Save Burma

အာဏာရှင်စနစ် ကျဆုံးမှ တတိုင်းပြည်လုံး စစ်မှန်တဲ့ ဒီမိုကရေစီကို ခံစားရမယ်

လူ့အခွင့်အရေးဟစ်တိုင် – လူ့အခွင့်အရေးချိုးဖောက်မှုများ ဖော်ထုတ်ကြဖို့ အီမေးလ် စီစဉ်

leave a comment »

လူ့အခွင့်အရေးချိုးဖောက်မှုများ ဖော်ထုတ်ကြဖို့ အီမေးလ် စီစဉ်

RFA 28-12-2007

မြန်မာပြည်သူတွေအနေနဲ့ ကိုယ်အခွင့်အရေးကို ကိုယ်တိုင်ကာကွယ်ကြဖို့ စစ်အစိုးရက အကြမ်းဖက် ဖိနှိပ်မှုတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်တာတွေကို ပြည်သူတွေ ကိုယ်တိုင် ဖော်ထုတ်တင်ပြကြဖို့ ၈၈ မျိုးဆက် ကျောင်းသားတွေက တိုက်တွန်းပြီး သတင်းအချက်အလက်တွေ ပေးပို့နိုင်မယ့် အီမေးလ် လိပ်စာကိုလည်း စီစဉ်ထားကြောင်း ကြေညာလိုက်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၀ ရက်နေ့ လူ့အခွင့်အရေးနေ့ကနေ စတင်လိုက်တဲ့ ‘လူ့အခွင့်အရေးဟစ်တိုင်’ အစီအစဉ်အတွက် အီးမေးလ်လိပ်စာတခုကို စီစဉ်ထားကြောင်း၊ ဒီ အီးမေးလ်လိပ်စာအတိုင်း လူ့အခွင့်အရေးချိုးဖောက်ခံရတဲ့ အချက်အလက်တွေ၊ အထောက်အထားတွေ ပေးပို့ကြဖို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တဦးဖြစ်တဲ့ ကိုစိုးထွန်းက ပြောသွားပါတယ်။

မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်တာတွေကို စစ်အစိုးရအာဏာပိုင်တွေ ကိုယ်တိုင်ကျူးလွန်နေတာ ဖြစ်တဲ့အတွက် အရေးယူအပြစ်ပေးခြင်း၊ တားဆီးပေးခြင်းမရှိ ဖြစ်နေရကြောင်း၊ ဒါကြောင့် ပြည်သူတွေရဲ့ လူ့အခွင့်အရေးချိုးဖောက်ခံရတဲ့ အချက်အလက်တွေကို ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့အစည်းတွေ အပါအဝင် နိုငိငံတကာအဖွဲ့အစည်းတွေကို သက်သေ အထောက်အထားတွေအဖြစ်၊ ပေးပို့မှာဖြစ်ကြောင်း၊ ၈၈ မျိုးဆက် ကျောင်းသားတွေကရှင်းပြပါတယ်။

ဒီလူ့အခွင့်အရေး ချိုးဖောက်ခံရတဲ့ကိစ္စရပ်တွေကို၊ ကိုယ်တိုင်ကျူးလွန်ခံရသူ၊ ဒါမှမဟုတ် မျက်မြင်သက်သေတွေ ကနေတိုင်ကြားပေးပို့နိုင်ပြီး၊ တင်ပြရမယ့် ပုံစံ Form တခုကိုလည်း ပြုစုထားတယ်လို့ဆိုပါတယ်။ အီးမေးလ်တွေကနေ တဆင့်ဖြန့်ဝေပေးနေပြီး၊ လောလောဆယ် စုဆောင်းရရှိထားတဲ့ အီးမေးလ်လိပ်စာတွေကို ပေးပို့ထားကြောင်း၊ လက်ခံရရှိသူတွေအနေနဲ့ အသိမိတ်ဆွေတွေကို တဆင့်ထပ်မံဖြန့်ဝေပေးဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

အရင်က တိုင်တန်းတင်ပြတဲ့ပုံစံကို အင်္ဂလိပ်လို ပြုစုထားပေမယ့် အခုအခါ ပိုမိုလွယ်ကူအောင် မြန်မာလိုပါ ပြုစုထားတယ်လို့ ဆိုပါတယ်။

ပေးပို့ရမဲ့ အီးမေးလ်လိပ်စာက hrhittaing@gmail.com ဖြစ်ကြောင်း ၈၈ မျိုးဆက်ကျောင်းသားတွေက ပြောပါတယ်။

Written by Lwin Aung Soe

December 29, 2007 at 6:34 am

Leave a Reply