ဒေါ်အောင်ဆန်းစုကြည် သတင်းနှင့် ဓါတ်ပုံကို မြန်မာ့အလင်း သတင်းစာ မျက်နှာဖုံးတွင် ဖော်ပြ
ဒေါ်အောင်ဆန်းစုကြည်က နအဖ ဆက်ဆံရေး ၀န်ြကီး ဦးအောင်ကြည် အား၎င်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ကော်မတီ အဖွဲ့ဝင်တို့အား၎င်း တွေ့ဆုံသည့် သတင်းနှင့် ဓါတ်ပုံများကို ၂၀၀၇ နိုဝင်ဘာ (၁၀)ရက်ထုတ် အစိုးရပိုင် မြန်မာ့အလင်းသတင်းစာ မျက်နှာဖုံးတွင် ဖော်ပြထားသည်ကို တွေ့ရသည်။

နအဖက အမျိုးသား ပြန်လည်စည်းလုံးညီညွတ်ရေးကို အလေးထား ကြိုးပမ်းသည့်အနေဖြင့် ဒီမိုကရေစီ အသွင်ပြောင်းရေး လုပ်ငန်းစဉ်များကို အားဖြည့်လိုက်ခြင်း ဖြစ်သည်ဟု ဆိုသည်။
စစ်အစိုးရမှ ထိန်းချုပ်ထားသော သတင်းနှင့် မီဒီယာတို့က ဒေါ်အောင်ဆန်းစုကြည်၏ ဓါတ်ပုံကို တလအတွင်း တတိယအကြိမ် ဖော်ပြလိုက်ခြင်း ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်အား ဆက်ဆံရေးဝန်ကြီး ဦအောင်ကြည်က ပြုံးရွှင်စွာဖြင့် လက်ဆွှဲနှုတ်ဆက်နေသည့် ဓါတ်ပုံကိုလည်း ဖော်ပြထားသည်။
ထို့ပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင် ကော်မတီဝင်များဖြစ်သည့် ဦးအောင်ရွှေ၊ ဦးလွင်၊ ဦးညွန့်ဝေနှင့် ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းတို့အား တွေ့ဆုံနေသည့် ဓါတ်ပုံကိုလည်း သတင်းစာ၌ ဖော်ပြထားသည်။
ကိုးကား -
- မြန်မာ့အလင်း ၁၀-၁၁-၂၀၀၇ http://www.myanmar.com/newspaper/myanmarahlin/Nov10.pdf
- အေပီ သတင်း (Suu Kyi Is Front-Page News in Myanmar By AYE AYE WIN )
- —————————————
