ဒီမိုကရေစီ ကျင့်ဝတ်တွေကို လိုက်နာကျင့်သုံးဖို့ လိုပြီ
မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ဖြစ်ထွန်းအောင် နည်းမျိုးစုံနဲ့ လုပ်နေကြတာ အားလုံးအသိပါ။ တဦးနဲ့တဦး တဖွဲ့နဲ့တဖွဲ့ မတူကွဲပြားတဲ့ အမြင်တွေကို ဒီမိုကရေစီ ရှုထောင့်က လက်မခံတတ်ပဲ လုပ်ဆောင်နေကြလို့ မဖြစ်သင့်တဲ့ ကိစ္စတွေ ဖြစ်နေရတာပါ။ ဘာပဲဖြစ်ဖြစ် မြန်မာနိုင်ငံဟာ အနှေးနဲ့အမြန် ဆိုသလို စစ်မှန်တဲ့ ဒီမိုကရေစီ (ဒါမှမဟုတ်) ဒီမိုကရေစီအတုကို ခံစားရလာတော့မှာ ဖြစ်ပါတယ်။
ဒီမိုကရေစီကို အစစ်အမှန်ကျင့်သုံးတဲ့ နိုင်ငံဆိုရင် အစိုးရကရော ပြည်သူတွေကပါ ဒီမိုကရေစီကျင့်ဝတ်ကို မဖြစ်မနေ လိုက်နာရပါတယ်။ ဒီမိုကရေစီ ကျင့်ဝတ်ကို မလိုက်နာဘူးဆိုရင် ဒီမိုကရေစီကို ဖျက်ဆီးသူ၊ ကိုယ်ကျိုးစီးပွားကိုသာ ရှေ့တန်းတင်ပြီး အများပြည်သူ အကျိုးစီးပွားကို ထိခိုက်အောင်လုပ်သူ ဖြစ်သွားပါတယ်။ ထပ်ပြောရရင် အဲဒီလို လူစားမျိုးဟာ ဒီမိုကရေစီကို နားမလည်သူ ပါဘဲ။
ကျနော်ရေးလက်စထဲက စာတပိုဒ်ကို ဒီနေရာမှာ ကြုံလို့ ဖော်ပြလိုက်ပါတယ်။
“ပြည်သူလူထုမှာ သတင်းအချက်အလက်များကို သိရှိနေသင့်သည်။ သို့သော် သတင်းအချက်အလက်များကို ဖော်ထုတ်သူတို့၌ လူထုထံ မပေါက်ကြားအောင် လျှို့ဝှက်ရမည့် ကျင့်ဝတ်လည်း ရှိသည်။ ဥပမာ- လိင်ဆက်ဆံဖျော်ဖြေရာ စီးပွားရေးလုပ်ငန်း တခု၌ အသုံးချခံနေရသည့် အသက်(၁၈)နှစ်အောက် ကလေးငယ်တဦးအား ရဲက ကယ်ဆယ်လိုက်သော သတင်းကို လူထုသိအောင် ဖော်ပြရမည် ဖြစ်သည်။ သို့သော် ထိုသတင်းတွင် ထိုကလေး၏ ရုပ်ပုံ၊ နာမည်၊ လိပ်စာနှင့်တကွ ကိုယ်ရေးကိုယ်တာများကို မီဒီယာကျင့်ဝတ်အရ လျှို့ဝှက်ထားရမည် ဖြစ်သည်။ တချိန်တည်းမှာပင် သတင်း အချက်အလက်များကို အမှန်တရားဘက်မှ ရပ်တည်ကာ အမြဲတမ်း ပွင့်လင်းစွာဖြင့် ရေးသားပြောဆို ဖော်ထုတ်ရဲမှုများလည်း ရှိနေရပါမည်။”
မိမိရဲ့ကိုယ်ကျိုးဆန္ဒတခုကြောင့် အခြားသူတွေ ထိခိုက်နစ်နာသွားမလား ဆိုတာ ကြိုတင်စဉ်းစားတတ်တဲ့ အလေ့အကျင့်တွေ ရှိထားဖို့ လိုနေပါပြီ။ အခြားသူတွေ ထိခိုက်နစ်နာဖို့ ရှိမယ်ဆိုရင် ဆင်ခြင်တတ်တဲ့ အလေ့အကျင့်လည်း ရှိနေဖို့ လိုအပ်နေပါပြီ။ မိမိလုပ်လိုက်တဲ့ ကိစ္စအတွက် မိမိမှာသာ တာဝန်ရှိပြီး တာဝန်ခံယူရဲတဲ့ အကျင့်စရိုက်ကောင်းတွေလည်း မွေးတတ်ဖို့ လိုနေပါပြီ။
မြန်မာပြည်သူတွေမှာ (အစိုးရလုပ်မယ့်သူတွေမှာပါ) ဒီမိုကရေစီ ကျင့်ဝတ်တွေ လိုက်နာတတ်အောင် ပညာပေးဖို့ အစီအစဉ်တွေ တိုးချဲ့လုပ်ဆောင်ရပါတော့မယ်။
ပို့စ်တင်တဲ့ <hein.heinhein@gmail.com> ကို ကျေးဇူးအထူးတင်ရှိပါတယ်။ hein နဲ့တကွ ကျန်သူတွေကလည်း ဒီလိုအဖြစ်မျိုးတွေ နောက်ထပ်ရှိလာရင် ဖော်ထုတ်ပေးကြပါ။
လွင်အောင်စိုး
……………………………
အခုလို ရေးဖြစ်သွားတဲ့အကြောင်းရင်းက ဒီလိုပါ။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
| from | |||
| reply-to | |||
| to | |||
| date | |||
| subject | |||
| mailing list | |||
| mailed-by | |||
| signed-by | |||
ဒီနေ့  forware mail တခ်ခုရောက်လာလို့ ဝင်ကြည့်လိုက်တယ်။ပို့ တဲ့လူကတော့ hlamyint06821352@gmail.com ပါ။ ခါတိုင်းဆိုမကြည့်မိပါပြီး။ ဒီနေ့ မှ စိတ်ကူးပေါက်လို့  ဖွင့်ကြည့်လိုက်တာ သူတစ်ပါးရဲ့  personal photo နဲ့  ရှုတ်ချထားတာတွေ့ ရတယ်။ ဒါလဲကျနော်စိတ်မ၀င်စားပါဘူး။
ရုတ်တရက်တွေ့ လိုက်ရတာတစ်ခုက အသက် ၈ နှစ်အရွယ်သာရှိသေးတဲ့ ကလေးတစ်ယောက်ပုံပါလာတယ်။
ကျနော်လဲ ဘာရည်ရွယ်ချက်နဲ့ ပို့ တာလဲဆိုပြီး လူတိုင်းသတိထားမိအောင် reply all လုပ်လိုက်တယ်။
အဲဒီမှာ Leon <kaung.99@gmail.com> ဆိုတဲ့တစ်ယောက်က ဘာပြန်ပြောလဲဆိုတော့ i dont care anything. not even about their children.
if u care so much, open an orphan house and raise the kids there.
ရှေ့ကနွားကဖြောင့်ဖြောင့်မသွား
i hope u heard about this proverb. i believe things will be the same to their generations. his daddy’s job is bitchy, the offspring will become the same.
so i dont care whoever says. i’m even happy to hear that.
ကလေးလုပ်တဲ့သူက အပြစ်ရှိနေရင်တော့ ကျနော်မပြောလိုပါဘူး
သို့ သော်ဘာမှမသိနားမလည်သေးတဲ့ ၈ နှစ်ပဲရှိသေးတဲ့ ကလေး ကို ခုလို ပြောဆိုချင်းကိုတော့ မြန်မာလူမျိုးတစ်ယောက်အနေနဲ့ မလုပ်သင့်ဘူးထင်ပါတယ်။
နိုင်ငံတကာမှာလဲ ဘယ်လူကောင်းကမှ ဒါမျိုးတွေလုပ်မယ်မထင်ပါဘူး။
ဒါလေးကို နမူနာယူပြီး အသိဥာဏ်မပြည့်ဝသေးတဲ့ ၁၀ နှစ်တောင်မရှိသေးတဲ့ ကလေးတွေကို စာနာသနားကြပါ လို့ ပဲ ကျနော်ပြောချင်ပါတယ်။
မကျေနပ်ရင်လဲ လူကြီးချင်းပဲ ကိုက်ကြပါ။ကလေးတွေကို ဆွဲမထည့်စေချင်ပါဘူး။
မိခင်တစ်ယောက်ထဲကနေ အရက်သမားမွေးနိုင်သလို၊ပညာတတ်တွေလဲ မွေးနိုင်ပါတယ်။
၁၀ နှစ်တောင် မပြည့်သေးတဲ့ကလေးကိုတော့ မတိုက်ခိုက်ကြပါနဲ့ ။
–~–~———~–~—-~————~——-~–~—-~
You received this message because you are subscribed to the Google Groups “MyanmarGTalkers (Gtalkအသုံးပြုသူမြန်မာများအဖွဲ့ )” group.
To post to this group, send email to myanmargtalkers@googlegroups.com
To unsubscribe from this group, send email to myanmargtalkers+unsubscribe@googlegroups.com
For more options, visit this group at http://groups.google.com/group/myanmargtalkers?hl=my
-~———-~—-~—-~—-~——~—-~——~–~—

