မူဆယ်-မန္တလေး ကားလမ်းပေါ်တွင် လွတ်လွတ်လပ်လပ် သွားခွင့်ရှိနေသော ကားအသင်း
ဟစ်တိုင် သတင်း
၂၀၀၈ ခုနှစ် စက်တင်ဘာလ ၂၇
မူဆယ် – မန္တလေး ကားလမ်းပေါ်တွင် ရမခ တိုင်းမှူး ဗိုလ်ချုပ် အောင်သန်းထွဋ်၏ ညီအရင်းဖြစ်သူ အငြိမ်းစား ဗိုလ်မှူး အောင်လင်းထွဋ် ဦးစီးတဲ့ ‘စိတ်ကြိုက်”အမည်ရှိ ခရီးသည် သယ်ယူပို့ဆောင်ရေး မော်တော်ယာဉ်အသင်းအား လမ်းကြောင်းတလျှောက် အစစ်အဆေးမရှိ သွားလာခွင့် ရရှိနေတယ်လို့ မူဆယ်-မန္တလေး ကားလမ်းယာဉ်မောင်း တဦးက ပြောပြပါတယ်။။
“ကျွန်တော့်အနေနဲ့က ထရပ်ကား အသေးစားလေးနဲ့ပေါ့ဗျာ။ စက်မှုဇုံက ထုတ်တဲ့ ကားလေးနဲ့ ကျွန်တော်က လားရှိုးနဲ့ မူဆယ်နဲ့ကို မုန့်ဖာတို့ ဘာတို့ပေါ့လေ။ အဓိကတော့ မုန့်ဖာပေါ့ဗျာ တရုတ်က စားကုန်သောက်ကုန်။ အဆင်းကိုတော့ တရုတ်မုန့်တွေ တင်တယ်။ အတက်ကိုတော့ ကျွန်တော်တို့က ခရီးသည်ပေါ့ဗျာ ပါဆင်ဂျာ ကိုဘဲ အဓိကထားပြီးတော့မှ။ ဒီ လားရှိုးကနေ မူဆယ်ကို အတက်အဆင်း ကျွန်တော်တို့က နေ့တိုင်း ရှိတာ။ ကျွန်တော့်လိုဘဲ ကား အစီးများများကတော့ ဒီဘက်လမ်းကြောမှာ ပြေးလွှားနေကြတာပေါ့ အစီး ၄၊ ဆယ်လောက်။
တချို့ကျတော့ စက်တင်ဘာ ပထမပတ်လောက်ပေါ့လေ ရက်စွဲတော့ အတိအကျ မသိဘူး။ ရုံးချုပ်ရဲ့ အမိန့်ဆိုပြီးတော့မှ သူက ကျွန်တော်တို့ ကားတွေကို တရားဝင် အတက်အဆင်းလုပ်ခွင့် မပေးတော့ဘူးပေါ့ဗျာ။ ကျွန်တော်တို့ကလည်း ကိုယ့်ရှိတဲ့ အရင်းအနှီးနဲ့ပဲ လုပ်စားကြရတာဆိုတော့ နဂိုကတော့ စပယ်ယာ။ ဒါရိုက်ဘာကော။ အုံနာကော ပြေပြေလည်လည် ပေါ့ဗျာ။ အခုကျတော့ တက်လို့မရတော့ ဘာလုပ်ငန်းလုပ်ရင် ကောင်းမလဲ ပေါ့ဗျာ အတိုင်းအတာတခုက အခုကျတော့ ကျွန်တော်တို့က အလုပ်လက်မဲ့ပေါ့။ ရမခ တိုင်းမှူး ဗိုလ်ချုပ် အောင်သန်းထွဋ်ရဲ့ ညီ အရင်းပေါ့လေ အငြိမ်းစား ဗိုလ်မှူး အောင်လင်းထွဋ်၊……..

သတင်းတွေကို အပြည့်အစုံ တင်ပေးပါရန်မေတ္တာရပ်ခံပါသည်
ဟစ်တိုင်၊voa၊mizzima….စတာတွေမှာဝင်ဖတ်ရန်အခက်အခဲရှိပါသည်
theintunaung
October 4, 2008 at 8:11 pm
မြန်မာပြည် စစ်အစိုးရ မှ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်စားခြင်း …..
မြန်မာပြည် စစ်အစိုးရ အကြီးအကဲများမှ တိုင်းစစ်ဋ္ဌာနချုပ်ပိုင်နယ်မြေ တစ်ခုအတွင်းတွင် စက်ရုံ ၊ အလုပ်ရုံ တည်ဆောက်ကာ တရားဝင်မှတ်ပုံတင်ထားခြင်းမရှိပဲ အိမ်နီးခြင်းနိုင်ငံများတွင် တွင်ကျယ်နေသော အနံ့ အသက်ပျောက် ဇီဝဆေး ပုံစံတူများကိုထုတ်လုပ်ပြီး တရားမ၀င်နည်းလမ်းဖြင့် စစ်အစိုးရ၏ အရှိန်အ၀ါသုံးကာ ပြည်နယ်၊တိုင်း၊ခရိုင် နေရာဒေသအနှံ့ တွင် ကျယ်ပြန့် စွာ ဖြန့် ဖြူးရောင်းချကာ စီးပွားဖြစ်လုပ်ကိုင်နေကြပါတယ်။
ရွှေတောင်ကြီး ရေဆိုးသန့် ဇီဝဖြည့် စွက်ရေ ထုတ်ကုန်လုပ်ငန်း အမည်ဖြင့်  အရှေ့ ပိုင်းတိုင်း စစ်ဋ္ဌာနချုပ်မှ ဦးစီးပြီး တရားဝင်မှတ်ပုံတင်ထားခြင်းမရှိပဲ အိမ်နီးခြင်းနိုင်ငံများတွင် တွင်ကျယ်နေသော အနံ့ အသက်ပျောက် ဇီဝဆေး ပုံစံတူများကို တောင်ကြီးမြို့ ကျောက်နီစခန်း အနီးတ၀ိုက်တွင် စက်ရုံ ၊ အလုပ်ရုံ တည်ဆောက်ကာ တိုင်းနှင့်ပြည်နယ်အသီးသီးတွင် နေရာလပ်မကျန် အင်တိုက်အားတိုက် ရောင်းချနေ ကြပါတယ်။
အချို့ ချို့ သော ပြည်နယ်နှင်တိုင်းများတွင် စစ်အစိုးရ၏ အရှိန်အ၀ါဖြင့် အပြည့်အ၀အသုံးချကာ လိုက်လံရောင်းချနေကြပါတယ်။
ထိုမျှမက မဟာရန်ကုန်မြို့ ကြီး၏ မြို့ လယ်ခေါင်နေရာတွင်ပင် တရားဝင်စီးပွားရေးအဖွဲ့ အစည်း ပုံစံဖြင့် ရုံးခန်းကြီးဖွင့်လှစ်ကာ တူညီဝတ်စုံများဖြင့် မြို့ နယ်၊ရပ်ကွက် အသီးသီးတွင် တရားဝင်စီးပွားရေး အသင်းအဖွဲ့  ပုံစံမျိုးဖြင့် ၀င်ရောက်ရောင်းချခြင်းများကို စစ်အစိုးရစီးပွားရေး အဖွဲ့ အစည်းကြီးမှတွင်ကျယ်စွာ လုပ်ကိုင်နေကြပါသည်။
မြန်မာပြည် စစ်အစိုးရမှ စစ်တပ်သည် ပြင်ပစီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ခွင့်မရှိဟု ချမှတ်ထားသော သူတို့ ၏ စည်းကမ်းကြီးများသည် ဟုတ်ပါသလော။ စစ်အစိုးရ အကြီးအကဲများကိုယ်နှိုက်ကပင် ပြင်ပ ကိုယ်ကျိုးစီးပွားရေးလုပ်ငန်း များကို တွင်ကျယ်စွာ လုပ်ကိုင်နေကြခြင်းများသည် သူတို့ ၏မူပင်လော …? သို့ မဟုတ် ၂၀၁၀ အမှီ အပီကြိတ်နေကြခြင်းလော …?
နိုင်ငံတော်အကြီးအကဲ လုပ်နေသူများကရော သိသည်လော၊ အခြားအဆင့်အကြီးအကဲများက လုပ်စားခြင်းပင်လော…လက်ဝါးရိုက်ထားခြင်းပေလော …လုပ်စားနေကြသည်ကတော့ ပေါ်ပေါ်တင်တင်ပင်။
jokermyanmar
October 24, 2009 at 12:24 pm