Archive for the ‘မှတ်သားစရာ’ Category
လှဒါနီ ပြောချင်သေးတယ်
မဇ္ဈိမ
လှဒါနီ
သောကြာနေ့၊ ဇန်နဝါရီလ 23 2009 19:08 – မြန်မာစံတော်ချိန်
”ခင်ခင်ရဲ့ မာလာပန်းလွှာမှာ၊ ရွှေတံချူနဲ့ ချူပုံဆန်းတာ၊ ပျို့အသည်းကျွမ်းလောက်စရာ၊ မောင့်မေတ္တာရေဖျန်းတာ”
ကိုယ်ပိုင်မေတ္တာ (၁၉၃၉)
ဒေါ်မေရှင်နှယ့်ရှင်၊ နားရှက်စရာ ဒီလိုသီချင်းတွေ ဘယ့်နှယ့်ကြောင့်များ ဆိုသွားတာပါလိမ့်။ ဒါနဲ့များ သူ့ကို ဣနြေ္ဒရှင်လေးဘာလေးနဲ့ ၀ိုင်းချီးမွမ်းနေကြတဲ့ လူတွေများ ခက်ပါဘိ။
ဟဲဟဲ့  အဲဒီလိုများ ဆိုလိုက်ရင် ဟဟ… ဒီမိန်းမက တော်တော်ကို လျှာသရမ်းပါလား။ အုတ်ဂူထဲက အနုပညာရှင်ကြီးကိုတောင်မှ သွားပုပ်လေလွင့် ပြောနေတယ်လို့ အောက်မေ့ကြပါလိမ့်မယ်။ မဟုတ်ပါဘူးရှင်။ အကြောင်းက ဒီလိုပါ။ မေရှင်နဲ့ ပြည်လှဖေကြီးတို့ ဆိုကြတဲ့ ဂန္ထ၀င်အချစ်သီချင်း ‘ချစ်ဗျူဟာ’ ကို ညစ်ညမ်းတယ်လို့ ဆိုနေကြလို့ပါ။
မြန်မာပြည်က ဂျာနယ်လစ်တွေက ဟစ်ဟော့အဆိုတော် ဂျောက်ဂျက်ရဲ့ သီချင်းတွေကို ညစ်ညမ်းတယ်ဆိုပြီး ဝေဖန်မိလို့တဲ့ရှင့်။ အဲဒါကို အနောက်ကျွန်းကြီးမှာ ပညာတော်သင်နေတဲ့ တော်လှန်ရေးသမား သတင်းစာဆရာကြီးက ကလေးတွေကို လွတ်လပ်ခွင့်ပေးကြပါ၊ ဒါ ဒီမိုကရေစီပဲ၊ ဒါမျိုးမကြိုက်ရင် ဖဲမွေ့ယာသီချင်းတွေ နားထောင် ဆိုလို့ပါ။ရိုင်းလို့ ရိုင်းတယ် ပြောမိတာပဲရှင်။ ကျမတို့ကို ရှေးရိုးစွဲ၊ အာဏာရှင်နောက်မြီးဆွဲ၊ အန်တီ (anti-) ဒီမိုခွတုပ်၊ ဗုဒ္ဓမျိုးချစ် (Buddhist Nationalist) ဘွဲ့တွေကို စုံနေတာပဲ နှင်းလိုက်ကြတာ။
ပြောလို့ပြောတာ မဟုတ်ဘူးရှင့်။ ကျမတို့ တော်လှန်ရေးသမားကြီးတွေက သိပ်ချစ်စရာကောင်းတာ။ ဇတ်ဇတ်ကြဲတွေ။ မထင်ရင် မထင်သလို စကားလုံးကြီးတွေနဲ့ လူတွေကို အသေဆော်တော့တာ။
မြင်မြင်ရာကို သူတို့သိတဲ့ နိုင်ငံရေးပုံစံခွက်ကြီးထဲ ထည့်ဖျော်တော့တာပဲ။ ပုံးရည်ကြီးမစ်ရှိတ်ပေါ့ရှင်။ ချော့ကလက်နဲ့ ကာလာမတူဘူးလား။
ကျမလား? ။ ဘာမော်ကွန်းဝင်မှ မဟုတ်ရပေါင်ရှင်။ ဗမာဘုရင်ခေတ်ကတည်းက ခုထက်ထိ ကောင်းစား၊ အဲလေ ဟုတ်ပါဘူး။ နာမည်တလုံးနဲ့နေတဲ့ မျက်နှာကြီးမျိုးရိုးထဲကပေါ့။ ကျမတို့ ဦးလေးဦးကြီးတွေထဲမှာ အနီးနေ အဝေးရောက် သူပုန်သူကန်တွေလည်းပါ၊ ၀န်ကြီးမှူးကြီး၊ တံတိုင်းကြီးတွေလည်း ပေါသပ။ ကျမကတော့ အားလုံးကို အမျိုးလိုပဲ အောက်မေ့ပါတယ်။ ရတဲ့ဘက်က လှည့်အခွင့်အရေးယူ… ဟုတ်သေးဘူး။ ဒီလိုပဲ နားလည် သည်းခံရတာပေါ့ရှင့်။ ဆွေဆွေမျိုးမျိုးဆိုတာ ပြတ်စကောင်းတာမှ မဟုတ်ဘဲ။
ကျမတို့လည်း တိုင်းပြည်ချစ်တတ်တာပေါ့ ရှင့်။ ဒေါ်လာ မစားဘဲ ချစ်ပြစမ်းပရစေလား။ တကယ်ပါ အဟုတ်ဘုရားရှူး။
တိုင်းပြည်အတွက်လည်း နိုင်သလောက်လုပ်ပါတယ်ရှင်။ မနိုင်တော့လည်း ချထားလိုက်တာပေါ့။ ဟုတ်ဘူးလား။ အပြင်ကနေ အာပြဲ လျှာပြဲနဲ့ အော်နေတဲ့ ကိုယ်တော်မြတ်တွေကော ဘာများအားကိုးရလို့တုံး။ အနှစ် ၂၀ကျော်မှတော့ မောင်ဘုန်းတို့ ကို သဇင်ဂမုန်းက မမျှော်တော့ပါဘူးရှင်။
သူများတွေလိုလည်း ကမ္ဘာလှည့် တင်တင်စိန် မလုပ်ဖူးပါဘူး။ ယေးလ်နဲ့ ထားဝယ် သွားဖို့ ဝေး၊ ကားမစီးနိုင်လို့် မန်းရွှေမြို့ကြီးကိုတောင် မရောက်တာ ကြာပြီရော။ ဒီတော့ ကျမ သိတဲ့ ဖြုတ်ဦးနှောက်လေးနဲ့ပဲ အစီရင်ခံပါရစေ။
ကျမတို့သိတဲ့ သတင်းစာ၊ ဂျာနယ်ဆိုတာ ပြည်ကြီးပုခုံး၊ ပြည်ကြီးမျက်လုံးဆိုတဲ့ လူထုဦးစိန်ဝင်း ပြောတာမျိုးလို့ပဲ အောက်မေ့တာပါ။ တိုင်းပြည်မှာ မတော်မတဲ့တာတွေ့ရင် ပဲ့ပြင်ဝေဖန်ပေးဖို့ မဟုတ်ဘူးလားရှင့်။
ဒီတော့ လူတွေပြောနေကြတဲ့ Biweekly ထဲက ဆောင်းပါးဆိုတာ ရှာဖတ်ကြည့်ပါတယ်။ သူတို့ကတော့ နားရှက်စရာ ဖရုဿဝါစာတွေကို သီချင်းလုပ်ဆိုနေတဲ့အတွက် လူ့အသိုင်းအ၀ိုင်းမှာ ဘယ်လိုဆိုးကျိုးတွေ ရှိတယ်ဆိုတာ၊ ဒီလို သီချင်းတွေကို သီဆိုရောင်းချထွက်ဆိုတဲ့ သူတွေကို ဘယ်လိုဥပဒေနဲ့ အရေးယူလို့ရတယ်ဆိုတာ ရေးထားတာပါပဲ။
အာဏာပိုင်နဲ့ အဆိုတော်လေးတွေကို ဘာမှ လှည့်တိုက်ပေးတာမျိုးတွေကို မတွေ့မိပေါင်ရှင်။ ဒါပေသိ ဥပဒေ ဥပဒက်စကားတွေ တွေ့ရတော့ ယားကျိကျိတော့ နိုင်သပေါ့။ ဖြစ်ကတတ်ဆန်း တိုင်းပြည်ကြီးမှာ ဥပဒေကို မျှော့ကြိုးလို လိုရာဆွဲပြီး တစ်တီတူး တရားရှင်ကြီးတွေက စစ်မှာလောက်တော့ မြန်မာတွေက ရီတာပေါ့ရှင်။
ရေးသင့်တာက ဒီလိုသီချင်းမျိုးကို ကလေးတွေကြားအောင် မဖွင့်ကြနဲ့။ အလှူမင်္ဂလာဆောင်မှာ အော်လံနဲ့ မလွှင့်နဲ့။ နားကျပ်နဲ့ နားထောင်ကြပေါ့။ ဘကြီးနုခေတ်က အမဲသားကို တိုးတိုးသား ခေါ်သလို တိုးတိုးသီချင်းပေါ့။ အခုခေတ် နိုင်ငံရေးသီချင်း နားထောင်သလို၊ ဟုတ်လား။
ဒီလို ဂျာနယ်ထဲထုတ်ရေးရတယ်ဆိုကတည်းက တော်တော့ကို ခွေးလှေးပျားတော ပျံ့နေလွန်းလို့ နေမှာပါ။ အစိုးရကိုယ်နှိုက်က သိသိကြီးနဲ့ လူတွေကို ကာမလမ်းလွှဲလုပ်ပေးထားတယ်လို့ မြင်တယ်ရှင့်။ ကလေးလေးတွေ ပညာရစေဖို့ အမိအဖရဲ့ ပုံသွင်ပေါ့ရှင်။ ဗိုလ်ချုပ်ကြီးများရဲ့ ရွှေမေတ္တာ။
စစ်ဗိုလ်တွေက တိုင်းပြည်ကို ဒီလို ဖျက်နေကြတာကို အပြင်က ဒီမိုကရေစီ ကြက်ဖကြီးများကလည်း လွတ်လပ်စွာ ဖော်ပြခွင့်တွေ၊ ပိတ်ပင်မှု အလိုမရှိတွေနဲ့ မီးလောင်ရာ gas အိုးဖွင့်လုပ်နေကြသေး။ မေးစမ်းပါရစေ၊ စကားမစပ်။ ရှင်တို့ အမေဒိကန်ပြည်၊ ဘိလပ်ပြည်တွေမှာကော လုံးဝဥဿုံ လွတ်လပ်ခွင့်ရှိတယ်လို့ အာမခံသလားတော့။ ရှင်တို့တိုင်းပြည်မှာ ကွန်မြူနစ်အကြောင်း၊ ဖက်ဆစ်ကောင်းကြောင်း မီဒီယာတွေမှာ ထည့်ရဲလို့လား။ အရင်းရှင်ကြီးတွေနဲ့ ပြည်သူ့လွတ်လပ်ခွင့် သမားတွေအကြား လွန်ခဲ့တဲ့ နှစ် ၄၀ မာတင်လူသာကင်းတို့ခေတ်ထိ ဘယ်လိုတိုက်ပွဲဝင်ခဲ့ရတယ်ဆိုတာ မေ့မပစ်လိုက်ကြပါနဲ့အုံး။
လွတ်လပ်စွာ ကွဲလွဲခွင့်ကို ယုံကြည်ပေမယ့် လွတ်လပ်စွာ ဖော်ထုတ်ခွင့်ဆိုပြီး လမ်းပေါ် ချွတ်သွားနေရင် မခက်ဘူးလား။ အကြွင်းမဲ့ လွတ်လပ်မှုဆိုတာ ဘယ်တိုင်းပြည်မှ မရှိပါဘူး။
ဒီလိုပဲ သူတို့တိုင်းပြည်တွေမှာ ရိုးရာယဉ်ကျေးမှု အထိန်းအကွပ်တွေ ခေတ်ပြောင်းလာတာနဲ့အမျှ ဘယ်လိုပြောင်းလဲ ပျက်စီးကုန်တယ်ဆိုတာ ရောက်ဖူးပေါက်ဖူးတဲ့ ဗမာတွေ ဟိုရှေးကတည်းက ရေးခဲ့ပြီးသားပဲ။
ကျမတို့ အမျိုးသားတိုင်းပြည်ကြီးမှာ အခုမှ လှည်းခေတ်လှေခေတ်၊ သက်ဦးဆံပိုင်ခေတ်ပါရှင်။ နေပြည်တော်မှာ ရာဇဌာနီလမ်းမကြီးနဲ့ ဆိုသဟာမျိုးပေါ့်။ ဒီမိုကရေစီတို့၊ လူ့အခွင့်အရေးတို့ဆိုတာ ရေဒီယိုထဲမှာသာ ရှိတာပါ။ ဆေးစာရှိရာ ဖတ်ပါလေ။ ရောဂါပျောက်နိုးနိုးဆိုတာမျိုး မင်းလောင်း မျှော်တာနဲ့ပဲ မိုးကြီးချုပ်လှပါပြီ။ ဒီလို ခေတ်နောက်ကျတဲ့ တိုင်းပြည်ကို အနောက်ဖော်နည်းကားတွေနဲ့  အတင်းဇိကုပ်ပြီးနတ်ပြည်ပို့ ဖို့ ကြံနေကြတာ မခက်ဘူးလား။
တတိုင်းပြည်လုံး အဘက်ဘက်က ဆုတ်ယုတ်တဲ့အချိန်မှာ ပညာရေးနဲ့ ကိုယ်ကျင့်တရားဆိုတာကကော ဘာများ စွမ်းလို့လဲ။ အရင်ဆုံး ကျဆုံးတာပေါ့။ အနာဂတ်လမ်းပိတ်ပြီး ထွက်ပေါက်မဲ့နေတဲ့ ကလေးတွေရဲ့ အစာမကြေတာဟူသရွေ့ ကို ဂီတမှာ လာပေါက်ကွဲ၊ အများပြည်သူ အကြားမတော်တဲ့ သီချင်းတွေက ကလေးပေါက်စနတွေ ပါးစပ်ထဲရောက်။ ဒါတွေကိုသာ ဆက်ပြီး သာယာနေရင်၊ လျစ်လျှူရှုထားရင် မြန်မာပြည်နဲ့ လူမျိုးဆိုတာ အလေ့ကျပေါက်ပန်းတွေလိုပဲ ထင်ရာစိုင်းတွေ ဖြစ်ကုန်မှာပေါ့။ အရည်အသွေးရှိတဲ့ ကျောက်ရိုင်းလေးတွေလည်း ဂဲလုံးဖြစ်ကုန်မပေါ့။
ကျမလို ကလေးအမေ အအိုတောင်မှ နားမုဒိမ်းကျင့်ခံနေရတာ၊ အပျိုရွယ်လေးတွေဆို ဘယ့်နှယ့် လုပ်ပ။ ရှင်တို့ လို ရှစ်စပ်က ဂျင်ဂျင်လည်နေတဲ့ ယောင်္ကျားကြီးနားနဲ့  ပဲ အရာရာကို မကြည့်နဲ့ ရှင့်။ သတင်းသမားဆိုတာ ဘက်စုံဒေါင့်စုံအောင် မြင်တတ်မှပေါ့။
သခင်ကိုယ်တော်မှိုင်း ကစလို့ ခေတ်အဆက်ဆက် မြန်မာဂျာနယ်လစ်တွေဟာ မကောင်းရင်ဖယ်၊ ကောင်းရင်တွယ် ဆိုတဲ့ မူနဲ့ပဲ တိုင်းပြည်အတွက် ပေးဆပ်သွားကြလို့ တိုင်းပြည်ပြု ပုဂ္ဂိုလ်စာရင်းဝင်ကြတာပေါ့။ ရှင်တို့လိုသာ နားမထောင်ချင်ရင် ပိတ်ထားပေါ့ဆိုတဲ့ စိတ်မျိုးနဲ့သာဆိုရင် မြန်မာပြည်ဟာ ဗိုလ်ချုပ်ပြောတဲ့ တိုင်းပြည်ကြီး ဟို အရင် အနှစ်ငါးဆယ်တုန်းကတည်းက ဖြစ်နေမှာပေါ့။ ဒီသီချင်းတွေ နားထောင်ရင်း သွားလေသူ မေမေမာကြီး(လူထုဒေါ်အမာ) ကို အောက်မေ့လိုက်တာ။ သူ ရှိစေချင်စမ်းပါဘိ။ ရှင်တို့သီချင်းတွေများကြားရင် ဒေါ်အမာတောင် သေရွာက ပြန်ထလာလောက်ပါရဲ့။
ကျမတို့ကို အမြင်ကျဉ်းရှေးရိုးစွဲဆိုတော့ ရှင်တို့က ဇီးကွက်မျက်ပြူးတွေမို့လို့လား။ လာလာချေသေး။ ဒီဗုဒ္ဓမျိုးချစ်ဝါဒကြောင့် ရှင်တို့ ကျွန်တွင်းက လွတ်တာပေါ့။ မဟုတ်ရင် ရှင်တို့ တတွေ ချစ်တီးအဖေ ခေါ်နေရတာကြာပြီ မှတ်။ မလေးမှာ တရုတ်တွေ အုပ်စီးထားသလိုပေါ့။ အခု တရုတ်ကြီးကို မီးဖုတ်နေရတဲ့ စစ်အစိုးရကိုများ မျိုးချစ်တွေလို့ လူတွေက ထင်နေ မှတ်သလား။
ကျမတို့လည်း ငယ်ရာက ကြီးလာတာပါ။ ဂီတနဲ့ လူငယ်ဆိုတာ ခေတ်ရဲ့ ပုံရိပ်တွေမှန်း သိပါတယ်။ ဒါပေမဲ့ ညစ်ညမ်းဂီတ အလဇ္ဇီ ဒုဿီလ ကာမရာဂကို စပယ်ရှယ်ဆွတဲ့ ဟာမျိုးကိုတော့ လွတ်လပ်ခွင့်ဆိုတဲ့ ဆေးသကြားအုပ်ပြီး မသိကျိုးကျွံ မလုပ်သင့်ဘူးရှင်။ မဖြစ်သင့်တာတွေပါ။
သိုးဆောင်းပြည်မှာ အနေကြာတော့၊ အင်းလေ ဌာနီပြည်ကြီးကလည်း ဝေးသကိုး။ ရှင်တို့ရေးတဲ့ စာကို ဖတ်ပြီး လူငယ်တွေမှာ ဟီရိသြတပ္ပဆိုတာ ဘာမှန်း သိလာရအောင် ရေးနိုင်တယ်ဆိုရင် ရှင်တို့ပုံကို ဘောင်သွင်းပြီး ကျမ ကန်တော့ပါ့မယ်။ ဘယ့်နှယ့်တော် ပြည်တွင်းက ဂျာနယ်လစ်တွေမှာ ရတဲ့နည်းနဲ့ မတော်တာကို မတော်မှန်း၊ မှားတာကို မှားမှန်း ပြောတာပဲ။ ရှင်တို့က သူတို့ကို နေပြည်တော်နဲ့ ပေးစားတယ်။
ဒီသီချင်းဆိုးတွေကြောင့် အစကတည်းက လူငယ်တွေ ရဲ့ ဆန်းသစ်တီထွင်မှုတွေအပေါ် မနှစ်မြို့တဲ့ ရှေးရိုးစွဲတွေ၊ နအဖ အလိုတော်ရိတွေက ၀မ်းပန်းတသာနဲ့ မြေစမ်းခရမ်းပျိုး ယဉ်ကျေးမှုသစ်တွေကို ဖျက်ချိုးပိတ်ဆို့ကြလိမ့်မယ်။ ရှင်တို့က အဲဒီလို အားပေးအားမြှောက်လုပ်ရင် ကလေးတွေကို ပုဆိန်ရိုးလို့ သမုတ်ကြပါလိမ့်မယ်။
စာလည်းရှည်ပြီ။ စာရိတ္တမဏ္ဍိုင်ကြံ့ခိုင်စေရမည်ဆိုပြီး ကြုံးဝါးခဲ့တဲ့ ရှေးက ဂျာနယ်လစ် လက်ဟောင်းအဖိုးတန်ကြီးတွေကိုပဲ လွမ်းရပါသရှင့်။
လွန်တာရှိ ၀န္ဒာမိပါ။
ကျမ
လှဒါနီ
(မြန်မာ မျိုးချစ် ဒီမိုကရက်စစ်စစ်)
(အယ်ဒီတာမှတ်ချက်။ ။ စာရေးသူသည် သတင်းထောက်တဦးဖြစ်သည်။)
http://www.mizzimaburmese.com/edop/songpa/2316-2009-01-23-12-56-03.html
………….
မှတ်ချက်၊ မဇ္ဈိမသို့ ဝင်ရောက်ဖတ်ရှုရန် ခက်ခဲသူများအတွက် အပြည့်အစုံ ပြန်လည် ဖော်ပြခြင်း ဖြစ်ပါသည်။
“ဖြေကြည့်ပါ” မေးခွန်းနှင့် အဖြေ
ဖြေကြည့်ပါ
ပြည်သူသာ အမိ ပြည်သူသာ အဖ
ကိုဖိုးတရုတ်ရဲ့ ဘလော့ဂ် (စည်းလုံးခြင်းရဲ့အင်အား)မှ ကူးယူဖော်ပြသည်။
ပြည်သူသာ အမိ ပြည်သူသာ အဖ
ဆောင်းပါးရှင် – ဆရာဖုန်းမြင့်
………….ကျွန်တော်ထင်သည်၊ ဤ (၈) ရက်နေ့ည ကျွန်တော်တို့ ပြန်ချိန်အထိ ပြည်သူလူထုသည် စစ်တပ်ကို (တပ်မ ၂၂ မှလွဲ၍) ခါးခါးသီးသီး မမုန်းသေး၊ ဘာကြောင့်လဲဆိုတော့ ပြည်သူလူထုကြီးသည် တပ်မတော်သားများကို အားကိုးကြောင်း၊ သူတို့နဲ့ ပူးပေါင်းရန် လိုလားကြောင်း၊ သူတို့၏ အပြုအမူများကို မျက်ဝါးထင်ထင် မြင်လိုက်ရသောကြောင့်ပင် ဖြစ်သည်။ “ပြည်သူ့ တပ်မတော် ဒို့တပ်မတော်”၊ “တပ်မတော်နှင့် ပြည်သူ ပူးပေါင်းရေး ဒို့အရေး၊ ဒို့အရေး” ၊ “တပ်မတော်သားများ ကျန်းမာကြပါစေ”၊ စသဖြင့် အော်ဟစ် ကြွေးကြော်ရင်း လက်ခုပ်သြဘာပေးကာ လက်များကို အားရပါးရ ဝှေ့ရမ်းပြကြသည်။
အချို့ဆိုလျှင် ကျွန်တော်တို့ အပြန်လမ်းကို တမင်စောင့်နေကာ အကအခုန်များဖြင့် ကြိုဆိုကြသည်။ အချို့ဆိုလျှင် ပန်းကုန်းများဖြင့် ပစ်ပေါက်ကြသည်။ ကျွန်တော်တို့လည်း ပြန်၍ လက်များ ဝှေ့ရမ်းပြသည်။ (ကျွန်တော်တို့ ကားများတွင် အရာရှိများ လုံးဝမရှိပါ။) သို့သော် လက်များကို လွတ်လွတ်လပ်လပ် အပြင်ထုတ်မပြနိုင်ခဲ့၊ ဂျင်ဂလိအန္တရာယ်ကြောင့် ကားမှန်ပြူတင်းပေါက်များကို ပိတ်ထားရမည် ဟူသော အမိန့်ကြောင့် ဖြစ်သည်။ ကျွန်တော်တို့ နေထိုင်ရာ ပြုပြင် ထိန်းသိမ်းရေး လေတပ်စခန်းသို့ ရောက်သောအခါ အဆောင်နေ ရဲဘော်များက မြို့တွင်းအခြေအနေကို လာရောက် မေးမြန်းကြသည်။ ည(၁၁) နာရီခန့်တွင် လျှို့ ဝှက်ဆွေးနွေးမှုများ ပြုလုပ်ကာ ကျောင်းသားများနှင့် ဆက်သွယ်ပြီး လှုပ်ရှားမှုများ ပြုလုပ်ရန်နှင့် အခွင့်ကြုံလျှင် ကြုံသလို လူထုအတွင်း ပါဝင်ရန် ဆုံးဖြတ်ကြသည်။
နောက်တနေ့ ရုံးအတက်တွင် သတင်းဆိုးများကို ကြားရတော့သည်။ (၈) ရက်နေ့ည (၁၁) နာရီ နှင့် (၁၃) နာရီကြားတွင် ဗိုလ်နေ၀င်း၏ လက်မရွံ့ အာဏာသားများက မြို့တော်ခန်းမအနီး ဆန္ဒပြသူ လူအုပ်အတွင်းသို့ မောင်းပြန် ဂျီးသရီး၊ ဂျီဖိုး များဖြင့် ရက်ရက်စက်စက် ပစ်ခတ်သတ်ဖြတ်ခြင်း သတင်းပင်။
ကျွန်တော်တို့ တရုံးလုံး (မဆလ ဒေါက်တိုင်များမှလွဲ၍) စိတ်ထိခိုက်စွာ ခံစားကြရသည်။ အခြားအဆင့် စစ်သည် other rank များမှအစ အရာရှိကြီးများပင် စစ်တပ်၏လူမဆန်မှုများကို ပစ်ပစ်ခါခါ ဆဲဆိုပြစ်တင် ဝေဖန်ရှုံချကြသည်။ ရုံးပတ်ဝန်းကျင် ဘယ်နေရာဘဲ သွားလိုက်သွားလိုက် ဤအသံများကိုသာ ကြားရသည်။ (ဤအချိန်က ထောက်လှမ်းရေး သူလျှိုများ စိမ့်မ၀င်သေး၊ လွတ်လပ်စွာ ပြောဆိုနိုင်သည်။)၊
(၈) ရက်နေ့ ညက ကျွန်တော်တို့ကို လှိုက်လှဲစွာ ကြိုဆိုလက်ကမ်းလာသော ပြည်သူလူထုကြီး တရပ်လုံးသည် (၉)ရက် နေ့တွင် စစ်သားဆိုလျှင် အသံကိုပင် မကြားချင်လောက်အောင် အမုန်းကြီးမုန်း၊ အရွံကြီး ရွံသွားကြလေပြီ။ ….
အစအဆုံး ဖတ်ရှုရန် -
အပိုင်း (၁) – http://photayokeking.blogspot.com/2008/08/blog-post_04.html
အပိုင်း (၂) – http://photayokeking.blogspot.com/2008/08/blog-post_03.html
ဗိုလ်မှူးအောင်လင်းထွဋ် ပြောပြတဲ့ ခရစ်စ်တီးကျွန်း လူသတ်မှု
ကိုဖိုးတရုတ်ရဲ့ စည်းလုံးခြင်းရဲ့အင်အား ဘလော့ဂ်မှ ကူးယူဖော်ပြလိုက်ပါတယ်။
ဗိုလ်မှူးအောင်လင်းထွဋ် ယနေ့ ထပ်မံ ပြောပြတဲ့ နအဖရဲ့  ရက်စက်ယုတ်မာမှု
အမေရိကန် နိုင်ငံဆိုင်ရာ မြန်မာသံရုံး ယာယီတာဝန်ခံနဲ့ တပ်မတော် ထောက်လှမ်းရေးမှူးချုပ်ရုံး လှမ်း(၁) မှာ စစ်ဦးစီးမှူး ဒုတိယတန်းတာဝန်ထမ်းဆောင်ခဲ့တဲ့ ဗိုလ်မှူးအောင်လင်းထွဋ်က ဒီဗွီဘီ ဌာနနဲ့ အင်တာဗျူး လုပ်ခဲ့တဲ့ ဗွီဒီယိုကို အမေရိကန်နိုင်ငံ ၀ါရှင်တန်မှ ကျွန်တော့်ထံ ယနေ့ထပ်မံပေးပို့လာပါတယ်။ ဒီဗွီဒီယိုမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ အတွင်းစိတ်နဲ့ သဘောထား ဖောက်ပြန်မှု၊ တိုင်းရင်းသား လက်နက်ကိုင်တွေ အပေါ်မှာ တပြေးညီ မဆက်ဆံဘဲ အထူးသဖြင့် KNU ကို ခွဲခြားဆက်ဆံပုံ၊ ဗိုလ်ချုပ်ခင်ညွှန့်အား အာဏာရှင်ကို ယှဉ်ပြိုင်သူ၊ အာဏာလုမဲ့သူ ဟု အထင်အမြင် လွဲကာ နှိပ်ကွပ်ဆောင်ရွက်ပုံတွေနဲ့ ပတ်သက်ပြီး ပြောပြထားပါတယ်။ ယခုလိုပေးပို့လာတဲ့ ဗိုလ်မှူးအောင်လင်းထွဋ်ကို ကျွန်တော် ကိုဖိုးတရုတ်မှ အထူးကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင်အပ်ပါတယ်။
Blog link : http://photayokeking.blogspot.com/
ဗိုလ်ချုပ်အောင်ဆန်း၏ ကိုယ်တိုင်ရေး ဘဝဇာတ်ကြောင်း
ဆက်လက်ဖတ်ရှုရန် (စုစုပေါင်း စာမျက်နှာ ၂၅ မျက်နှာ)
Download : self-biography-of-bogyoke-aung-san
မောင်ရိုးသား ပေးပို့သော email မှ ရရှိသည်။
ဗိုလ်မှူးအောင်လင်းထွဋ် ပြောပြတဲ့ နအဖအတွင်းရေး
ကိုဖိုးတရုတ်ရဲ့ စည်းလုံးခြင်းရဲ့အင်အား ဘလော့ဂ်မှ ကူးယူဖော်ပြလိုက်ပါတယ်။
ဗိုလ်မှူးအောင်လင်းထွဋ် ပြောပြတဲ့ နအဖအတွင်းရေး
စာဖတ်သူများခင်ဗျား -
အမေရိကန် နိုင်ငံဆိုင်ရာ မြန်မာသံရုံး ယာယီတာဝန်ခံနဲ့ တပ်မတော် ထောက်လှမ်းရေးမှူးချုပ်ရုံး လှမ်း(၁) မှာ စစ်ဦးစီးမှူး ဒုတိယတန်းတာဝန်ထမ်းဆောင်ခဲ့တဲ့ ဗိုလ်မှူးအောင်လင်းထွဋ်က ဒီဗွီဘီ ဌာနနဲ့ အင်တာဗျူး လုပ်ခဲ့တဲ့ ဗွီဒီယိုကို အမေရိကန်နိုင်ငံ ၀ါရှင်တန်မှ ကျွန်တော်ထံ ပေးပို့လာပါတယ်။ ဤ ဗွီဒီယိုမှာ ဒီပဲယင်း ကိစ္စနဲ့ပတ်သက်ပြီး ဗိုလ်သန်းရွှေနဲ့ ဗိုလ်ခင်ညွှန့် သဘောထားကွဲလွဲပုံတွေ၊ ဗိုလ်ခင်ညွှန့်က အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ဗိုလ်သန်းရွှေအား ကြိုတင်သတင်း မပို့ဘဲ ရာဇာလီကို ရန်ကုန်သို့ ခေါ်ယူပုံတွေ၊ ဗိုလ်ခင်ညွှန့်အား ဗိုလ်သန်းရွှေက အာဏာထိန်းချုပ်လာပုံတွေ၊ အမျိုးသားညီလာခံစတင်ပါက ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်မဲ့အစီအစဉ်တွေကို ခရေစေ့တွင်းကျ တင်ပြထားပါတယ်။ ကျွန်တော့်ကို ယခုလိုပေးပို့လာတဲ့ ဗိုလ်မှူးအောင်လင်းထွဋ်ကို ကျွန်တော် ကိုဖိုးတရုတ်မှ အထူးကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင်အပ်ပါတယ်။
Post link :http://photayokeking.blogspot.com/2008/07/blog-post_25.html
Blog link : http://photayokeking.blogspot.com/
တိုင်းပြည်နဲ့ လူမျိုးကို ချစ်တဲ့ မြန်မာစစ်သည်တိုင်းက စံနမူနာ ထားအပ်တဲ့ ဗိုလ်ချုပ်အောင်ဆန်း
download file: martyer_s_day
နွေဗေဒါ ရေးသော “မော်ကွန်းလည်း ထိုးလောက်တယ်..မြင့်မြတ်တဲ့..ဗိုလ်အောင်ဆန်းရယ်” ဆောင်းပါးကို မူရင်းဖော်ပြထားသည့် ဇစ်မြစ်အား လောလောဆယ် မသိရသေးပါ။ သိသိချင်း ဖော်ပြပေးပါမည်။ ဆောင်းပါးရှင်နှင့်တကွ သိသူများရှိလျှင်လည်း အကြောင်းကြားစေလိုပါသည်။
ဆက်သွယ်ရန်မှာ – 2007jals@gmail.com
နအဖ ခေါင်းဆောင်များကို စစ်ရာဇဝတ်မှုဖြင့် နိုင်ငံတကာခုံရုံးတင်နိုင် (DVB အင်တာဗျူး)

စစ်ကိုင်း ပြတ်ရွေ့ကြောကြောင့် ငလျင်ဘေး စိုးရိမ်ဖွယ်ရှိ – ကြိုတင်ပြင်ဆင်ရန် လိုအပ်
ဒီဗီဘီ- မြန်မာ
၁၁ ဇူလိုင် ၂ဝဝ၈

http://burmese.dvb.no/news.php?id=5055
………………………………………………………………………………………………………………..
According to GSHAP data, Myanmar (Burma) lies in a region with high to very high seismic hazard that increases steadily to the north in the Kachin state and Sagaing Division. Earthquakes in the M7.0-8.0 range have been experienced along the Sagaing fault system that runs in a north-south direction. Earthquakes with intermediate foci occur along the borders with India and Bangladesh. The lowest hazard in Myanmar is in the south of the country in the Tanintharyi division. This map can be reproduced in print or electronically for non-commercial use provided the embedded website link is not removed.
Original page Updated: 03 Mar 2008
http://asc-india.org/maps/hazard/haz-myanmar.htm
………………………………………………………………………………………………………………..
Sagaing fault can be seen as a red line in pictures above and below)
Figure 2. Sismicité en Birmanie, à partir du catalogue USGS. On voit clairement le séisme de 1956 à coté de Mandalay, et … presque rien depuis dans la région. Plus au Sud et plus au Nord, la sismicité est bien marquée sur la trace de la faille.
















