ဗိုလ်မှူးအောင်လင်းထွဋ် ပြောပြတဲ့ ခရစ်စ်တီးကျွန်း လူသတ်မှု
ကိုဖိုးတရုတ်ရဲ့ စည်းလုံးခြင်းရဲ့အင်အား ဘလော့ဂ်မှ ကူးယူဖော်ပြလိုက်ပါတယ်။
ဗိုလ်မှူးအောင်လင်းထွဋ် ယနေ့ ထပ်မံ ပြောပြတဲ့ နအဖရဲ့  ရက်စက်ယုတ်မာမှု
အမေရိကန် နိုင်ငံဆိုင်ရာ မြန်မာသံရုံး ယာယီတာဝန်ခံနဲ့ တပ်မတော် ထောက်လှမ်းရေးမှူးချုပ်ရုံး လှမ်း(၁) မှာ စစ်ဦးစီးမှူး ဒုတိယတန်းတာဝန်ထမ်းဆောင်ခဲ့တဲ့ ဗိုလ်မှူးအောင်လင်းထွဋ်က ဒီဗွီဘီ ဌာနနဲ့ အင်တာဗျူး လုပ်ခဲ့တဲ့ ဗွီဒီယိုကို အမေရိကန်နိုင်ငံ ၀ါရှင်တန်မှ ကျွန်တော့်ထံ ယနေ့ထပ်မံပေးပို့လာပါတယ်။ ဒီဗွီဒီယိုမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ အတွင်းစိတ်နဲ့ သဘောထား ဖောက်ပြန်မှု၊ တိုင်းရင်းသား လက်နက်ကိုင်တွေ အပေါ်မှာ တပြေးညီ မဆက်ဆံဘဲ အထူးသဖြင့် KNU ကို ခွဲခြားဆက်ဆံပုံ၊ ဗိုလ်ချုပ်ခင်ညွှန့်အား အာဏာရှင်ကို ယှဉ်ပြိုင်သူ၊ အာဏာလုမဲ့သူ ဟု အထင်အမြင် လွဲကာ နှိပ်ကွပ်ဆောင်ရွက်ပုံတွေနဲ့ ပတ်သက်ပြီး ပြောပြထားပါတယ်။ ယခုလိုပေးပို့လာတဲ့ ဗိုလ်မှူးအောင်လင်းထွဋ်ကို ကျွန်တော် ကိုဖိုးတရုတ်မှ အထူးကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင်အပ်ပါတယ်။
Blog link : http://photayokeking.blogspot.com/
