ဥရောပထုတ်ဝေသူတွေ ကမ်းလှမ်းတဲ့ ဇာဂနာရဲ့ ဗိုလ်ချုပ်အောင်ဆန်း အထုပ္ပတ္တိ (အင်တာဗျူး)
ဥရောပထုတ်ဝေသူတွေ ကမ်းလှမ်းတဲ့ ဇာဂနာရဲ့ ဗိုလ်ချုပ်အောင်ဆန်း အထုပ္ပတ္တိ (အင်တာဗျူး)
နေသွင်
Monday, 14 January 2008 15:09 – မြန်မာစံတော်ချိန်
မဇ္ဈိမ အင်တာဗျူး
အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း အထုပ္ပတိအကြောင်း ဒါရိုက်တာနှင့် ဟာသသရုပ်ဆောင် ဇာဂနာ က ရုပ်ရှင်ဇာတ်ညွန်း ရေးလျှက် ရှိသည်။ မြန်မာနိုင်ငံတွင် ပထမဦးဆုံး ဖြစ်လာမည့် အမျိုးသား ခေါင်းဆောင်ကြီး၏ ဘဝဇာတ်ကြောင်းကို လူတူဇာတ်ကောင်များနှင့် ရသမွှန်း ရိုက်ကူးမည့် သူ၏ စိတ်ကူးကို ဥရောပ ရုပ်ရှင်သမဂ္ဂက ထုတ်ဝေသူလုပ်ရန် ကမ်းလှမ်းထားသော ကိစ္စ၊ မြန်မာပြည်တွင် ရိုက်ကူးခွင့် ရရှိရေး အတိုက်အခံ လုပ်သွားမည်ဟု ကြေညာချက် အပါအဝင် ထူးထူးကဲကဲ လုပ်လိုသည့် သူ့ကို ဝေဖန်သံများ ထွက်နေသည့်အပေါ် ဇာဂနာက ရှင်းလင်း ပြောဆိုသွားသည်။ မဇ္ဈိမမှ ကိုနေသွင်က တယ်လီဖုန်းမှတဆင့် ဆက်သွယ်မေးမြန်းထားသည်။
မေး။ ။ ဗိုလ်ချုပ်အောင်ဆန်း ဇာတ်ညွန်း နောက်ဆုံး ဘယ်အခြေအနေ ရောက်နေပြီလဲ
ဖြေ။ ။ နောက်ဆုံးလို့ ပြောရမှာက ကျနော့်ဟာက အကုန်ပြီးနေပြီး။ အထုပ္ပတ္တိလို ရေးတာမဟုတ်ဘူး၊ ရသက နည်းနည်းပါတဲ့အတွက် ကျနော်က လှုပ်ရှားမှုတွေ၊ အက်ရှင် အခန်းလေးတွေ၊ ဝမ်းနည်းစရာ အခန်းလေးတွေ၊ စသဖြင့် အဲဒါလေးတွေကို သမမျှတအောင် ရောနေရလိုသာ ကျနော်က ကြာတာလေ။ ကျနော် ခွဲထားတဲ့အတိုင်း ဆိုရင် Scene အတိုင်းဆိုရင် နံပါတ် (၁) ကနေ နံပါတ် (၁၃၂) အထိ ရှိလုပ်ထားတယ်။ ဒါပေမယ့် ထိပ်ဆုံး Scene နံပါတ် (၁) နဲ့ နောက်ဆုံး (၁၃၂) က အတူတူပဲ ဖြစ်တဲ့အတွက် (၁၃၁) Scene လို့ ပြောလို့ ရတယ်။ ဇာတ်ကားရဲ့ ကြာမြင့်ချိန်က (၁၃၁) မိနစ်လို့ ပြောလို့ရတယ်။ (၂) နာရီနဲ့ (၁၁) မိနစ်ကြာမယ်။
မဇ္ဈိမအင်တာဗျူး – ဆက်လက်ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ။
