ကျောင်းသားခေါင်းဆောင်လေးဦး ထောင်တွင်း ကျန်းမာရေး ဆိုးဝါးနေ
RFA (Burmese) news
အင်းစိန်ထောင်မှာ ဖမ်းဆီးချုပ်နှောင်ခံနေရတဲ့၊ ၈၈ မျိုးဆက် ကျောင်းသား လေးဦးရဲ့ ကျန်းမာရေးအခြေအနေ ဆိုးဝါးနေတယ်လို့ သိရပါတယ်။ ခုလို ကျန်းမာရေး အတော် ဆိုးဝါးနေသူတွေကတော့ ကိုလှမျိုးနောင်၊ ကိုသက်ဇော်၊ ကိုကျော်စိုးနဲ့ ရွှေသံစဉ် ကိုဝင်းမော်တို့ ဖြစ်ကြပါတယ်။
ကိုလှမျိုးနောင်ဟာ တိမ်းရှောင်လှုပ်ရှားနေရာကနေ မျက်လုံးရောဂါ အခြေအနေ ဆိုးလာလို့ ဆေးခန်းသွားပြရာကနေ အဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။ သက်ဆိုင်ရာက သူ့မျက်လုံးကို ဆေးရုံတင် ခွဲစိတ်ပေးခဲ့ပေမဲ့၊ ခွဲစိတ်မှု မအောင်မြင်ပဲ မျက်လုံးတဖက် ကွယ်သွားခဲ့ပါတယ်။
အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ။
DVB (Burmese) news
moreဧရာဝတီ သတင်းဌာန
အထိန်းသိမ်းခံရသူများ ကျန်းမာရေးဆိုးရွား
ကိုသက် | ဇန်နဝါရီ ၁၆၊ ၂၀၀၈
အင်းစိန်ထောင်တွင် အထိန်းသိမ်းခံထားရသည့် ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့မှ ကိုလှမျိုးနောင်၊ ကိုကျော်စိုး (တော်ကီ)၊ ရွှေသံစဉ် တေးဂီတအဖွဲ့ခေါင်းဆောင် ကိုဝင်းမော်နှင့် မန္တလေးထောင်တွင် အကျဉ်းကျ ခံနေရသည့် အန်အယ်လ်ဒီပါတီ၏ မကွေးတိုင်း စည်းရုံးရေး ကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးမြင့်ဦးတို့သည် ကျန်းမာရေး အခြေအနေ ဆိုးရွားနေသောကြောင့် ဆေးရုံတင်ထားရကြောင်း သိရသည်။
ကိုလှမျိုးနောင်၏ မျက်စိ ၂ ဘက်စလုံးသည် ကွယ်လုနီးပါးဖြစ်ကာ အင်းစိန် ထောင်ဆေးရုံသို့ တင်ထားရကြောင်း မိသားစုမှတဆင့် သိရသည်။

လွန်ခဲ့သည့် အောက်တိုဘာလအတွင်းက ကိုလှမျိုးနောင်သည် မျက်ကြည်လွှာ စုတ်ပြဲသည့်ဝေဒနာကြောင့် ဘယ်ဘက်မျက်လုံးကို ခွဲစိတ်ကုသရန် အထူးကုဆေးခန်းသို့သွားစဉ် အာဏာပိုင်တို့၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။ ၎င်းအားဖမ်းဆီးသွားပြီးနောက် အာဏာပိုင်တို့က ခွဲစိတ်ကုသမှု ပြုလုပ်ပေးသော်လည်း ခွဲစိတ်မှု မအောင်မြင်သောကြောင့် အာရုံကြောထိခိုက်သွားသည်။
ကိုဝင်းမော်နှင့် ကိုကျော်စိုးတို့သည် စစ်ကြောရေးကာလအတွင်း အနှိပ်စက်ခံရသဖြင့် အင်းစိန်ထောင်ဆေးရုံတွင်
တင်ရခြင်း ဖြစ်သည်။
ကိုဝင်းမော်အား ဦးခေါင်းသို့ရေစက်ချကာ ညှဉ်းပန်းနှိပ်စက်သဖြင့် အဆုတ်နာရောဂါကို ခံစားနေရသည်ဟု ၎င်း၏ မိသားစုဝင်တဦးက ဧရာဝတီကို ပြောသည်။
DVB (Burnese)

