လို့ ပြောရတဲ့အကြောင်းခံက ဒီမိုကရေစီကို မြတ်နိုးလွန်းလို့ နားတာပဲ။ ဒီလိုပြောလိုက်လို့ ရုတ်တရက် နားရှုပ်ရင်ရှုပ်သွားမယ်။ ဆိုလိုတာက အဓိက ယုံကြည်စွာနဲ့ လုပ်လာခဲ့တဲ့ ဒီမိုကရေစီရေးဟာ ဒီနေ့ဒီအချိန်မှာ လုပ်လို့ ရနိုင်ဦးပါ့မလားဆိုတဲ့ သံသယစိတ်လေး ဝင်လာတယ်ဗျ။ ဒါကလည်း ကျနော့်ကို နားစေချင်တဲ့ တချက်ပေါ့။
မေး။ ။ ဒီမိုကရေစီရဖို့ ဖြစ်နိုင်ပါ့မလားဆိုတဲ့ သံသယ ဝင်သွားပြီပေါ့။
ဖြေ။ ။ ဟုတ်ကဲ့။ အဲဒီသံသယ ကျနော့်မှာ ဝင်သွားပြီ။ အဲဒီတော့ ဒီမိုကရေစီ တနေ့တော့ ရမှာ ပေါ့ဗျာ။ ဒီနေရာမှာလည်း တချို့ကပြောတယ်။ အဘရာ သူများတွေ စိတ်ပျက်အောင် မပြောပါနဲ့။ အဘတို့က စရင် နောက်ကလိုက်ပြီး စိတ်ပျက်သွားကြလိမ့်မယ် ဆိုပြီးတော့ပေါ့ဗျာ။ ဒါပေမယ့် ကျနော်ယုံကြည်တာက လူဟာ ကိုယ့်ကိုယ်ကိုယ်လည်း မညာနဲ့။ သူများကိုလည်း မညာနဲ့တဲ့။ အခြေအနေမှန်ကို အခြေအနေအမှန်အတိုင်း သုံးသပ်တတ်ရမယ်။ အခြေအနေအမှန်အတိုင်း မသုံးသပ်ဘဲနဲ့ စိတ်ကူးယဉ်နဲ့ လုပ်နေရင် အချိန်တွေသာ ကုန်သွားမယ်။ လူသာ အရိုးဆွေးသွားမယ်။ ကိုယ်လိုချင်တဲ့ ပန်းတိုင်ရောက်မှာ မဟုတ်ဘူး။ ဒါက နိုင်ငံရေးရော၊ လူမှုရေးရော၊ စီးပွားရေးရော ဒီအတိုင်းပဲ။ အဲဒါကြောင့် ကျနော်ဘယ်တော့မှ စိတ်ကူးမယဉ်ဘူး။
လက်တွေ့အကျဆုံး အခြေအနေတွေကို အချက်အလက် အပြည့်အစုံဆုံးရအောင် ကြိုးစားနေတယ်။ အဲဒီအပေါ်မှာ မူတည်ပြီး ကျနော်သုံးသပ်တယ်။ ပြီးတော့မှ ဆုံးဖြတ်ချက်ချတယ်။ အဲဒီတော့ ဒီနေ့ နိုင်ငံရေးကနေ ဘာဖြစ်လို့ အနားယူချင်သလဲဆိုတော့…အချက်ကလေးတွေကတော့ လေး၊ ငါး၊ ခြောက်ချက်ပဲ။ (၁) အချက်က အခုပြောသလို ကျနော့်တသက်မှာ လက်ရှိအခြေအနေအရ ဒီမို ကရေစီ ရဖို့ဆိုတာ သိပ်ပြီး လမ်းစမမြင်တော့တဲ့အတွက်လည်း တကြောင်းပါတယ်။ (၂) အချက်က ကျနော်တို့နိုင်ငံမှာ အင်မတန်စိတ်ထိခိုက်စရာကောင်းတဲ့ အပြောင်းအလဲတခု ဖြစ်လာတယ်။ အဲဒါက ဘာလဲဆိုတော့ လူတွေ သီလပျက်လာတယ်။ သီလပျက်တာနဲ့ နိုင်ငံရေးနဲ့ ဘာဆိုင်လဲဆိုရင် သိပ်ဆိုင်တယ်။
သီလမရှိတဲ့နိုင်ငံမှာ ဒီမိုကရေစီထောင်လို့မရဘူး။ ပြောရမယ်ဆိုရင်တော့ တခြား ဘာစနစ်ပဲထောင်ထောင်၊ ကောင်းတဲ့စနစ်မှန်သမျှ သီလကို အရင်ထောင်ရတယ်။ သီလမရှိတဲ့ နိုင်ငံမှာ ဘာစနစ်ပဲထောင်ထောင် မအောင်မြင်ဘူး။ မကောင်းတဲ့စနစ်ပဲအောင်မြင်မှာပဲ။ အဲဒီတော့ ဒါကိုအခြေခံပြီး လွန်ခဲ့တဲ့ သုံးနှစ်လောက်တုန်းက ခြောက်ထပ်ကြီးဘုရားပွဲမှာ နှစ်ပါးသီလ စောင့်တည်ရေးဆိုပြီး ကျနော်ဟောပြောခဲ့ဖူးပါတယ်။ ဒီမိုကရေစီထူထောင်ချင်ရင် နှစ်ပါးသီလတော့ စောင့်မှဖြစ်မယ်ဆိုပြီး ပြောပြတာ။ အဲဒီနှစ်ပါးက မုသာဝါဒနဲ့ အာဒိန္ဒဒါနာပေါ့။ တိုင်းပြည်ထဲက လူတွေ ခိုးနေသမျှကာလပတ်လုံး အရပ်သားကလည်း ခိုးမယ်။ တာဝန်ရှိတဲ့အစိုးရကလည်း ခိုးမယ်။ နိုင်ငံရေးသမားတွေကလည်း ခိုးမယ်။ ထို့နည်းတူ ညာနေမယ်ဆိုရင်လည်း ဒီနိုင်ငံ ဘာသွားပြီး ထူထောင်လို့ရမှာလဲ။ အခု အဲဒီသီလတွေ ကျနော်တို့နိုင်ငံမှာ အရမ်းပျက်နေတယ်။ အများစုပေါ့ဗျာ။ အများစုကို ပြောတာပေါ့။ လူ (၁၀၀) မှာ (၆၀) ပျက်နေတဲ့နောက် (၄၀) ကောင်းနေလည်း မရဘူး။ လူတရာမှာ (၇၀) လောက် သီလစောင့်နိုင်မှသာလျှင် တိုင်းပြည်ကို တိုးတက်အောင်လုပ်လို့ရမှာ။ အဲဒီလိုပြောတော့ တချို့ကလည်း ကျနော့်ကို ဆဲချင်ဆဲကြမှာပေါ့လေ။ ဒါပေမယ့် ကျနော် တသက်လုံး ပွင့်ပွင့်လင်းလင်း၊ ရိုးရိုးသားသား ပြောဆိုနေခဲ့ပြီး ဒီအသက်အရွယ်ကျမှ ကျနော့် အကျင့်လည်း မပြောင်းနိုင်တော့ဘူး။ ဒီလိုပဲ မှန်မှန်ကန်ကန်မြင်တဲ့အတိုင်း သုံးသပ်ပြပြီးတော့ သေသွားချင်တယ်။ အဲဒီတော့ လူတွေ သီလပျက်လာတာကိုလည်း ကျနော်စိတ်ပျက်တယ်။
နောက်တခုက ကျနော်တို့နိုင်ငံမှာ စည်းလုံးညီညွတ်မှု မရှိကြဘူး။ ကျနော်တို့နိုင်ငံရေးသမား အချင်းချင်းလည်း စည်းလုံးညီညွတ်မှု မရှိကြတော့ဘူး။ ကျနော် လွန်ခဲ့တဲ့ (၆) နှစ်၊ (၇) နှစ် လောက်ကတည်းကိုက တဖွဖွနဲ့ လုပ်ဖော်ကိုင်ဖက်နိုင်ငံရေးသမားတွေကို တောင်းပန်တိုးလျှိုး ခဲ့တယ်။ ဒီမိုကရေစီနိုင်ငံ ထူထောင်နိုင်အောင် ကျနော်တို့ ဒီမိုကရေစီသမားအချင်းချင်း စည်းလုံး ညီညွတ်ကြရအောင်။ နိုင်ငံရေးပါတီစုံပါဝင်တဲ့ တပ်ပေါင်းစုလေးဖွဲ့ကြရအောင်။ နိုင်ငံရေး ခေါင်းဆောင်အချင်းချင်းလည်း ညီရင်းအစ်ကိုလို တယောက်နဲ့တယောက် အမှားတွေ ခွင့်လွှတ်ပြီး ပွင့်ပွင့်လင်းလင်း ပြောဆိုညှိနှိုင်းကြရအောင်ဆိုပြီး အကြိမ်ကြိမ်အဖန်ဖန် တောင်းပန်ခဲ့တယ်။ ဒါပေမယ့် ဘယ်သူကမှ လက်မခံဘူးပေါ့ဗျာ။ ဒီနေ့ ကျနော်တို့ဆီမှာ ဘယ်မလဲဗျာ။ ညီညွတ်တဲ့ တပ်ပေါင်းစုတစု။ သူကလည်းတဖွဲ့၊ ကိုယ်ကတဖွဲ့၊ ဟိုလူကတဖွဲ့နဲ့ ဒီလိုဖြစ်နေတယ်ဆိုတော့ဗျာ။ အဲဒီအတွက်လည်း ကျနော်စိတ်ပျက်တယ်။ တခြားသောအကြောင်းလေးတွေလည်း ရှိတာပေါ့။ အဲဒါက နိုင်ငံရေးပုဂ္ဂိုလ်တွေကိုလည်း ပုတ်ခတ်ပြောသလိုဖြစ်ချင်ဖြစ်နေမယ်။
ဒါပေမယ့် တယောက်နဲ့ တယောက်ကဗျာ ကိုယ်နာမည်ကြီးဖို့၊ ကိုယ်နေရာရဖို့ တယောက်နဲ့တယောက် ခွက်စောင်းခုတ်ကြ၊ ချောက်တွန်းကြနဲ့။ အဲဒီလိုစိတ်ဓာတ်မျိုးတွေ အခုခေတ်မှာ တော်တော် လွှမ်းမိုး လာတယ်ဗျ။ ဆိုတော့ အဲဒီအပေါ်မှာလည်း ကျနော်စိတ်မကောင်းဘူးပေါ့ဗျာ။ ဒီဟာတွေကို ပြုပြင်ဖို့ သွားပြီးပြောဖို့ဆိုတာကလည်း အခြေအနေကလည်း မပေးတော့ဘူး။ အသက်အရွယ်ကလည်း ရင့်လာပြီ။ ငါဟာသေဖို့ပဲပြင်ဆင်ရမယ့် အချိန်ရောက်နေပါပြီဆိုပြီးတော့ပေါ့လို့ အဲဒါတွေကို အခြေခံပြီးတော့ အနားယူဖို့ ဆုံးဖြတ်လိုက်တာပါ။
မေး။ ။ စောစောကပြောသွားတဲ့အထဲမှာ ဒီမိုကရေစီရရှိရေးအတွက် သံသယဝင်လောက်အောင် အချက်တွေ တွေ့လာရတယ်ဆိုတာ ပြောသွားပါတယ်။ အဲဒီအချက်တွေဟာ ဘာဆိုတာကို ပြောပြလို့ ရပါသလား။
ဖြေ။ ။ အခုနပြောသလိုပါပဲ။ ဟိုဘက်၊ ဒီဘက်ပေါ့ဗျာ။ တိုင်းပြည်မှာ သီလ ပျက်လာတယ်။ သီလ မရှိရင် ဒီမိုကရေစီ ထောင်လို့မရဘူး။ ဒါက သေသေ ချာချာ အားလုံး စဉ်းစားသင့်ကြတဲ့ အချက်ပဲဗျ။ အဲဒီလို ဗမာပြည်မှာ သီလပျက်နေတဲ့ သူတွေ များလာတာ တော်တော်ဝမ်းနည်းစရာ ကောင်းပါတယ်။ နောက် ခိုးနေကျ လူတွေဆိုလည်း ဒီအတိုင်းပဲပေါ့ဗျာ။ ဟောပြောပွဲမှာ ခိုးတယ်ဆိုတာ သူများ မပေးတဲ့ပစ္စည်းဥစ္စာကို မသိအောင် ယူခြင်းဆိုပြီး အဓိပ္ပာယ် ဖွင့်ဆိုပြခဲ့ဖူးပါတယ်။ ဒါပေမယ့် အဲဒီ အထဲမှာ နည်းနည်း လိုနေတဲ့အချက် ရှိတယ်။ ဘာလဲဆိုရင် လမ်းမှာ လူတယောက်ကို အာဏာရှိတဲ့ လူတယောက်က ခြိမ်းခြောက်ပြီး ဟေ့…ခင်ဗျားဘာလုပ်တယ်။ ခင်ဗျားကို ကျုပ်ဖမ်းနိုင်တယ်ဆိုပြီး ငွေတောင်းတာဟာလည်း ခိုးတာပဲ။ လာဘ်စားတာလည်း ခိုးတာပဲ။ ပြောရရင်တော့ဗျာ ကျနော် လည်း နိုင်ငံရေးသမားတော့ နိုင်ငံရေးသမားပဲ ဆိုပေမယ့် သိပ်ပြီးတော့ ထူးချွန်တဲ့ နိုင်ငံရေးသမား မဟုတ်ဘူး။ စွမ်းဆောင်နိုင်တဲ့ နိုင်ငံရေးသမား မဟုတ်ဘူး။ အဲတော့ရင် ဒီလောက် ဖြစ်နေတဲ့ တိုင်းပြည်ကြီးကို လူတွေကို ကျနော်လည်း ဘယ်လိုမှ ကောင်းရာ ကောင်းကြောင်း လမ်းစဉ် လိုက်ဖို့ မဆွဲဆောင်နိုင်ဘူး။ ပြောဆိုနိုင်တဲ့ အရည်အချင်းလည်း အပြည့်အ၀ရှိမှာ မဟုတ်ဘူးလို့ မြင်မိတယ်။ အဲတော့ ကျနော်ရှိသလောက်လေးနဲ့ အသက် (၇၁) နှစ်အထိ ကျနော်လုပ်လာခဲ့တာက တော်လောက်ပြီလို့ ဆုံးဖြတ်လိုက်တာပါပဲ။
မေး။ ။ ဒီမိုကရေစီအင်အားစုတွေနဲ့ မီဒီယာတွေက ခန့်မှန်းနေကြတာက ဦးဝင်းနိုင် နိုင်ငံရေးက အနားယူတော့မယ်ဆိုတာဟာ နအဖရဲ့ ဖိအားတွေကြောင့်မို့လို့လည်း ဖြစ်နိုင်တယ်လို့ ခန့်မှန်းနေ ကြပါတယ်။ အဲဒီအမြင်တွေအပေါ်ကိုရော ဦးဝင်းနိုင် ဘယ်လို တုံ့ပြန်မလဲ။
ဖြေ။ ။ နအဖက ကျနော့်ကို တိုက်ရိုက်ဖိအားတော့ မပေးပါဘူး။ ဒါအမှန်ပဲဗျ။ သို့သော် သွယ်ဝိုက် တဲ့ ဖိအားတော့ ပေးတာပေါ့လေ။ ဘယ်လိုပေးသလဲဆိုတော့ သံဃာတော်များရဲ့ ရွှေဝါရောင်တော် လှန်ရေးမှာ ကျနော်အလှူလုပ်တယ်။ နောက် ရန်ကုန်တ၀ိုက်မှာ လူတွေကို ဆန်တွေ ဝေတယ်ပေါ့ဗျာ။ အဲဒါတွေနဲ့ ကျနော့်ကို ထောင်ထဲဆွဲထည့်ထားတယ်ဗျာ။ အသက် (၇၀) ကျော် လူတယောက်ကို ထောင်ထဲမှာ တိုက်ပိတ်တဲ့ သဘောမျိုးနဲ့ဗျာ။ တယောက်တည်း (၅) ပေ၊ (၆) ပေအခန်းထဲမှာ ဂန်ဖလားတလုံးနဲ့ တလကျော်ထားတာဗျာ။ ပြီးတော့ တနေ့ တနေ့ ကြောင်တွေ၊ ခွေးတွေကျွေးတဲ့ ဆန်မျိုးနဲ့ ကန်စွန်းရွက်ပြုတ်နဲ့စားပြီး နေခဲ့ရတာဗျ။ အဲဒါတွေကိုလည်း စိတ်ပျက်တယ်လို့ ပြောလို့ ရတာပေါ့ဗျာ။ ဒီလောက်ထိ ကြမ်းတမ်းတဲ့ဒဏ်တွေလည်း ခံခဲ့ရတယ်ဗျ။ အဲတော့ ဒါတွေကိုလည်း ကျနော်ရှေ့လျှောက် မခံနိုင်တော့ဘူးပေါ့ဗျာ။
ကျနော်အင်းစိန်ထောင်က ထွက်လာတော့ လမ်းတောင် ကောင်းကောင်းမလျှောက်နိုင်တော့အောင် ချည့်နဲ့သွားတယ်ဗျာ။ အဲတော့ လူတွေက ကျနော့်ကို သတ္တိမရှိဘူးပြောချင်လည်း ပြောကြမှာပေါ့ဗျာ။ အဲဒါကိုပြောလည်း ခံရုံရှိတာပေါ့ဗျာ။ ကျနော့်အသက်အရွယ်နဲ့ အဲလို ဒဏ်တွေကိုလည်း နောက်ထပ် မခံနိုင်တော့ဘူးဗျာ။ အဲတော့ ဒီအစိုးရကတော့ ကျနော့်တင် မဟုတ်ပါဘူးဗျာ။ တခြားလူတွေကိုလည်း ဒီလိုဆက်ဆံတာပါပဲ။ လူငယ်တွေ ခံနိုင်ပေမယ့် လူကြီးတွေဆိုတော့လည်း မခံနိုင်ကြတော့ဘူးဗျ။ အဲဒါကလည်း ဖိအား ပေးတဲ့ နည်းတနည်းပေါ့ဗျာ။ နောက်ပြီး ကျနော့် တယ်လီဖုန်း ဖြတ်ထားတာ တနှစ်ကျော်ပြီ။ ပြင်ပကမ္ဘာနဲ့ အဆက်အသွယ်မရဘူး။ ဒါလည်း ဖိအားတမျိုးပေါ့ဗျာ။ နောက်တခါ ကျနော်တို့ ဇနီးမောင်နှံ နိုင်ငံခြားသွားဖို့ ပတ်စပို့လျှောက်တာလည်း မရဘူ။ ဇနီးကလည်း နေမကောင်းတော့ သူဆေးကုရင်းနဲ့ သွားချင်တယ်။ ပြီးတော့ လွန်ခဲ့တဲ့ (၃) နှစ်လောက်က အီးယူက ကျနော့်ကို ဖိတ်တယ်။ ဥရောပခေါင်းဆောင်တွေနဲ့ လာတွေ့ပါဆိုပြီး ဖိတ်တဲ့အခါ ကျနော်သွားမယ်ဆိုတာကို အစိုးရကို ပွင့်ပွင့်လင်းလင်း တင်ပြတယ်။ ဒီမိုကရေစီထူထောင်ရေးနဲ့ ပတ်သက်ပြီး ဟိုဘက်၊ ဒီဘက် မျှမျှတတ ပြောပါ့မယ်၊ သွားပါရစေဆိုတာလည်း ပတ်စပို့ မပေးခဲ့ဘူး။ အဲတော့ လူမှုရေး ဆုံးရှုံးမှုတွေ ပေါ့လေ။ ကျနော်တို့မှာ သားသမီးလည်းမရှိ၊ အဘိုးကြီးအဘွားကြီး နှစ်ယောက်တည်းနေရတယ်။ အရေးအကြောင်းဆိုရင်တောင်မှ တယ်လီဖုန်းဆက်စရာမရှိတော့ ဒုက္ခ။ အဲတော့ အဲဒီလို လူမှုရေး ဒုက္ခတွေလည်း ခံရတယ်ဆိုတော့ ဖိအားတော့ ရှိတာအမှန်ပဲဗျ။
မေး။ ။ လာမယ့် ၂၀၁၀ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ဘယ်လို သုံးသပ်မိသလဲခင်ဗျ။ အဲဒီမှာ အန်အယ်လ်ဒီရဲ့ အခန်းကဏ္ဍ ဘယ်လိုရှိမယ်လို့ သုံးသပ်မိပါသလဲ။
ဖြေ။ ။ အဲဒါကိုတော့ ကျနော်မပြောတော့ဘူးဗျ။ ဘာဖြစ်လို့လည်းဆိုတော့ ကျနော်လည်း နိုင်ငံရေးက နားပြီဆိုတဲ့ အခါကျတော့ ရှေ့ရေးမှာ ဘာတွေဖြစ်ကြမလဲဆိုတာ၊ ဘာတွေလုပ်သင့်ကြ သလဲဆိုတဲ့ မေးခွန်းတွေတော့ မဖြေတော့ဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ဒါက နိုင်ငံရေးနဲ့ ပတ်သက်တဲ့ဟာတွေကိုးဗျ။ အဲတော့ အခု ကျနော်ဖြေတာတောင်မှ တော်တော်ပြင်းထန်သွားတယ်။ ဒါပေမယ့် တိုင်းပြည်ကို သိစေချင်ခဲ့တယ်။ ကျနော်နဲ့ပတ်သက်ပြီး အမျိုးမျိုး ဝေဖန်နေကြတာတွေ ကြားပါတယ်။ ဦးဝင်းနိုင်ကြီးတော့ ဒီမိုကရေစီသစ္စာဖောက်သွားပြီ။ အစိုးရဘက် ရောက်သွားပြီနဲ့ အမျိုးမျိုးပေါ့ဗျာ။ စိတ်မှန်းနဲ့ လျှောက်ပြီး ပြောကြဆိုကြတာတွေ၊ စိတ်မကောင်းစရာတွေ အများကြီးရှိတယ်။ ဒါပေမယ့် ကိုယ်ကိုယ်တိုင် လုပ်ကြည့်ကြပါ။ ကိုယ်ကိုယ်တိုင် ထိုင်ကြည့်ကြပါ။ နောက်ပြီး အချက်အလက်အမှန်တွေကိုလည်း စုံစမ်းကြပါ။ ဒီလူကြီးကို ဝေဖန်လိုက်လို့ ငါတော့ လူတွေက အမှတ်ပေးမလားဆိုတဲ့ ပုံစံမျိုးနဲ့ ရမ်းပြီး မလုပ်ကြပါနဲ့။ ဒါတော့ မကောင်းပါဘူး။ ညီလာခံမှာ ဘုရင်က အာရုံစိုက်စေချင်လို့ ဘေးနားရှိတဲ့ လူကို တံတောင်နဲ့ ထတွက်တဲ့ ဗန္ဓုလ လိုပေါ့။ ကျနော်က အဲဒါမျိုးတော့ မကြိုက်ဘူး။ ဗန္ဓုလရဲ့ သတ္တိ ဗျတ္တိတော့ လေးစားပါတယ်။ အင်မတန် ချီးကျူးပါတယ်။ ဒါပေမယ့် အပြစ်မရှိတဲ့ကောင်က သက်သက် အထောင်းခံရတယ်။ သူက အသုံးချ ခံသွားရတယ်။ ဒါမျိုး ကျနော်မကြိုက်ဘူး။ ကျနော်တို့ နိုင်ငံရေးမှာလည်း အဲဒါမျိုးတွေ လုပ်တတ်ကြတယ်။ ကျနော်တို့ နိုင်ငံရေးသမားတွေထဲမှာ အချင်းချင်း ရိုင်းပင်းတာတွေလည်း အားနည်းသေးတယ်။ ကျနော် အဓိက ၀မ်းနည်းတာက ကျနော် ထောင်ထဲရောက်သွားတော့ အဘွားကြီးက အိမ်မှာ တယောက်တည်း ကျန်ခဲ့တာ။ ဘယ်သူမှ မလာဘူးဗျ။ ပြန်လာတော့ ကျနော့်ဇနီးက ကျနော့်ကို အကျိုးအကြောင်းပြောပြတယ်။ ၀မ်းနည်းစကား ပြောတယ်ပေါ့ဗျာ။ ရှင်ထောင်ထဲရောက်တော့ တယောက်ပဲလာတယ်လို့ပြောတယ်။ ဒါလည်း တခေါက်လားပဲလာတာပါ။ နိုင်ငံရေးသမားတွေလည်း မလာဘူးဗျာ။ ဆွေမျိုးတွေလည်း မလာဘူးဗျာ။ အဲဒီတော့ အဲဒီလောက် အထိအောင် ကျနော်တို့မှာ ဒဏ်တွေ အများကြီးခံရပါတယ်ဗျာ။ လူထုကတော့ ဒါတွေကို သိမှာ မဟုတ်ဘူးဗျ။ အဲဒီလိုဟာမျိုးတွေလည်း နိုင်ငံရေးက အနားယူရတဲ့အထဲမှာ ပါတာပေါ့ဗျာ။ ထောင်ကထွက်လာပြီး လေးငါးလလောက် စဉ်းစားပြီးမှာ အနားယူဖို့ ဆုံးဖြတ်ခဲ့တာပါ။
မေး။ ။ ဒါဆိုရင် နိုင်ငံရေးမှာ ကိုယ်တိုင် ကိုယ်ကျ မပါဝင်ပေမယ့် မီဒီယာတွေက အင်တာဗျူး လုပ်တာမျိုး၊ ပြောသင့်ပြောထိုက်တဲ့ အချိန်တွေမှာ ၀င်ရောက်ပြောဆိုမှုတွေကိုလည်း မလုပ်တော့ ဘူးလို့ ဆုံးဖြတ်လိုက်တော့တာမျိုးလား။
ဖြေ။ ။ အမှန်ပဲဗျ။ နိုင်ငံရေးနဲ့ပတ်သက်ပြီး ရှေ့လျှောက် ကျနော် မပြောတော့ပါဘူး။ ဒါတောင်မှ အားနာလွန်းလို့ တကြောင်း၊ လူထုလည်း သိသင့်သိထိုက်တာလေးတွေ သိရစ်ကြစေချင်တဲ့ စိတ်နဲ့ ပြောတဲ့ နောက်ဆုံးအင်တာဗျူးလို့သာ မှတ်ထားပါ။ ကျနော် ဘာသာရေးနဲ့ ပတ်သက်ရင်တော့ လုပ်မယ်။ ဘာသာရေးတော့ ကျနော် ၀ါသနာပါတယ်။ ကျနော်ကိုယ်နှိုက်လည်း ကျင့်ကြံအားထုတ် နေတာကြာပြီ။ ရှေ့လျှောက်လည်း ဒါပဲလုပ်မယ်။ ဘာသာရေးနဲ့ ပတ်သက်ရင်ပြောမယ်၊ ဆိုမယ်။ လူမှုရေးနဲ့ ပတ်သက်ရင် ပြောမယ်။ နိုင်ငံရေးနဲ့ ပတ်သက်ရင် ဘာမှကို မပြောတော့ပါဘူး။
မေး။ ။ ဒီမိုကရေစီအရေးအတွက် ဘာမှ မလှုပ်ရှားတော့ဘူး။ ဒီအတိုင်းပဲ ထိုင်ကြည့်နေတော့ မယ်ဆိုတော့ အနာဂတ်မြန်မာ့ဒီမိုကရေစီအရေးအတွက် အင်အားလျော့နည်းမသွားပေ ဘူးလား ခင်ဗျ။
ဖြေ။ ။ ဗမာမှာ စကားပုံ ခပ်ကြမ်းကြမ်းလေးတခု ရှိပါတယ်ဗျာ။ ငကန်းသေ ငစွေပေါ်မှာပါဆို တာပါ။ သိပ်တော့ မကောင်းဘူးပေါ့။ ငကန်းကလည်း မကောင်းဘူး။ ငစွေကလည်း မကောင်းဘူး ပေါ့ဗျ။ ဒါပေမယ့် အပေါ်ယံအဓိပ္ပာယ်လေးယူရင်တော့ ဟို….အဓိပ္ပာယ်ကတော့ တယောက်မရှိလည်း တယောက်ရှိလာမှာပါပဲ။ အင်္ဂလိပ်လိုမှာကတော Nobody is Indispensable ဆိုတာပေါ့ဗျာ။ အဲတော့ ကျနော် နားတဲ့အတွက်တော့ ဘာမှ ထိခိုက်စရာမရှိဘူးလို့ ကျနော်ထင်တယ်လေ။
မဲဆောက် မြန်မာပြည့်တန်ဆာ မိန်းကလေးများဘဝ တစေ့တစောင်း
ခေတ်ပြိုင်
ရဲရင့်မြင့်မောင် (၅- ၉- ၀၈)။
“သမီးကို မိဘတွေက ကျောင်းဆက်မထားနိုင်တော့တဲ့ အဖြစ်ဆိုတော့ လူပွဲစားကလည်း ရပ်ကွက်ထဲမှာ ထိုင်းကို
သွားပြီး အလုပ်လုပ်ဖို့ မက်လုံးပေးစည်းရုံးတာကို အိမ်က ယုံယုံကြည်ကြည်နဲ့ ထည့်လိုက်တာပါ။ စရိတ်ငြိမ်း ခေါ်
လာတဲ့အပြင် အိမ်ကိုလည်း ကျပ်တသိန်းခွဲ ကြိုပေး ခဲ့တော့ အဲ့ဒ်ီကနေအစပြုပြီး မဲဆောက်မှာ အရောင်းစားခံရပြီး
ဒ်ီဘ၀ကို ရောက်လာရတာပါ။ ဒီအလုပ်လုပ်ဖို့ တခါမှ မစဉ်းစားခဲ့ပါဘူး။ အခုတော့လည်း မိသားစုအတွက် အနစ်နာ
ခံရတယ်လို့ပဲ သဘောထားလိုက်တော့တယ်” ဟု ပြောသူမှာ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှ အသက် (၁၆)
နှစ်အရွယ် ပဲခူးမြို့သူတဦးဖြစ်သည်။
နအဖလက်ထက် စီးပွားရေးကျပ်တည်းရာမှ လူကုန်ကူးမှု၏ သားကောင်များ ဖြစ်နေကြသူများထဲတွင် မြန်မာအမျိုး
သမီးငယ် အများအပြားလည်းပါဝင်၏။ ဘ၀ပျက်ကာ ပြည့်တန်ဆာဘ၀တွင် နစ်မွန်းနေကြရသူ မြန်မာမိန်းကလေး
များ ထိုင်းနိုင်ငံအတွင်း သောင်းနှင့်ချီ၍ရှိကြောင်း မြန်မာ့အမျိုးသမီးရေး လေ့လာနေသည့် အဖွဲ့များက ပြောသည်။
ထိုင်း-မြန်မာနယ်စပ် မဲဆောက်ဒေသအတွင်း ပြည့်တန်ဆာလုပ်ငန်းဖြင့် အသက်မွေးနေကြသည့် မြန်မာမိန်းမငယ်
များ ထောင်နှင့်ချီရှိသည်။ အများစုမှာ မိသားစု စားဝတ်နေရေး အခက်အခဲကို ဖြေရှင်းနိုင်ရန်အတွက် စွန့်စားကာ
အလုပ်အကိုင် လာရောက်ရှာဖွေကြခြင်းဖြစ်၏။ သို့သော် အတွေ့အကြုံမရှိဘဲ နေရာဒေသအသစ်ကို ရောက်ရှိလာ
သူတို့ ထုံးစံအတိုင်း လူကယ်ရီနှင့် ပွဲစား များကြောင့် ပြည့်တန်ဆာဘ၀သို့ ရောက်ရှိခဲ့ကြရကြောင်း ကာယကံရှင်
များက ခေတ်ပြိုင်သို့ ရင်ဖွင့်ပြောကြားသည်။
မြန်မာပိုင် ပြည့်တန်ဆာရုံများပေါ်လာ
သို့သော် လွန်ခဲ့သည့် နှစ် (၂၀) ခန့်က မဲဆောက်ဒေသတွင်း ပြည့်တန်ဆာရုံများ (၃၀) ခန့်ရှိရာ နမ့်ကျိုင်းဖိ၊
ဒါလင်၊ ပတ္တမြား၊ နှုတ်ခမ်းမွှေးရုံ၊ မီးစက်ရုံများ အပါအ၀င် ထိုင်းလူမျိုးပိုင်ရုံများသာရှိပြီး မြန်မာပြည့်တန်ဆာရုံဟူ၍
သီးခြားမရှိဘဲ ထိုင်းပြည့်တန်ဆာများကြားထဲတွင် အရောအနှောသဘောသာရှိခဲ့ကြသည်။ လွန်ခဲ့သည့် (၁၀) နှစ်
ကျော်ခန့်က စတင်ကာ မဲဆောက်ဒေသအတွင်းရှိ ပြည့်တန်ဆာလုပ်ငန်းများတွင် မြန်မာများသာ အဓိကလုပ်ကိုင်
ကြသည့် အနေအထားသို့ ပြောင်းလဲလာခဲ့သည်။
ဒေသခံ ထိုင်းနိုင်ငံသားများသည် အခြားဒေသမှ မိတ်ဆွေများအား မဲဆောက်သို့ အလည်ခေါ်ရာတွင် “မဲဆောက်
ကိုရောက်ရင်တော့ မင်းတို့ကို မြန်မာမိန်းကလေးတွေနဲ့ ပြုစုမယ်။ တို့မဲဆောက်ဆိုတာက မြန်မာမိန်းကလေးတွေ
ပေါတဲ့မြို့ဆိုတာ တနိုင်ငံလုံးသိကြတယ်” ဟု ပြောဆိုစမှတ် ပြုကြသည့်အထိ ဖြစ်သည်။

မဲဆောက်မြို့ ကာရာအိုကေစားသောက်ဆိုင်တခုတွင် သီချင်းဆိုနေသည့် မြန်မာမိန်းကလေးများ
လက်ရှိ မဲဆောက်မြို့လယ်ရှိ ပြည့်တန်ဆာရုံတခုတွင် အလုပ်လုပ်ကိုင်နေသည့် မသဲသဲက “ဒီအလုပ်လုပ်တာ ငွေ
ရလွယ်တယ်လို့ပြောနေကြတယ်။ မလွယ်ပါဘူးရှင်၊ အလုပ်တခါလုပ်ရင် ကျမတို့ရုံမှာ ဘတ် (၃၀၀) ရတယ်၊ တချို့
ရုံဆိုရင် ဘတ် (၂၀၀) ပဲရတယ်။ အလုပ်ရှင်က တ၀က်၊ ကိုယ်က တ၀က်ရတယ်။ ကိုယ်ရတဲ့အထဲက စားစရိတ်၊
နေစရိတ်၊ မီးဖိုး၊ ရေဖိုး၊ ပုလိပ်ကြေးက အစ အဖြတ်ခံရတယ်။ ကျမတို့ဘ၀လည်း ရရစားစားပါပဲ။ ဖာရုံဆိုတာက
တရားဝင်ဖွင့်ခွင့်ရတာ မဟုတ်တော့ ဟိုလူဒီလူ ဖားရတာတွေကလည်းရှိတယ်။ ဒ်ီကြားထဲ အလကားလိုက်ပေးရ
တာမျိုး လည်း ရှိတယ်။ အပိုင်ရဲတွေဆိုရင် သူတို့ကို ရုံကပိုက်ဆံလည်း ပေးရတယ်။ သူတို့လိုရင် အလကားလည်း
လိုက်ပေးရတယ်။ ဒီကရဲနဲ့ ဗမာရဲက စကားသာ မတူကြတာ အကျင့်စရိုက်နဲ့ ရိုက်စားလုပ်တာကတော့ အကုန်တူ
တယ်” ဟု ပြောသည်။
ဆက်လက်၍ “အိမ်ကိစ္စ အကြောင်းတစုံတရာရှိလို့ မြ၀တီကိုသွားတဲ့အခါမှာ ရဲ၊ လ၀က၊ ပြည်သူ့ စစ်၊ မီးသတ်နဲ့ အခြားတာဝန်ရှိသူတွေဟာ ကျမတို့ဘ၀ကိုသိတော့ အကြောင်းအမျိုးမျိုးရှာပြီး စစ်ဆေးတယ်၊ ရစ်တယ်။ အဲ့ဒါ
သူတို့ရဲ့အလိုဆန္ဒကို ဖြည့်ပေးမှပဲ သွားရေး၊ လာရေး အဆင်ပြေတော့တယ်။ နေ့ခင်းကြောင်တောင် ရဲဂိတ်ထဲမှာ
သူတို့နဲ့ အိပ်ရတာရှိသလို တချို့ဆို တွေ့ကရာမှာရှိတဲ့ အိမ်သာထဲမှာပဲ သူတို့နဲ့ သွားရတဲ့အထိ ကြုံဖူးတယ်။
နောက်ကို ကျမတို့ဆီကလူတွေဟာ မြ၀တီကိုသွားရင် အဖော်(ကွန်ဒုံး) အမြဲဆောင်သွားရတယ်။ ကိုယ့်အန္တရာယ်
ကိုလည်း ကာကွယ်ရသေးတယ်။ မဲဆောက်မှာက ပြည့်တန်ဆာမှုနဲ့ တရားစွဲတာမရှိပေမယ့် ဗမာပြည်မှာကတော့
ရှိတယ်၊ ထောင်ကျနိုင်တယ်။ မြန်မာအချင်းချင်း ကုတ်သွေးစုပ်ခံရတာက ပိုပြီးဆိုးတယ်”ဟု ပြောသည်။
ရည်ရွယ်ချက်မရှိသူများလည်း ပြည့်တန်ဆာဖြစ်
မြန်မာပြည့်တန်ဆာများ၏ ပြောပြချက်များအရ ရိုးရိုးသားသား လုပ်ကိုင်စားသောက်ရန် အလုပ်လာရှာကြသော်
လည်း အခြေနေအရပ်ရပ်၏ တွန်းပို့မှုကြောင့် ဖြစ်သွားကြရကြောင်း၊ ရည်ရွယ်ချက်ရှိရှိဖြင့် လာရောက်လုပ်ကိုင်
ခြင်း မဟုတ်ကြောင်း ပြောသူများလည်း ရှိသည်။
အသက် (၁၈) နှစ်အရွယ် မနှင်းဆီက “ဒီအလုပ်လုပ်တာ (၂) နှစ်ရှိပြီ။ ပွဲစားက သမီးကို ဘန်ကောက်မှာ အိမ်
ဖော်အလုပ် တလ ဘတ် (၅,၀၀၀) ရမယ်ဆိုပြီး ကျလောက်အောင်ပြော တော့ အိမ်ကလည်း ယုံယုံကြည်ကြည်
နဲ့ ထည့်လိုက်တာပါ။ ဘန်ကောက်မရောက်ဘဲ ဒီဘ၀ကို ရောက်ခဲ့ရတယ်။ ရောက်စမှာ စကားလည်းနားမလည်၊
ဘယ်သူနဲ့မှလည်း အတွေ့မခံဘူး။ သမီးကို ထိုင်းသူဌေးအဖိုးကြီးတယောက်နဲ့ အိပ်ခိုင်းတယ်။ ပွဲစားနဲ့ ခေါင်းက
ဘယ်လောက်ရသလဲတော့ သမီးမသိဘူး။ သမီးတို့အိမ်ကို လူကြုံနဲ့ဗမာငွေ (၃) သိန်း ပို့ပေးတယ်။ အမေက
စာပို့လာတယ်။ ပို့လိုက်တဲ့ငွေရတဲ့အကြောင်း၊ သမီးလိမ်လိမ်မာမာနဲ့ အလုပ်ကြိုးစားဖို့ပြောတယ်။ အမေ့စာဖတ်ပြီး
ကျမ ရူးမတတ်ဖြစ်ခဲ့တယ်။ အခုတော့လည်း မထူးဇာတ်ပဲ ခင်းလိုက်ရတော့တယ်။ ဒီအလုပ်လုပ်တာ နောက်ပိုင်း
မှာ အမေတို့ကော၊ သမီးတို့မြို့ကလူတွေလည်း သိကုန်ပြီ၊ အိမ်ပြန်ဖို့လည်း မဖြစ်နိုင်တော့ဘူး။ လူကြုံနဲ့တော့
ငွေလေး ဘာလေး ပို့နိုင်တာပဲရှိတယ်။ ဘ၀ရှေ့ရေးကတော့ သမီးတို့ရုံမှာ အရင်ကလုပ်ခဲ့ကြတဲ့အစ်မတွေ အဖွဲ့
အစည်းက လူတွေနဲ့ ဆက်သွယ်ပြီး နိုင်ငံခြားကို ရောက်သွားတာတွေ ရှိတယ်။ သူတို့ငွေပြန်ပို့လို့ ဗမာပြည်က
သူတို့မိဘတွေလည်း တိုက်နဲ့တာနဲ့ ဖြစ်ကုန်ပြီ။ သမီးလည်းအဆက်သွယ်ရှာပြီး နိုင်ငံခြားကိုသွားဖို့ စဉ်းစားထား
တယ်” ဟု ပြော သည်။
ပြည့်တန်ဆာအလုပ်ဖြင့် မိဘများကို ပြန်လည်ထောက်ပံ့နိုင်သူများ အနည်းငယ်သာ ရှိပြီး အများစုမှာ လက်ရှိ
ဘ၀မှ ရုန်းမထွက်နိုင်ဘဲ ပျော်ရင်းပါးရင်းဖြင့် အချိန်ကုန်သူများလည်း အများအပြားရှိသည်။
သက်မွန်မြင့်နှင့်တူသည်ဟု လူပြောများသည့် မိန်းကလေးက “ညဖက်အလုပ်လုပ်ပြီး နေ့ဘက် တရေးတမော
အိပ်ပြီးရင် မဲဆောက်ဈေးထဲသွားပြီး ဘီယာသောက်၊ စီးကရက်သောက်၊ ထမင်းစား၊ ကာရာအိုကေဆိုပြီး ကိုယ့်
ဘ၀ကို ပျော်အောင် လုပ်ယူရတယ်။ ကျမတို့ လုပ်အားခအပြင်ကို လာလည်တဲ့ဧည့်သည်တွေက တရာမျိုး၊ နှစ်
ရာမျိုး မုန့်ဖိုး ပေးသွားတာတွေရှိတယ်။ အဲ့ဒီအပိုဝင် ငွေတွေနဲ့ စားသောက် ပျော်ပါးရတာပေါ့။ ဒီအလုပ်လုပ်နေ
ရပေမယ့် ကျမတို့လည်း နှလုံးသားနဲ့ပါ၊ အပြင်မှာလည်း ချစ်သူရည်းစားတွေ အသီးသီးရှိကြတယ်။ ညဘက်
အလုပ်လုပ် နေ့ဘက် သူတို့နဲ့အတူ စားသောက်နေထိုင် သွားလာရတာပေါ့။ ကျမတို့ရည်းစားက ကျမတို့ကို
နေ့ပဲပိုင် တယ်၊ ညကိုတော့ ရုံကပိုင်တယ်။ ကိုယ့်ရည်းစားလည်း အခြားလူတွေရဲ့ရည်းစားလို တူတူတန်တန်
ရှိအောင် အိမ်ခန်းငှားပေးရတယ်၊ မော်တော်ဆိုင်ကယ် ၀ယ်ပေးထားရတယ်။ ကိုယ်ကချစ်တော့ သည်လိုမှ
မလုပ်ရင် သူများဆီပါသွားမယ်” ဟု ပြောသည်။
မဲဆောက်ဈေးမှ ကာရာအိုကေဆိုင်ရှင် မြန်မာ အမျိုးသမီးတဦးကမူ “ဒီမိန်းကလေးတွေကို ပိုက်ဆံစုဖို့၊ အိမ်ကိုငွေ
ပို့ဖို့ ကျမတို့လည်း ပြောပါတယ်။ အထိန်းအကွပ်မရှိတဲ့ကြမ်းလို ပရမ်းပတာ ဖြစ်ကုန်ပြီ၊ သူတို့ညဘက် လုပ်လို့ရ
တာကို နေ့ဘက်မှာ လာဖြုန်းကြတယ်။ သူတို့ ရည်းစားထားတဲ့ သူတွေကလည်း မဲဆောက်မှာ လက်ကြောတင်း
အောင် အလုပ်မလုပ်စားချင်တဲ့ ကောင်လေးတွေ က ဒီကလေးမလေးတွေကို ခြူစားနေကြတာ။ သူတို့ရည်းစား
တွေကို နာရီ၊ လက်စွပ်၊ ဆွဲကြိုး၊ မော်တော်ဆိုင်ကယ်အပြင် အိမ်ခန်းပါ ငှားပေးတဲ့အထိဖြစ်တယ်။ ယောက်ျား
တယောက်ကို မိန်းကလေးနှစ်ယောက်က အပြိုင်လုပြီး ကျမဆိုင်ထဲမှာ ရန်ဖြစ်ကြ၊ ဆဲကြ၊ ဆိုကြ၊ ရိုက်ကြ၊ ပုတ်
ကြနဲ့ ခဏခဏ ကြုံရတယ်” ဟု ပြောသည်။
မဲဆောက်ရှိ တည်းခိုခန်းတခုတွင်အလုပ်လုပ်ကိုင်နေသည့် ကိုအောင်က “ခေတ်စနစ်က မကောင်းတော့ ကျနော်
တို့ မြန်မာတွေလည်း စာရိတ္တဆိုတာ ဘာလည်းမသိတော့ဘူး၊ အဆိုးအကောင်းလည်း မသိကြတော့ဘူး။ ကျနော်
တို့ တည်းခိုခန်းမှာဆိုရင် ဧည့်သည်က မြန်မာမိန်း ကလေးလိုရင် ခေါ်ပေးရတယ်။ လာပို့တဲ့သူက ဆိုင်ကယ်နဲ့
လာတယ်၊ လာတာက သုံးယောက်။ ကလေးက (၁) နှစ်ကျော်ကျော်ပဲ ရှိသေးတယ်။ မိဘတွေနဲ့အတူလာတယ်၊
ဆိုင်ကယ်မောင်းတာ က အဖေ၊ အမေလုပ်သူက ပြည့်တန်ဆာဆိုတော့ ဧည့်သည်နဲ့ အခန်းတက်နေတဲ့အချိန်မှာ
အဖေလုပ်တဲ့သူက ကလေးကိုနို့ဘူးတိုက်ပြီး အပြင်ကစောင့်တယ်။ ကလေးအမေ အခန်းတက်ပြီးတာနဲ့ သားအမိ၊
သားအဖသုံးယောက် ဆိုင်ကယ်နဲ့အတူတူ ပြန်သွားကြတယ်။ အဲလိုပဲ အမေနဲ့ သမီး ပြည့်တန်ဆာရုံ တရုံထဲမှာ
အတူတူ အလုပ်လုပ်ကြတာလည်းရှိတယ်။ မဲဆောက်မှာ ကျနော်တို့ မြန်မာတွေရဲ့ အဖြစ်ကတော့ ပြောလို့တောင်
ယုံနိုင်စရာမရှိတဲ့ အခြေအနေတွေ ဖြစ်ကုန်ပြီ” ဟု ပြောသည်။
ဆန္ဒအလျောက် ပြည့်တန်ဆာလုပ်သူ များလာ
သို့သော် ထိုင်းနိုင်ငံ၌ ပြည့်တန်ဆာအလုပ် လာလုပ်ကြသည့် မြန်မာမိန်းကလေး အတော်များများမှာ ကိုယ့်
သဘောနဲ့ကိုယ် ရည်ရွယ်ချက်ရှိရှိနဲ့ လာလုပ်ကြသူ များလာသည်။ ယခင်က ပြည့်တန် ဆာ လူသစ်တယောက်ရ
ရန် အခက်ခဲရှိသော်လည်း လွန်ခဲ့သည့် (၁၀) နှစ်ကျော်ခန့်မှစပြီး မဲဆောက်နှင့် ပြည်တွင်းမှပွဲစားများ အချိတ်
အဆက် လုပ်လာကြသည့်အတွက် ယခင်လိုအခြေနေ မျိုး မဟုတ်တော့သည့်အကြောင်းကို ပြည့်တန်ဆာဘ၀မှ
နားပြီး ပြည့်တန်ဆာရုံထောင်ထားသူ မြန်မာအမျိုးသမီးတဦးက ပြောသည်။
သူမက “ကျမ ဒီအလုပ်ကို အသက် (၁၈) နှစ်လောက်က လုပ်လာတာ၊ အခု (၄၀) ကျော်ပြီ။ ကျမတို့ခေတ်က လူသစ်တယောက်ရဖို့ဆိုတာမလွယ်တော့ အလုပ်ရှင်တွေကလည်း နည်းအမျိုးမျိုးသုံးပြီး လူသစ်ရှာဖွေခဲ့ရတယ်။
အခုဆိုရင် မြန်မာပြည်မှာ စားဝတ်နေရေး အကျပ်အတည်းရှိ တော့ ပြည်တွင်းမှာရှိတဲ့ ပွဲစားကနေတဆင့် ကိုယ်
လိုချင်တဲ့ ပုံပန်းသဏ္ဌာန်၊ အရွယ်အစားအမျိုးမျိုး မှာလို့ရတဲ့အထိ ဖြစ်သွားပြီ။ ကျမတို့ရုံက အထက်တန်းလွှာရုံ
မဟုတ်ဘူး၊ ဝေနေယျတွေအတွက်ဖွင့်ထားတော့ သာမန်လက်လုပ်လက်စား အလုပ်သမားတွေအလာများတယ်။
အခန်းတခါ တက်ရင် ဘတ် (၂၀၀) ပဲယူတယ်။ ကျမတို့နဲ့ ကောင်မလေးတွေက တယောက်တ၀က် ယူရတယ်။
သူတို့ကို တလတခါ ငွေရှင်းပေးရတယ်။ တချို့ ကြိုထုတ်တဲ့လူလည်း ရှိတယ်။ ငွေရှင်းတဲ့ အချိန်ကျရင် အိမ်လခ
နဲ့ ပုလိပ်ကြေး တယောက် (၁,၀၀၀) နုတ်တယ်။ သူတို့ကို ထမင်းပေးတယ်၊ ဟင်းဖိုး (၁) နေ့ (၂၀) ပေးတယ်။
မဲဆောက်မှာ တနိုင်တပိုင်အိမ်ရုံအပါဝင် လက်ရှိဖာရုံ (၂၀) လောက်ရှိတယ်။ ရုံတိုင်း ပုလိပ်ကို လစဉ်ကြေးပေးရ
တယ်။ တလ (၈,၀၀၀) ကနေ (၁၀,၀၀၀) ကြားရှိတယ်။ လိုင်းကြေးပေးထားတော့ အဖမ်းအဆီးရှိရင် ကြိုရှောင်
လို့ရတယ်။ ဘန်ကောက်ကလာတဲ့ အထူးအဖွဲ့တို့၊ စီမံချက်အဖွဲ့စုံတို့ကျတော့ သူတို့လည်းဘာမှလုပ်ပေးလို့မရဘူး။
မနှစ်က ကျမတို့ရုံကို ၀င်ဖမ်းတော့ ကျမယောက်ျားကို ဖာရုံထောင်မှုနဲ့ ရုံးတင်တာ ထောင် (၂) နှစ်နဲ့ (၇) လကျ
သွားတယ်” ဟု ပြောသည်။
ယခင်က ပြည့်တန်ဆာလုပ်ငန်းကို ဒေသခံလူမျိုးများက ဦးစီးလုပ်ကိုင်ကြရာမှ ယခုအခါ မြန်မာများ ကိုယ့်နည်း
ကိုယ့်ဟန်ဖြင့် နားလည်မှုယူကာ “အိမ်ဘိ” ဟုခေါ်သည့် (ပြည့်တန်ဆာ) အိမ်ရုံများထောင်ပြီး ကိုယ့်အဆက်
သွယ်နှင့်ကိုယ် လုပ်စားကြသည်ဟု လက်ရှိ မဲဆောက် ပြည့်တန်ဆာရုံတခုမှ ခေါင်းတဦးဖြစ်သူ ကိုအာနိုးက
ရှင်းပြသည်။
ကိုအာနိုးက “ကိုယ့်မြန်မာတွေအချင်းချင်း အိမ်ရုံထောင်ပြီး လုပ်စားကြတော့ ပိုပြီး တွက်ခြေကိုက် တယ်။ ဟန်ပြ
အနေနဲ့ အိမ်ရှေ့မှာ ဈေးဆိုင်လေး ဖွင့်ထားမယ်၊ စက်ချုပ်ဆိုင်ဖွင့်ထားမယ်။ ဟိုတယ်တို့၊ တည်းခိုခန်းတို့၊ အပြင်
အော်ဒါတို့ သွားဖို့ကြတော့ ဆိုင်ကယ်နဲ့လိုက်ပို့ပေးရတယ်။ တချို့ မိန်းကလေးတွေက မိသားစုရှိတော့ အော်ဒါ
လာတဲ့အချိန်မှာ ဖုန်းနဲ့ပဲ အဆက်သွယ်လုပ်ရ တယ်” ဟု ပြောသည်။
ညိုညိုဟု အမည်ရှိသည့် အသက် (၂၅) နှစ်ဝန်းကျင် မိန်းကလေးကလည်း သူမအလုပ်နှင့် ပတ်သက်၍ ရယ်
ရယ်မောမောဖြင့် ယခုကဲ့သို့ ရှင်းပြသည်။
“ဧည့်သည်ခေါ်လို့ ဟိုတယ်ကိုသွားရင် ကျမယောက်ျားက မော်တော်ဆိုင်ကယ်နဲ့ လိုက်ပို့တယ်။ အလုပ်သွားရင်
တခါတလေ ကလေးပါခေါ်သွားရတယ်။ ကျမသားလေးက (၁) နှစ်ခွဲပဲရှိသေး တယ်။ ကျမဧည့်သည်နဲ့ အခန်း
တက်ရင် ကျမယောက်ျားက ကလေးကိုနို့ဘူးတိုက်ရင်း အပြင်က စောင့်တယ်။ လူတွေက ကျမတို့လိုလူတွေကို
အပြစ်ပြောချင်ကြတယ်။ ကျမက ခန္ဓာကိုယ်ကိုပဲ ရောင်းတာပါ၊ ကျမမေတ္တာနဲ့ နှလုံးသားကတော့ လင်နဲ့ကလေး
ပေါ်မှာ အပြည့်အ၀ရှိပါတယ်။ ပတ်ဝန်းကျင်ကို ဂရုမစိုက်နိုင်ဘူး၊ ကိုယ့်ကို ထမင်းကျွေးတာမှမဟုတ်ဘဲ။ ကျမတို့
လို မြန်မာမိသား စု မဲဆောက်တခွင်မှာ ရာနဲ့ချီရှိပါတယ်။ ကျမယောက်ျား ပန်းရန်လုပ်ရင် တနေ့ (၁၀၀) ထက်ပို
မရဘူး၊ မိဘဆွေမျိုးသားချင်းတွေကို ကူညီဖို့မပြောနဲ့၊ ကိုယ်တောင် ထမင်းနပ်မှန်ဖို့ မလွယ်ဘူး။ အဲ့ဒီတော့
ယောက်ျားက ကလေးထိန်း၊ အကြိုအပို့လုပ်ပေါ့။ အော်ဒါတခါ သွားရင် (၅၀၀) ရတယ်၊ (၁) နာရီတောင်မကြာ
ဘူး၊ ညအိပ်ရင် (၁,၅၀၀) ရတယ်။ ဗမာပြည်က မိသားစုတွေကို မျက်နှာမ ငယ်အောင် အိမ်နဲ့ယာနဲ့ဖြစ်အောင်
ကူညီနိုင်ခဲ့တယ်။ ကျမတို့လို အိမ်ထောင်သည်တွေ ဒီအလုပ် လုပ်စားတာ မဲဆောက်မှာ ရာနဲ့ချီရှိတယ်။ ဒီအလုပ်
က မိုးရွာတုန်း ရေခံရတာ၊ အရွယ်ရလာရင် ဘယ်သူမှ ကိုယ့်ကိုသုံးတော့မှာ မဟုတ်ဘူး။ အဓိကကတော့ လင်
မယားချင်း နားလည်မှု ရှိဖို့ပဲလိုတယ်” ဟု ပြောသည်။
ပန်းဦးဈေးကွက်
ပန်းဦးရောင်းရာမှ ပြည့်တန်ဆာလောကတွင် ကျင်လည်ခဲ့ရသူ အသက် (၁၉) နှစ်အရွယ် မနွေးနွေးက သူ့အဖြစ်
ကို ပြန်ပြောင်း ပြောဆိုရာမှာ “သမီးကျောင်း (၅) တန်းထိနေခဲ့ဖူးတယ်၊ မော်လမြိုင်ကပါ။ ဟိုမှာသမီးတို့မောင်နှမ
(၄) ယောက်ရှိတယ်။ သမီးကအကြီးဆုံး၊ အမေက သင်္ဘောဆိပ်မှာ အကြော်ရောင်းတယ်။ ဈေးထဲမှာ နေ့ပြန်တိုး
ယူပြီး အရင်းအနှီးလုပ်ရတယ်။ အဖေက လေဖြတ်ထားတယ်၊ လမ်းမလျှောက်နိုင်ဘူး။ အမေ့လုပ်စာနဲ့ မိသားစု
ဘ၀ ဘယ်လိုမှရပ်တည်လို့မရဘူး။ နေ့စားလုပ်ရင် (၁,၅၀၀) ကျပ်ထက်ပိုမရဘူး၊ ဆန် (၁) ပြည်က (၁,၀၀၀)
ကျော်တယ်။ ကျမတို့အိမ်မှာ မနက်(၁) ပြည်၊ ည(၁) ပြည်ချက်ရတယ်။ နောက်ဆုံး အမေနဲ့သမီး မဲဆောက်မှာ
အလုပ်လာရှာတယ်။ ကြက်သွန်ခွာတယ်၊ ပန်းရန်လုပ်တယ်၊ အလုပ်က အဆင်မပြေတဲ့ကြားထဲ ပုလိပ်က ခဏ
ခဏဖမ်းတော့ နောက်ဆုံးမှာ သမီးတို့နယ်ကပဲ ခေါင်းလုပ် တဲ့လူနဲ့ ဆက်မိတယ်။ အမေက ကျမကို မိသားစု
အတွက် ကျမကိုရောင်းဖို့ပြောတော့ လက်ခံ လိုက်တယ်။ ဘတ် (၁၅,၀၀၀) နဲ့ ဈေးတည့်သွားတယ်။ ခေါင်းနဲ့
တ၀က်စီရတယ်။ သမီးနဲ့ အိပ်တဲ့ ထိုင်းသူဌေးက သနားလို့ဆိုပြီး မုန့်ဖိုး ဘတ် (၃,၀၀၀) ပေးတယ်။ ရတဲ့ငွေ
တွေကို အမေ့ကိုပေးပြီး အိမ်ပြန်ခိုင်းလိုက်တယ်။ ကိုယ့်အောက်က လူတွေက ကျောင်းနေတော့ အိမ်ကို လစဉ်
ပိုက်ဆံပို့ ပေးရတယ်။ ပါကင်ဖောက်တဲ့ကိစ္စက ဒီလိုရှိပါတယ်။ ပထမတကြိမ် ဖောက်ရင် (၁၅,၀၀၀)၊ ဒုတိယ
အကြိမ်မှာ (၈,၀၀၀)၊ တတိယအကြိမ်မှာ (၃၀၀၀) လောက်ရတယ်။ သုံးကြိမ်စလုံး သမီးကို လုပ်တဲ့ အဖိုးကြီး
တွေ ကွန်ဒုံးမသုံးကြဘူး။ နောက်မှ ပြန်စဉ်းစားပြီး တော်တော် ကြောက်သွား တယ်။ မဲဆောက်ဆေးရုံကြီးမှာ
ဆေးစစ်တော့ ဒီနေ့ထိ ဘာရောဂါမှတော့ မရှိသေးဘူး” ဟု ပြောသည်။
မြန်မာပြည့်တန်ဆာကျန်းမာရေး
မဲဆောက်မြို့ရှိ ပြည့်တန်ဆာများနှင့် ပတ်သက်၍ ပြည့်တန်ဆာများသည် မဲဆောက်ဆေး ရုံကြီးတွင် (၃) လ
တကြိမ် သွေးစစ်ကြရပြီး (၁) ပတ်တခါ သားအိမ်စစ်ဆေးမှု ခံယူရသည်ဟု မဲဆောက်ဆေးရုံကြီးမှ အထက်တန်း
သူနာပြုတဦးက ပြောကြားသည်။ ဆေးရုံကြီးနှင့်ပြည့်တန် ဆာရုံများ အမြဲတမ်းအဆက်အသွယ်ရှိကြောင်း၊ လိင်မှု
ဆိုင်ရာ ရောဂါများကူးစက်မှုမဖြစ်ရအောင် ပညာပေးအစီစဉ်များကို ဆေးရုံကြီးနှင့် အစိုးရမဟုတ်သော အဖွဲ့အချို့
မှ အကူညီပေး လုပ်ဆောင် လျက်ရှိကြောင်း ရှင်းပြသည်။
ဆေးစစ်မှုနှင့် ပတ်သက်၍ သွယ်သွယ်အမည်ရှိ မိန်းကလေးက “ဆေးပုံမှန်စစ်ရတာကတော့ ကိုယ့်အတွက်ပဲ။
ဆေးလာမစစ်တဲ့လူကို ဆေးရုံက သူဌေးမဆီ ဖုန်းနဲ့ဆက်ပြီးတိုင်ပြီဆိုရင် အတိုင်ခံရတဲ့လူကို ငွေရှင်းတဲ့ရက်မှာ
ဒဏ်ငွေ (၅၀၀) ဖြတ်တယ်။ ရောဂါဖြစ်ပြီး သေတဲ့လူတွေ ရှိတော့ရှိတယ်။ ကြာကြာမှတခါ ဖြစ်တာပါ။ ဧည့်သည်
တွေကို ကွန်ဒုံးစွပ်ခိုင်းဖို့၊ ကွန်ဒုံးမပါဘဲ မလုပ်ကြဖို့ သတိတော့ထားရတယ်။ ဖာကျိုးရင် ဆေးထိုးလို့ရပေမယ့်
အေအိုင်ဒီအက်စ် ဖြစ်ရင်တော့ ဘ၀ဆုံးပြီ။ တချို့ဧည့်သည်တွေက မူးမူးရူးရူးနဲ့ အစွပ်ကိုမသုံးချင်ဘူး၊ တချို့ကျ
တော့လည်း လုပ်ရင်းတန်းလန်းနဲ့အစွပ်ကိုခိုးဖြုတ်တာလည်းရှိတယ်။ အန္တရယ်များတော့ချော့မော့ပြီးပြောရတယ်။
ပြောလို့မရတဲ့အဆုံး ကိုယ်ပဲ အမျိုးသမီးကွန်ဒုံး သုံးရတယ်။ ဘန်ကောက်မှာ အလုပ်ရမယ်၊ လစာကောင်းတယ်၊ ငွေလည်းကြိုယူလို့ရတယ်ဆိုပြီး ပွဲစားက အိမ်ကို မြန်မာငွေ (၂) သိန်းပေးခဲ့တယ်။ ဒီရောက်မှပဲ ဒီဘ၀ရောက်ခဲ့
ဋ္ဌရတာပါ။ အယုံမလွယ်ကြဖို့ ဗမာပြည်က လူတွေကို သိစေချင်တယ်” ဟု ပြောသည်။
ရန်ကုန်သူ ဖြူဖြူကလည်း “သမီးက ဒီအလုပ်ကို ရန်ကုန်မှာကတည်းက လုပ်တာပါ။ မဲဆောက်မှာက လိမ္မာရင်
ငွေစုပြီး အိမ်ကိုငွေပို့နိုင်သေးတယ်။ ရန်ကုန်မှာက ပြည့်တန်ဆာလုပ်တဲ့ လူများပြီး ပျော်ပါးနိုင်တဲ့ လူတွေကနည်း
တော့ တွက်ခြေမကိုက်ဘူး။ ဒါကြောင့် မဲဆောက်ကို လာတာပါ။ ရန်ကုန်မှာက ဆယ်အိမ်မှူး၊ ရာအိမ်မှူး၊ ရဲ၊ မီး
သတ်တွေက အလကားခေါ်တာကများတော့ ဒီဘက်ထွက်လာတာက ပိုကောင်းတယ်ဆိုပြီး မဲဆောက်ကို အရင်
ရောက်နေတဲ့ သူငယ်ချင်းတွေရဲ့ အဆက်အသွယ်နဲ့ရောက်လာတာပါ။ ဒီမှာက ပုလိပ်ကြေးလောက်ပဲပေးရတယ်။
ဒါကို ကျမတို့ နားလည်ပါတယ်။ ဖာသည်နဲ့ရဲဆိုတာက ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီပဲ” ဟု ပြောသည်။
အလုပ်သမား မြန်မာပြည့်တန်ဆာများလည်းရှိ
အခြေနေအရပ်ရပ်၏ တွန်းပို့မှုကြောင့် မဲဆောက်ရှိ အထည်ချုပ်စက်ရုံများမှ အလုပ်သမများလည်း ပြည့်တန်ဆာ
လောကအတွင်း ရောက်ရှိမှုများရှိသည်။ ပြည်တွင်းရှိမိဘများမှာ အလုပ်အကိုင်နှင့် စားဝတ်နေရေးပြဿနာများ
အပြင် တရားမ၀င် ထီလောင်းကစားမှုများကြောင့် အိုးပျောက်၊ အိမ်ပျောက်ဖြစ်ကာ ပို့သမျှငွေ အလျဉ်မမီဖြစ်ပြီး
ငွေနောက် လိုက်ရင်းဖြင့် ပြည့်တန်ဆာဖြစ်သွား သူများလည်း အများအပြားရှိသည်ဟု အိမ်ရုံတွင် လုပ်ကိုင်နေ
သူတဦးကလည်း ပြောသည်။
မဲဆောက်ရှိ အနှိပ်ခန်းများ၊ ကာရာအိုကေဆိုင်များ၊ စားသောက်ဆိုင်စားပွဲထိုးများတွင် မြန်မာ မိန်းကလေးများ
အများစု လုပ်ကိုင်နေကြသည့် အကြောင်းကို စားပွဲထိုးမြန်မာအမျိုးသမီး မနွဲ့က “တချို့ကျတော့လည်း ရောက်
ခါစမှာ ရှက်တော့ ရိုးရိုးစားပွဲထိုးပဲလုပ်တယ်။ အိမ်က ခဏခဏ ပိုက်ဆံမှာတာလည်းပါတယ်၊ ကိုယ်ကလည်း
မဲဆောက်မှာ မော်တော်ဆိုင်ကယ် နဲ့ အိမ်နဲ့နေချင်တာလည်းပါတယ်။ ကိုယ့်အချင်းချင်း အရင်ရောက်တဲ့သူတွေ
ကလည်း စည်းရုံး တော့၊ ဆိုင်ပိတ်ချိန် မနက် (၂) နာရီဆိုရင် ဧည့်သည်တွေနဲ့ လိုက်အိပ်တော့ တခေါက်ကို
(၁,၀၀၀) လောက်ရတယ်။ ဆိုင်မှာရတဲ့လခက (၁) လ သုံးလေးထောင်ထက် မပိုဘူး။ ဒီလိုပဲ အတုမြင်အတတ်
သင်ရာကနေ ဖြစ်သွားကြတာပါ။ အနှိပ်သည်လောကမှာလည်း ငွေရလွယ်တော့ ဗမာပြည်ကလာတဲ့ မိန်းကလေး
တွေ တနေ့ထက်တနေ့ ပိုပိုများလာတယ်။ အနှိပ်သည်တွေကျ တော့ တခါနှိပ်ရင် (၂) နာရီကို ဘတ် (၂၄၀)
ကိုယ်က (၁၀၀) ပဲရတယ်၊ ကျန်တာက အလုပ်ရှင် ယူတယ်။ နေထိုင်စားသောက်ရေးကိုတော့ သူတို့တာဝန်ယူ
တယ်။ အဲဒီကနေ အစပြုပြီး နောက် ဆုံး ကိုယ့်ကိုယ်ကို ရောင်းစားတဲ့ဘ၀ကို ရောက်သွားတာတွေ အများကြီးရှိ
တယ်”ဟု ပြောသည်။
ဘွဲ့ရများ၊ ကျောင်းဆရာမများပါ ပြည့်တန်ဆာဖြစ်
မြန်မာပြည့်တန်ဆာလောကတွင် ဘွဲ့ရကျောင်းသူများ၊ ပြည်တွင်းတွင် ကျောင်းဆရာမဖြစ်ခဲ့သူများ၊ သူနာပြုဖြစ်ခဲ့
သူများ၊ ဆယ်တန်းအောင်သည့် မိန်းကလေးများမှာ ထိုင်း-မြန်မာနယ်စပ်မြို့များဖြစ် သည့် ရနောင်း၊ မဲဆောက်၊
မယ်ဆိုင်ဒေသများနှင့် ဘန်ကောက်တွင် အများအပြားလုပ်ကိုင်လျက် ရှိသည်ကို မိစန်းဟု အမည်ခံယူထားသည့်
မဲဆောက်ရောက် အထက်တန်းပြဆရာမ တဦးက လည်း ရင်ဖွင့်ပြောကြားသည်။
သူမက “ဒီအလုပ်ကို ဘယ်သူမှမလုပ်ချင်ပါဘူး။ မြန်မာပြည်မှာ ဘွဲ့ရပြီးလုပ်စရာ အလုပ်မရှိဘူး။ ရှိပြန်တော့လည်း
ဝန်ထမ်းလစာနဲ့ ကုန်ဈေးနှုန်းက ဘယ်လိုမှဆက်စပ်လို့ မရဘူး။ လက်ရှိမြန်မာပြည်အခြေနေနဲ့ဆိုရင် လူမွှေးပြောင်
ဖို့ မလွယ်ဘူး။ စကားကြီး စကားကျယ် ပြောတယ်လို့ တော့ မထင်ပါနဲ့၊ ကျမတို့က စနစ်ဆိုးကြီးရဲ့ သားကောင်
တွေပါ။ ဘွဲ့ရ ကျောင်းဆရာမတောင် လူမွှေးမပြောင်ဘူးဆိုတော့ သာမန်လူဆိုရင် ပိုဆိုးပြီပေါ့။ ကျောင်းဆရာမ
ဖြစ်ပြီး ဖာသည် လုပ်ရကောင်းလားဆိုပြီး ကျမကိုအပြစ်ပြောတဲ့လူလည်း ရှိပါတယ်။ ကျမ သူတို့ကို နားလည်
ပေးလိုက်ပါတယ်။ ဂျင်မလေးဂျမ်းသီချင်းထဲကလိုပေါ့၊ ဂျင်ဆိုတာ သူ့ဖာသာသူ မလည်တတ်ပါဘူး။ လည်အောင်
ဖန်တီးပေးတဲ့ အဓိကတရားခံ မရှိတော့တဲ့ အချိန်ကျရင် ဂျင်မလေးတွေ ကံကောင်းလာမှာပါ” ဟုပြောသည်။
(ဤသတင်းဆောင်းပါးပါ ကာယကံရှင်များ၏အမည်ရင်းများကို လွှဲပြောင်းထားသည်)
ဂမ်ဘားရီ မြန်မာပြည် ခရီးစဉ် ၂ဝဝ၈ သြဂုတ်လ (စုစည်းသတင်းများ)
မဇ္ဈိမ
- ဂမ်ဘာရီကို သြဂုတ်လတွင် လာရောက်ရန် မြန်မာစစ်အစိုးရ ဖိတ်ကြား
- တွေ့ဆုံဆွေးနွေးရေး ဆက်လုပ်မည်ဟု မစ္စတာ ဂမ်ဘာရီ ပြောဆို
- မစ္စတာဂမ်ဘာရီ ခရီးစဉ် တိုးတက်ဖွယ်မရှိဟု အတိုက်အခံများ ဝေဖန်ပြောကြား
- မစ္စတာဂမ်ဘာရီ မြန်မာနိုင်ငံ ၅ ရက်တာ ခရီးစဉ် စတင်တော့မည်
- ဂမ်ဘာရီ ခရီးစဉ် မည်သည့် ထိုးဖောက်အောင်မြင်မှုမျှ မရခဲ့ဟု မြန်မာ အတိုက်အခံပါတီ ပြော
- ဂမ်ဘာရီနှင့် တွေ့ဆုံမှုအပေါ် ကျေနပ်ဟု အဖွဲ့ချုပ် ပြောကြား
- လူ့အခွင့်အရေး အုပ်စုများက ကုလကို ပြင်းထန်စွာ ဝေဖန်
- ကုလကိုယ်စားလှယ် ဂမ်ဘာရီ မြန်မာပြည်မှ ပြန်ပြီ
ဧရာဝတီ
- မစ္စတာ ဂန်ဘာရီ မြန်မာပြည်ခရီးစဉ် စတင်
- ဂန်ဘာရီနှင့် အဖွဲ့ချုပ်တွေ့မည်
- ဂန်ဘာရီနှင့် တွေ့ဆုံရာတွင် အားရကျေနပ်မှုမရှိဟု အန်အယ်လ်ဒီပြော
- ဒေါ်စုနှင့် တွေ့ခွင့်ရရေး ဂန်ဘာရီ အထူးကြိုးပမ်းနေ
ခေတ်ပြိုင်
-
မစ္စတာ ဂမ်ဘာရီ ရန်ကုန်ရောက်၊ နိုင်ငံရေးပြုပြင်နိုင်ဖို့ မျှော်လင့်ချက်နည်းဟု အတိုက်အခံဘက်ကမြင်
ပီတာအောင်/ ၁၈ သြဂုတ် ၂၀၀၈ -
မစ္စတာဂမ်ဘာရီ ဧရာဝတီခရီးစဉ် ဖျက်သိမ်း
UN/AFP ၁၉ သြဂုတ် ၂၀၀၈ -
မစ္စတာဂမ်ဘာရီနှင့် တွေ့ဆုံသည့်ကိစ္စ အန်အယ်လ်ဒီခေါင်းဆောင်များ ကျေနပ်မှုမရှိ၊ မတ်လခရီးစဉ်မှ အချက်အများစုကို စစ်အစိုးရထံ ဂမ်ဘာရီ ပြန်တင်ပြမည်
ပီတာအောင်/ ၂၀ သြဂုတ် ၂၀၀၈ - ဂမ်ဘာရီနှင့် တွေ့ခွင့်မတောင်းဘဲ တွေ့ခွင့်ရခြင်းဖြစ်သည်ဟု ဆင်တူရိုးမှား ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်ဝန်ခံ ပီတာအောင်/ ၂၂ သြဂုတ် ၂၀၀၈
- အန်အယ်လ်ဒီ ခေါင်းဆောင်ပိုင်းနှင့် မစ္စတာ ဂမ်ဘာရီတို့ ယနေ့ ညနေပိုင်း ဒုတိယအကြိမ် ထပ်မံတွေ့ဆုံနေ NEJ/ ၂၂ သြဂုတ် ၂၀၀၈
- ကုလကိုယ်စားလှယ် နှင့် အန်အယ်လ်ဒီ ထပ်မံတွေ့ဆုံရာတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေး အဓိက ဆွေးနွေး ပီတာအောင်/ ၂၂ သြဂုတ် ၂၀၀၈
DVB (Burmese)
RFA (Burmese)
- လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးအား ဖမ်းဆီးခြင်းကို ဂမ်ဘာရီ ဆွေးနွေးမည်
- ဂမ်ဘာရီရဲ့ ခရီးစဉ်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အကောင်းမြင် မျှော်လင့်
- ကုလအထူးကိုယ်စားလှယ် ဂမ်ဘာရီ မြန်မာ နိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံ
- မစ္စတာ ဂမ်ဘာရီနှင့်တွေ့ဆုံရေး တိုင်းရင်းသား အဖွဲ့များ မျှော်လင့်နေ
- ကုလ အထူးကိုယ်စားလှယ် ဂမ်ဘာရီ၊ NLD အပါအဝင် အဖွဲ့အစည်းများနှင့် တွေ့ဆုံ
- ကုလသမဂ္ဂ သတင်းစာရှင်းပွဲမှာ မစ္စတာ ဂမ်ဘာရီခရီးအကြောင်း မေးမြန်း
- မစ္စတာ ဂမ်ဘာရီ၏ခရီးကို ဗြိတိသျှအဖွဲ့ ပြင်းထန်စွာ ဝေဖန်
- ဂမ်ဘာရီ၏ ခရီးစဉ် စနေ့နေ့အထိ နောက်ထပ်တရက်တိုး
- မစ္စတာဂမ်ဘာရီ မြန်မာနိုင်ငံကနေ ပြန်လည်ထွက်ခွာသွားပြီ
- မစ္စတာဂမ်ဘာရီကိုတွေ့ဆုံဖို့ ဒေါ်အောင်ဆန်းစုကြည်ငြင်းဆို
- မစ္စတာဂမ်ဘာရီရဲ့ ခရီးစဉ်အပေါ်ဝေဖန်ဆွေးနွေးချက်
- မစ္စတာဂမ်ဘာရီရဲ့ ခရီးစဉ်ဟာ အချိန်ကုန်တဲ့ ခရီးစဉ်လို့ အင်အယ်ဒီပါတီပြော
VOA (Burmese)
- ကုလကိုယ်စားလှယ် ဂမ်ဘာရီ မြန်မာနိုင်ငံ ၅ ရက်ခရီး သွားရောက်မည်

- ကုလသမဂ္ဂ ကိုယ်စားလှယ် ဂမ်ဘာရီ ရန်ကုန်မြို့ကို ရောက်ရှိပြီး သံတမန်များနှင့် တွေ့ဆုံ

- မစ္စတာဂမ်ဘာရီ မြန်မာ့အရေး လေးနက်ကျယ်ပြန့်အောင် ဆောင်ရွက်ဖို့ရည်ရွယ်

- ဂမ်ဘာရီ ရန်ကုန်တိုင်း မုန်တိုင်းသင့်ဒေသ လေ့လာ

- ဂမ်ဘာရီ ဆောင်ရွက်ချက်များ မူလတာဝန်ပိုင်းမှ သွေဖည်နေဟု ဒီမိုကရေစီ လှုပ်ရှားနေသူများ ဝေဖန်

- ဂမ်ဘာရီ နှင့် ဒုတိယ အကြိမ် တွေ့ဆုံမှု အဲန်အယ်လ်ဒီ ကျေနပ်

- ဒေါ်အောင်ဆန်းစုကြည်နဲ့ မတွေ့ပဲ မစ္စတာ ဂမ်ဘာရီ ပြန်ပြီ

- မစ္စတာ ဂမ်ဘာရီရဲ့  မြန်မာပြည်ခရီးစဉ် အကျိုးမရှိကြောင်း NLD ဝေဖန်
Gambari’s mission to Burma ‘disappointing’: opposition
Gambari’s mission to Burma ‘disappointing’: opposition
Nem Davies
Wednesday, 20 August 2008 21:56
Mizzima
New Delhi – Leaders of Burma’s main opposition party –the National League for Democracy – on Wednesday met visiting United Nations special envoy, Ibrahim Gambari, but said the meeting was ‘disappointing’.
The NLD leaders’ statement came after five members of the NLD Central Executive Committee led by party chairman Aung Shwe on Wednesday afternoon met Gambari at the government guest house for a brief 20 minutes.
Nyan Win, the NLD spokesperson, who was not at the meeting but was assigned to speak on behalf of those attending, said the meeting started at 3 p.m. (local time) and lasted for 20 minutes.
“It is disappointing. We want things implemented in keeping with the resolutions passed by the United Nations. We want to kick start national reconciliation,” Nyan Win told Mizzima over telephone.
The Nigerian diplomat, who arrived in Rangoon on Monday, has so far met Burmese Foreign Minister Nyan Win, Information Minister Brig Gen. Kyaw San and toured cyclone-hit areas in Rangoon division.
On Wednesday, he also met pro-junta student group the 88 generation students (Union of Myanmar) led by Aye Lwin.
Nyan Win said Gambari is drifting away from his main mission by meeting groups that the junta wants him to meet and not finding ways and means to meet key political players.
“He [Gamabri] just met social groups like 88 generation students (Union of Myanmar). These groups are all pro-junta groups,” Nyan Win said.
“We are disappointed to see that he [Gambari] is drifting away from his main mission of facilitating national reconciliation. If we look at where he is going and who he is meeting, it is hardly encouraging,” Nyan Win added.
During the meeting with the NLD leaders, Gambari said he will continue to call for the release of Daw Aung San Suu Kyi, U Win Tin and other political prisoners, and call for direct talks between Daw Aung San Suu Kyi and the regime.
Gambari also said that he will call on the Burmese government to implement economic reforms and urge it to allow him to open a liaison office in Rangoon so that he can maintain constant communication with the Burmese government.
But Nyan Win said, while Gambari told party leaders he will urge the government to conduct free and fair election in 2010, he failed to give his views on the results of the 1990 elections, when asked by the NLD leaders.
“When he talked about free and fair elections in 2010, we asked him about his views on the results of the 1990 elections. But he did not answer. He also declined to answer when we asked him what his mission was. And when we asked him whether he had met Daw Aung San Suu Kyi, he said no, he is still trying,” Nyan Win said of the discussion between the NLD leaders and Gambari.
The meeting was attended by NLD chairman Aung Shwe, Secretary U Lwin, Thakhin Soe Myint, Than Tun and Nyunt Wai.
During his last visit in March, while Gambari was allowed to meet detained opposition leader Daw Aung San Suu Kyi, he was barred from meeting junta supremo Snr. Gen. Than Shwe.
Gambari is currently visiting Burma for the fourth time since military rulers resorted to violence when it cracked down on peaceful protesters in September 2007.
http://www.mizzima.com/news/world/6-world/929-gambaris-mission-to-burma-disappointing-opposition-
UN envoy Gambari meets NLD leaders
Democratic Voice of Burma
Aug 20, 2008 (DVB)�National League for Democracy leaders told the United Nations special envoy in a meeting today that he should not discuss the 2010 elections, an NLD spokesperson said.
UN special envoy Ibrahim Gambari met U Aung Shwe, U Lwin, U Nyunt Wei, U Than Htun and U Soe Myint at 3pm today for a 20-minute discussion.
NLD spokesperson U Nyan Win said Gambari had set out his objectives for his visit as pushing for the release of all political prisoners, negotiating for a direct dialogue between Daw Aung San Suu Kyi and regime leaders and improving the country�s failing economic system.
Gambari also told the NLD leaders he planned to appoint a communications officer based in Burma to facilitate contact when the special envoy is out of the country himself.
The special envoy added that UN secretary-general Ban Ki-moon would be visiting Burma again in December and this time would focus on political issues, in contrast with the humanitarian focus of his previous trip.
He also said the UN wanted international observers present for the 2010 elections.
Nyan Win said the special envoy did not answer the NLD leaders� questions on his opinion of the 1990 elections and the purpose of his current mission.
The party leaders were unhappy that Gambari had raised the issue of the 2010 elections, suggesting that he would support the elections despite the reports of vote-rigging and intimidation that marred the constitutional referendum.
“The NLD still refuses to accept the constitution which was approved by a referendum where there were several issues that still need to be talked about � we told Mr Gambari he should not discuss the 2010 election in these circumstances,” Nyan Win said.
Nyan Win said the NLD supported Gambari�s stated aims, but could not support the junta�s plans for the 2010 election.
“We have nothing to protest against his five-step plan for this trip � we actually like it,� Nyan Win said.
�But we were forced to have such a discussion only because he started talking about the 2010 elections. This leads us to think he agrees with the upcoming elections.�
The NLD spokesperson added that the party understood the difficulties the UN faced but called for action rather than rhetoric.
�We explained to him that we understood the limits of how far the UN can get involved in the situation and that there was nothing they can do about the two big powers,” Nyan Win said.
“We told him to stick to the purpose of his mission and that we will try very hard to keep understanding the UN,” he said.
“The pro-democracy forces in Burma, including the NLD, have told the UN special envoy their opinions during his previous trips, and now the next step is to actually put the ideas into action,� he continued.
�But now, we are only seeing more talking rather than action.”
Reporting by Htet Aung Kyaw
http://english.dvb.no/news.php?id=1652
Gambari Fails to Meet with Suu Kyi
By SAW YAN NAING
Wednesday, August 20, 2008
Irrawaddy
The United Nations special envoy to Burma failed to meet with Aung San Suu Kyi on Wednesday as scheduled, according to Rangoon sources.
No reason was given for the failure, and there was speculation he could meet with her before his trip ends on Friday.
Rumors spread that Suu Kyi, the pro-democracy leader, was seriously ill. However, a National League of Democracy (NLD) official said she was well.
Meanwhile, five members of the central executive committee of Burma’s main opposition group, the National League for Democracy, and Gambari discussed issues including the release of political prisoners and reconciliation talks between Suu Kyi and the military regime, said Ohn Kyaing, an NLD member.
NLD executive committee members who met with Gambari included Chairman Aung Shwe, Secretary U Lwin and spokesperson Nyan Win. The meeting started at 3 p.m. and lasted about 20 minutes.
During the meeting, the UN envoy said he will try to obtain the release of political prisoners and the formation of genuine talks between Suu Kyi and regime leaders.
The UN envoy said he had already discussed several issues—including the release of political prisoners and a genuine dialogue with Suu Kyi—with Information Minister Brig-Gen Kyaw Hsan in their meeting on Tuesday.
Gambari said he had not received any response so far for the government, said Ohn Kyaing.
The envoy also discussed the junta’s scheduled general election in 2010 with NLD leaders, telling them he urged the regime to conduct open and fair elections.
UN Secretary-General Ban Ki-Moon is scheduled to visit Burma again in December to discuss the election and other issues with the military regime.
The envoy also told NLD members he was scheduled to meet a wide range of parties during his visit this week, said Farhan Haq, a UN spokesperson, including parties he has met on previous occasions.
During past trips, the UN envoy met Burmese generals including Snr-Gen Than Shwe, leaders of the NLD, Suu Kyi and junta-backed ethnic leaders.
Meanwhile, Burmese dissidents in exile have sent a petition to Gambari urging him to make efforts to move the junta toward a genuine democratic transition that goes beyond the scheduled 2010 elections.
They also asked Gambari to urge the regime to allow newspapers and other media to report news and information without censorship in order to educate the people about Burmese politics and the rest of the world.
လက်ချင်းချိတ်ဖို့ လိုပါပြီ
ခေတ်ပြိုင်မှ စာကောင်းတပုဒ်
လက်ချင်းချိတ်ဖို့ လိုပါပြီ
ဗိုလ်ထက်မင်း
……………………………..
……………………………..
နအဖကို အရူးမီးဝိုင်းဖြစ်အောင်၊ တုန်လှုပ်ချောက်ချားအောင် မလုပ်နိုင်သေးသမျှ ကာလပတ်လုံး ဒီမိုကရေစီ ရရှိဖို့ဆိုတာဟာ အိပ်မက်တောင် မက်လို့မရတာကြောင့် ဒီမိုကရေစီဘက်တော်သားတွေ အားလုံး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ ဟန်ချက်ညီ လက်ချင်းချိတ်ကြဖို့ အရေးကြီးနေပါတယ်။
မျိုးဆက်သစ်တွေ၊ သားစဉ်မြေးဆက်တွေ စစ်အာဏာရှင် စနစ်ဆိုးအောက်က လွတ်မြောက်ဖို့၊ မြင့်မြတ်တဲ့သူတွေ၊ မှန်ကန်တဲ့သူတွေ၊ တရားမျှတမှုကို ချစ်မြတ်နိုးတဲ့သူတွေ နအဖရဲ့ အကျဉ်း ထောင်တွေထဲ ရောက်နေတာ လွတ်မြောက်ဖို့၊ ဒီမိုကရေစီ ဘက်တော်သားတွေ အားလုံးအနေနဲ့ တိုက်ပွဲပုံစံကို ပြောင်းဖို့ လိုအပ်ပါတယ်။
ဘုရားသားတွေ၊ ကျောင်းသားတွေဟာ အမြင့်မားဆုံး စိတ်ဓာတ်နဲ့ တိုက်ပွဲဝင်ခဲ့ကြ၊ တာဝန်ကျေပွန်ခဲ့ကြပြီးဖြစ်လို့ တိုက်ပွဲပုံစံပြောင်းကာ အားလုံး စည်းလုံးညီညွတ်စွာ ပြည်တွင်းပြည်ပ ဟန်ချက်ညီ လက်ချင်းချိတ်ကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါတယ်။
အပြည့်အစုံ ဖတ်ရန်
http://www.khitpyaing.org/articles/july_08/22-7-08_bohtetmin.php
အာချဲအိပ်မက် ပျက်မပျက်
ခေတ်ပြိုင် အယ်ဒီတာ့အာဘော်
အာချဲအိပ်မက် ပျက်မပျက်
နာဂစ်မုန်တိုင်းထိဒေသများကြောင့် မြန်မာနိုင်ငံ၌ ဆန်ပြတ်လပ်မှာ စိုးရိမ်စရာ မရှိကြောင်း စစ် အစိုးရက ကြေညာ၏။ သို့သော် လာမည့် သြဂုတ်၊ စက်တင်ဘာ၊ အောက်တိုဘာမှစ၍ ရန်ကုန်မှာ ဆန်ပြတ်လပ်ပြီး တပြည်လုံး လူမှုရေးအုံကြွမှုများ ဖြစ်လာနိုင်သည်ဟု ပကတိ စီးပွားရေး ကိန်း ဂဏန်းများကို အခြေပြုပြီး ခေတ်ပြိုင်က ထောက်ပြထား၏။
တဘက်ကလည်း သြဂုတ်၊ စက်တင်ဘာ၊ အောက်တိုဘာ၊ သုံးလအတွက် ဆန်ကို ဈေးမတင်ဘဲ ထိန်းရောင်းပေးရန် ရန်ကုန် ဒုတိယမြို့တော်ဝန် မောင်ပါက ရန်ကုန်ဘုရင့်နောင် ဆန်ကုန်သည် ကြီးများကို မကြာခင်က ကြိတ်ပြီး အမိန့်ထုတ်ထားပြန်၏။ ထိုအချက်က ဆန်ပြတ်လပ်မည့်ကိစ္စ စစ်အစိုးရ မည်မျှပူပန်နေသည်ကို ထင်ထင်ရှားရှား ပြနေ၏။ ဈေးကွက်ကို အမိန့်ဖြင့် ၀င်ရောက် စွက်ဖက်ခြင်းသည် စင်စစ် ဈေးကွက်စီးပွားရေးကို ဆန့်ကျင်ခြင်းဖြစ်၏။
ဒုတိယမြို့တော်ဝန် မောင်ပါ၏ အမိန့်ကြောင့် ဘုရင့်နောင် ဆန်ကုန်သည်ကြီးများ လုပ်စားရန် မဖြစ် တော့ဘဲ ဆန်ပွဲရုံများ ပိတ်ရမည့်ကိန်း ဆိုက်နေ၏။ လက်တွေ့အခြေအနေကို ကြည့်လျှင်လည်း စပါး ဈေးက အောက်မြန်မာနိုင်ငံတွင် တင်း (၁၀၀) ကို ကျပ် (၄) သိန်းဝန်းကျင်ထက် လျော့ခြင်းမရှိ။ ဆန်ဈေးကလည်း ထိပ်စဆန်ဈေးက တတင်းခွဲ တအိတ်ကို (၃၆,၀၀၀) ကျော်နေသည့်အတွက် ၂၀၀၆ ခုနှစ် ယခုအချိန် ဈေးထက် (၂) နှစ်အတွင်း (၁၂၅) ရာနှုန်း တက်လာ၏။
ကမ္ဘာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့(FAO) က ထုတ်ပြန်သည့် စာရင်းအရ မုန်တိုင်းဒဏ် ပြင်းပြင်းထန်ထန် ခံရသည့် ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း (၁၁) မြို့နယ်တွင် စပါးစိုက်နိုင်သည့် ဧကမှာ ထို (၁၁) မြို့နယ်ရှိ စုစုပေါင်း စိုက်ဧက၏ (၄၄) ရာနှုန်းသာရှိ၏။ ၂၀၀၈ မိုးစပါး စိုက်ရန် လိုသည့် မျိုးစပါးတန်ချိန်မှာ အဆိုပါ (၁၁) မြို့နယ်အတွက် တန်ချိန် (၃) ထောင်ကျော် လို၏။ အဆိုပါ (၁၁) မြို့နယ်၏ ခိုင်းကျွဲ၊ ခိုင်းနွား ဆုံးရှုံးမှုမှာ မုန်တိုင်းမတိုက်မီကာလ အရေအတွက်၏ (၃၄) ရာနှုန်းရှိ၏။
လက်တွေ့အခြေအနေကို ကြည့်လျှင် ဆားငန်ရေ၀င်သည့် ပြဿနာ၊ ခိုင်းကျွဲ၊ ခိုင်းနွား မလုံလောက် သည့်ပြဿနာ၊ လယ်လုပ်သား ရှားပါးသည့်ပြဿနာ စသည်တို့ကြောင့် (၄၄) ရာနှုန်းပြည့်အောင် ပြန်စိုက်နိုင်ရန်မလွယ်။ လိုအပ်သည့် မျိုးစပါးလည်း အပြည့်အ၀ မရသည့်ပြင် မိုးစပါးစိုက်ချိန်လည်း လွန်နေပြီဖြစ်၏။
မိုးစပါးအထွက်ကို မျှော်ကိုး၍ မရသည့်အခြေအနေတွင် ကုန်သည်ကို စစ်အစိုးရက ဓားကြိမ်းကြိမ်း ပြီး လာမည့် သြဂုတ်၊ စက်တင်ဘာ၊ အောက်တိုဘာအတွက် ဆန်ဈေးထိန်းရန်ဆိုသည်မှာ ရယ်စရာ ဖြစ်နေ၏။ မြန်မာစစ်အစိုးရ ကြိတ်ပြီး ချောက်ချားနေသည်မှာ ပေါ်လွင်၏။






Photo – Nicknayman, AljaeeraMizzima, AFP and IHT.






