Save Burma

အာဏာရှင်စနစ် ကျဆုံးမှ တတိုင်းပြည်လုံး စစ်မှန်တဲ့ ဒီမိုကရေစီကို ခံစားရမယ်

Archive for February 17th, 2008

အမျိုးသားညီလာခံနှင့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ရေးဆွဲရာတွင် အခြေခံရမည့် မူများကို လေ့လာခြင်း

without comments

အမျိုးသားညီလာခံနှင့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ရေးဆွဲရာတွင် အခြေခံရမည့် မူများကို လေ့လာခြင်း

မဇ္ဈိမ ဆောင်းပါး

မောင်လူအေး
ပြည်ထောင်စု မြန်မာနိုင်ငံတော်တွင် ၁၉၈၈ ခုနှစ်၌ လူထူအုံကြွမှု ဖြစ်ပေါ်ခဲ့ကာ စစ်တပ်မှ အာဏာသိမ်းယူပြီး န၀တခေါ် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ဖြင့် တိုင်းပြည်ကို အုပ်ချုပ်ခဲ့ပါသည်။ ထိုနောက် ၁၉၉၀ ခုနှစ်တွင် အနိုင်ရရှိသည့် ပါတီကို နိုင်ငံတော်အာဏာ လွှဲပြောင်းပေးမည်ဟု ကြွေးကြော်ကာ အထွေထွေ ရွေးကောက်ပွဲကို ကျင်းပ ပေးခဲ့ပါသည်။ ထိုအချိန်က န၀တ ဥက္ကဌဖြစ်သူ ဗိုလ်ချုပ်မှူးကြီး စောမောင်က “ရွေးကောက်ပွဲတွင် အနိုင်ရရှိသော ပါတီအား အာဏာ လွှဲပြောင်းပေးမည်။ တပ်မတော်သည် သမိုင်းတရားခံ မဖြစ်ချင်ဘူး၊ ရွေးကောက်ပွဲပြီးလျှင် တပ်စခန်း (Barrack)သို့ ပြန်မည်၊ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ရေးဆွဲရေးမှာ တပ်မတော်၏ တာဝန် မဟုတ်ပါ” ဟုပြောဆိုခဲ့သည်ကို ပြည်သူအများ သတိပြုမိ နေလိမ့်မည်ဟု ယူဆပါသည်။

သို့ရာတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၈၄% ကျော် မဲဖြင့် အနိုင်ရရှိခဲ့သော်လည်း ကတိအတိုင်း အာဏာ လွဲပြောင်းပေးခြင်း မပြုဘဲ ဗိုလ်ချုပ်မှူးကြီး စောမောင်၏ ကတိက၀တ်ကို ဖောက်ဖျက်ကာ ဗိုလ်ချုပ်မှူးကြီး စောမောင်ကို ကျန်းမာရေး အကြောင်းပြချက်ဖြင့် တပ်မတော်မှ အနားယူခိုင်းခဲ့ပါသည်။ နိုင်ငံတော်ကို ဗိုလ်ချုပ်ကြီး သန်းရွှေ (ထိုစဉ်က)မှ ရယူ ချုပ်ကိုင်ခဲ့ပါသည်။ အရွေးချယ်ခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များကိုလည်း အသိအမှတ် မပြုခဲ့ပါ။

၁၉၉၀ ရွေးကောက်ပွဲကို ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ မရှိ၍ လက်မခံ ငြင်းပယ်ခြင်း ဖြစ်သည်ဟု အကြောင်းပြ ခဲ့ပါသည်။ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ မရှိသည်ကို သိလျက်နှင့် မည်သို့သော ရည်ရွယ်ချက်ဖြင့် ရွေးကောက်ပွဲ ကျင်းပ ပေးခဲ့ပါသနည်း၊ ထိုရွေးကောက်ပွဲမှ ရွေးချယ် တင်မြှောက်လိုက်သော လွှတ်တော် ကိုယ်စားလှယ်များက ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ အသစ်တရပ် ရေးဆွဲဖို့ တောင်းဆိုချက်ကို လက်မခံနိုင်ဘဲ မိမိကိုယ်တိုင် မူချမှတ် ရေးဆွဲသည့် အခြေခံ ဥပဒေကိုမှ ဘာကြောင့် လိုချင်နေပါသနည်း ဆိုသော မေးခွန်းများ မေးစရာ ဖြစ်လာနေပါသည်။

မိမိ ချမှတ်ထားသော မူအတိုင်း ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ရေးဆွဲနိုင်ရေးအတွက် ၁၉၉၃ ခုနှစ်တွင် အမျိုးသား ညီလာခံကို ခေါ်ယူကျင်းပကာ အမျိုးသား ညီလာခံမှ ချမှတ်ပေးသော မူများ ဖြစ်သယောင် ပြည်သူလူထုကို ပုံမှားရိုက်ခဲ့ပါသည်။ ထင်ယောင်ထင်မှားလည်း ဖြစ်ခဲ့ပါသည်။ ၁၉၉၃ ခုနှစ် အမျိုးသား ညီလာခံမှ နိုင်ငံတော်၏ ဦးတည်ချက် ၆ ချက်ကိုပါ မေတ္တာရှိ ချမှတ်ပေးခဲ့ပြန်ပါသည်။ ယင်းတို့မှာ
(၁) ပြည်ထောင်စုမပြိုကွဲရေး
(၂) တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး
(၃) အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး
(၄) စစ်မှန်သော ပါတီစုံ ဒီမိုကရေစီစနစ် ထွန်းကားရေး
(၅) နိုင်ငံတော်၌ တရားမျှတခြင်း၊ လွတ်လပ်ခြင်းနှင့် ညီမျှခြင်းတည်းဟူသော လောကပါလ တရားများ ပိုမိုထွန်းကားရေး
(၆) နိုင်ငံတော်၏ အမျိုးသား နိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော်ပါဝင်ရေး တို့ ဖြစ်ပါသည်။

လေ့လာဆန်းစစ်ချက်များ

၁။ စစ်မှန်သော ပါတီစုံစနစ် ဟုတ်မဟုတ် လေ့လာဆန်းစစ်ခြင်း

နိုင်ငံရေး ဦးတည်ချက် အမှတ်စဉ် (၄) တွင် စစ်မှန်သော ပါတီစုံ ဒီမိုကရေစီစနစ်ထွန်းကားရေးဟု ဆိုထားသော်လည်း လက်တွေ့မူများတွင် ပါတီစုံစနစ် ပေါ်လွင်မှုမရှိဘဲ စစ်အာဏာရှင် စနစ်ကို တရားဝင်ဖြစ်အောင် သွယ်ဝိုက်သောနည်းဖြင့် အကောင်အထည် ဖော်ထားခြင်းဖြစ်ကြောင်း လေ့လာ ဆန်းစစ် တွေ့ရှိရပါသည်။

နိုင်ငံတော် အကြီးအကဲနှင့် အစိုးရအဖွဲ့ အကြီးအကဲ ဖြစ်သည့် သမတကို ဒုတိယသမတ ရွေးချယ်ရေးအဖွဲ့ (၃)ဖွဲ့မှ ရွေးပေးရမည် ဖြစ်ပြီး ထိုအဖွဲ့ ၃ ဖွဲ့မှ ရွေးချယ်ပေးလိုက်သော ဒုတိယသမတ (၃)ဦးအနက်မှ တဦးဦးကို ပြည်ထောင်စု လွှတ်တော် (အထက်လွှတ်တော်နှင့် ပြည်သူ့လွှတ်တော် နှစ်ခုပေါင်း)မှ သမတအဖြစ် ရွေးချယ် တင်မြှောက်ရမည် ဖြစ်ပါသည်။ အဆိုပါ ဒုတိယသမတ ရွေးချယ်ရေး အစုအဖွဲ့များမှာ
၁။ အထက်လွှတ်တော် (အမျိုးသားလွှတ်တော်)
၂။ အောက်လွှတ်တော် (ပြည်သူ့လွှတ်တော်)
၃။ ကာကွယ်ရေး ဦးစီးချုပ်မှ ရွေးချယ်ပေးလိုက်သော တပ်မတော် လွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့တို့ ဖြစ်ပါသည်။

ဤသို့ ရွေးချယ် တင်မြှောက်လိုက်သော သမတသည် နိုင်ငံတော် အကြီးအကဲ လည်းကောင်း၊ အစိုးရအဖွဲ့ အကြီးအကဲအဖြစ် လည်းကောင်း တာဝန် ထမ်းဆောင်ရမည် ဖြစ်ပါသည်။ သို့ဖြစ်ရာ မည်သည့် ပါတီက အစိုးရဖြစ်ပြီး မည်သည့်ပါတီက အတိုက်အခံ ဖြစ်သည်ဟု မပေါ်လွင်နိုင်တော့ပါ။ ဤကဲ့သို့ ပါတီစုံ ဒီမိုကရေစီ စနစ်၏ အနှစ်သာရဖြစ်သော အတိုက်အခံပါတီ မရှိခြင်းမှာ ပါတီစုံ ဒီမိုကရေစီစနစ် မဟုတ်ကြောင်း ထင်ရှားစေပါသည်။ ထို့အပြင် ဗဟိုအဆင့်တွင် မရှိသော်လည်း ပြည်နယ်/တိုင်း လွှတ်တော်များတွင် ပြည်နယ်/တိုင်း အထွေထွေ အုပ်ချုပ်ရေး ဦးစီးမှူးများသည် သက်ဆိုင်ရာ ပြည်နယ်/တိုင်း လွှတ်တော်၏ အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ရမည်ဟု မူချမှတ်ထားသည်ကိုလည်း လေ့လာ တွေ့ရှိရပါသည်။ ပါတီစုံစနစ်တွင် အမှန်တကယ် ကျင့်သုံးလျှက် ရှိသည်မှာ ရွေးကောက်ပွဲတွင် အနိုင်ရရှိသည့်ပါတီ (ကိုယ်စားလှယ် ထက်ဝက်ကျော် အနိုင်ရသည့်ပါတီ) က အစိုးရဖွဲ့ပြီး ဒုတိယ အများဆုံး အနိုင်ရရှိသည့် ပါတီက အတိုက်အခံပါတီ အဖြစ် ဆောင်ရွက်ကာ အစိုးရက မိမိ ကြိုက်သက်နှစ်သည့် ပုဂ္ဂိုလ်ကို လွှတ်တော်အတွင်းဝန် (အတွင်းရေးမှူး)အဖြစ် ခန့်အပ်လေ့ ရှိပါသည်။

သို့ရာတွင် ယခုချမှတ်ထားသော အခြေခံရမည့်မူတွင် တပါတီ အာရှင်စနစ်တွင် ကျင့်သုံးလေ့ရှိသည့် လွှတ်တော် အတွင်းရေးမှူးကို ပုံသေ သတ်မှတ်ထားသည်ကို တွေ့ရှိရပါသည်။ ဤသို့ဖြင့် ပါတီစုံ စနစ်၏ အနှစ်သာရနှင့် ဆန့်ကျင်ဖက် ဖြစ်နေသည်ကို လေ့လာ တွေ့ရှိရပါသည်။

၂။ စစ်မှန်သော ဒီမိုကရေစီ (သို့) စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ ဟုတ်မဟုတ် ဆန်းစစ်ခြင်း

လက်ရှိ စစ်အစိုးရသည် စည်းကမ်း ပြည့်ဝသော ဒီမိုကရေစီ စနစ်ကို ဖော်ဆောင်နေပါသည်ဟု နိုင်ငံတကာသို့ ထုတ်ဖော် ရှင်းပြနေပါသည်။ သို့ရာတွင် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ရေးဆွဲရာတွင် အခြေခံရမည့်မူများ ချမှတ်ရာတွင်

(၁) လွှတ်တော် အသီးသီးတွင် ကာကွယ်ရေး ဦးစီးချုပ်က ရွေးချယ်ပေးသော တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ၂၅% ပါဝင်ရမည်ဟူ၍ လည်းကောင်း။
(၂) လွှတ်တော် အစည်းအဝေး တရပ်ရပ်တွင် လွှတ်တော်ကိုယ်စားလှယ် သုံပုံတပုံ တက်ရောက်လျှင် အစည်းအဝေး အထမြောက်သည် ဟူ၍လည်းကောင်း။
(၃) လွှတ်တော် အစည်းအဝေး တရပ်ရပ်တွင် မဲပေးပိုင်ခွင့် မရှိသူ၊ ပုဂ္ဂိုလ်တဦးဦးက အဆုံးအဖြတ်မဲ ပေးစေခြင်းဖြင့် အတည်ပြုခဲ့သော အချက်များကို နောက်နောင်မှ တွေ့ရှိရပါက သက်ဆိုင်ရာ လွှတ်တော်၏ ဆုံးဖြတ်ချက်၊ လုပ်ဆောင်ချက်များသည် ပျက်ပြယ်ခြင်း မရှိစေရ ဟူ၍လည်းကောင်း မူချမှတ်ထားသည်ကို တွေ့ရှိရပါသည်။

တဖန် ယခုကျင့်သုံးမည့် ဒီမိုကရေစီသည် စည်းကမ်း ပြည့်ဝသော ဒီမိုကရေစီဟု ဆိုထားပြန်ပါသည်။ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ ဆိုသည်မှာ ကမ္ဘာတွင် မည်သည့်နိုင်ငံကမျှ မကျင့်သုံးသေးသည့် စနစ် ဖြစ်ပါသည်။ ဘယ်ဟာကို စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ ဖြစ်သည်ဟု မည်သူကမျှ အဓိပ္ပါယ် ဖွင့်ဆိုထားသည်ကို မတွေ့ရှိရသေးပါ။ ကျနော့် အနေဖြင့် စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ ဆိုသည်မှာ ပြိုလဲကျဆုံးခဲ့ပြီး ဖြစ်သော အင်ဒိုနီးရှားက ကျင့်သုံးခဲ့သည့် စစ်တပ်အာဏာရှင် (စစ်ဗျူရိုကရက်) စနစ် ဖြစ်သော လမ်းညွှန်ဒီမိုကရေစီ (Guided Democracy)ကို ရည်ညွှန်းဟန် ရှိသည်ဟု ယူဆရပါသည်။)

၃။ နိုင်ငံတော်အစိုးရ ဖွဲ့စည်းပုံကို လေ့လာခြင်း

အထက်တွင် ဖော်ပြပြီးသည့် အတိုင်း နိုင်ငံတော်အစိုးရ အကြီးအကဲသည် နိုင်ငံတော် သမတ ဖြစ်ပါသည်။ သို့ရာတွင် သမတသည် မိမိအစိုးရ အဖွဲ့ကို လွတ်လပ်စွာ ဖွဲ့စည်းခွင့် မရှိဘဲ ကာကွယ်ရေး ဦးစီးချုပ်က ရွေးချယ်ပေးသော ကာကွယ်ရေး ၀န်ကြီး၊ ပြည်ထဲရေး ၀န်ကြီး၊ နယ်စပ်ရေးရာ ကာကွယ်ရေးနှင့် လုံခြုံရေးဝန်ကြီး တို့ကို မိမိကြိုက်သည် ဖြစ်စေ၊ မကြိုက်သည် ဖြစ်စေ ၀န်ကြီးအဖြစ် ခန့်အပ်ရမည် ဖြစ်ပါသည်။ မည်သည့် လွှတ်တော်၏ သဘောတူညီမှုကိုမျှ ရယူရန်လည်း မလိုပါ။ ထို့အပြင် အထက်ပါ ၀န်ကြီး (၃)ဦးသည် အစိုးရအဖွဲ့ဝင် ၀န်ကြီးဖြစ်ပါလျှက် ကာကွယ်ရေး ဦးစီးချုပ်နှစ်ဦး (ဦးစီးချုပ်နှင့် ဒုဦးစီးချုပ်)၏ လက်အောက်ခံ ဖြစ်နေပါသည်။ နိုင်ငံအများက ကျင့်သုံးနေသကဲ့သို့ ကာကွယ်ရေး ၀န်ကြီးသည် ကာကွယ်ရေး ဦးစီးချုပ်၏ အထက်တွင် ရှိသင့်ပါသည်။ ဤသို့ စစ်တပ်သည် နိုင်ငံတော်အစိုးရ အထက်တွင် ရှိနေခြင်းမှာ သဘာဝမကျဟု ဆိုချင်ပါသည်။ နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်လည်း ကိုက်ညီမှု မရှိပါ။ တဖန် ကာကွယ်ရေး ဦးစီးချုပ်သည် ဒုတိယ သမတများနှင့် အဆင့်အတန်း တူညီသည်ဟု ဆိုထားပြန်ရာ ကာကွယ်ရေး ဦးစီးချုပ်သည် အစိုးရအဖွဲ့ဝင် ၀န်ကြီးများထက် အဆင့်အတန်း ပိုမို မြင့်မားနေကြောင်း ပေါ်လွင် ထင်ရှားစေပါသည်။

၎။ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီနှင့် ပတ်သက်၍ လေ့လာ သုံးသပ်ချက်

အမျိုးသား ညီလာခံမှ ချမှတ်ထားသော အခြေခံရမူ (၁၀၄)ချက်အရ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီတရပ် ထားရှိရမည် ဖြစ်ပါသည်။ ဤကောင်စီ (National Defence and Security Council) ကို အောက်ပါအတိုင်း ဖွဲ့စည်းရန် မူချမှတ်ထားပြန်ပါသည်။

၁။ နိုင်ငံတော်သမတ
၂။ နိုင်ငံတော် ဒုတိယသမတ (၁)
၃။ နိုင်ငံတော် ဒုတိယသမတ (၂)
၎။ ပြည်သူ့လွှတ်တော် ဥက္ကဌ
၅။ အမျိုးသားလွှတ်တော် ဥက္ကဌ
၆။ ကာကွယ်ရေး ဦးစီးချုပ်
၇။ ဒုတိယ ကာကွယ်ရေး ဦးစီးချုပ်
၈။ ကာကွယ်ရေး ၀န်ကြီးဌာန ၀န်ကြီး
၉။ ပြည်ထဲရေး ၀န်ကြီးဌာန ၀န်ကြီး
၁၀။ နယ်စပ်ရေးရာ ကာကွယ်ရေးနှင့် လုံခြုံရေး ၀န်ကြီးဌာန ၀န်ကြီး
၁၁။ နိုင်ငံခြားရေးရာ ၀န်ကြီးဌာန ၀န်ကြီး
တို့ဖြင့် ဖွဲ့စည်းရန် မူချမှတ်ထားပါသည်။ ဤအမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီကို လေ့လာ ကြည့်သည့်အခါ စစ်ဖက်ဆိုင်ရာ ပုဂ္ဂိုလ်များ ပိုမို များပြားနေသည်ကို တွေ့ရပါသည်။

၁။ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့မှ ရွေးချယ် တင်မြှောက်လိုက်သော သမတ အဖွဲ့ဝင်တဦး
၂။ ကာကွယ်ရေး ဦးစီးချုပ်
၃။ ဒုတိယကာကွယ်ရေး ဦးစီးချုပ်
၎။ ကာကွယ်ရေး ၀န်ကြီးဌာန ၀န်ကြီး
၅။ ပြည်ထဲရေး ၀န်ကြီးဌာန ၀န်ကြီး
၆။ နယ်စပ်ရေးရာ ကာကွယ်ရေးနှင့် လုံခြုံရေး ၀န်ကြီးဌာန ၀န်ကြီး
စုစုပေါင်း ၆ ဦး ဖြစ်နေပါသည်။ ထို့အပြင် ဤအမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီသည် လွတ်ငြိမ်းချမ်းသာခွင့် (Amnesty of Pardon) ပေးသင့် မပေးသင့်၊ နိုင်ငံတော် သမတကို အကြံပေးပိုင်ခွင့်နှင့် ကာကွယ်ရေး ဦးစီးချုပ် ခန့်ထားရေးတွင်ပါ နိုင်ငံတော်သမတအား အကြံပြုပိုင်ခွင့် အာဏာပေးထားသည်ကို လေ့လာ တွေ့ရှိရပါသည်။

ဤကဲ့သို့ မည်သည့်လွှတ်တော်၏ သဘောတူညီချက်ကိုမှ ရယူရန်မလိုဘဲ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ၏ အကြံပြုချက်ဖြင့်သာ နိုင်ငံတော်သမက ကာကွယ်ရေး ဦးစီချုပ်ကို ခန့်ထားရခြင်း၊ လွတ်ငြိမ်းချမ်းသာခွင့် ပေးခြင်းတို့ကို ကြည့်မည်ဆိုလျှင် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသည် အာဏာပိုင် အဖွဲ့အစည်းတခု ဖြစ်နေပြီး နိုင်ငံတော် အစိုးရထက် အဆင့်မြင့်နေကြောင်း တွေ့ရပါသည်။

အမှန်တကယ်တွင် လွတ်ငြိမ်းချမ်းသာခွင့် ပေးသင့်မပေးသင့်၊ ကာကွယ်ရေး ဦးစီးချုပ် ခန့်အပ်ခြင်း တို့တွင် နိုင်ငံတော် သမတသည် မိမိအစိုးရ အဖွဲ့ဝင် ၀န်ကြီးများနှင့် ညှိနှိုင်းတိုင်ပင်ပြီး လွှတ်တော်၏ သဘောတူညီချက်ဖြင့်သာ လုပ်ဆောင်သင့်ပါသည်။ သို့ဖြစ်ရာ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီသည် ယခင် မဆလ လက်ထက် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပါ နိုင်ငံတော် ကောင်စီနှင့် သဏ္ဍာန်တူနေပြီး အစိုးရအဖွဲ့အား Policy ချမှတ်ပေးသည့် အာဏာပိုင် အဖွဲ့အစည်းတခု ဖြစ်နေပါသည်။

ထို့အပြင် ထိုကောင်စီသည် လွှတ်တော်၏ ထိန်းချုပ်မှုနှင့်လည်း ကင်းလွတ်ကာ သီးခြားရပ်တည် နေသော အဖွဲ့အစည်းမျိုး ဖြစ်နေပါသည်။ ဒီမိုကရေစီ နိုင်ငံများတွင် ပြည်သူလူထုက ရွေးချယ် တင်မြှောက်လိုက်သော ပြည်သူ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့် လွှတ်တော်ကသာလျှင် အမြင့်ဆုံး အာဏာပိုင် အဖွဲ့အစည်း ဖြစ်ပါသည်။ နိုင်ငံတော်တွင် ရှိသည့် အဖွဲ့အစည်း မှန်သမျှ လွှတ်တော်၏ လက်အောက်ခံသာ ဖြစ်သင့်ပါသည်။ လွှတ်တော်များအား ရေးရာ ကော်မတီများ၊ ကော်မရှင်များ ဖွဲ့စည်းနိုင်ခွင့်ကိုလည်း ပေးအပ်ထားပြီး ဖြစ်ပါသည်။

ထို့ကြောင့် ဤကောင်စီသည် သမတ၏ အစိုးရအဖွဲ့ကို လည်းကောင်း၊ လွှတ်တော်ကို လည်းကောင်း၊ အကြံပေးရန် မဟုတ်ဘဲ လမ်းညွှန်မှု ပေးရန်သာ ရှိသည်ဟု ယူဆပါသည်။ သို့မှသာလျှင် အမျိုးသား နိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော် ပါဝင်နိုင်ရေးကို အစဉ်တစိုက် ဦးတည်သည် ဆိုသော အချက်နှင့် ကိုက်ညီမည် ဖြစ်ပါသည်။ မဆလခေတ် ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ကျင့်သုံးခဲ့သည် နိုင်ငံတော် ကောင်စီ နှင့် ခပ်ဆင်ဆင် တူနေသည်ဟု ယူဆပါသည်။ ယင်းတွင် နိုင်ငံရေး ဦးဆောင်မှုဆိုရာ၌ တပါတီ အာဏာရှင်စနစ်ကိုသာ ကျင့်သုံးခဲ့ခြင်း ဖြစ်ပြီး ပါတီစုံ ဒီမိုကရေစီ စနစ်ကို ကျင့်သုံးခဲ့ခြင်း မဟုတ်ပါ။ ထို့ကြောင့် နိုင်ငံရေး အနေအထားအရ ကြည့်မည်ဆိုလျှင် ဤကောင်စီသည် တရုတ်မှ နိုင်ငံရေး ဦးဆောင်အဖွဲ့ (Polibureau)နှင့် တူနေသည်ကို တွေ့ရပြန်ပါသည်။ အုပ်ချုပ်ရေးဘက်မှ ကြည့်မည်ဆိုလျှင် အမြဲတမ်း ကော်မတီ (Standing Committee) နှင့်လည်း တူနေသည်။ ထိုအမြဲတမ်း ကော်မတီသည် အမျိုးသား ကွန်ဂရက် အစည်းအဝေး မရှိချိန်တွင် ထိုကွန်ဂရက်၏ တာဝန်ကိုပါ ရယူရပါသည်။ ယခု မြန်မာနိုင်ငံ၏ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သည်လည်း ထို့နည်းလည်းကောင်း ဖြစ်နေသည်ကို လေ့လာ တွေ့ရှိရပါသည်။

၅။ ပြည်ထောင်စု ဟုတ်မဟုတ် လေ့လာသုံးသပ်ခြင်း

ပြည်နယ်နှင့်တိုင်း အစိုးရအဖွဲ့ ဖွဲ့စည်းပုံကို ကြည့်လျှင် ပြည်ထောင်စု ပုံသဏ္ဍန် မဟုတ်ကြောင်း သိသာ နေပါသည်။ ပြည်နယ်/တိုင်း ၀န်ကြီးချုပ် (Chief Ministers) များကို နိုင်ငံတော် သမတက အမည်စာရင်း တင်သွင်း (Nominate) ပြီး သက်ဆိုင်ရာ လွှတ်တော် အသီးသီး၏ သဘောတူညီချက်ကို ရယူကာ နိုင်ငံတော်သမက ခန့်အပ်ပေးရန် မူချမှတ်ထားသည်ကို လေ့လာ တွေ့ရှိရပါသည်။ ထို့အပြင် သမက အမည်စာရင်း တင်သွင်း ထားသော ပြည်နယ်/တိုင်း ၀န်ကြီးချုပ်လောင်းများကို အရည်အချင်း မပြည့်မီကြောင်း ခိုင်လုံသော အထောက်အထား မပြနိုင်ပါက အခြားနည်းဖြင့် ငြင်းပယ်ခွင့် မရှိကြောင်း အခြေခံ မူအဖြစ် ထပ်မံ ချမှတ်ထားပါသည်။ ထို့အပြင် ပြည်နယ်/တိုင်း ၀န်ကြီး ဌာနများကို တည်ထောင်ခွင့်နှင့် ၀န်ကြီးများ ခန့်အပ်ပိုင်ခွင့်ကိုလည်း သမတကိုပင် အာဏာ အပ်နှင်းထားပါသည်။ ဆိုလိုသည်မှာ ၀န်ကြီးဌာနများကို တိုးချဲ့ခြင်း၊ လျှော့ချခြင်း၊ ဖျက်သိမ်းခြင်းများနှင့် ၀န်ကြီးများကို ခန့်အပ်ခြင်း၊ ၀န်ကြီးအဖြစ်မှ ရပ်စဲခြင်း စသည့် အခွင့်အာဏာများကို သမတအား အပ်နှင်းထားခြင်း ဖြစ်ပါသည်။

အထက်ပါ အချက်များကို ကြည့်ခြင်းအားဖြင့် ပြည်နယ်/တိုင်း အစိုးရအဖွဲ့ကို သမက တိုက်ရိုက် ချုပ်ကိုင်ထားပြီး ပြည်နယ်/တိုင်း လွှတ်တော်များက သဘောထား ပေးရုံသက်သက်သာ အခွင့်အရေး ရှိသည်ကို တွေ့ရပါသည်။ သမတသည် တနိုင်ငံလုံးရှိ ၀န်ကြီးအားလုံး (ဗဟိုအစိုးရနှင့် ပြည်နယ်/တိုင်း ၀န်ကြီးများ) ကို ချုပ်ကိုင်ထားသည်ကို တွေ့ရသည်။ ဤကဲ့သို့ သမတက ၀န်ကြီးအားလုံးကို ချုပ်ကိုင်ထားနိုင်သည့် စနစ်သည် မည်သို့မှ ပြည်ထောင်စုစနစ် မဟုတ်နိုင်တော့ပါ။ တပြည်ထောင် စနစ်သာ ဖြစ်ပါသည်။

ပြည်နယ်/တိုင်း ဥပဒေပြု လွှတ်တော် ရှိယုံမျှဖြင့် ပြည်ထောင်စုဟု ခေါ်ဆိုနိုင်မည် မဟုတ်ပါ။ သက်ဆိုင်ရာ လွှတ်တော် အသီးသီးသည် မိမိနှင့် သက်ဆိုင်သော အစိုးရအဖွဲ့ကို တိုက်ရိုက် စီမံခန့်ခွဲနိုင်ခွင့် ရှိရပါမည်။ ယခု ရေးဆွဲ ပြဌာန်းမည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေသည် ပြည်နယ်/တိုင်း အစိုးရကို ဗဟိုမှ တိုက်ရိုက်ချုပ်ကိုင် ထားသည့် တပြည်ထောင်စနစ်ကို ပြည်သူလူထု ထင်ယောင်ထင်မှား ဖြစ်အောင် မလိမ့်တပတ်လုပ်၍ ပုံမှား ရိုက်ထားခြင်းသာ ဖြစ်ပါသည်။

အထက်ပါ အချက်များသည် လွတ်လပ်ကြိုးပမ်း ကာလကတည်းက သဘောတူညီထားသော ပင်လုံစိတ်ဓာတ်၊ ပင်လုံ ကတိက၀တ်ကို လျစ်လျူရှု ဖောက်ဖျက်ရာလည်း ရောက်နေပါသည်။ သို့ဖြစ်ရာ (Road Map) လမ်းပြ မြေပုံကြီးကို တိုင်းရင်းသား လူမျိုးစုများ အနေဖြင့် လက်ခံရန် ခဲယဉ်းစေမည် ဖြစ်ပါသည်။ ထို့ကြောင့် ထိုမဟာ လမ်းပြမြေပုံကြီးသည် ယခု မျက်မှောက် ဖြစ်ပေါ်လျက်ရှိသော နိုင်ငံရေး ပြဿနာကို ဖြေရှင်းနိုင်မည် မဟုတ်ပါ။ ထို့အပြင် စစ်အစိုးရသည် စစ်မှန်သော ပြည်ထောင်စု (Federal) မူကို ခွဲထွက်ရေးမူအဖြစ် သရုပ်ဖျက်ကာ တွေ့ဆုံဆွေးနွေး အဖြေရှာရေးကိုလည်း ငြင်းပယ်လျက် ရှိပြီး အလွန်နေချင့်စဖွယ် နိုင်ငံကို မည်သူမျှ မနေချင်တော့လောက်အောင် အကျဉ်းတန်သော နိုင်ငံ ဖြစ်သွားအောင် ဖန်တီးနေခြင်းမှာ အလွန် ၀မ်းနည်းဖွယ်ရာ ကောင်းလှပါသည်။

၆။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဘာကြောင့် အမျိုးသားညီလာခံမှ နှုတ်ထွက်ခဲ့ရသလဲ။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် ၁၉၉၃ ခုနှစ်မှ ၁၉၉၆ ခုနှစ်အထိ ၄ နှစ်တိုင်တိုင် ကျင်းပခဲ့သော အမျိုးသား ညီလာခံသို့ တက်ရောက်ခဲ့ပါသည်။ သို့ရာတွင် ၁၉၉၆ ခုနှစ်တွင် အမျိုးသား ညီလာခံမှ ထွက်ခွာခဲ့ပြီး အမျိုးသား ညီလာခံလည်း ရပ်ဆိုင်းသွားခဲ့ပါသည်။ ဤသို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ညီလာခံမှ နှုတ်ထွက်ခဲ့ ရခြင်းမှာ အောက်ပါ အချက်များကြောင့် ဖြစ်သည်ဟု ဆိုသည်။

၁။ ပါတီစုံစနစ်နှင့် ကိုက်ညီမှု မရှိသည်ကို တွေ့ရှိရခြင်း၊
၂။ ဒီမိုကရေစီစနစ်နှင့် လုံးလုံးလျားလျား ဆန့်ကျင်နေခြင်း (တပ်မတော်သား လွှတ်တော်ကိုယ် စားလှယ် ၂၅% ပါဝင်နေခြင်း၊ လွှတ်တော် ကိုယ်စားလှယ် သုံးပုံတပုံ အစည်းအဝေး တက်လျှင် အစည်းအဝေး အထမြောက်သည်ဟု ဆိုထားခြင်း)
၃။ ပြည်ထောင်စုစနစ် မဟုတ်ဘဲ ပြည်နယ်/တိုင်း အစိုးရများကို ဗဟိုအစိုးရ အကြီးအကဲဖြစ်သည့် သမတ က တိုက်ရိုက် ချုပ်ကိုင်ထားနိုင်သည့် တပြည်ထောင် အစိုးရစနစ် ဖြစ်နေခြင်း
၎။ ညီလာခံတွင် ဘာမျှ တင်ပြဆွေးနွေးပိုင်ခွင့် မရှိဘဲ ၎င်းတို့မှ ရှင်းပြ ဖတ်ပြသမျှကိုသာ နားထောင်နေရခြင်း၊
၅။ အစုအဖွဲ့ အစည်းအဝေးတွင် ဆွေးနွေး တင်ပြခွင့် ရှိသည်ဆိုသော်လည်း ဆွေးနွေး တင်ပြချက်များကို လုပ်ငန်း ကော်မတီကို ပထမဦးစွာ တင်ပြပြီးမှ ၎င်းတို့ ချမှတ်ထားသော ဖတ်ပြ၊ ရှင်းပြခဲ့သော စာတမ်းပါ အချက်အလက်များနှင့် မကိုက်ညီပါက လက်မခံ ပယ်ချခြင်း၊
၆။ တင်းကျပ်သော ဥပဒေ ပြဌာန်းထားပြီး လွတ်လပ်စွာ သုံးသပ် ပြောဆိုပိုင်ခွင့် မရှိခြင်းတို့ကြောင့် ဖြစ်ကြောင်း သိရှိရပါသည်။
၇။ ပြည်ထောင်စုဘဏ္ဍာငွေ ခွဲဝေသုံးစွဲခြင်းနှင့် ပတ်သက်၍ ဆန်းစစ်လေ့လာ သုံးသပ်ချက်

နိုင်ငံတော် သမတက ဥက္ကဌအဖြစ် ဆောင်ရွက်ကာ ဘဏ္ဍာရေးဝန်ကြီးက အတွင်းရေးမှူးအဖြစ် ဆောင်ရွက်သည့် ပြည်ထောင်စု ဘဏ္ဍာငွေ ခွဲဝေရေး ကော်မတီတရပ် ထားရှိမည် ဖြစ်ပြီး ဤကော်မတီတွင် ပြည်နယ်/တိုင်း ၀န်ကြီးချုပ်များက ကော်မတီဝင်များအဖြစ် ပါဝင်မည် ဖြစ်ပါသည်။ ဤကော်မတီသည် ကောင်းမွန် သင့်တော်သည်ဟု ဆိုရမည် ဖြစ်သော်လည်း ကော်မတီဝင်များ ဖြစ်ကြသည့် ပြည်နယ်/တိုင်း ၀န်ကြီးချုပ်များကို နိုင်ငံတော် သမတက တိုက်ရိုက် ကိုင်တွယ် ခန့်ထားသူများ ဖြစ်ရာ သမတကို အာခံပြီး အတိုက်အခံ ပြောဆိုဆွေးနွေးနိုင်စရာ လမ်းမမြင်ရပါ။ ပြည်သူလူထုက ရွေးချယ် တင်မြှောက်လိုက်သည့် အများစု အနိုင်ရပါတီ ခေါင်းဆောင် တဦးဦးကို သက်ဆိုင်ရာ လွှတ်တော်မှ ရွေးချယ် တင်မြှောက်လိုက်သော ၀န်ကြီးချုပ် ဖြစ်ပါက မည်သို့မျှ ဆိုဖွယ်ရာ မရှိပါဟု ယုံကြည်ပါသည်။

၈။ စစ်တပ်၏ အခန်းကဏ္ဍ

ပါတီစုံ ဒီမိုကရေစီ စနစ်တွင် စစ်တပ် ပါဝင်နေခြင်းကို မည်သို့မျှ နားလည်နိုင်စရာ မရှိပါ။ စစ်တပ်သည် အခုမှ အခြေအနေအရ နိုင်ငံရေးတွင် ပါဝင်ပတ်သက်လာခြင်း မဟုတ်ကြောင်းကို အောက်ပါ အချက်အလက်များ က သက်သေ ပြနေပါသည်။ စစ်တပ်သည် ၁၉၆၂ ခုနှစ်ကတည်းက နိုင်ငံရေး အာဏာကို ရယူထားခဲ့ပါသည်။ မဆလခေတ်တွင် ပါတီဥက္ကဌများသည် စစ်တပ်မှ ဗိုလ်ချုပ်များသာ ဖြစ်ခဲ့ပါသည်။ ဗဟိုတွင် ပါတီဥက္ကဌမှာ ဗိုလ်ချုပ်နေ၀င်း ဖြစ်ပြီး နယ်တွင် ဒေသပါတီ ဥက္ကဌများမှာ တိုင်းမှူးများ ဖြစ်ကြပါသည်။ ပြည်သူ့လွှတ်တော်နှင့် ပြည်နယ်/တိုင်း ကောင်စီများတွင်လည်း စစ်တပ်မှ ကိုယ်စားလှယ်များ ၂၅% မက ပါဝင်ခဲ့ပါသည်။ ထိုစဉ်က မဆလ ပါတီသည် နိုင်ငံရေး ဦးဆောင်အဖွဲ့လည်း ဖြစ်ပါသည်။ ဤသည်ကို လူထုက မလိုလား၍ ၁၉၈၈ ခုနှစ်တွင် လူထုအုံကြွမှုဖြင့် ဖြုတ်ချခဲ့ပြီး ထိုဖွဲ့စည်းပုံ အခြေခံဥပဒေလည်း ပျက်ပြားခဲ့ပြီ ဖြစ်ပါသည်။ ထို့ကြောင့် စစ်တပ်သည် ယခုမှ နိုင်ငံရေးတွင် ပါဝင်လာခြင်း မဟုတ်ဘဲ စစ်တပ်အာဏာရှင်စနစ် ရေရှည် တရားဝင် ရပ်တည် နိုင်အောင် ပုံစံအသစ်တမျိုး တီထွင်လာခြင်းသာ ဖြစ်သည်ဟု ယူဆရမည် ဖြစ်ပါသည်။

အချို့က စစ်တပ်နှင့်ပြည်သူ အာဏာခွဲဝေ ကျင့်သုံးရေး (Power Sharing) ကို ဆောင်ရွက်နေခြင်း ဖြစ်ပြီး အချိန် အခိုက်အတန့်အထိသာ ပါဝင်လိမ့်မည်ဟု ထင်နေကြသည်ကိုလည်း တွေ့နေရပါသည်။ သို့ရာတွင် စစ်တပ်သည် အချိန်အခါ အခြေအနေအရ တစုံတရာသော အတိုင်းအတာ အထိသာ ပါဝင်လိုခြင်း ဟုတ်မဟုတ်ကို ဤဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ခြင်း အခန်းကို ကြည့်ခြင်းအားဖြင့် သိနိုင်ပါသည်။ အခြေခံဥပဒေ ပြင်ဆင်ရေး အခန်းတွင် ဥပဒေကို လွယ်လွယ်နှင့် ပြင်ဆင်၍မရအောင် အခိုင်အမာ ပြုထားသည်ကို သတိပြုသင့်ပါသည်။

၉။ အရေးပေါ်ကာလပြဌာန်းချက်

နိုင်ငံတော်တွင် တာဝန်အရှိဆုံး ပုဂ္ဂိုလ်ဖြစ်သော အစိုးရအကြီးအကဲ ဖြစ်သည့် နိုင်ငံတော် သမတနှင့် ဒုတိယသမတ များသည် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေအရ အပ်နှင်းထားသော တာဝန်များကို ကျေပွန်အောင် မထမ်းဆောင်နိုင်ခြင်းကြောင့် နိုင်ငံတော်အာဏာကို ကာကွယ်ရေး ဦးစီးချုပ်အား လွှဲပေးရခြင်းမျိုး ဖြစ်ပါသည်။ မိမိတို့၏ ညံ့ဖျင်းမှုကြောင့် နိုင်ငံတော်အာဏာကို ကာကွယ်ရေး ဦးစီးချုပ်အား လွှဲပြောင်းပေးရခြင်း ဖြစ်ရာ နိုင်ငံတော် သမတနှင့် ဒုတိယသမတ များသည်လည်း တာဝန်မှ နှုတ်ထွက်ပေးရမည် ဖြစ်ပါသည်။ သို့သော် ဤအခြေခံ ဥပဒေတွင် သမတနှင့် ဒုတိယ သမတများသည် မိမိတို့ရာထူးမှ နှုတ်ထွက်ပေးရန် မလိုသည်ကို တွေ့ရပါသည်။ ကာကွယ်ရေး ဦးစီးချုပ်သည် အရေးပေါ်ကာလ ပြီးဆုံးပါက မိမိအား လွှဲအပ်ထားသော အာဏာကို နိုင်ငံတော် သမတများထံ ပြန်လည် အပ်နှံပေးနိုင်ပါသည်။ သို့ဖြင့် နိုင်ငံတော် သမက မိမိထံ အပ်နှင်းထားသော အာဏာကို ကာကွယ်ရေး ဦးစီးချုပ်အား အငှားချထားသကဲ့သို့ ဖြစ်နေပါသည်။ ထို့အပြင် လွှတ်တော်ကိုလည်း ယာယီ ရပ်ဆိုင်းထားခြင်းသာ ဖြစ်ပြီး အရေးပေါ်ကာလ ပြီးဆုံးပါက လွှတ်တော်လည်း အလိုအလျောက် ပြန်လည် အသက်ဝင်လာမည် ဖြစ်ပါသည်။

ဤအချက်သည် လွှတ်တော်ကို စစ်တပ်က နောက်ကွယ်မှ ကြိုးကိုင်ထားပြီး လူထုအုံကြွမှု ဖြစ်ပေါ်လာပါက စစ်တပ်မှ အာဏာသိမ်းရန် မလိုဘဲ တရားဝင် နှိမ်နင်းနိုင်ခွင့် ရရှိရေးကို ဖန်တီးထားခြင်းသာ ဖြစ်သည်ဟု သုံးသပ်မိပါသည်။

၁၀။ အခြေခံ ဥပဒေကို ပြင်ဆင်ခြင်း

ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေကို နောင်တွင် တဖြည်းဖြည်း ပြင်ဆင် ယူနိုင်ကောင်းသည်ဟု အချို့က မျှော်လင့် နေကြသည်။ ဥပဒေတခုကို တရားကိုယ်မှာ ကိုယ်စွမ်းဥာဏ်စွမ်း ရှိသမျှ လက်လှမ်းမီသမျှ ယိုပေါက်၊ ထွက်ပေါက်၊ ပျော့ကွက်ဟာကွက်၊ အားနည်းချက် မရှိအောင် ရေးဆွဲရသည်မျိုး ဖြစ်ပါသည်။ နောင်ကျမှ ပြင်ဆင် ယူမည်ဟု ပြီးစလွယ် ရေးသားရရိုး ထုံးစံမရှိပါ။ သို့နှင့်တိုင် အခြေအနေ အချိန်အခါနှင့် လိုက်လျောညီထွေ ဖြစ်စေရန် ပြင်ဆင်ရသည်များ ရှိမြဲပင် ဖြစ်ပါသည်။ ယခုမူ စရေးကတည်းက ပျော့ကွက်၊ ဟာကွက်၊ အားနည်းချက် များစွာ ပါဝင်နေစေမည်ဆိုလျှင် နောင်တွင် ဆိုဖွယ်ရာ မရှိတော့ပါ။ ယင်းပျော့ကွက်၊ ဟာကွက်၊ အားနည်းချက် များကို ကြိုတင်ကာကွယ် တားဆီးနိုင်ရန် ယခုရေးဆွဲမည့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပြင်ဆင်ရေး အခန်းတွင် အလွန်အမင်း တင်းကြပ်သော အခြေခံမူများ ချမှတ်ထားခြင်း ဖြစ်သည်ဟု ယူဆပါသည်။ ဤအခြေခံ ဥပဒေ၏ အရေးကြီးသော အခန်းများနှင့် ပတ်သက်၍ ပြင်ဆင်ရန် လိုအပ်လျှင် လွှတ်တော် ကိုယ်စားလှယ် စုစုပေါင်း ၏ ၇၅% ကျော် ဆန္ဒမဲဖြင့်သာ ပြင်ဆင်နိုင်ကြောင်း အခြေခံမူ ချမှတ်ထားသည်ကို တွေ့ရှိရပါသည်။

ထို့အပြင် အခြေခံဥပဒေပြင်ဆင်ရေးဥပဒေမူကြမ်းကိုလည်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အားလုံး ၏ ၂၀% လက်မှတ်ရေးထိုး အဆိုပြုတင်သွင်းမှသာလျှင် ပြည်ထောင်စုလွှတ်တော်က လက်ခံ ဆွေးနွေးရမည်ဟု ချုပ်ထားပြန်ပါသည်။ ထို့ကြောင့် အပေါ်ယံကြည့်လျှင် လွယ်မယောင်နှင့် အလေးအနက် တွက်ချက်ကြည့်ပါက မည်သို့မျှ ပြင်ဆင်၍ ရနိုင်ဖွယ် မရှိသော အခြေခံဥပဒေ ဖြစ်မှန်းမသိ ဖြစ်နေသည်ကို တွေ့ရမည် ဖြစ်ပါသည်။

အတိအကျ ပြောရလျှင် လွှတ်တော်ကိုယ်စားလှယ် ၁၃၃ ဦး လက်မှတ်ရေးထိုး အဆိုပြု တင်ပြမှသာ ပြည်ထောင်စု လွှတ်တော်က လက်ခံ ဆွေးနွေးနိုင်မည့် အခြေအနေ ဖြစ်ပါသည်။ (အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ၂၄၄ ဦး၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၄၄၀ ဦး၊ ပေါင်း ၆၆၄ ဦး၏ ၂၀% သည် ၁၃၃ ဦး ဖြစ်နေသည်ကို သတိမူရန် လိုအပ်ပါမည်။)

ဤမျှ ပြင်ဆင်ရန် ခက်ခဲအောင် ပြုလုပ်ထားခြင်းမှာ အနာဂတ် နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော် ပါဝင် ထမ်းဆောင်ရေးကို အစဉ်တစိုက် မပယ်ဖျက်နိုင်စေရန် ကာကွယ်ထားခြင်း ဖြစ်သည်ဟု ခံစားမိပါသည်။ တဖက်တွင် နိုင်ငံရေး ဦးဆောင်မှုအဖွဲ့ (အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ) ပြင်ဆင်ရန် လိုလားပါက အလွယ်တကူ ပြင်ဆင်နိုင်သည်ကိုလည်း သတိမူသင့်ပါသည်။ ဥပမာ တရုတ်ပြည်၏ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အလားတူ ပြင်ဆင်ရန် အလွန်အမင်း ခက်ခဲအောင် ရေးဆွဲထားသော်လည်း ပေါလစ်ဗျူရို အဖွဲ့မှ ပြင်ဆင်လိုပါက အလွယ်တကူ ပြင်ဆင်နိုင်သည်ကို တွေ့ရသည်။

၁၁။ လွှတ်တော်ကိုယ်စားလှယ် ၁၆၆ ယောက် ပိုင်သော ပုဂ္ဂိုလ်ကြီး

ယခုရေးဆွဲ ပြဌာန်းမည့် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပြည်သူလူထု တသောင်းမှ နှစ်သောင်းအထိ ရှိလျှင် လွှတ်တော် ကိုယ်စားလှယ်တဦး ရွေးချယ်ရမည် ဖြစ်သည်။ သို့ရာတွင် ပုဂ္ဂိုလ်ထူးကြီးတဦးက လွှတ်တော် ကိုယ်စား လှယ် ၁၆၆ ယောက် ပိုင်ဆိုင်ထားပြီး မိမိစိတ်ကြိုက် ညွှန်ကြားနိုင်ခွင့် ရှိသည်ကို တွေ့ရှိရပါသည်။ ထိုပုဂ္ဂိုလ်ကြီးမှာ နိုင်ငံတော် အစိုးရအဖွဲ့ အဖွဲ့ဝင် ၀န်ကြီးအချို့ (အထူးသဖြင့် ကာကွယ်ရေးဝန်ကြီး) ၏အထက်တွင်လည်း ရှိနေပါသည်။ ထို့ကြောင့် ပေါ်ထွက်လာဖွယ် ရှိသော ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ မည်သို့သော ပုံသဏ္ဍာန် ရှိမည်ဆိုသည်ကို ခန့်မှန်းနိုင်ကြလောက်ပြီဟု ယူဆပါသည်။ နိုင်ငံတကာ စံချိန်စံညွှန်းများနှင့် ကိုက်ညီမှု ရှိ/မရှိ လေ့လာ သုံးသပ်ကြပါကုန်။

၁၂။ လက်ရှိအာဏာရ အစိုးရ၏ လုပ်ဆောင်ချက်များအကြောင်း တစေ့တစောင်း

လက်ရှိ အခြေအနေတွင် နယကအစိုးရသည် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အပါအ၀င် ဒီမိုကရေစီ အင်အားစုများကို နှိပ်ကွပ်နေပြီး တဖက်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်းကို ဖွဲ့စည်းကာ ၎င်းတို့၏ လက်သပ်မွေးပါတီ တခုဖြစ်လာအောင် ဆောင်ရွက်လျက် ရှိနေပါသည်။ ထို့အပြင် ပြည်သူ့ စွမ်းအားရှင်အဖွဲ့ ဟူ၍ ဖွဲ့စည်းထားပါသည်။ ယင်း အဖွဲ့အစည်းများကို ငွေကြေး၊ အခွင့်အရေး၊ လုပ်ကိုင်ခွင့်များ ပေးပြီး စည်းရုံး ဖွဲ့စည်းထားခြင်း ဖြစ်ပါသည်။ ယင်းသို့ စစ်တပ်က မိမိပါတီကို လေ့ကျင့် တည်ထောင်ခွင့် ရှိပြီး ကျန်နိုင်ငံရေး အင်အားစု အားလုံးကို နှိပ်ကွပ်နေခြင်းမှာ အင်ဒိုနီးရှား ဆူဟာတို စစ်အစိုးရ၏ ဂေါ်(လ်)ကာပါတီကို အမှတ်ရစရာ ဖြစ်စေပါသည်။ ငြိမ်းချမ်းရေးကို ငြိမ်းချမ်းစေနိုင်သည့် နည်းလမ်းများဖြင့်သာ ရယူရန် လိုအပ်မည်ဟု ထင်ပါသည်။

၁၃။ ယခုရေးဆွဲမည့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို မည်ကဲ့သို့ အတည်ပြုချက် ရယူမည်နည်း။

ယခု ရေးဆွဲမည့် အခြေခံဥပဒေကို မဲပေးပိုင်ခွင့်ရှိသော ပြည်သူလူထု၏ ထက်ဝက်ကျော် ဆန္ဒမဲဖြင့် အတည်ပြုမည်ဟု ဆိုထားပါသည်။ တဖက်တွင်လည်း ခိုင်မာသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖြစ်ရမည်ဟု ဆိုပြန်ပါသည်။ ခိုင်မာသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုသည်မှာ မည့်သို့သော ဥပဒေမျိုးကို ခေါ်ကြောင်း တွေးစရာ ဖြစ်လာပါသည်။ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေသည် လူထုထောက်ခံမှု ၉၀.၁၉% ရရှိခဲ့သဖြင့် ခိုင်မာသော ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖြစ်သည်ဟု န၀တက ၁၉၉၀ခုနှစ် ရွေးကောက်ပွဲ ပြီးသည်အထိ ပြောဆို နေခဲ့သည်ကို အမှတ်ရကြဦးမည် ထင်ပါသည်။ သို့ဆိုလျှင် ဘယ်အတွက်ကြောင့် ထိုခိုင်မာလှသော အခြေခံဥပဒေကို ဖျက်သိမ်း ခဲ့ရပါသနည်း။ ထို့အတူ ယခုအသစ် ရေးဆွဲသော အခြေခံ ဥပဒေသစ်ကြီးကို ပြည်သူလူထု၏ ထောက်ခံမှု ရာခိုင်နှုန်း မည်မျှရရှိမှ ခိုင်မာသည်ဟု ဆိုဦးမည်နည်း။ ၉၀.၁၉% ထက် ကျော်လွန်ရမည်လော။ ၁၀၀%လော။ သို့မဟုတ် ရာခိုင်နှုန်း မည်မျှပင်ရရ အတည်ပြုမည်လော။ မေးစရာ မေးခွန်း တသီတတန်းကြီး ထွက်ပေါ်နေပြီ ဖြစ်ပါသည်။

ယခု ရေးဆွဲနေသော ဖွဲ့စည်းပုံ အခြေခံဥပဒေသည် ရှည်လျားထွေပြားလှသော ကျနော်တို့၏ ပြည်တွင်း နိုင်ငံရေး ပြဿနာကို ပြေလည် ထွက်ပေါက်ရစေရန်အတွက် အခရာ ဖြစ်ပါသည်။ ဤအခြေခံဥပဒေကို ပြည်တွင်း အခြေအနေများနှင့် ကိုက်ညီပြီး နိုင်ငံတကာ စံနှုန်းများနှင့်လည်း ညီညွတ်ပါက ပြည်သူအများကလည်း လေးစား လက်ခံနိုင်ကာ ပဋိပက္ခများကိုလည်း ဖြေရှင်းနိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။ သိုသော် ယခုရုပ်လုံး ပေါ်စပြုနေသည့် အတိုင်း မဟာလမ်းပြမြေပုံကို ပြည်သူလူထုကို ထင်ယောင်ထင်မှား ဖြစ်အောင်ပြု၍ မိမိတစု၊ တဖွဲ့တည်း သို့မဟုတ် လူပုဂ္ဂိုလ် တဦးတယောက်ထဲ၏ အကျိုးစီးပွားအတွက် ဦးတည်ရေးဆွဲမည် ဆိုပါက ပြဿနာများကို ဖြေရှင်းနိုင်မည် မဟုတ်သည့်အပြင် အခြေအနေကို ပိုမို ဆိုးရွားလာစေမည် ဖြစ်ပါသည်။ အမျိုးသားညီလာခံမှ ချမှတ်ထားသော အခြေခံမူများအရ ရေးဆွဲထားသည့် အခြေခံဥပဒေကို အတည်ပြုနိုင်သည့်တိုင် ရေရှည်ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်ရန် ခက်ခဲပြီး နောင်တနေ့တွင် ပြန်လည် ပေါက်ကွဲကာ သွေးထွက်သံယိုမှုများနှင့် မလွဲမသွေ ကြုံတွေ့နိုင်ပါသည်။ နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းဖြင့် တွေ့ဆုံဆွေးနွေး အဖြေရှာ ဖြေရှင်းခြင်းဖြင့်သာ တိုင်းပြည် အဓွန့်ရှည် တည်တံ့မည့် ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်ပါမည်။ တွေ့ဆုံ ဆွေးနွေးရေးကို သွေဖီကာ မိမိစိတ်ကြိုက် ဖန်တီးယူထားသည့် မူအတိုင်း လက်ခံရန် အတင်းအကြပ် ဆောင်ရွက်မည် ဆိုပါက တိုင်းပြည်၏ ပြဿနာကို ပိုမို ရှုပ်ထွေးလာစေမည် ဖြစ်ပါသည်။

အထက်ပါ အဖြစ်အပျက်များနှင့် ပတ်သက်၍ တရားရုံးချုပ်၊ ရှေ့နေချုပ် ရုံးတို့တွင်လည်း တာဝန်မကင်း ဟု ယူဆပါသည်။ သို့ဖြစ်၍ အချင်းချင်း အပြန်အလှန် အပြစ်ဖို့ စွတ်စွဲ ပုတ်ခတ် ပြောဆိုနေကြမည့်အစား အရှိကို အရှိအတိုင်း အမှန်ကို အမှန်အတိုင်း ပွင့်ပွင့်လင်းလင်း တိုင်ပင် ဆွေးနွေးပြီး ညှိနှိုင်း ဆောင်ရွက်သွားကြရန် လိုအပ်မည်ဟု ထင်ပါသည်။ တိုင်းပြည် ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေးကို ရှေ့ရှုပြီး ယခု ကျင်းပလျက် ရှိသော အမျိုးသား ညီလာခံကြီးကို ပြုပြင် ပြောင်းလဲကာ ပိုမို လွတ်လပ်ခွင့် ပေးပြီး ပြည်သူတရပ်လုံးက လက်ခံနိုင်သည့် အဓွန့်ရှည် တည်တံ့ခိုင်မြဲသော ခိုင်မာသည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေတရပ် ပေါ်ပေါက်လာအောင် စိတ်ကောင်းစေတနာ ထားရှိ ဆောင်ရွက်ကြရန် လိုပြီဟု ယုံကြည်ပါသည်။ ဤနည်းဖြင့်သာလျှင် တိုင်းပြည်တွင် ကြုံတွေ့နေရသော ပြဿနာ ပေါင်းစုံကို ဖြေရှင်းနိုင်လိမ့်မည်ဟု ယုံကြည်မိပါကြောင်း တင်ပြအပ်ပါသည်။

မောင်လူအေး

http://www.mizzimaburmese.com/content/view/578/4/

Written by Lwin Aung Soe

February 17, 2008 at 6:37 pm

Posted in မဇ္ဈိမ

India persuades Myanmar to let UN envoy visit

without comments

The Times of India -Breaking news, views. reviews, cricket from across India
 

India persuades Myanmar to let UN envoy visit

17 Feb 2008, 0238 hrs IST, Indrani Bagchi, TNN

NEW DELHI: If China was responsible for facilitating UN envoy Ibrahim Gambari’s visit to Myanmar in 2007, India will take charge this year. After foreign secretary Shiv Shankar Menon’s quiet visit to Yangon earlier this month, Myanmar’s military rulers have reportedly been persuaded to let Gambari return to the country. If all goes well, Gambari might go back to Myanmar capital Naypyidaw by March. During his recent visit to New Delhi, Gambari told TOI, “Last time, China facilitated my trip to Myanmar. This time, I believe it will be India.” Gambari is expected to visit China in February. Asked when he would make his next trip to Myanmar, Gambari said, “The Myanmar government has indicated I could visit in April. But that’s too far away, about six months after my last trip. I want to go there much earlier than that.” In fact, India has reason to quietly cheer its Myanmar policy.

India made it clear it didn’t want sanctions. But it also stood behind Gambari mission. India’s resistance to sanctions on Myanmar was matched by China’s which also refused to entertain the thought of similar curbs. Besides, the recent sanctions by the European Union have had the predictable effect — the rulers in Mynamar have been spared but poor textile workers and gems and jewellery workers have been deeply affected. In fact, this call for sanctions has, in a way, rebound on Aung San Suu Kyi herself, because many of those affected by the sanctions are apparently her supporters.

This is a reality that has become clear to the sanctioning countries, which has consequently diluted the western appetite for sanctions. It showed in Gambari’s more “nuanced” attitude to the Myanmar issue recently. He was clear that the UN would not get involved in bilateral relations with Myanmar. And in fact, India will show its independence when Myanmarese strongman, Gen Maung Aye, arrives here in April to sign the ‘Kaladan’ multi-modal transport project to be executed by this country.

India in its turn has promised to help steer the Myanmar rulers to work out a more inclusive and comprehensive national reconciliation. Gambari is expected to push for permission to let aid workers in the education and health sectors work among Myanmar’s poor.

indrani.bagchi@timesgroup.com

Written by Lwin Aung Soe

February 17, 2008 at 5:51 pm

Posted in Varieties in English

Tagged with , , ,

World Focus on Burma (17 Feb 08)

without comments

  1. Burma: Ruling junta to blame for murder of top Karen leader, says ITUC
    Al-Bawaba, Jordan -
    (ITUC OnLine):As evidence mounts of the Burmese junta’s involvement in last night’s murder of a top Karen political leader on the Thai-Burma border, …
  2. Myanmar allows octogenarian prisoner a heart checkup
    Trend News Agency, Azerbaijan -
    … military strongman Ne Win, is the second most powerful opposition figure in Myanmar, also known as Burma, after Aung San Suu Kyi, who heads the NLD. …
  3. Russian company gains right to explore for minerals in Myanmar
    International Herald Tribune, France -
    By Aung Hla Tun Reuters YANGON: A Russian company has won exploration rights for gold and other minerals in Myanmar, the official media reported, …
  4. Myanmar rebels suffer new major setback
    Khaleej Times, United Arab Emirates -
    The Karen had been friendly with the British, who held out a vague promise of independence once the colony of Burma became a country in 1948. …
  5. The Death Railway – Bridge on the River Kwai
    Soonews.ca, Canada -
      The railway measured 415 km in length, which linked Bangkok, Thailand and Rangoon, Burma (now Myanmar), also included the construction of a bridge over the
  6. Scramble for oil
    Hindu, India -
      The reality that Myanmar (aka Burma) had the tenth largest gas reserves on the planet now mattered more to India than the fact that it had been ruled by a …

Written by Lwin Aung Soe

February 17, 2008 at 1:30 pm

Posted in World Focus on Burma

Tagged with ,

ဖေဖော်ဝါရီ (၁၃)ဟာ ဗိုလ်ချုပ် မွေးနေ့ပါ

without comments

ဖေဖော်ဝါရီ (၁၃)ဟာ ဗိုလ်ချုပ် မွေးနေ့ပါ

Heart Museum blog မှ ကူးယူဖော်ပြသည်။

Written by Lwin Aung Soe

February 17, 2008 at 1:19 pm

Posted in Video

ပြတ်ပြတ်သားသား ကန့်ကွက်ကြပါစို့

without comments

ပြတ်ပြတ်သားသား ကန့်ကွက်ကြပါစို့

အောင်ဒင်

(က) နိဒါန်း

၁၊ လက်ရှိမြန်မာနိုင်ငံကို အုပ်ချုပ်နေတဲ့ နအဖစစ်အစိုးရက (၁၉၉ဝ)ပြည့်နှစ် မေလမှာ ပါတီစုံ အထွေထွေ ရွေးကောက်ပွဲကြီး တရပ်ကို ကျင်းပပေးခဲ့ပါတယ်။ အဲဒီရွေးကောက်ပွဲကြီးကနေ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော်ကိုယ်စားလှယ် (၃၉၂)နေရာ အနိုင်ရရှိပြီး အဖွဲ့ချုပ်ရဲ့ မဟာမိတ်များဖြစ်ကြတဲ့ ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အပါအဝင် တိုင်းရင်းသား ပါတီများက လွှတ်တော်ကိုယ်စားလှယ် (၆၇)နေရာ အနိုင်ရရှိခဲ့ပါတယ်။ စစ်တပ်က ထောက်ခံအားပေးတဲ့ တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးပါတီကတော့ လွှတ်တော်ကိုယ်စားလှယ် (၁ဝ)နေရာသာ ရွေးချယ်ခံခဲ့ရပါတယ်။ ဒါဟာဖြင့် ပြည်သူလူထု တရပ်လုံးက စစ်အာဏာရှင်စနစ်ကို ပြတ်ပြတ်သားသား ငြင်းပယ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် တိုင်းရင်းသားပါတီများကို နိုင်ငံတော်ကို ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ တိုင်းရင်းသား လူမျိုးစု အခွင့်အရေးများကို အာမခံချက်ပေးမယ့် နိုင်ငံတော်သစ်အဖြစ် တည်ဆောက် ဦးဆောင်သွားဖို့ တာဝန်အပ်နှင်းလိုက်တာပါပဲ။

၂၊ ဒါပေမယ့်လည်း “ရွေးကောက်ပွဲ အနိုင်ရပါတီကို အာဏာလွှဲပြီ စစ် တန်းလျားကို ပြန်ပါ့မယ်”လို့ ကတိပေးခဲ့တဲ့ စစ်အစိုးရဟာ သူ့ကတိကို ပျက်ကွက်ခဲ့ပါတယ်။ ပြည်သူ့လွှတ်တော် ခေါ်ယူကျင်းပပေးဖို့ ငြင်းဆန်၊ အနိုင်ရ ပါတီကို အာဏာလွှဲပြောင်းပေးဖို့ ငြင်းဆန်ခဲ့တဲ့အပြင် ရွေးကောက်ပွဲအနိုင်ရပါတီနဲ့ တိုင်းရင်းသား ပါတီများက စစ်အစိုးရနဲ့ သုံးပွင့်ဆိုင်ဆွေးနွေးပွဲတွေ ကျင်းပပြီး တိုင်းပြည်ပြဿနာတွေကို ငြိမ်းချမ်းစွာ အဖြေရှာကြဖို့ ကမ်းလှမ်းတာကိုပါ ငြင်းပယ်ခဲ့ပါတယ်။ တချိန်တည်းမှာပဲ စစ်အာဏာရှင်စနစ်ကို တရားဝင်ဖြစ်အောင် အသက်သွင်းမယ့် ဖွဲ့စည်းပုံ အခြေခံဥပဒေတရပ်ကိုလည်း (၁၉၉ဝ) ရွေးကောက်ပွဲက ရွေးကောက်ခံလွှတ်တော် ကိုယ်စားလှယ်များရဲ့ ဆန္ဒ မပါ၊ စစ်မှန်တဲ့ တိုင်းရင်းသားကိုယ်စားလှယ်များရဲ့ဆန္ဒ မပါပဲ၊ တဖက်သတ် ရေးဆွဲခဲ့ပြီး အဲဒီဖွဲ့စည်းပုံ အခြေခံဥပဒေကို (၂ဝဝ၈)ခုနှစ် မေလမှာ လူထုဆန္ဒခံယူပွဲနဲ့ အတည်ပြုမယ်လို့ ကြွေးကြော်နေပါတယ်၊ ဒါဟာဖြင့် စစ်အာဏာရှင်စနစ်အောက်က လွတ်မြောက်ပြီး အကြောက်တရားကင်းတဲ့ ဒီမိုကရေစီ လူ့အဖွဲ့အစည်းမှာ ငြိမ်းချမ်းစွာ နေထိုင်ချင်ကြတဲ့ ပြည်သူလူထု တရပ်လုံးကို စစ်အစိုးရက စိန်ခေါ်လိုက်တာပါပဲ။ ဒါဟာဖြင့် (၁၉၉၀) ရွေးကောက်ပွဲရလဒ်ကို တရားဝင် ငြင်းပယ်လိုက်တာပါပဲ။ စစ်အစိုးရက သူ့ရဲ့ဖွဲ့စည်းပုံ အခြေခံဥပဒေကို မတရားတဲ့နည်းလမ်းများနဲ့ အတည်ပြုလိုက်နိုင်တာနဲ့ တပြိုင်နက် (၁၉၉၀) ရွေးကောက်ပွဲရလဒ်ဟာ ပျက်ပြယ်သွားပါပြီ။ (၁၉၉၀) ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များရဲ့ အခန်းက ပြီးဆုံးသွားပါပြီ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရွေးကောက်ပွဲအနိုင်ရပါတီ အဆင့်အတန်း ပျက်ပြယ်သွားပါပြီ။ အဆိုးဆုံးကတော့ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့အတူ မြန်မာနိုင်ငံဟာ စစ်အာဏာရှင်စနစ် အောက်ကို တရားဝင် ရောက်ရှိသွားပြီး ကျနော်တို့ရဲ့ သားစဉ်မြေးဆက်တွေ စစ်ကျွန်ဘ၀ ရောက်ကြရတော့မှာပါ။

ဆက်လက်ဖတ်ရှုရန်

Download: reject-sham-constitution_f1.pdf

Written by Lwin Aung Soe

February 17, 2008 at 1:02 pm

Posted in ဆောင်းပါး

Tagged with

Assassination of Pado Mahn Shar Lar Phan

without comments

Death of Karen leader blow to Myanmar groups

15 Feb 08 AlJazeeraEnglish

Karen National Union Gen Secy shot dead

morungexpress

 

Mahn Sha, the leader of Myanmar’s Karen National Union, one of the biggest ethnic groups fighting Myanmar’s military government, lays dead in his home in the Thai border town of Mae Sot on Thursday, February 14, in Thailand. Mahn Sha was shot dead Thursday.
.

Bangkok, February 15 (Agencies): The assassination of a senior Karen rebel leader on the Burma border has dealt a severe blow not only to the insurgency but also to Burma’s entire pro-democracy movement, observers said Friday. Karen National Union (KNU) general secretary Mahn Sha was gunned down in his home in Mae Sot, Thailand, Thursday afternoon by unknown assailants. “A black-coloured vehicle parked in front of his house at about 4:00 pm and one man came out with a bouquet of flowers,” said Blooming Night Zan, secretary for the Karen Women’s Organization. “He greeted Mahn Sha in Karen, saying ‘Good evening uncle,’ and then shot him,” Zan told Deutsche Presse Agentur dpa from Mae Sot, 380 kilometres north of Bangkok.
A second assassin from the car, which had a Thai licence plate, then shot Mahn Sha twice in the body, leaving him dead. Thai police found the car parked near the Moei River, which defines the Thai-Burma border, but have yet to identify the assailants. Karen sources suspect the gunmen were members of the Democratic Karen Buddhist Army, a Karen splinter group that broke with the KNU in 1995 and is now allied with the Burma army.
The slaying of Mahn Sha was seen as a great blow for the KNU, an insurgency that has been fighting for the autonomy of the Karen State for the past six decades, and for Burma’s pro-democracy movement. “For the Burmese audience Mahn Sha was the second most popular Karen leader after Bo Mya,” said Win Min, a Thailand-based Burma scholar.
“His death is a loss for the Burmese pro-democracy movement as a whole, since Mahn Sha was one of the few Karen leaders who was accepted by the various groups within the movement, especially those acting in exile,” said Win Min. But more specifically, his murder was another blow for the KNU. Bo Mya, the military leader of the Karen National Liberation Army, died in December 24, 2006, from illness. His demise was a major blow for the insurgency and a source of further splits within the remaining forces. In February 2007, the KNU’s 7th Brigade split off from the main force and entered into peace negotiations with Burma’s junta.
The 7th Brigade is one faction of the more active forces within the KNU, which has been waging a guerrilla struggle against the central government for the independence of the Karen State since 1949. There are an estimated 4,000 KNU troops still in the field against the junta. The KNU is one of the last ethnic minority insurgencies that have refused to enter into a peace agreements with the ruling junta, which has monopolized political power in the country since 1962. Mahn Sha’s murder has at least highlighted the plight of the Karen, whose struggle has often been overlooked by the international community, Win Min noted.
In Washington DC, US Congressman Joe Pitts, in a statement on Mahn Sha’s death, said the assassination should draw world attention to the ongoing persecution of the Karen and other ethnic minorities by the Burma regime. “For too long, the plight of the people of Burma has either been ignored or discussed ad nauseam with little or no action on behalf of the people,” said Pitts. “With over 1.5 million internally displaced persons and refugees as a result of the brutal attacks by the dictatorship’s army, it is time for change. The international community must ensure that what happened to Mahn Sha does not happen to any other ethnic, democracy, or religious leader in Burma,” he added.
Burma’s junta has been carrying out a large-scale offensive against the KNU for the past two years, forcing about 30,000 Karens to flee their homes and seek shelter in camps for “displaced persons” along the Thai border, while thousands of others continue to lead a precarious existence in their homeland.

—————-

Police find car used in KNU assassination

Killers believed to have fled to Burma

By Bangkok Post and AFP

 

The vehicle used by gunmen who shot dead a key member of the Karen National Union (KNU) this week has been found abandoned near the border with Burma.

Forensic police in Tak are searching for any evidence from the black pick-up that could help police discover who was behind the assassination of KNU general-secretary Pado Mahn Shar Lapan, who was shot dead at his home on Thursday in Mae Sot district.

Two gunmen stormed his residence and shot him dead while a driver was waiting in the pick-up.

Police suspect the gunmen then fled across the border, dumping their truck at Ban Wang Pa in Mae Ramat district. Police said the truck had a Bangkok licence plate.

Mae Sot police chief Pol Col Phossawat Taengjui said police will seek help from the Burmese authorities once they know the names of those suspected of being involved in the assassination.

Mahn Shar was the third most influential figure in the KNU with close ties to former leader, the late Gen Bo Mya.

The KNU is the largest rebel group fighting Burma’s armed forces.

Military-ruled Burma’s state media yesterday warned of further attacks by ethnic insurgents, following the assassination.

The New Light of Myanmar, which like other official media has remained silent on the killing of Mahn Shar, said rebels were plotting more bomb attacks in some ”important places.”

”According to the information received recently, internal and external destructive elements are scheming together to detonate bombs again in some important places and busy places in the nation,” the daily said.

State-run newspapers, radio and TV channels have ignored the death of the rebel leader, who was also a critical link between the rebels and Burma’s pro-democracy movement.

Burma has been hit by a series of small bomb blasts and rebel shootings since December, prompting the ruling junta to blame the KNU for the attacks.

Burma, under military rule since 1962, has signed ceasefires with 17 other ethnic armed groups, but the KNU is one of the few remaining ethnic insurgent groups yet to sign a peace deal with the junta.

http://www.bangkokpost.com/News/17Feb2008_news12.php

More articles:


The Irrawaddy News Magazine

Myanmar gains in leader’s death
Asia Times Online, Hong Kong - Feb 15, 2008
… “The KNU will also cooperate with opposition groups inside and outside the country in matters relating to change in Burma [Myanmar] and increasing the …
Burma rebels name new leader
The Press Association - Feb 14, 2008
The Karen National Union (KNU), a leading ethnic rebel group in Burma, has named a new leader following the mysterious murder of its chief.
Photos available from above-mentioned articles .

Karen National Union leader Pado Mahn Shar, pictured in January 2008

Pado Mahn Shar was a veteran of the Karen People’s struggle

KNU Secretary General Pado Mahn Shar (l) and KNLA chief Mutu Sae Po (r)

Pado Mahn Shar (l) said the rebels would never give up

Myanmar’s rebel Karen National Union troops
Burmese rebels
With this posting, I deeply salute Pado Mahn Shar Lar phan for his courage, determination and intuition. May God Bless Pado Mahn Shar.

 

 

Written by Lwin Aung Soe

February 17, 2008 at 3:19 am