Save Burma

အာဏာရှင်စနစ် ကျဆုံးမှ တတိုင်းပြည်လုံး စစ်မှန်တဲ့ ဒီမိုကရေစီကို ခံစားရမယ်

ပြည်သူသာ အမိ ပြည်သူသာ အဖ

leave a comment »

ကိုဖိုးတရုတ်ရဲ့ ဘလော့ဂ် (စည်းလုံးခြင်းရဲ့အင်အား)မှ ကူးယူဖော်ပြသည်။

ပြည်သူသာ အမိ ပြည်သူသာ အဖ

ဆောင်းပါးရှင် – ဆရာဖုန်းမြင့်

………….ကျွန်တော်ထင်သည်၊ ဤ () ရက်နေ့ည ကျွန်တော်တို့ ပြန်ချိန်အထိ ပြည်သူလူထုသည် စစ်တပ်ကို (တပ်မ ၂၂ မှလွဲ၍) ခါးခါးသီးသီး မမုန်းသေး၊ ဘာကြောင့်လဲဆိုတော့ ပြည်သူလူထုကြီးသည် တပ်မတော်သားများကို အားကိုးကြောင်း၊ သူတို့နဲ့ ပူးပေါင်းရန် လိုလားကြောင်း၊ သူတို့၏ အပြုအမူများကို မျက်ဝါးထင်ထင် မြင်လိုက်ရသောကြောင့်ပင် ဖြစ်သည်။ “ပြည်သူ့ တပ်မတော် ဒို့တပ်မတော်”၊ “တပ်မတော်နှင့် ပြည်သူ ပူးပေါင်းရေး ဒို့အရေး၊ ဒို့အရေး” ၊ “တပ်မတော်သားများ ကျန်းမာကြပါစေ”၊ စသဖြင့် အော်ဟစ် ကြွေးကြော်ရင်း လက်ခုပ်သြဘာပေးကာ လက်များကို အားရပါးရ ဝှေ့ရမ်းပြကြသည်။

အချို့ဆိုလျှင် ကျွန်တော်တို့ အပြန်လမ်းကို တမင်စောင့်နေကာ အကအခုန်များဖြင့် ကြိုဆိုကြသည်။ အချို့ဆိုလျှင် ပန်းကုန်းများဖြင့် ပစ်ပေါက်ကြသည်။ ကျွန်တော်တို့လည်း ပြန်၍ လက်များ ဝှေ့ရမ်းပြသည်။ (ကျွန်တော်တို့ ကားများတွင် အရာရှိများ လုံးဝမရှိပါ။) သို့သော် လက်များကို လွတ်လွတ်လပ်လပ် အပြင်ထုတ်မပြနိုင်ခဲ့၊ ဂျင်ဂလိအန္တရာယ်ကြောင့် ကားမှန်ပြူတင်းပေါက်များကို ပိတ်ထားရမည် ဟူသော အမိန့်ကြောင့် ဖြစ်သည်။ ကျွန်တော်တို့ နေထိုင်ရာ ပြုပြင် ထိန်းသိမ်းရေး လေတပ်စခန်းသို့ ရောက်သောအခါ အဆောင်နေ ရဲဘော်များက မြို့တွင်းအခြေအနေကို လာရောက် မေးမြန်းကြသည်။ ည(၁၁) နာရီခန့်တွင် လျှို့ ဝှက်ဆွေးနွေးမှုများ ပြုလုပ်ကာ ကျောင်းသားများနှင့် ဆက်သွယ်ပြီး လှုပ်ရှားမှုများ ပြုလုပ်ရန်နှင့် အခွင့်ကြုံလျှင် ကြုံသလို လူထုအတွင်း ပါဝင်ရန် ဆုံးဖြတ်ကြသည်။

နောက်တနေ့ ရုံးအတက်တွင် သတင်းဆိုးများကို ကြားရတော့သည်။ () ရက်နေ့ည (၁၁) နာရီ နှင့် (၁၃) နာရီကြားတွင် ဗိုလ်နေ၀င်း၏ လက်မရွံ့ အာဏာသားများက မြို့တော်ခန်းမအနီး ဆန္ဒပြသူ လူအုပ်အတွင်းသို့ မောင်းပြန် ဂျီးသရီး၊ ဂျီဖိုး များဖြင့် ရက်ရက်စက်စက် ပစ်ခတ်သတ်ဖြတ်ခြင်း သတင်းပင်။

ကျွန်တော်တို့ တရုံးလုံး (မဆလ ဒေါက်တိုင်များမှလွဲ၍) စိတ်ထိခိုက်စွာ ခံစားကြရသည်။ အခြားအဆင့် စစ်သည် other rank များမှအစ အရာရှိကြီးများပင် စစ်တပ်၏လူမဆန်မှုများကို ပစ်ပစ်ခါခါ ဆဲဆိုပြစ်တင် ဝေဖန်ရှုံချကြသည်။ ရုံးပတ်ဝန်းကျင် ဘယ်နေရာဘဲ သွားလိုက်သွားလိုက် ဤအသံများကိုသာ ကြားရသည်။ (ဤအချိန်က ထောက်လှမ်းရေး သူလျှိုများ စိမ့်မ၀င်သေး၊ လွတ်လပ်စွာ ပြောဆိုနိုင်သည်။)

() ရက်နေ့ ညက ကျွန်တော်တို့ကို လှိုက်လှဲစွာ ကြိုဆိုလက်ကမ်းလာသော ပြည်သူလူထုကြီး တရပ်လုံးသည် ()ရက် နေ့တွင် စစ်သားဆိုလျှင် အသံကိုပင် မကြားချင်လောက်အောင် အမုန်းကြီးမုန်း၊ အရွံကြီး ရွံသွားကြလေပြီ။ ….

အစအဆုံး ဖတ်ရှုရန် -

အပိုင်း (၁) – http://photayokeking.blogspot.com/2008/08/blog-post_04.html

အပိုင်း (၂) – http://photayokeking.blogspot.com/2008/08/blog-post_03.html

Written by Lwin Aung Soe

August 5, 2008 at 11:45 am

Leave a Reply