Save Burma

အာဏာရှင်စနစ် ကျဆုံးမှ တတိုင်းပြည်လုံး စစ်မှန်တဲ့ ဒီမိုကရေစီကို ခံစားရမယ်

Archive for December 21st, 2007

လတ်တလော မြန်မာ့ ဒေသန္တရ နိုင်ငံရေး (ထိုင်းနိုင်ငံ)

leave a comment »

လတ်တလော မြန်မာ့ ဒေသန္တရ နိုင်ငံရေး

နိဒါန်း

၂၀၀၇ ခုနှစ် ဒုတိယနှစ်ဝက်လောက်က စပြီး ကမ္ဘာ့နိုင်ငံရေး အခြေအနေများ သိသိသာသာ ပြောင်းလဲ နေသည်။ အထူးသဖြင့် မြန်မာ၊ ထိုင်း၊ ပါကစ္စတန်၊ ဗင်နီဇွဲလား၊ ရုရှား စသော လုံးဝ အာဏာရှင် (သို့) အာဏာရှင်တပိုင်း နိုင်ငံများ မျက်ခုံးလှုပ်နေရသည့် ပြောင်းလဲမှုများက အထင်းသား ပေါ်လွင်လာသည်။ အာဏာရှင်ထိုင်ခုံပေါ်မှ မဆင်းရရေးအတွက် နည်းမျိုးစုံဖြင့် အဓမ္မ လုပ်ဆောင်နေခဲ့ကြသည်များကိုလည်း အတိုင်းသား မြင်တွေ့နေရသည်။

ယခုတလော ကမ္ဘာတလွှား အကျော်ကြားဆုံး လူထုတော်လှန်ရေးမှာ ရွှေဝါရောင် တော်လှန်ရေးဟု တင်စားခေါ်ဝေါ်ခံရသည့် မြန်မာနိုင်ငံမှ ၂၀၀၇ခုနှစ် စက်တင်ဘာ အစိုးရဆန့်ကျင်ရေး ဖြစ်သည်။ ငြိမ်းချမ်းစွာ ဆန္ဒပြ တောင်းဆိုသူများကို လက်ရှိ အုပ်စိုးနေသူ စစ်အာဏာရှင် အစိုးရက အကြမ်းဖက် ပစ်ခတ် ဖြိုခွဲ နှိမ်နှင်းပြီးနောက် စစ်အစိုးရကိုယ်တိုင် စိတ်ကြိုက် ပြင်ဆင်နေသော လမ်းပြမြေပုံဖြင့်သာ မြန်မာနိုင်ငံကို ဒီမိုကရေစီ အသွင်ပြောင်းလဲမည်ဟု ကြွေးကျော်လာသည်။

အဆိုပါလမ်းပြမြေပုံတွင် နိုင်ငံဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲရေး၊ အတည်ပြုရေးနှင့် အခြေခံဥပဒေအတိုင်း ရွေးကောက်ပွဲ ကျင်းပရေး၊ လွှတ်တော်ဖွဲ့စည်းရေးနှင့် ယင်းမှတဆင့် အစိုးရ ဖွဲ့စည်းရေးတို့က အဓိက အချက်များအဖြစ် ပါရှိသည်။

နိုင်ငံနှင့် နိုင်ငံသားတို့၏ အနာဂတ် ကံကြမ္မာကို အဆုံးအဖြတ်ပေးမည့် ဤကိစ္စကြီးကို သာမန်ကာ လျှံကာ လစ်လျူရှု မထားထိုက်ပါ။ သက်ရောက်နိုင်သော ကောင်းကျိုးနှင့် ဆိုးကျိုးများကို ကြိုတင်ခန့်မှန်းသုံးသပ်၍ လိုအပ်သည့်အတိုင်း စနစ်တကျ ကြိုတင်ပြင်ဆင်နိုင်ပါမှ တော်ကာကျနိုင်ပါလိမ့်မည်။ အထူးသဖြင့် အာဏာရှင် အစိုးရအား အတိုက်အခံပြု၍ ကြိုးပမ်းကြရသဖြင့် နိုးနိုးကြားကြားဖြင့် ဂရုတစိုက် ပြင်ဆင်အပ် လှပါသည်။

မြန်မာနိုင်ငံနှင့် ဒေသန္တရ နိုင်ငံရေး ဆက်စပ်နေသော အခြားနိုင်ငံများမှ အဖြစ်များကို နမူနာယူခြင်းဖြင့်လည်း အာဏာရှင်တို့၏ ခြေလှမ်းများကို အနည်းနှင့်အများ ရိပ်စားမိနိုင်ပါသည်။ ဦးစွာအားဖြင့် မြန်မာ့အိမ်နီးချင်း နိုင်ငံတခုဖြစ်သော ထိုင်းနိုင်ငံမှ ဖြစ်ရပ်များနှင့် အလားအလာများကို ဖော်ပြလိုက်ပါသည်။ 

 

ထိုင်းနိုင်ငံ

ထိုင်းနိုင်ငံတွင် ၂၀၀၆ ခုနှစ်က သာ့ခ်ဆင် (Thaksin Shinawatra )၏ ဒီမိုကရေစီ အစိုးရအဖွဲ့အတွင်း အကျင့်ပျက် ခြစားမှုများနှင့် အာဏာအလွဲသုံးစား လုပ်မှုများကြောင့် လပေါင်းများစွာ ကြာအောင်  အတိုက်အခံ နိုင်ငံရေးပါတီများနှင့် ပြည်သူတို့က ဆန့်ကျင်ဆန္ဒပြနေခြင်းကို အခွင့်ကောင်းယူ၍ ဗိုလ်ချုပ်ကြီး စုံသီ (Sonthi Boonyaratglin) က  သွေးထွက်သံယို မရှိပဲ စစ်အာဏာသိမ်းခဲ့သည်။

ဗိုလ်ချုပ်ကြီး စုံသီမှာ အာဏာသိမ်းမည်ဟု ထိုင်းနိုင်ငံရေးလောကမှ မျှော်လင့်တွက်ဆ မထားခဲ့ပါ။ ထိုအခြေအနေရောက်အောင်လည်း ၎င်းက အနည်းဆုံး (၄)လခန့် ကြိုတင်ပြင်ဆင်ခဲ့ပုံရသည်။

“နိုင်ငံရေးမှာ စစ်တပ်က ပါဝင်လာတိုင်း နိုင်ငံတွင်းမှာ ပြဿနာတွေ ကြီးထွားလာပြီး ပိုဆိုးလာတဲ့ သဘော ရှိပါတယ်။ ဒါကြောင့် စစ်တပ်အရာရှိတွေဟာ နိုင်ငံရေးနဲ့ ကင်းကင်းရှင်းရှင်း နေရပါမယ်။ ထိုင်းနိုင်ငံမှာ နောက်ထပ် အာဏာသိမ်းတာတွေ မရှိစေရဘူးလို့ လူတိုင်းကို ကျနော် အခိုင်အမာ ရှင်းရှင်းလင်းလင်း အာမခံ ပြောကြားလိုက်ပါတယ်”ဟု အာဏာမသိမ်းမီ (၄)လအလို ၂၀၀၆ မေလတွင် ဗိုလ်ချုပ်ကြီး စုံသီက လူသိရှင်ကြား ကြေညာချက် ထုတ်ပြန်ခဲ့ဖူးသည်။

သို့သော် သူသည် ၂၀၀၆ စက်တင်ဘာ (၁၉)ရက်တွင် အမှန်ပင် အာဏာသိမ်းခဲ့သည်။ စကားတည်သူ တဦး မဟုတ်ပဲ အပြောတခြား အလုပ်တခြားလုပ်သူ တဦးအဖြစ် သတ်မှတ်ခံရသည်။

မည်သည့် အာဏာသိမ်းမှုမဆို မည်သို့ပင် အကြောင်းပြချက် ပေးသည်ဖြစ်စေ၊ အဆိုပါ အကြောင်းပြချက် ပေးရုံဖြင့် အာဏာရှင်ဆန်ဆန် စိတ်ကြိုက်လုပ်ပိုင်ခွင့် ပေးနိုင်ကောင်းသောကိစ္စ မဟုတ်ပါ။ အထူးသဖြင့် နိုင်ငံသားတို့က လေးစားလိုက်နာနေသည့် နိုင်ငံဖွဲ့စည်းပုံ အခြေခံဥပဒေက ကောင်းစွာ အသက်ဝင်လျက် ရှိနေသည့် အချိန်ကာလများတွင် ပို၍့ပင် အာဏာ သိမ်းခြင်းအမှုကို မပြုသင့်ပါ။

၃၀-၉-၂၀၀၇ တွင် ကာကွယ်ရေး ဦးစီးချုပ်အဖြစ်မှ အနားယူကြောင်း ဗိုလ်ချုပ်ကြီး စုံသီက ကြေညာလိုက်သော်လည်း ၎င်းစိတ်ကြိုက် အသစ်ဖွဲ့စည်းလိုက်သည့် အမျိုးသားလုံခြုံရေးကောင်စီ Council for National Security (CNS)တွင်လည်း ဥက္ကဌအဖြစ် တာဝန်ယူထားသည်။ တဖန် အာဏာသိမ်း စစ်တပ်၏ ကျောထောက်နောက်ခံဖြင့် ဖွဲ့စည်းထားသော အစိုးရအဖွဲ့တွင်လည်း ဒုတိယ၀န်ကြီးချုပ်အဖြစ် ဆက်လက် တာဝန်ထမ်းဆောင်လျက် ရှိနေပြန်သည်။ ဤအချက်က စုံသီသည် နိုင်ငံရေးအာဏာကို မက်မောပြီး မရမက ဖက်တွယ်လိုစိတ် ရှိနေကြောင်း အထင်အရှား ဖော်ပြနေသည်။

အာဏာသိမ်း ခေါင်းဆောင် ဗိုလ်ချုပ်ကြီး စုံသီမှာ ဒေါ်လာသန်းပေါင်းများစွာ ပိုင်ဆိုင်သည်ဟု သတင်း ထွက်နေသော်လည်း သူနှင့် ဇနီး နှစ်ယောက်စလုံးတွင် ပိုင်ဆိုင်မှုမှာ အမေရိကန်ဒေါ်လာ (၂.၈)သန်းမျှသာ ရှိသည်ဟု တရားဝင် ကြေညာထားသည်။ စုံသီမှ တိုက်ရိုက်ခန့်ထားသည့် ၀န်ကြီးချုပ် စူရာယွတ် ချူလာနွန် (Surayud Chulanont)ကလည်း သူသည် အမေရိကန် ဒေါ်လာ (၃.၉)သန်း ပိုင်ဆိုင်သည်ဟု တရားဝင်ကြေညာသည်။ ဤသည်မှာ ထိုင်းနိုင်ငံရေးလောကသို့ တရားဝင် နေရာယူလိုသဖြင့် တဖက်သပ် ကြေညာနေခြင်းမျှသာ ဖြစ်သည်။ အမှန်တကယ် ပိုင်ဆိုင်မှုများကို စုံစမ်းစစ်ဆေးရန် အခြေအနေမျိုး ဖန်တီးပေးထားခြင်း မရှိသေးပါ။   

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ထိုင်းနိုင်ငံ၏အခြေအနေကို အကြမ်းဖျဉ်းလေ့လာကြည့်လျှင် နိုင်ငံအတွင်း အထူးသဖြင့် နိုင်ငံရေးလောက၌ အကွဲအပြဲများ ရှိနေဆဲဖြစ်သည်။ ၀န်ကြီးချုပ် စူရာယွတ်၏  အုပ်ချုပ်မှုအောက်တွင် နိုင်ငံတည်ငြိမ်ရေးနှင့် ပြည်သူတို့၏ လုံခြုံရေးတို့ကို ဦးစားမပေးနိုင်ခြင်းများက အမြော်အမြင် ကြီးမားသူတို့အား ရတက်မအေး ဖြစ်နေစေတော့သည်။

အထူးသဖြင့် ထိုင်းနိုင်ငံတောင်ပိုင်းမှ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် သတင်းမီဒီယာ လွတ်လပ်ခွင့် များတွင် ဝေဖန်ခံနေရသည်။     

စစ်အစိုးရ ကျောထောက် နောက်ခံပြု ရေးဆွဲထားသော အခြေခံဥပဒေအပေါ် ၁၉-၈-၂၀၀၇ နေ့က လူထုဆန္ဒခံယူပွဲ လုပ်ရာ မဲပေးနိုင်သူများအနက် (၆၀)%သာ လာရောက်ကြသည်။ သို့သော်လည်း ထောက်ခံမဲ အများစု ရရှိခဲ့သည်။ စစ်အစိုးရအတွက် အောင်ပွဲတခု ရရှိလိုက်ခြင်းဖြစ်သည်ဟု ဆိုနိုင်သော်လည်း ထောက်ခံမဲ (၅၆.၆၉)%နှင့် ကန့်ကွက်မဲက (၄၁.၃၇)% ဖြစ်နေသည်ကို ထောက်ရှုလျှင် အနာဂတ်တချိန်တွင် အငြင်းပွားစရာ အများအပြား ရှိလာနိုင်မည့် ဖွဲ့စည်းပုံ အခြေခံဥပဒေတခုဟု ဆိုရပေလိမ့်မည်။

ပြီးခဲ့သော နှစ်များအတွင် ထိုင်းနိုင်ငံ၌ စီးပွားရေး တိုးတက်မှုများ အမှန်ပင် ရှိနေခဲ့သည်။  လူထု နှစ်သက်သော နိုင်ငံဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ဒီမိုကရေစီအရ တည်ဆောက်ထားခဲ့သည့် စီးပွားရေးစနစ်က အခြေခိုင်နေသောကြောင့်သာ နိုင်ငံ့စီးပွားရေးကို လတ်တလောအားဖြင့် မထိခိုက်သေးခြင်းသာ ဖြစ်သည်။ သို့သော်လည်း အဆိုပါ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ယုံကြည်ကိုးစားရန် သံသယရှိခြင်းနှင့် စစ်အာဏာသိမ်းမှု နောက်ဆက်တွဲ အခြေအနေများကြောင့် ပြည်သူတို့၏ ၀ယ်သူစားသုံးနိုင်စွမ်းနှင့် ရင်းနှီးမြှုပ်နှံမှုများ ဆက်လက် ကျဆင်းနေတုန်း ဖြစ်သည်။ 

ဝန်ကြီးချုပ်ဟောင်း သာ့ခ်ဆင်နှင့် သူ့မိသားစု အသိုင်းအ၀ိုင်းမှ ပိုင်ဆိုင်သည့် အမေရိကန် ဒေါ်လာ (၂.၁) ဘီလျံခန့်တန်ဖိုးရှိ ပိုင်ဆိုင်မှုများကို အာဏာသိမ်းစစ်တပ်မှ ခန့်ထားသည့် အစိုးရ၏ စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့က ထိန်းချုပ်ထားသည်။ အဆိုပါကိစ္စက သာ့ခ်ဆင်အား နိုင်ငံရေးလောကမှ အပြီးအပိုင် မထွက်ခွာနိုင်အောင် တုပ်နှောင်လိုက်ခြင်းဖြစ်ပြီး သူ့အနေဖြင့်သော်၎င်း၊ သူ၏နိုင်ငံရေး အသိုင်းအ၀ိုင်း အနေဖြင့်သော်၎င်း နိုင်ငံရေး အခွင့်အလမ်းသာအောင် ဆက်လက်ကြိုးပမ်းနေဦးမည့် လက္ခဏာတရပ် ဖြစ်လာသည်။

ထိုကြိုးပမ်းမှုများနှင့်အတူ သာ့ခ်ဆင်၏ ယခင် နိုင်ငံရေးအတိုက်အခံများ၊ အာဏာသိမ်းသူ စုံသီနှင့် လက်ရှိ စစ်အစိုးရခန့် အစိုးရအဖွဲ့တို့အကြားတွင် နိုင်ငံရေးအရ ပြင်းပြင်းထန်ထန် ပြိုင်ဆိုင်မှုများ (သို့) နောက်တကြိမ် စစ်အာဏာသိမ်းရန် စသည့် အလားအလာများက ရှိနေသည်။

ထိုကြားထဲ  (၅-၁၂-၂၀၀၇)နေ့တွင် အသက်(၈၀) ပြည့်သည့် ထိုင်းဘုရင် ဘူမိဘော (Bhumibol Adulyadej) မှာ အသက်အရွယ်ကြောင့် သိသိသာသာ ကျန်းမာရေး ကျဆင်းနေသည့်အဖြစ်နှင့် နန်းမွေ ဆက်ခံရေးအပေါ် ပြည်သူတို့က ပူပင်ကြောင့်ကြလျက်ရှိသည်။ ထိုင်းဥပဒေအရ သူ့နေရာတွင် သမီးဖြစ်သူ သီရိဒုံ(Maha Chakri Sirindhorn)က ဆက်ခံရဖို့ရှိသည်။  ဘုရင် ဘူမိဘောမှာ ထိုင်းနိုင်ငံနှင့် ပြည်သူ တို့ကို စုစည်းပေးနိုင်စွမ်း ရှိသူဖြစ်သည်။ သူ၏နန်းသက် (၆၁)နှစ်အတွင်း ၀န်ကြီးချုပ် စုစုပေါင်း (၂၀)ဦးနှင့်  နိုင်ငံဖွဲ့စည်းပုံ အခြေခံဥပဒေသစ် စုစုပေါင်း (၁၆)ခု ရှိခဲ့သော်လည်း ထိုင်းပြည်သူတို့က ဘုရင်အား အစဉ်အလာ မပျက် ဆက်လက်ကိုးကွယ် ယုံကြည်အားထားခဲ့ကြသည်။ အာဏာသိမ်းသူများပင်လျှင် ထိုင်းဘုရင်အား လွန်ဆန်၍ မရနိုင်သော နိုင်ငံရေးစွမ်းအားကို ဘုရင်က ပိုင်ဆိုင်ထားသည်။    

လာမည့် ဒီဇင်ဘာ (၂၃)ရက်တွင် ထိုင်းနိုင်ငံ၌ အထွေထွေ ရွေးကောက်ပွဲ ကျင်းပရန် ရှိနေသည်။ အာဏာသိမ်း စစ်တပ်မှ ကျောထောက်နောက်ခံပေးထားသော ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်အရ ကျင်းပပေးခြင်း ဖြစ်သည်။ ရွေးကောက်ပွဲ ရလဒ်ကို လေးစားမည်ဟုလည်း စုံသီက တရားဝင် ကြေညာထားသည်။

အာဏာသိမ်းခေါင်းဆောင် စုံသီက ဦးဆောင် ဖွဲ့စည်းထားသည့် မဲကလိန်ကျမှုများ တားဆီးရေးအဖွဲ့က ထိုင်းနိုင်ငံတွင် ဥပဒေအရ မဲပေးနိုင်သူ (၄၀.၈)သန်း အနက် (၇၁)%ခန့်က လာရောက်မဲပေးဖွယ် ရှိသည်ဟု ခန့်မှန်းထားသည်။ (၂၃)ရက်နေ့တွင် မဲမပေးနိုင်သူများက တပါတ်ကြိုတင်၍ မဲပေးနိုင်သည့် ရွေးကောက်ပွဲ စနစ်ကို ကျင့်သုံးထားသည်။

စစ်မှန်သော ဒီမိုကရေစီစနစ်အောက်တွင် လွတ်လပ်၍ သမာသမတ်ရှိသော ရွေးကောက်ပွဲတရပ် ဖြစ်ရန် အလားအလာ အကောင်းဆုံး ရှိတတ်သည်။ သို့သော်လည်း ထိုင်းနိုင်ငံ၏ ယခုရွေးကောက်ပွဲတွင် လွတ်လပ်၍ သမာသမတ်ရှိသော မဲပေးပွဲ၏ ဂုဏ်အင်္ဂါရပ်ပေါ် သံသယ ဖြစ်စရာများတွင် အနည်းဆုံး အချက် နှစ်ချက်က  ထင်ထင်ရှားရှား ရှိနေသည်။

ပထမအချက်မှာ အာဏာသိမ်း စစ်အစိုးရက လုပ်ပေးသည့် ရွေးကောက်ပွဲတွင် ကြိုတင်မဲပေးသည့်စနစ် ဖြစ်ပြီး ဒုတိယအချက်မှာ ထိုင်းနိုင်ငံ၏ သုံးပုံတပုံကျော်၌ ယခုအချိန်ထိ စစ်အုပ်ချုပ်ရေး ဥပဒေကို မရုပ်သိမ်းပေးသေးခြင်း ဖြစ်သည်။

နှစ်ဆန်းပိုင်း (၂၆-၁-၂၀၀၇)နေ့က ထိုင်းနိုင်ငံရှိ ခရိုင်ပေါင်း (၇၆)ခုအနက် (၄၁)ခုတွင် စစ်အုပ်ချုပ်ရေးအမိန့် ရုပ်သိမ်းပေးခဲ့သည်။ သို့သော် စစ်အုပ်ချုပ်ရေး ကျန်ရှိနေသေးသည့် ခရိုင် (၃၅)ခုမှ အများစုမှာ ၀န်ကြီးချုပ် ဟောင်း သာ့ခ်ဆင်အား အပြည့်အ၀ ထောက်ခံသည့် မြောက်ပိုင်း ထိုင်းနိုင်ငံမှ ကျေးလက်ဒေသများသာ ဖြစ်နေသည်။

လက်ရှိ အခြေအနေတွင် အချို့စစ်အရာရှိများက ရွေးကောက်ပွဲဝင်မည့် အမတ်လောင်းများနှင့် နိုင်ငံရေး ပါတီများအပေါ် ခွဲခြားဆက်ဆံ နှိမ့်ချမှုများ ရှိနေကြောင်း စွပ်စွဲထားသည်များလည်း ရှိနေပြန်သည်။

စုံသီက ၂၀၀၆ ခုနှစ် စက်တင်ဘာလတွင် အာဏာသိမ်းပြီးပြီးချင်း ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကောင်စီ Council for Democratic Reform (CDR) ကို ဖွဲ့စည်းလိုက်သည်။ သို့သော် ထိုင်းပြည်သူတို့ ကိုယ်တိုင်ရေးဆွဲသည့် ထိုင်းနိုင်ငံ သက်တမ်း တလျှောက်တွင် အကောင်းဆုံးဟုပင် ကင်ပွန်းတပ်နိုင်သည့် ထိုင်းအခြေခံဥပဒေ (၁၉၉၇ ခုနှစ်)ကို အာဏာသိမ်း ခေါင်းဆောင် စုံသီက ဖျက်သိမ်းခဲ့သည်။  

အစိုးရအဖြစ် ရွေးချယ်တင်မြှောက်ခံရပြီးသည့်တိုင်အောင် ဖောက်ပြန်ပျက်စီးသည်ကို အထောက်အထား ခိုင်လုံစွာ တွေ့ရှိရပါက  အခြေခံဥပဒေဖြင့်သာ ကာကွယ် ထိန်းသိမ်း ပြုပြင်ရမည့်အစား အာဏာသိမ်း၍ အခြေခံဥပဒေ ဖျက်သိမ်းသည့် နည်းလမ်းဖြင့် နိုင်ငံရေးပြဿနာ ဖြေရှင်းတတ်ခြင်းကို သတိပြုနိုင်စရာ အရေးကြီးသော အချက်အဖြစ် ထောက်ပြလိုပါသည်။ ထိုင်းနိုင်ငံတွင် ဒီမိုကရေစီ အတော်အတန် အခြေခိုင် နေပြီးမှ အာဏာသိမ်းတတ်သည့် ထိုင်းစစ်တပ်၏ အစဉ်အလာဟောင်းကို ပြန်လည် အသက်သွင်းလိုက်ခြင်း ဖြစ်သည်။ အာဏာရှင်တို့၏ လုပ်ထုံးလုပ်နည်းများကို ထိုင်းစစ်တပ်မှ ကာကွယ်ပေးရမည့်အစား ကိုယ်တိုင် ကျူးလွန် ထောက်ခံလျက် ရှိသည်ကို တွေ့ရသည်။

ထို့ပြင် အထက်ပါအချက်ကြောင့်လည်း ထိုင်းနိုင်ငံတွင် ကျင့်သုံးမည့် ဒီမိုကရေစီမှာ အစစ်အမှန်ဖြစ်ခြင်းနှင့် ဒီမိုကရေစီကို ရေရှည်တည်တံ့အောင် ထိန်းသိမ်းစောင့်ရှောက်နိုင်စွမ်း ရှိမှုအပေါ် သံသယ ဖြစ်ရတော့သည်။       

ယခုနှစ်ကုန်ပိုင်း ရွေးကောက်ပွဲတွင် စုံသီက လုပ်ပုရီ ခရိုင်ကို ကိုယ်စားပြု၍ ရွေးကောက်ပွဲ ၀င်ပြိုင်မည်ဟု သတင်းများ ထွက်နေသည်။ ထိုင်းနိုင်ငံ၏ လက်ရှိ ပြည်တွင်း လုံခြုံရေးဆိုင်ရာ ညွှန်ကြားရေးမှူးနှင့် စုံသီ၏ အကြံပေးဖြစ်သူကိုယ်တိုင်က စုံသီ ရွေးကောက်ပွဲဝင်မည့် လုပ်ပူရီခရိုင်တွင် မဲဆွယ်ရေးမှူး လုပ်နေသည်။

ထို့ပြင် အဆိုပါ ပြည်တွင်း လုံခြုံရေးဆိုင်ရာအဖွဲ့ (ISOC)က ထိုင်းနိုင်ငံမြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်းရှိ သာ့ခ်ဆင်ကို ထောက်ခံသည့် ဒေသခံများ၊ စစ်အစိုးရကို ဆန့်ကျင်သူများထံသို့ သွားရောက်၍ စစ်တပ်ကို ထောက်ခံရန် မဲဆွယ်လှုပ်ရှားနေကြသည်။ စစ်အစိုးရအနေဖြင့် နိုင်ငံတော်ဘဏ္ဍာ အသုံးချပိုင်ခွင့်ကို ပါတီ နိုင်ငံရေးအတွက် အသုံးချနေကြသည်ဟု ဆိုရပါမည်။

ရွေးကောက်ပွဲပြီး၍ အစိုးရသစ်ဖွဲ့ပြီးပါက အမျိုးသားလုံခြုံရေးကောင်စီ Council for National Security (CNS) ကို အမြဲတမ်း ဖွဲ့စည်းမည်ဟု ကြေညာထားသော်လည်း နိုင်ငံရေးတွင် မည်သည့်အခန်းကဏ္ဍထိ ပါဝင်ပတ်သက်နေမည်ကို ရှင်းလင်းထားခြင်း မရှိပေ။

ယင်းသို့ဆိုလျှင် အသစ်တက်လာသော အစိုးရ (အဆက်ဆက်တို့) အနေဖြင့် အဆိုပါ အမျိုးသားလုံခြုံရေး ကောင်စီနှင့် ပြေလည်မှုမရပါက နောက်တကြိမ် ဖယ်ရှားခံရမည် (သို့) စစ်တပ်မှ အာဏာသိမ်းဦးမည် ဆိုသည့်အချက်ကို မည်သူမျှ အာမ မခံနိုင်သည့် အနေအထား ဖြစ်သွားသည်။ တနည်းအားဖြင့် နိုင်ငံတွင် အသက်တမျှ အရေးပါသည့် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အာဏာရှင် တည်ရှိနေသရွေ့ မည်သို့မျှ တန်ဖိုး မရှိသည့် စာရွက်များသာ ဖြစ်နေပေလိမ့်မည်။  

လွင်အောင်စိုး

ဒီဇင်ဘာ ၂၀၀၇     

 

Written by Lwin Aung Soe

December 21, 2007 at 5:34 am

“ငရဲဘုံနှစ်ခုကြား ပိတ်မိနေခြင်း” (Caught between two Hells)

ခေတ်ပြိုင်


“ငရဲဘုံနှစ်ခုကြား ပိတ်မိနေခြင်း” အစီရင်ခံစာ
မြန်မာ့အမျိုးသမီးသမဂ္ဂ ထုတ်ပြန်
ချမ်းလွန်/ ၁၉ ဒီဇင်ဘာ ၂၀၀၇

“ဗမာပြည်ထဲမှာ ဒုက္ခရောက်ပြီး ဆင်းရဲကြပ်တည်း တဲ့အတွက် ဒီဘက်ကို ထွက်လာတယ်။ ဒီဘက်ကို ရောက်တော့လည်း သူတို့မှာ အခက်အခဲတွေ…..” အပြည့်အစုံသို့

RFA Burmese

မြန်မာအမျိုးသမီးများ၏ ဘဝအခြေအနေအကြောင်း စာအုပ်များထုတ်ဝေ

DVB


more | audio

Written by Lwin Aung Soe

December 21, 2007 at 4:40 am

Posted in စာအုပ်

World Focus on Burma (21-12-2007)

leave a comment »

  1. US Senate approves tougher sanctions against Myanmar
    JURIST -
    The bill also creates a new position of Special Representative and Policy Coordinator for Burma. The Special Representative will work with Burma’s neighbors …
  2. UN Chief convenes first meeting ‘Groups of Friends’ on Burma
    Mizzima.com, India -
    … General-Secretary on Myanmar’, is the latest move by the World body chief for changes in Burma, critics said, all plans and action must bring result. …
  3. UN secretary-general forms group to discuss Burma
    Democratic Voice of Burma, Norway -
    A spokesperson for the secretary-general said that the group would support the good offices mandate on Burma. “[T]he Secretary-General wanted a broadly …
  4. First Meeting Of ‘Group Of Friends’ On Burma
    Scoop.co.nz, New Zealand -
    The “Group of Friends of the Secretary-General on Myanmar” will be “a consultative forum for developing a shared approach in support of the implementation …
  5. China Keeps Ailing US Resident And Rights Activist Behind Bas …
    BosNewsLife, Hungary -
    “At some point during his travels Mr. Peng was lured into [neighboring] Myanmar” also known as Burma, “where he was kidnapped at gunpoint by eight Chinese …
  6. EU provides emergency aid to Myanmar
    Xinhua, China -
    20 (Xinhua) — The European Commission announced on Thursday a new emergency aid of 18 million euros (about 25.6 million US dollars) for Myanmar to meet the …
  7. INTERVIEW: Dr Cyntia Maung discusses the plight of political exiles
    Taipei Times, Taiwan -
    Just like hundreds of thousands of refugees fleeing to the Thai-Burma border after the 1988 crackdown on the pro-democracy uprising, the physician, …
  8. Condé Nast Traveler Recent Strife Raises Myanmar Travel Questions
    Concierge, NY -

    Susan Hack reports The ethical concerns and safety issues surrounding travel to Myanmar (still widely known as Burma) are receiving renewed attention …

  9. Editorial: The year of living dangerously
    The Asian Pacific Post, Canada -
    The actual death toll and the number of people still in prison in Myanmar remains a mystery. The mass protests in Myanmar (formerly Burma) during August and …
  10. South Asia: Dangerous democracy deficit
    ISN, Switzerland -
    Political instability returned to Burma in October when an alliance of Buddhist monks and pro-democracy activists mounted a challenge against the rule of …
  11. Sri Lanka, third most dangerous country in the world for journalists
    Lanka Everything, UK -
    One journalist was killed in each of the following countries: Honduras, Uzbekistan, Salvador, Burma/Myanmar, United States, Paraguay, Gaza, Zimbabwe, …
  12. Documentary puts human trafficking in focus
    Viet Nam News, Vietnam -
    Anna, a young Filipino girl, talks about how she was tricked into prostitution and Min Aung from Myanmar tells how he was sold to Thailand and imprisoned …
  13. YEARENDER: Myanmar’s people rise to the occasion
    Monsters and Critics.com, UK -(also published on 11-12-2007)

    Bangkok – If anyone deserves a Nobel peace prize this year, it’s Myanmar’s people and the Buddhist monkhood for daring to take to the streets against a …

  14. DKBA soldiers killed by regime troops
    Democratic Voice of Burma, Norway -
    Dec 21, 2007 (DVB)–Five soldiers from the Democratic Karen Buddhist Army were reportedly shot dead by government troops after the DKBA refused to attack a …

Written by Lwin Aung Soe

December 21, 2007 at 3:18 am

Follow

Get every new post delivered to your Inbox.