ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးတော့မယ် ဆိုတဲ့ကိစ္စ
- ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးတော့မယ် ဆိုတဲ့ကိစ္စနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံခြားရေး ဝန်ကြီး ဦးဥာဏ်ဝင်းက ပြောတာတွေကို အာဆီယံအဖွဲ့ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးရဲ့ ညစာစားပွဲမှာ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးက ထုတ်ဖော် ပြောဆိုပါတယ်။
- မြန်မာဥပဒေမှာ ဒေါ်အောင်ဆန်းစုကြည်ကို အများဆုံး ထိန်းသိမ်းထားဖို့အတွက် ပြည်ထဲရေး ဝန်ကြီးရဲ့ အတည်ပြုချက်က တနှစ်ဖြစ်ပြီး၊ ဝန်ကြီးချုပ်ရဲ့အတည်ပြုချက်က (၅)နှစ် ဖြစ်ကြောင်း၊ (၆)နှစ်သက်တမ်းဟာ လာမယ့် (၆)လခန့်လောက်မှာ အဆုံးသတ်မှာ ဖြစ်ကြောင်း ဦးဥာဏ်ဝင်း ပြောပြတာကို စင်္ကာပူ နိုင်ငံခြားရေးဝန်ကြီး Yeo က ကိုးကား ပြောဆိုသွားပါတယ်။
- ဒီအဓိပ္ပာယ်ဟာ ဒေါ်အောင်ဆန်းစုကြည်ကို (၆)လအကြာမှာ ပြန်လွှတ်ပေးမယ်လို့ ဆိုလိုသလားလို့ မေးတဲ့အခါမှာ Yeo က ဦးဥာဏ်ဝင်း ပြောတဲ့အတိုင်း ပြန်ပြောပြတာ ဖြစ်ပြီး မတိကျ မရေရာတဲ့ ထင်မြင်သုံးသပ်ချက်လို့ သူထင်ကြောင်း ပြန်ဖြေသွားပါတယ်။
- သိပ်မဝေးတဲ့ အနာဂတ်မှာ ငြိမ်းချမ်းစွာနဲ့ ဒီမိုကရေစီ အသွင်ပြောင်းရေးနဲ့ ၂ဝ၁ဝ ခုနှစ် အထွေထွေ ရွေးကောက်ပွဲကို လွတ်လွတ်လပ်လပ် သမာသမတ်ရှိစေရေးအတွက် မြန်မာအစိုးရက ရဲရဲဝံ့ဝံ့ လုပ်ဆောင်ဖို့ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေက လူသိရှင်ကြား တရားဝင်ထုတ်ပြန်မယ့် ကြေညာချက် အကြမ်းမှာ တိုက်တွန်းထားပါတယ်။ မနက်ဖြန် (၂၂-၇-၂ဝဝဂ)မှာ အဲဒီကြေညာချက်အကြမ်းကို အချောသတ်ပြီး ထုတ်ပြန်မှာ ဖြစ်ပါတယ်။
