Save Burma

အာဏာရှင်စနစ် ကျဆုံးမှ တတိုင်းပြည်လုံး စစ်မှန်တဲ့ ဒီမိုကရေစီကို ခံစားရမယ်

မင်းသိင်္ခ ကွယ်လွန်

မဇ္ဈိမ မြန်မာသတင်းဌာန

ဖနိဒါ

သောကြာနေ့၊ သြဂုတ်လ 01 2008 13:26 – မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ နာမည်ကျော် စာရေးဆရာနှင့် ဗေဒင်ဆရာ မင်းသိင်္ခ (၇ဝ နှစ်) သည် ယနေ့နံနက် ၆ နာရီတွင် လူကြီးရောဂါများဖြင့် ကွယ်လွန်သွားပြီ ဖြစ်သည်။

“ဟုတ်တယ်၊ ဒီမနက် ၆ နာရီမှာ ဆုံးတယ်ပေါ့နော်။ ဇူလိုင်လ ၄ ရက်နေ့မှာ ဆေးရုံတက်တယ်။ ညာဘက်ခြေထောက် သွေးကြောပိတ်ပြီးတော့ ဖြတ်ရမယ်လို့ ဆရာဝန်တွေက ဆုံးဖြတ်လိုက်တယ်။ အဲလို အချိန်မှာ ခြေထောက်က မဖြတ်ရဘဲနဲ့ ပြန်ကောင်းလာရော။ ၁၅ ရက်နေ့မှာ ကျန်းမာရေး ကောင်းတယ် ဆိုပြီးတော့ ဆေးရုံကနေ မင်္ဂလာခြံကို ပြန်ရောက်တယ်။ နှစ်ပတ်လောက်နားပြီး မနေ့က မလန်းဆန်းတာနဲ့ ဆေးရုံကို ပို့လိုက်တယ်” ဟု ဆရာမင်းသိင်္ခ၏ တပည့်ဖြစ်သူ ဆရာမင်းသိမ်းခိုင်က ပြောသည်။

ဆရာမင်းသိင်္ခသည် သဲထိတ်ရင်ဖို ဖြစ်စေပြီး လျှို့ဝှက်ဆန်းကြယ်သည့် အမှုအခင်းများကို စုံစမ်းဖော်ထုတ်သည့် ဇာတ်လမ်းများ၊ စိတ်အားတက်ကြွ စွန့်စားမှုနှင့် ရှေးဟောင်း ဒဏ္ဍာရီဆန်ဆန် ဇာတ်လမ်းအသားပေး ဝတ္ထုများကို ရေးသားရာတွင် အထူးပင် အောင်မြင်ခဲ့သူ ဖြစ်သည်။ သူ၏ ဇာတ်လိုက်များအဖြစ် ဆားပုလင်း နှင်းမောင်နှင့် စနေမောင်မောင်တို့မှာ အထူး ထင်ရှားလှသည်။

ထို့အပြင် နက္ခတ်ဗေဒင်များကို လေ့လာလိုက်စား ဟောကြားရာတွင်လည်း အထူးပင် အောင်မြင်ခဲ့သူ ဖြစ်သည်။

http://burmese.mizzima.com/news/inside-burma/1/1474-2008-08-01-07-09-29

ဆရာမင်းသိင်္ခရဲ့စာတွေကို Online ပေါ်မှာ ဖတ်ချင်ရင် Art of Nypian, http://www.clubnypian.blogspot.com မှာ ရှိပါတယ်။

http://clubnypian.blogspot.com/2007/08/e-books_2373.html

About these ads

Written by Lwin Aung Soe

August 1, 2008 at 12:02 pm

Follow

Get every new post delivered to your Inbox.

Join 28 other followers

%d bloggers like this: